စိုက်၊မွေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်(၁၆)ဦးပါဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို နစကဖွဲ့စည်း

 222

သန့်ဇင် (NP News) - ဒီဇင်ဘာ ၁၉

စိုက်၊မွေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန် အဖွဲ့ဝင်(၁၆)ဦးပါဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ထားသည်။
နစက၏ အုပ်ချုပ်မှူသက်တမ်း (၄)နှစ်ကြာမြင့်လာသည့်အချိန်၌ စက်မှုဖွံ့ဖြိုးရေးကော်မရှင်နှင့် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးရေးကော်မရှင်များနည်းတူ စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်ကို ပထမဆုံးအကြိမ် စတင်ဖွဲ့စည်း ခဲ့ခြင်းလည်း ဖြစ်သည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဖြစ်သော ဗိုလ်ချုပ် ကြီး ညိုစောက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်တို့ က တာဝန်ယူရမည်ဖြစ်သည်။
ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တာဝန်ယူရမည်ဖြစ်ပြီး ထူးခြားချက်အနေဖြင့် အစိုးရဝန်ထမ်းမဟုတ်သော အရပ်သားများအတွင်းမှ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။
အခြားသောအဖွဲ့ဝင်များအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စက်မှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးကျော်၊ စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြား ရေးမှူးရုံး ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဗိုလ်မှူးချပ်တင်စိုးတို့ ပါဝင်ခဲ့သည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ် ဖွဲ့စည်း၍ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း နစကမှထုတ်ပြန်ထားသည်။

Zawgyi Version;
စိုက္၊ေမြးက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္ရန္ အဖြဲ႕ဝင္(၁၆)ဦးပါဝင္ေသာ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို နစကဖြဲ႕စည္း
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၁၉

စိုက္၊ေမြးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ရန္ အဖြဲ႕ဝင္(၁၆)ဦးပါဝင္ေသာ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို ယမန္ေန႔(ဒီဇင္ဘာ ၁၈ ရက္) တြင္ စတင္ဖြဲ႕စည္းလိုက္ၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ သတင္းထုတ္ျပန္ထားသည္။
နစက၏ အုပ္ခ်ဳပ္မႉသက္တမ္း (၄)ႏွစ္ၾကာျမင့္လာသည့္အခ်ိန္၌ စက္မႈဖြံ႕ၿဖိဳးေရးေကာ္မရွင္ႏွင့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ ဖြံ႕ၿဖိဳးေရးေကာ္မရွင္မ်ားနည္းတူ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္ကို ပထမဆုံးအႀကိမ္ စတင္ဖြဲ႕စည္း ခဲ့ျခင္းလည္း ျဖစ္သည္။
စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးဖြံ႕ၿဖိဳးေရးေကာ္မရွင္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ ႀကီး ညိဳေစာက ဥကၠ႒အျဖစ္ ဦးေဆာင္မည္ျဖစ္ၿပီး အတြင္းေရးမႉးအျဖစ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္း ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးေဒါက္တာ ေအာင္ႀကီးႏွင့္ တြဲဖက္အတြင္းေရးမႉးအျဖစ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္တို႔ က တာဝန္ယူရမည္ျဖစ္သည္။
ေကာ္မရွင္၏ ဒုတိယဥကၠ႒အျဖစ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က တာဝန္ယူရမည္ျဖစ္ၿပီး ထူးျခားခ်က္အေနျဖင့္ အစိုးရဝန္ထမ္းမဟုတ္ေသာ အရပ္သားမ်ားအတြင္းမွ ကုန္သည္စက္မႈအသင္းခ်ဳပ္ဥကၠ႒ ဦးေအးဝင္းက အဖြဲ႕ဝင္အျဖစ္ ပါဝင္လာခဲ့သည္။
အျခားေသာအဖြဲ႕ဝင္မ်ားအျဖစ္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စု ဝန္ႀကီး ေဒါက္တာကံေဇာ္၊ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးလွမိုး၊ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီ၊ စက္မႈ ဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာခ်ာလီသန္း၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးထြန္းအုံ၊ ျပည္ထဲေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္တိုးရီ၊ စီမံကိန္းႏွင့္ဘ႑ာေရး ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးမင္းထြဋ္၊ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးေအးေက်ာ္၊ စြမ္းအင္ ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးသန႔္စင္၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီးဦးဝင္းေဖႏွင့္ ေထာက္ပံ့ႏွင့္ ပို႔ေဆာင္ေရး ၫႊန္ၾကား ေရးမႉး႐ုံး ကာကြယ္ေရးဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးဗိုလ္မႉးခ်ပ္တင္စိုးတို႔ ပါဝင္ခဲ့သည္။
စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးက႑ဖြံ႕ၿဖိဳးတိုးတက္ေရးကို အရွိန္အဟုန္ျမႇင့္ေဆာင္႐ြက္ႏိုင္ရန္အတြက္ ရည္႐ြယ္ ဖြဲ႕စည္း၍ တာဝန္ႏွင့္လုပ္ပိုင္ခြင့္မ်ားကို သီးျခားထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္းလည္း နစကမွထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.