မြန်မာ့ (၂၀၂၁) နိုင်ငံရေး အခင်းအကျင်းနှင့် Hybrid Warfare

 431

NP News - ဒီဇင်ဘာ ၁၉

Hybrid Warfare ကို အနီးစပ်ဆုံးဘာသာပြန် ရလျှင် ‘‘မျိုးစပ်စစ်ပွဲ” ဟု ပြန်ရမည်။ Conventional Warfare ဟုခေါ်သော သမားရိုးကျစစ်ပွဲနှင့် Unconventional Warfare ဟုခေါ်သော သမားရိုးကျမဟုတ်သော စစ်ပွဲနှစ်မျိုး ပေါင်းစပ်ထားသည့် ပုံစံမျိုးဖြစ်သည်။
စစ်ပွဲပုံစံများသည့် Unrestricted Warfare ဟုခေါ်သော ကန့်သတ်မဲ့စစ်ပွဲပုံစံများဖြစ်လာသည်။ ဆိုလိုသည် မှာ စစ်ရေးနည်းလမ်းများသာမက စစ်ရေး မဟုတ်သော အခြားနည်းလမ်းများကိုပါ အသုံးချတိုက် ခိုက်ခြင်းမျိုးဖြစ် သည်။
ခေတ်သစ်စစ်ပွဲ(Modern Warfare)ဟူ သောပုံစံမျိုးသည် မြေသိမ်းမှ၊ စခန်းသိမ်းမှစစ်ပွဲဟူသော အမြင်မျိုး မှနေ၍ အခြားသောကဏ္ဍများကို ထိခိုက်စေပြီး ကိုယ့်အတွက် မဟာဗျူဟာအကျိုးအမြတ် (Starte­gic Advantage) ရစေရန် လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။
သမိုင်းတစ်လျှောက် ဓား၊ လှံ၊ လေး၊ မြား၊ သေနတ်၊ အမြောက်၊ ဗုံး၊ မိုင်း စသည်တို့အပြင် ဓာတု၊ ဇီဝ၊ နျူကလီးယားအထိ လက်နက်သဖွယ်အသုံးပြု လာခဲ့သည်။ လူသယ်ဆောင်နိုင်ရန်၊ လက်နက်ခဲယမ်း ရိက္ခာများ သယ်‌ ဆောင်နိုင်ရန်အတွက် မြင်း၊ ဆင်၊ လှည်းမှစ၍ တင့်ကား၊ သံချပ်ကာကား၊ လေယာဉ်၊ ရေယာဉ်များအထိ တီထွင် အသုံးချခဲ့ကြသည်။ ရည်မှန်းချက်သည် လူအထိအခိုက်များစေရန်သာဖြစ်သည်။ လူကို အရင်းအမြစ် (Resource)အနေ ဖြင့် သာအသုံးချပြီး လူ၊ စခန်း၊ မြေကိုသာ အကျိုးအမြတ်အဖြစ် တိုက်ခိုက်ခြင်းမျိုးဖြစ်သည်။
Hybrid Warfare အသွင်မှာ လူအများ မျက်မြင်မြင်တွေ့နိုင်သော လူသတ်လက်နက်များအပြင် Information (သတင်းအချက်အလက်)၊ Econo­mic Pressure (စီးပွားရေးဖိအား)၊ Cyber Attack (ဆိုက်ဘာ တိုက်ခိုက်မှု) များကိုလည်း လက်နက်သဖွယ် အသုံးချ၍ ထိထိရောက်ရောက်တိုက်ခိုက်လာသည်ကိုလည်း တွေ့နိုင် သည်။
စစ်မြေပြင်(Battlefield)ဆိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း သူကြေကိုယ်ကြေတိုက်ကြခိုက်ကြ သည့် မြေပြင်(သို့မဟုတ်) ရေပြင်(သို့မဟုတ်) ဝေဟင်ဧရိယာတစ်ခု သီးသန့်ဖြစ်သည်။ စစ်ဖြစ်နေကြသည့်ဧရိယာ ကို လူများ စွန့်ခွာပြီးနောက် စစ်ပြီးမှ ပြန်လာအခြေချနိုင်သောပုံစံဖြစ်သည်။ Hybrid Warfare တွင် စစ်မြေပြင်ကို လုံးဝ သတ်မှတ်၍မရသော ဧရိယာအနေအထားများဖြစ်လာပြီ ဖြစ်သည်။

မြန်မာ့တပ်မတော် နှင့် Hybrid Warfare
(၂၀၂၁) ခုနှစ် Political Transition (နိုင်ငံရေးအကူးအပြောင်း)မှ စတင်အခြေခံလာသော ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခမှာ ယခင်ကမမြင်ဖူးသေးသော Hybrid Warfare အသွင် Tatics (စစ်နည်း ဗျူဟာ) များ တွေ့ကြုံလာရသည်။ ထိုစစ်နည်းဗျူဟာများသည် Standard Army အဖြစ် ကြိုးပမ်းနေသော မြန်မာ့တပ်မတော် အတွက် အဓိက စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့သည်။
ယနေ့ခေတ်စစ်ပွဲပုံစံများသည် (၂၀)ရာစုခေတ် စစ်အေးကာလကဲ့သို့တိုက်ပွဲမျိုးမဟုတ်တော့ဘဲ နည်းပညာ ကို လူသားများကစေခိုင်းကာ စစ်ဆင်နွှဲလာသော အသွင်မျိုးမြင်တွေ့လာရသည်။ နည်းပညာနှင့် လူငယ်များကို ပေါင်းစပ်အသုံးချပြီး ပြည်ပြေး NUG အဖွဲ့က ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ်ရရှိစေရန် ကြိုးပမ်းနေမှုပုံစံကိုလည်း တွေ့မြင်နိုင်သည်။ ၎င်းတို့ဆင်နွှဲနေသော Hybrid Warfare အသွင် စစ်ဆင် ရေးနည်းလမ်းများကို အောက်ပါအတိုင်း တွေ့ရှိရသည်။

Psychological Warfare
(စိတ်ဓာတ်စစ်ဆင်ရေး နည်းလမ်း)
ပစ်မှတ်(target) ဆိုသည်မှာ ယူနီဖောင်းဝတ် ထားသော စစ်သားနှင့်ဆန့်ကျင်ဘက် လက်နက် ကိုင်များကို သာမဟုတ်တော့ဘဲ ပြည်သူများပါ ပါဝင်လာကြသည်။ လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းအပေါ်သာမက ပြည်သူ များအပေါ်အထိပါ ဆင်နွှဲနေသော Psychological warfare (စိတ်ဓာတ်စစ်ဆင်ရေး)ဆိုသည်ကိုလည်း ယနေ့ခေတ်အခင်းအကျင်း၌ ကျယ်ကျယ်ပြန့်ပြန့်ကိုတွေ့မြင်နိုင်သည်။
စိတ်ဓာတ်စစ်ဆင်ရေးကို လိုချင်သည့်ပုံစံမျိုးရရှိ စေရန်သုံးသော အဓိကလက်နက်သည် စတုတ္ထမဏ္ဍိုင် ဟုခေါ်သည့် မီဒီယာ(media)ဖြစ်သည်။ အထူးသဖြင့် လူသုံးအများဆုံးဖြစ်သော Social Media မှတစ်ဆင့် မိမိပေးချင်သည့်အကြောင်းအရာကို သတင်းတု၊ သတင်းမှား၊ သတင်းမှန် စသည်တို့ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ NUG၊ CRPH၊ PDF များနှင့် EAOs အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ များသည် ပြည်ပသတင်းမီဒီယာများနှင့် ပြည်ပ လက်ဝေခံ ပြည်ဖျက်မီဒီယာများ၏အကူအညီဖြင့် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်များကို သာမက ပြည်သူများကိုပါ သတင်းအဆိပ်ထည့်ရင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ဖျက် ဆီးကြသည်။ ပြဿနာသည်ကား သာမန်ပြည်သူများအနေဖြင့် Social Media ပေါင်းစုံမှသတင်းများ စားသုံးရပြီး ကျီးလန့်စာ စားဘဝမျိုး ရောက်နေရ သည်။
နား၊ မျက်စိတို့မှတစ်ဆင့် အဆိပ်ထည့်ခံရခြင်း မျိုးဖြစ်၏။ အဆိပ်မိသည်ကို အချိန်မီမကုသနိုင်လျှင် ရောဂါထက် ပိုကုရခက်သည့်သဘောပင်။ တပ်မတော်အနေဖြင့်လည်း မိမိဘက်မှ Counter Psych­ol­ogical Warfare ကို တွင်တွင် ကျယ်ကျယ် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

သတင်းအချက်အလက် စုဆောင်း ခြင်း
(Information Gathering)
Information (သတင်းအချက်အလက်)များကို ရယူရန်အတွက် မက်လုံး (incentive)သို့မဟုတ် ခြိမ်းခြောက် အကြပ်ကိုင်မှု(Compelling)မှတစ်ဆင့်ရယူ သည့်နည်းလမ်းများကို အသုံးချနေသည်ကို တွေ့မြင် နိုင်သည်။ တပ်မတော် တွင် သတင်းလက်ဦးမှုရယူခြင်းက စစ်အောင်ရသည့်အကြောင်းအရင်းတစ်ခုအဖြစ် ရှိနေပြီးသားပင်။ သို့သော်လည်း ထောက်လှမ်းသတင်း ရယူမှုအားနည်းခြင်း၊ ရရှိသည့်သတင်းအပေါ် Chain of Command အရ မလိုလားအပ်သော ကြန့်ကြာမှုများဖြစ်ပေါ်ခြင်း စသည်တို့ကြောင့်လည်း စစ်ဆင်ရေး အကျိုးအမြတ်မရရှိခြင်းမျိုးကို တွေ့မြင်နိုင်သည်။

Drone အသုံးပြုခြင်း
(Utilization of Drone)
Drone ကို လက်နက်အနေဖြင့် ထိထိရောက်ရောက် တွင်တွင်ကျယ်ကျယ်သုံးပြီး Air Superior (လေကြောင်း အရေးသာမှု)ကိုရယူခြင်းမျိုးလိုအပ်သည်။ ကင်းထောက်ခြင်း၊ GPS ဖြင့် မြေပြင် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးမည်။ တိကျပြီဆိုသည်နှင့် Drop Bomb ချမည်၊ ပြီးလျှင် ရသောအကျိုးအမြတ်ကို မီဒီယာပေါ်မှတစ်ဆင့် ဖြန့်ခြင်းဖြစ်သည်။ တပ်မတော် ၏လေယာဉ်များသည် ကန့်သတ်ချက်မျိုးစုံဖြင့် လေ ကြောင်းအရေးသာမှုကို ရယူနေချိန်၊ အခြားဘက်သည် Drone ကိုလှိုင်လှိုင်သုံးပြီး လေယာဉ်၏ ကန့်သတ်ချက်များကို ကျော်လွှားနိုင်သည် ကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နိုင် သည်။ Drone Guard၊ Drone Gun များဖြင့် ယခုနောက်ပိုင်း ရခိုင်တိုက်ပွဲ များတွင် ရန်သူ့ Drone ကို Counter လုပ်လာနိုင်ပြီး တိုက်ခိုက်ရေး Drone များကိုလည်း တွင်တွင်ကျယ် ကျယ်သုံး လာနေသည်ကို တွေ့နိုင်သည်။

Sniper အသုံးပြုခြင်း
(Utilization of Sniper)
Sniper ကို ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်ခြင်း မျိုးကလည်း Modern Warfare တွင် ခေတ်စား လာသောပုံစံမျိုးဖြစ်သည်။ (၂၀၁၅)ခုနှစ် လောက် ကိုင်တိုက်ပွဲမှစကာ MNDAA ကိုးကန့်တရုတ်က စသုံးခဲ့ခြင်းဖြစ် သည်။ Comma­nder ကိုသာရွေးပစ်ပြီး လက်အောက်ငယ်သားများကို စိတ်ဓာတ်ကျဆင်း စေနိုင်သောနည်းလမ်း မျိုးဖြစ်သည်။ တပ်မတော်အနေဖြင့် MAS Sniper ကို ထုတ်လုပ်သုံးစွဲနိုင်သော်လည်း မြေပြင်တွင် ထင်သလောက် ပေါပေါသီသီ မသုံးနိုင်ခြင်းကိုတွေ့နိုင်သည်။
Impose Economic Sanction
(စီးပွားရေးပိတ် ဆို့ခြင်း)
Sanction ချမှတ်ခံရခြင်းသည် မြန်မာတို့နှင့် မစိမ်းသည့်စကားဖြစ်သည်။ အစိုးရယန္တရားကြီး မလည်ပတ်နိုင်စေရန် ပြည်ပနိုင်ငံများက စီးပွားရေးကို ဘက်ပေါင်းစုံမှ ပိတ်ဆို့စေခြင်းပင်။ တိုင်းပြည်စီးပွားရေး ကျဆင်းလာမှုသည် အစိုးရမကောင်းသောကြောင့်ဟု မြင်စေရန်ဖြစ်သည်။ ဤသည်မှာလည်း လက်နက်တစ်ခုပင်။ ယနေ့ခေတ် သူပုန်များသည် ယခင်ကကဲ့သို့ စာပေမတတ်သောမီးကျိုးမောင်းပျက်များမဟုတ်တော့ပေ။ ခေတ်သစ်စစ်ပွဲယေဘုယျ အခြေခံသဘောတရားများကို နည်းပညာနှင့်ပေါင်းစပ်၍ ကောင်းကောင်း အသုံးချနေပြီ ဖြစ်သည်။

Zawgyi Version;
ျမန္မာ့ (၂၀၂၁) ႏိုင္ငံေရး အခင္းအက်င္းႏွင့္ Hybrid Warfare
NP News - ဒီဇင္ဘာ ၁၉

Hybrid Warfare ကို အနီးစပ္ဆုံးဘာသာျပန္ ရလွ်င္ ‘‘မ်ိဳးစပ္စစ္ပြဲ” ဟု ျပန္ရမည္။ Conventional Warfare ဟုေခၚေသာ သမား႐ိုးက်စစ္ပြဲႏွင့္ Unconventional Warfare ဟုေခၚေသာ သမား႐ိုးက်မဟုတ္ေသာ စစ္ပြဲႏွစ္မ်ိဳး ေပါင္းစပ္ထားသည့္ ပုံစံမ်ိဳးျဖစ္သည္။
စစ္ပြဲပုံစံမ်ားသည့္ Unrestricted Warfare ဟုေခၚေသာ ကန႔္သတ္မဲ့စစ္ပြဲပုံစံမ်ားျဖစ္လာသည္။ ဆိုလိုသည္ မွာ စစ္ေရးနည္းလမ္းမ်ားသာမက စစ္ေရး မဟုတ္ေသာ အျခားနည္းလမ္းမ်ားကိုပါ အသုံးခ်တိုက္ ခိုက္ျခင္းမ်ိဳးျဖစ္ သည္။
ေခတ္သစ္စစ္ပြဲ(Modern Warfare)ဟူ ေသာပုံစံမ်ိဳးသည္ ေျမသိမ္းမွ၊ စခန္းသိမ္းမွစစ္ပြဲဟူေသာ အျမင္မ်ိဳး မွေန၍ အျခားေသာက႑မ်ားကို ထိခိုက္ေစၿပီး ကိုယ့္အတြက္ မဟာဗ်ဴဟာအက်ိဳးအျမတ္ (Starte­gic Advantage) ရေစရန္ လုပ္ေဆာင္ျခင္းမ်ိဳးျဖစ္သည္။
သမိုင္းတစ္ေလွ်ာက္ ဓား၊ လွံ၊ ေလး၊ ျမား၊ ေသနတ္၊ အေျမာက္၊ ဗုံး၊ မိုင္း စသည္တို႔အျပင္ ဓာတု၊ ဇီဝ၊ န်ဴကလီးယားအထိ လက္နက္သဖြယ္အသုံးျပဳ လာခဲ့သည္။ လူသယ္ေဆာင္ႏိုင္ရန္၊ လက္နက္ခဲယမ္း ရိကၡာမ်ား သယ္‌ ေဆာင္ႏိုင္ရန္အတြက္ ျမင္း၊ ဆင္၊ လွည္းမွစ၍ တင့္ကား၊ သံခ်ပ္ကာကား၊ ေလယာဥ္၊ ေရယာဥ္မ်ားအထိ တီထြင္ အသုံးခ်ခဲ့ၾကသည္။ ရည္မွန္းခ်က္သည္ လူအထိအခိုက္မ်ားေစရန္သာျဖစ္သည္။ လူကို အရင္းအျမစ္ (Resource)အေန ျဖင့္ သာအသုံးခ်ၿပီး လူ၊ စခန္း၊ ေျမကိုသာ အက်ိဳးအျမတ္အျဖစ္ တိုက္ခိုက္ျခင္းမ်ိဳးျဖစ္သည္။
Hybrid Warfare အသြင္မွာ လူအမ်ား မ်က္ျမင္ျမင္ေတြ႕ႏိုင္ေသာ လူသတ္လက္နက္မ်ားအျပင္ Information (သတင္းအခ်က္အလက္)၊ Econo­mic Pressure (စီးပြားေရးဖိအား)၊ Cyber Attack (ဆိုက္ဘာ တိုက္ခိုက္မႈ) မ်ားကိုလည္း လက္နက္သဖြယ္ အသုံးခ်၍ ထိထိေရာက္ေရာက္တိုက္ခိုက္လာသည္ကိုလည္း ေတြ႕ႏိုင္ သည္။
စစ္ေျမျပင္(Battlefield)ဆိုသည္မွာ လက္နက္ကိုင္တပ္ဖြဲ႕အခ်င္းခ်င္း သူေၾကကိုယ္ေၾကတိုက္ၾကခိုက္ၾက သည့္ ေျမျပင္(သို႔မဟုတ္) ေရျပင္(သို႔မဟုတ္) ေဝဟင္ဧရိယာတစ္ခု သီးသန႔္ျဖစ္သည္။ စစ္ျဖစ္ေနၾကသည့္ဧရိယာ ကို လူမ်ား စြန႔္ခြာၿပီးေနာက္ စစ္ၿပီးမွ ျပန္လာအေျခခ်ႏိုင္ေသာပုံစံျဖစ္သည္။ Hybrid Warfare တြင္ စစ္ေျမျပင္ကို လုံးဝ သတ္မွတ္၍မရေသာ ဧရိယာအေနအထားမ်ားျဖစ္လာၿပီ ျဖစ္သည္။

ျမန္မာ့တပ္မေတာ္ ႏွင့္ Hybrid Warfare
(၂၀၂၁) ခုႏွစ္ Political Transition (ႏိုင္ငံေရးအကူးအေျပာင္း)မွ စတင္အေျခခံလာေသာ ျပည္တြင္း လက္နက္ကိုင္ပဋိပကၡမွာ ယခင္ကမျမင္ဖူးေသးေသာ Hybrid Warfare အသြင္ Tatics (စစ္နည္း ဗ်ဴဟာ) မ်ား ေတြ႕ႀကဳံလာရသည္။ ထိုစစ္နည္းဗ်ဴဟာမ်ားသည္ Standard Army အျဖစ္ ႀကိဳးပမ္းေနေသာ ျမန္မာ့တပ္မေတာ္ အတြက္ အဓိက စိန္ေခၚမႈႀကီးတစ္ခုျဖစ္ခဲ့သည္။
ယေန႔ေခတ္စစ္ပြဲပုံစံမ်ားသည္ (၂၀)ရာစုေခတ္ စစ္ေအးကာလကဲ့သို႔တိုက္ပြဲမ်ိဳးမဟုတ္ေတာ့ဘဲ နည္းပညာ ကို လူသားမ်ားကေစခိုင္းကာ စစ္ဆင္ႏႊဲလာေသာ အသြင္မ်ိဳးျမင္ေတြ႕လာရသည္။ နည္းပညာႏွင့္ လူငယ္မ်ားကို ေပါင္းစပ္အသုံးခ်ၿပီး ျပည္ေျပး NUG အဖြဲ႕က ၎တို႔၏ ႏိုင္ငံေရးအက်ိဳးအျမတ္ရရွိေစရန္ ႀကိဳးပမ္းေနမႈပုံစံကိုလည္း ေတြ႕ျမင္ႏိုင္သည္။ ၎တို႔ဆင္ႏႊဲေနေသာ Hybrid Warfare အသြင္ စစ္ဆင္ ေရးနည္းလမ္းမ်ားကို ေအာက္ပါအတိုင္း ေတြ႕ရွိရသည္။

Psychological Warfare
(စိတ္ဓာတ္စစ္ဆင္ေရး နည္းလမ္း)
ပစ္မွတ္(target) ဆိုသည္မွာ ယူနီေဖာင္းဝတ္ ထားေသာ စစ္သားႏွင့္ဆန႔္က်င္ဘက္ လက္နက္ ကိုင္မ်ားကို သာမဟုတ္ေတာ့ဘဲ ျပည္သူမ်ားပါ ပါဝင္လာၾကသည္။ လက္နက္ကိုင္တပ္ဖြဲ႕အခ်င္းခ်င္းအေပၚသာမက ျပည္သူ မ်ားအေပၚအထိပါ ဆင္ႏႊဲေနေသာ Psychological warfare (စိတ္ဓာတ္စစ္ဆင္ေရး)ဆိုသည္ကိုလည္း ယေန႔ေခတ္အခင္းအက်င္း၌ က်ယ္က်ယ္ျပန႔္ျပန႔္ကိုေတြ႕ျမင္ႏိုင္သည္။
စိတ္ဓာတ္စစ္ဆင္ေရးကို လိုခ်င္သည့္ပုံစံမ်ိဳးရရွိ ေစရန္သုံးေသာ အဓိကလက္နက္သည္ စတုတၳမ႑ိဳင္ ဟုေခၚသည့္ မီဒီယာ(media)ျဖစ္သည္။ အထူးသျဖင့္ လူသုံးအမ်ားဆုံးျဖစ္ေသာ Social Media မွတစ္ဆင့္ မိမိေပးခ်င္သည့္အေၾကာင္းအရာကို သတင္းတု၊ သတင္းမွား၊ သတင္းမွန္ စသည္တို႔ျဖင့္ တိုက္ခိုက္ျခင္း ျဖစ္သည္။ NUG၊ CRPH၊ PDF မ်ားႏွင့္ EAOs အမည္ခံ အၾကမ္းဖက္ေသာင္းက်န္းသူ မ်ားသည္ ျပည္ပသတင္းမီဒီယာမ်ားႏွင့္ ျပည္ပ လက္ေဝခံ ျပည္ဖ်က္မီဒီယာမ်ား၏အကူအညီျဖင့္ တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္၊ ျပည္သူ႔စစ္မ်ားကို သာမက ျပည္သူမ်ားကိုပါ သတင္းအဆိပ္ထည့္ရင္း ႏိုင္ငံေတာ္ ၿငိမ္ဝပ္ပိျပားေရးကို ေႏွာင့္ယွက္ဖ်က္ ဆီးၾကသည္။ ျပႆနာသည္ကား သာမန္ျပည္သူမ်ားအေနျဖင့္ Social Media ေပါင္းစုံမွသတင္းမ်ား စားသုံးရၿပီး က်ီးလန႔္စာ စားဘဝမ်ိဳး ေရာက္ေနရ သည္။
နား၊ မ်က္စိတို႔မွတစ္ဆင့္ အဆိပ္ထည့္ခံရျခင္း မ်ိဳးျဖစ္၏။ အဆိပ္မိသည္ကို အခ်ိန္မီမကုသႏိုင္လွ်င္ ေရာဂါထက္ ပိုကုရခက္သည့္သေဘာပင္။ တပ္မေတာ္အေနျဖင့္လည္း မိမိဘက္မွ Counter Psych­ol­ogical Warfare ကို တြင္တြင္ က်ယ္က်ယ္ လုပ္ေဆာင္ရန္ လိုအပ္မည္ျဖစ္သည္။

သတင္းအခ်က္အလက္ စုေဆာင္း ျခင္း
(Information Gathering)
Information (သတင္းအခ်က္အလက္)မ်ားကို ရယူရန္အတြက္ မက္လုံး (incentive)သို႔မဟုတ္ ၿခိမ္းေျခာက္ အၾကပ္ကိုင္မႈ(Compelling)မွတစ္ဆင့္ရယူ သည့္နည္းလမ္းမ်ားကို အသုံးခ်ေနသည္ကို ေတြ႕ျမင္ ႏိုင္သည္။ တပ္မေတာ္ တြင္ သတင္းလက္ဦးမႈရယူျခင္းက စစ္ေအာင္ရသည့္အေၾကာင္းအရင္းတစ္ခုအျဖစ္ ရွိေနၿပီးသားပင္။ သို႔ေသာ္လည္း ေထာက္လွမ္းသတင္း ရယူမႈအားနည္းျခင္း၊ ရရွိသည့္သတင္းအေပၚ Chain of Command အရ မလိုလားအပ္ေသာ ၾကန႔္ၾကာမႈမ်ားျဖစ္ေပၚျခင္း စသည္တို႔ေၾကာင့္လည္း စစ္ဆင္ေရး အက်ိဳးအျမတ္မရရွိျခင္းမ်ိဳးကို ေတြ႕ျမင္ႏိုင္သည္။

Drone အသုံးျပဳျခင္း
(Utilization of Drone)
Drone ကို လက္နက္အေနျဖင့္ ထိထိေရာက္ေရာက္ တြင္တြင္က်ယ္က်ယ္သုံးၿပီး Air Superior (ေလေၾကာင္း အေရးသာမႈ)ကိုရယူျခင္းမ်ိဳးလိုအပ္သည္။ ကင္းေထာက္ျခင္း၊ GPS ျဖင့္ ေျမျပင္ ကိုက္ညီမႈ ရွိ/ မရွိ စစ္ေဆးမည္။ တိက်ၿပီဆိုသည္ႏွင့္ Drop Bomb ခ်မည္၊ ၿပီးလွ်င္ ရေသာအက်ိဳးအျမတ္ကို မီဒီယာေပၚမွတစ္ဆင့္ ျဖန႔္ျခင္းျဖစ္သည္။ တပ္မေတာ္ ၏ေလယာဥ္မ်ားသည္ ကန႔္သတ္ခ်က္မ်ိဳးစုံျဖင့္ ေလ ေၾကာင္းအေရးသာမႈကို ရယူေနခ်ိန္၊ အျခားဘက္သည္ Drone ကိုလႈိင္လႈိင္သုံးၿပီး ေလယာဥ္၏ ကန႔္သတ္ခ်က္မ်ားကို ေက်ာ္လႊားႏိုင္သည္ ကိုလည္း မ်က္ဝါးထင္ထင္ေတြ႕ျမင္ႏိုင္ သည္။ Drone Guard၊ Drone Gun မ်ားျဖင့္ ယခုေနာက္ပိုင္း ရခိုင္တိုက္ပြဲ မ်ားတြင္ ရန္သူ႔ Drone ကို Counter လုပ္လာႏိုင္ၿပီး တိုက္ခိုက္ေရး Drone မ်ားကိုလည္း တြင္တြင္က်ယ္ က်ယ္သုံး လာေနသည္ကို ေတြ႕ႏိုင္သည္။

Sniper အသုံးျပဳျခင္း
(Utilization of Sniper)
Sniper ကို ကြၽမ္းကြၽမ္းက်င္က်င္သုံးႏိုင္ျခင္း မ်ိဳးကလည္း Modern Warfare တြင္ ေခတ္စား လာေသာပုံစံမ်ိဳးျဖစ္သည္။ (၂၀၁၅)ခုႏွစ္ ေလာက္ ကိုင္တိုက္ပြဲမွစကာ MNDAA ကိုးကန႔္တ႐ုတ္က စသုံးခဲ့ျခင္းျဖစ္ သည္။ Comma­nder ကိုသာေ႐ြးပစ္ၿပီး လက္ေအာက္ငယ္သားမ်ားကို စိတ္ဓာတ္က်ဆင္း ေစႏိုင္ေသာနည္းလမ္း မ်ိဳးျဖစ္သည္။ တပ္မေတာ္အေနျဖင့္ MAS Sniper ကို ထုတ္လုပ္သုံးစြဲႏိုင္ေသာ္လည္း ေျမျပင္တြင္ ထင္သေလာက္ ေပါေပါသီသီ မသုံးႏိုင္ျခင္းကိုေတြ႕ႏိုင္သည္။
Impose Economic Sanction
(စီးပြားေရးပိတ္ ဆို႔ျခင္း)
Sanction ခ်မွတ္ခံရျခင္းသည္ ျမန္မာတို႔ႏွင့္ မစိမ္းသည့္စကားျဖစ္သည္။ အစိုးရယႏၲရားႀကီး မလည္ပတ္ႏိုင္ေစရန္ ျပည္ပႏိုင္ငံမ်ားက စီးပြားေရးကို ဘက္ေပါင္းစုံမွ ပိတ္ဆို႔ေစျခင္းပင္။ တိုင္းျပည္စီးပြားေရး က်ဆင္းလာမႈသည္ အစိုးရမေကာင္းေသာေၾကာင့္ဟု ျမင္ေစရန္ျဖစ္သည္။ ဤသည္မွာလည္း လက္နက္တစ္ခုပင္။ ယေန႔ေခတ္ သူပုန္မ်ားသည္ ယခင္ကကဲ့သို႔ စာေပမတတ္ေသာမီးက်ိဳးေမာင္းပ်က္မ်ားမဟုတ္ေတာ့ေပ။ ေခတ္သစ္စစ္ပြဲေယဘုယ် အေျခခံသေဘာတရားမ်ားကို နည္းပညာႏွင့္ေပါင္းစပ္၍ ေကာင္းေကာင္း အသုံးခ်ေနၿပီ ျဖစ္သည္။

Related news

© 2021. All rights reserved.