မဲဆိုင်တွင် အလှူခံနေသည့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံထံ ပြန်ပို့မည်ဟု ထိုင်းအာဏာပိုင်များ ပြော

 5737

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၉

ထိုင်း Chiang Rai ပြည်နယ်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် နယ်စပ်ဒေသကိုဖြတ်သန်းပြီး မဲဆိုင်ဒေသရှိ ထိုင်းနိုင်ငံသားဒေသခံများထံမှ အဝတ်အစား၊ ပစ္စည်း၊ ငွေကြေးများကို အလှူခံစုဆောင်းရယူရန် ဝင်ရောက်လာခဲ့ သော မြန်မာနိုင်ငံသား ၁၂ ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်း Chiang Rai လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များ နှင့် မဲဆိုင်ရဲစခန်းမှ တာဝန်ရှိသူများသည် ထိုင်းနိုင်ငံအတွင်း သို့ မြန်မာနိုင်ငံသားများ ဝင်ရောက်လာခဲ့သည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားအုပ်စုကို Sai Lom Joy ဈေးနား ဝန်းကျင်တွင် တွေ့မြင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းအာဏာပိုင်များက အဆိုပါမြန်မာနိုင်ငံသားအုပ်စုကို စုံစမ်းစစ်ဆေးခဲ့ရာ ရေကြီးမှုဒဏ်ခံရသော မြန်မာနိုင်ငံရှိ အစ်ကို၊ အစ်မနှင့် ဆွေမျိုးများကို ပြန်လည်ကူညီပေးနိုင်ရန်အတွက် မဲဆိုင်မြို့တွင် ပစ္စည်းများ၊ အလှူခံနေခြင်းဖြစ် ကြောင်း ဝန်ခံပြောဆိုထားသည်ဟု ပြောသည်။
ထိုင်းရဲတပ်ဖွဲ့ဝင်များသည် Sai Lom Joy အလှူခံနေသည့် မြန်မာနိုင်ငံသား ၁၈ ဦးကို တွေ့မြင်ခဲ့ကြောင်း၊ ၎င်းတို့သည် ဈေးနားဝန်းကျင်တွင် ပစ္စည်းများ အလှူခံနေခြင်းဖြစ်ပြီး စားသုံးကုန်များ၊ အဝတ်အထည်အများအပြား ကို လက်ခံရရှိထားကြောင်းပြောသည်။

မြန်မာနိုင်ငံသား (၁၈)ဦးထဲတွင် ကလေးငယ် ၄ ဦး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁၃ ဦးတို့ဖြစ်ကြောင်း မဲဆိုင်မြို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ အဆိုပါမြန်မာနိုင်ငံသားများသည် ဒီဇင်ဘာ ၁၆ ရက်ကတည်းက နယ်စပ် ဒေသကို ယာယီဖြတ်ကျော်ခွင့်ဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို လက်ရှိအချိန်တွင် မိခင်နိုင်ငံသို့ ပြန်ပို့သွားမည်ဖြစ်ကြောင်း ထိုင်း Chiang Rai လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ပြောသည်။

Zawgyi Version;
မဲဆိုင္တြင္ အလႉခံေနသည့္ ျမန္မာႏိုင္ငံသားမ်ားကို မိခင္ႏိုင္ငံထံ ျပန္ပို႔မည္ဟု ထိုင္းအာဏာပိုင္မ်ား ေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၉

ထိုင္း Chiang Rai ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္မ်ားသည္ နယ္စပ္ေဒသကိုျဖတ္သန္းၿပီး မဲဆိုင္ေဒသရွိ ထိုင္းႏိုင္ငံသားေဒသခံမ်ားထံမွ အဝတ္အစား၊ ပစၥည္း၊ ေငြေၾကးမ်ားကို အလႉခံစုေဆာင္းရယူရန္ ဝင္ေရာက္လာခဲ့ ေသာ ျမန္မာႏိုင္ငံသား ၁၂ ဦးကို မိခင္ႏိုင္ငံသို႔ ျပန္ပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုင္း Chiang Rai လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္မ်ား ႏွင့္ မဲဆိုင္ရဲစခန္းမွ တာဝန္ရွိသူမ်ားသည္ ထိုင္းႏိုင္ငံအတြင္း သို႔ ျမန္မာႏိုင္ငံသားမ်ား ဝင္ေရာက္လာခဲ့သည္ဆိုေသာသတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ သြားေရာက္စစ္ေဆးခဲ့ရာ ျမန္မာႏိုင္ငံသားအုပ္စုကို Sai Lom Joy ေဈးနား ဝန္းက်င္တြင္ ေတြ႕ျမင္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
ထိုင္းအာဏာပိုင္မ်ားက အဆိုပါျမန္မာႏိုင္ငံသားအုပ္စုကို စုံစမ္းစစ္ေဆးခဲ့ရာ ေရႀကီးမႈဒဏ္ခံရေသာ ျမန္မာႏိုင္ငံရွိ အစ္ကို၊ အစ္မႏွင့္ ေဆြမ်ိဳးမ်ားကို ျပန္လည္ကူညီေပးႏိုင္ရန္အတြက္ မဲဆိုင္ၿမိဳ႕တြင္ ပစၥည္းမ်ား၊ အလႉခံေနျခင္းျဖစ္ ေၾကာင္း ဝန္ခံေျပာဆိုထားသည္ဟု ေျပာသည္။
ထိုင္းရဲတပ္ဖြဲ႕ဝင္မ်ားသည္ Sai Lom Joy အလႉခံေနသည့္ ျမန္မာႏိုင္ငံသား ၁၈ ဦးကို ေတြ႕ျမင္ခဲ့ေၾကာင္း၊ ၎တို႔သည္ ေဈးနားဝန္းက်င္တြင္ ပစၥည္းမ်ား အလႉခံေနျခင္းျဖစ္ၿပီး စားသုံးကုန္မ်ား၊ အဝတ္အထည္အမ်ားအျပား ကို လက္ခံရရွိထားေၾကာင္းေျပာသည္။

ျမန္မာႏိုင္ငံသား (၁၈)ဦးထဲတြင္ ကေလးငယ္ ၄ ဦး၊ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၁၃ ဦးတို႔ျဖစ္ေၾကာင္း မဲဆိုင္ၿမိဳ႕ ရဲတပ္ဖြဲ႕တာဝန္ရွိသူမ်ားက ေျပာသည္။ အဆိုပါျမန္မာႏိုင္ငံသားမ်ားသည္ ဒီဇင္ဘာ ၁၆ ရက္ကတည္းက နယ္စပ္ ေဒသကို ယာယီျဖတ္ေက်ာ္ခြင့္ျဖင့္ ထိုင္းႏိုင္ငံဘက္ျခမ္းသို လာေရာက္ခဲ့ျခင္းျဖစ္ၿပီး ၎တို႔ကို လက္ရွိအခ်ိန္တြင္ မိခင္ႏိုင္ငံသို႔ ျပန္ပို႔သြားမည္ျဖစ္ေၾကာင္း ထိုင္း Chiang Rai လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္မ်ားက ေျပာသည္။

Related news

© 2021. All rights reserved.