မြန်မာ့မျိုးရင်း ဗမာကြောင်များကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းက ယခုနှစ်ကုန်တွင် ရပ်နားသွားမည်

 721

စော (NP News) - ဒီဇင်ဘာ ၁၉

မြန်မာ့မျိုးရင်း ဗမာကြောင်များကို ထိန်းသိမ်းစောင့်ရှောက်နေသည့် အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းသည် လာမည့် (ဒီဇင်ဘာ ၃၁ ရက်) တွင် ရပ်နားသွားမည်ဖြစ်ကြောင်း Inle Heritage က ယခုရက်ပိုင်းတွင် အသိပေး ထုတ်ပြန်ထားသည်။
အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းသည် ကိုယ်ပိုင် ရင်းနှီးငွေများနှင့် စတင်ခဲ့ပြီး လူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအဝန်းအဝိုင်းပိုမို တိုးတက်လာစေရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမျိုးစုနှင့် ဒေသတွင်း ထုံးတမ်းအစဉ်အလာ များကို မပျောက်ပျက်အောင်ထိန်းသိမ်းရေး စသည့် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် အခြားလုပ်ငန်းများမှ ရရှိသော အကျိုးအမြတ်များကို ပြန်လည်ရင်းနှီးမြှုပ်နှံကာ စတင်ခဲ့သောလုပ်ငန်းဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်း၏ အစပြုမှုသည် Chian Exploration and Research Society (CERS) အဖွဲ့အစည်း၏ ကမကထပြုမှု နှင့် မြန်မာနိုင်ငံတွင် မတွေ့ရနိုင်ခဲ့သော မြန်မာ့မျိုးရင်း ဗမာကြောင်ကို မြန်မာနိုင်ငံတွင် ပြန်လည် ရောက်ရှိစေရန် နှင့် အခြားသူများ လေ့လာသိရှိစေရန် ရည်ရွယ်ပြီး ပြန်လည်ခေါ်ဆောင်လာခြင်းမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းကို ပိတ်သိမ်းရခြင်းအကြောင်းအရင်းမှာ လက်ရှိကြုံတွေ့နေရသော နိုင်ငံရဲ့အကြပ်အတည်း၊ ကိုဗစ်ကပ်ရောဂါနောက်ဆက်တွဲအဆင်မပြေမှုများ စသည်တို့ ပါဝင်နေကြောင်း Inle Heritage ၏ ထုတ်ပြန်ချက်အရ သိရသည်။
အင်းလေးအမွေအနှစ်ဖောင်ဒေးရှင်းအနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်း များ ရေရှည်ရပ်တည်နိုင်ရန်၊ မြင့်မားသောကုန်ကျစရိတ်များကို ပြန်လည်ရရှိနိုင်ရန် စားသောက်ဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင် နှင့် ခြေတံရှည်အိမ်များ တိုးချဲ့တည်ဆောက်လုပ်ကိုင်ခဲ့အပြင် ဘိုးဘွားများမှတဆင့် မျိုးဆက် အဆင့်ဆင့်လက်ဆင့်ကမ်း ချက်ပြုတ်ခဲ့တဲ့ အင်းလေးဒေသရိုးရာအစားအစာများမှ အပိုဝင်ငွေများလည်း ရရှိခဲ့ ကြောင်း သိရသည်။
အင်းလေးအမွေအနှစ်သည် ဟိုတယ်သက်မွေးမှု သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့၍ အဆိုပါသင်တန်းကျောင်းသည် ရှမ်းပြည်နယ်တွင် တစ်ခုတည်းသော အမျိုးသားအဆင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့ အသိအမှတ်ပြုသင်တန်း ဌာနတစ်ခုဖြစ်ပြီး သင်တန်းသား (၃၃၆) ယောက်ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ့မ်ိဳးရင္း ဗမာေၾကာင္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေနသည့္ အင္းေလးအေမြအႏွစ္ေဖာင္ေဒးရွင္းက ယခုႏွစ္ကုန္တြင္ ရပ္နားသြားမည္
ေစာ (NP News) - ဒီဇင္ဘာ ၁၉
ျမန္မာ့မ်ိဳးရင္း ဗမာေၾကာင္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေနသည့္ အင္းေလးအေမြအႏွစ္ေဖာင္ေဒးရွင္းသည္ လာမည့္ (ဒီဇင္ဘာ ၃၁ ရက္) တြင္ ရပ္နားသြားမည္ျဖစ္ေၾကာင္း Inle Heritage က ယခုရက္ပိုင္းတြင္ အသိေပး ထုတ္ျပန္ထားသည္။
အင္းေလးအေမြအႏွစ္ေဖာင္ေဒးရွင္းသည္ ကိုယ္ပိုင္ ရင္းႏွီးေငြမ်ားႏွင့္ စတင္ခဲ့ၿပီး လူငယ္မ်ားဖြံ႕ၿဖိဳးတိုးတက္ေရး၊ ရပ္႐ြာအဝန္းအဝိုင္းပိုမို တိုးတက္လာေစေရး၊ သဘာဝပတ္ဝန္းက်င္၊ လူမ်ိဳးစုႏွင့္ ေဒသတြင္း ထုံးတမ္းအစဥ္အလာ မ်ားကို မေပ်ာက္ပ်က္ေအာင္ထိန္းသိမ္းေရး စသည့္ လုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္ရန္အတြက္ အျခားလုပ္ငန္းမ်ားမွ ရရွိေသာ အက်ိဳးအျမတ္မ်ားကို ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံကာ စတင္ခဲ့ေသာလုပ္ငန္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္း၏ အစျပဳမႈသည္ Chian Exploration and Research Society (CERS) အဖြဲ႕အစည္း၏ ကမကထျပဳမႈ ႏွင့္ ျမန္မာႏိုင္ငံတြင္ မေတြ႕ရႏိုင္ခဲ့ေသာ ျမန္မာ့မ်ိဳးရင္း ဗမာေၾကာင္ကို ျမန္မာႏိုင္ငံတြင္ ျပန္လည္ ေရာက္ရွိေစရန္ ႏွင့္ အျခားသူမ်ား ေလ့လာသိရွိေစရန္ ရည္႐ြယ္ၿပီး ျပန္လည္ေခၚေဆာင္လာျခင္းမွ စတင္ခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါ အင္းေလးအေမြအႏွစ္ေဖာင္ေဒးရွင္းကို ပိတ္သိမ္းရျခင္းအေၾကာင္းအရင္းမွာ လက္ရွိႀကဳံေတြ႕ေနရေသာ ႏိုင္ငံရဲ႕အၾကပ္အတည္း၊ ကိုဗစ္ကပ္ေရာဂါေနာက္ဆက္တြဲအဆင္မေျပမႈမ်ား စသည္တို႔ ပါဝင္ေနေၾကာင္း Inle Heritage ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အင္းေလးအေမြအႏွစ္ေဖာင္ေဒးရွင္းအေနျဖင့္ ၂၀၁၀ ျပည့္ႏွစ္တြင္ အေမြအႏွစ္ထိန္းသိမ္းေစာင့္ေရွာက္ျခင္းလုပ္ငန္း မ်ား ေရရွည္ရပ္တည္ႏိုင္ရန္၊ ျမင့္မားေသာကုန္က်စရိတ္မ်ားကို ျပန္လည္ရရွိႏိုင္ရန္ စားေသာက္ဆိုင္၊ အမွတ္တရ ပစၥည္းဆိုင္ ႏွင့္ ေျခတံရွည္အိမ္မ်ား တိုးခ်ဲ႕တည္ေဆာက္လုပ္ကိုင္ခဲ့အျပင္ ဘိုးဘြားမ်ားမွတဆင့္ မ်ိဳးဆက္ အဆင့္ဆင့္လက္ဆင့္ကမ္း ခ်က္ျပဳတ္ခဲ့တဲ့ အင္းေလးေဒသ႐ိုးရာအစားအစာမ်ားမွ အပိုဝင္ေငြမ်ားလည္း ရရွိခဲ့ ေၾကာင္း သိရသည္။
အင္းေလးအေမြအႏွစ္သည္ ဟိုတယ္သက္ေမြးမႈ သင္တန္းေက်ာင္းကို ဖြင့္လွစ္ခဲ့၍ အဆိုပါသင္တန္းေက်ာင္းသည္ ရွမ္းျပည္နယ္တြင္ တစ္ခုတည္းေသာ အမ်ိဳးသားအဆင့္ အရည္အေသြးစစ္ေဆးေရးအဖြဲ႕ အသိအမွတ္ျပဳသင္တန္း ဌာနတစ္ခုျဖစ္ၿပီး သင္တန္းသား (၃၃၆) ေယာက္ကိုလည္း ေမြးထုတ္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.