ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ရှုခင်းတွေအပြင် အေးချမ်းမှုတွေကြောင့် နာမည်ကျော်ကြားတဲ့ ဆွစ်ဇာလန်

 338

Pika (NP News) - ဒီဇင်ဘာ ၂ဝ

ဆွစ်ဇာလန်နိုင်ငံသည် ဥရောပအနောက် အလယ်ပိုင်းတွင်တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော ရှုခင်းများနှင့် တောင်တက်ခြင်း၊ နှင်းလျှောစီးခြင်းတို့ကဲ့ သို့သော စွန့်စားခန်းများလုပ်ဆောင်နိုင်ခြင်းတို့ကြောင့် နာမည်ကျော်ကြားသည်။ များပြားသော ရေကန် များ၊ ကျေးရွာများနှင့် Alps တောင်တန်းများ၏ မြင့်မားသောတောင်ထိပ်များရှိသည့် ဆွစ်ဇာလန် နိုင်ငံ သည် တောင်ဘက်တွင် အီတလီ၊ အနောက်ဘက်တွင် ပြင်သစ်၊ မြောက်ဘက်တွင် ဂျာမနီ၊ အရှေ့ဘက် တွင် ဩစတြီးယား၊ လစ်ချ်တင်စတိန်း နိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ဆွစ်ဇာ လန်နိုင်ငံသည် ပထဝီဝင်အနေအထားအရ Swiss Plateau ကုန်းမြေရှုခင်း၊ Alps တောင်တန်းများ၊ Jura တောင်တန်း များဖြင့် ပိုင်းခြားထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံသည် ဩစတြီးယားနှင့် ပြင်သစ် ဒေသ ဘာဂန်ဒီတို့အပေါ် စစ်ရေးအရ အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့ပြီးနောက် အလယ်ခေတ် နှောင်းပိုင်းတွင်တည်ထောင်ခဲ့သော Old Swiss Confederacy နိုင်ငံမှ ဆင်း သက်လာခြင်းဖြစ်သည်။ Holy Roman အင်ပါယာ က ဆွစ်ဇာလန်လွတ်လပ်ရေးကို (၁၆၄၈)ခုနှစ်တွင် Peace of Westphalia သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမှုအတွင်း တရားဝင်အသိအမှတ် ပြုပေးခဲ့သည်။ ဆွစ်ဇာလန် နိုင်ငံသည် (၁၆)ရာစုနှစ် တည်းက လက်နက်ကိုင်ကြားနေရေးမူဝါဒကို ထိန်းသိမ်းထားခဲ့ပြီး (၁၈၁၅) ခုနှစ် တည်းက နိုင်ငံတကာ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ (၂၀ဝ၂) ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် မကြာခဏ ပါဝင်ပတ် သက်နေသော တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့သည်။ ထို့ပြင် ဆွစ်ဇာလန်နိုင်ငံသည် ကြက်ခြေနီအဖွဲ့ ပေါ်ပေါက် ခဲ့ရာနေရာတစ်ခုဖြစ်ပြီး WTO၊ WHO၊ ILO၊ FIFA၊ WEF နှင့် ကုလ သမဂ္ဂတို့အပါအဝင် အဓိကနိုင်ငံတကာအဖွဲ့အစည်းအများစု၏ဌာနချုပ်များ သို့မဟုတ် ရုံးများတည်ရှိ သည့်နေရာတစ်ခု လည်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံသည် ဥရောပ လွတ်လပ်သော ကုန်သွယ်မှုအသင်း (EFTA)၏ တည်ထောင်သူအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း ဥရောပသမဂ္ဂ၊ ဥရောပစီးပွားရေး ဧရိယာ သို့မဟုတ် ယူရိုဇုန်၏ တစ်စိတ်တစ်ပိုင်းမဟုတ်ကြောင်းလည်းသိရသည်။ သို့သော်လည်း ဆွစ်ဇာ လန်နိုင်ငံသည် ဥရောပတစ်ခုတည်းဈေးကွက်နှင့် နယ်စပ်ထိန်းချုပ်မှုများကိုဖျက်သိမ်းထားသည့် Schengen ဧရိယာတွင်ပါဝင်ကြောင်းသိရသည်။ ဆွစ်ဇာလန်နိုင်ငံသည် အရွယ်ရောက်ပြီးသူ တစ်ဦးလျှင် အမည်ခံ ကြွယ်ဝချမ်းသာမှုအမြင့်ဆုံးရှိသည့် ကမ္ဘာ့အဖွံ့ဖြိုးအတိုးတက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ် ပြီး တစ်ဦးချင်း ဂျီဒီပီအရ (၈)ခုမြောက် အမြင့်ဆုံး ဖြစ်ကြောင်းလည်းသိရသည်။ ဆွစ်ဇာလန် နိုင်ငံသည် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေး အပါအဝင် နိုင်ငံတကာမက်ထရစ်စနစ် အများ အပြား တွင် တက်တက်ကြွကြွကလုပ်ဆောင်သည့် နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ ဇူးရစ်၊ ဂျနီဗာ နှင့် ဘေဆယ်တို့ကဲ့သို့သော မြို့ကြီးများသည် နေထိုင်မှုစရိတ်မြင့်မားသော်လည်း လူနေမှုဘဝအရည်အသွေး အရ အမြင့်ဆုံး အဆင့်ထဲတွင်ပါဝင်ကြောင်း သိရသည်။ လက်ပတ်နာရီ ထုတ်လုပ်ခြင်းနှင့် ချောကလက် ထုတ်လုပ်ခြင်းအတွက် ထူးခြားသော အသိအမှတ်ပြုမှုများနှင့်အတူ ၎င်း၏တည်ထောင်ထားသော ဘဏ် လုပ်ငန်းကဏ္ဍအတွက် နိုင်ငံတကာ ဂုဏ်သတင်းကို ရရှိထားသည့်နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံတွင် အဓိကဘာသာစကား လေးမျိုးကိုအသုံး ပြုပြီး ယင်းတို့မှာ ဂျာမန်၊ ပြင်သစ်၊ အီတလီနှင့် Romanshဘာသာ စကားတို့ဖြစ်ပြီး နိုင်ငံသား အများစုသည် ဂျာမန်ဘာသာ စကားကို ပြောဆိုကြကြောင်းလည်းသိရသည်။

စစ်တပ်
ကြည်းတပ်များနှင့်လေတပ်အပါအဝင် ဆွစ်ဇာလန် စစ်တပ်သည် အသက်(၂၀)နှစ်မှ (၃၄)နှစ်အတွင်း အမျိုးသားစစ်မှုထမ်းအများစုဖြင့် ဖွဲ့စည်းထားသည်။ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် ဆွစ်ဇာလန်နိုင်ငံတွင် ရေတပ်မရှိသော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်းထိစပ်နေသောရေ ကန်များတွင် စစ်ဘက်ဆိုင်ရာသင်္ဘောများဖြင့် ကင်းလှည့်မှုများရှိကြောင်းသိရသည်။ ထို့ပြင် ဆွစ်ဇာလန် နိုင်ငံသားများကို နိုင်ငံခြားစစ်တပ်များတွင် စစ်မှုထမ်း ခြင်းမှ တားမြစ်ထားကြောင်းလည်းသိရသည်။ ဆွစ်ဇာလန် ပြည်သူ့စစ်စနစ်တွင် စစ်သားများကို Machine gun များနှင့် စစ်တပ်မှထုတ်ပေးထားသော ပစ္စည်းများကို နေအိမ်တွင်ထားရှိရန် သတ်မှတ် ပြဋ္ဌာန်းထားကြောင်း သိရသည်။ အမျိုးသမီးများ အနေ ဖြင့် ဆွစ်ဇာလန်စစ်တပ်တွင် ဆန္ဒအလျောက် တာဝန်ထမ်းဆောင်နိုင်ကြောင်းလည်းသိရသည်။ ပုံမှန် အားဖြင့် အမျိုးသားများသည် အသက်(၁၈)နှစ် အရွယ်တွင် စစ်မှုထမ်းရန်အတွက်အမိန့်စာများကို လက်ခံ ရရှိလေ့ရှိသည်။ ဆွစ်ဇာလန်လူငယ်များ၏ သုံးပုံနှစ်ပုံခန့်သည် စစ်မှုထမ်းရန်အတွက် သင့်လျော်ကြောင်း စာရွက်စာတမ်းများအရသိရှိရပြီး အခြားသူများအတွက် အမျိုးမျိုး သောရွေးချယ်စရာဝန်ဆောင်မှု ပုံစံများကို ပေးအပ်ထားကြောင်းလည်းသိရသည်။ ထို့ပြင် နှစ်စဉ် လူပေါင်းနှစ်သောင်းခန့်သည် စစ်မှုထမ်းစုဆောင်းရေးဌာနများတွင် သီတင်း ပတ်(၁၈)ပတ်မှ (၂၁)ပတ်အထိ လေ့ကျင့်သင်ကြားမှု များကို လုပ်ဆောင်ရကြောင်းလည်း သိရသည်။ ပြုပြင် ပြောင်းလဲရေး “Army XXI” ကို (၂၀ဝ၃)ခုနှစ် လူထုဆန္ဒမဲဖြင့် အတည်ပြုခဲ့ပြီး ယခင်မော်ဒယ် “ Army 95 ” နေရာတွင် အစားထိုးခဲ့ကာ စစ်သား အရေအတွက်ကို (၄)သိန်းမှ(၂)သိန်းသို့ လျှော့ချခဲ့ ကြောင်းသိရသည်။ ၎င်းတို့အနက် စစ်သား ဦးရေ (၁၂၀ဝဝဝ)သည် အချိန်အခါအလိုက် စစ်ရေး လေ့ကျင့်မှုများတွင် လှုပ်ရှားဆောင်ရွက်လျက်ရှိပြီး အခြားလူ(၈)သောင်းမှာ ဂျူတီမရှိသောအရန်စစ် သားများဖြစ်ကြောင်းသိရသည်။ ဆွစ်ဇာလန်စစ်တပ် ၏ နောက်ဆုံးပေါ်ပြုပြင်ပြောင်းလဲမှုဖြစ်သည့် Weiterentwick lung der Armee သည် (၂၀၁၈)ခုနှစ်တွင် စတင်ခဲ့ ပြီး (၂၀၂၂)ခုနှစ်ကုန်တွင်စစ်သား အရေအတွက်ကို (၁)သိန်းထိ လျှော့ချခဲ့သည်။ ၎င်း၏ကြားနေ ရေးမူဝါဒကြောင့် ဆွစ်ဇာလန်စစ်တပ် သည် အခြားနိုင်ငံများ၏ လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင် ခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးထိန်း သိမ်းမှုမစ်ရှင်အချို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိ သည်။ (၂၀ဝဝ) ပြည့်နှစ်မှစတင်ပြီး ဆွစ်ဇာလန်လက်နက်ကိုင်တပ်ဖွဲ့ဌာနသည် ဂြိုဟ်တုဆက်သွယ်မှုများကို စောင့်ကြည့် ရန် Onyx ထောက်လှမ်းရေးစုဆောင်းမှု စနစ်ကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

စီးပွားရေး
ဆွစ်ဇာလန်နိုင်ငံတွင် တည်ငြိမ်ချမ်းသာြကွယ်ဝ၍ နည်းပညာမြင့်သော စီးပွားရေးရှိပြီး အဆင့်ပေါင်း များစွာဖြင့်တစ်ဦးချင်းအလိုက် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံလည်းဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံသည်ကမ္ဘာ ပေါ်တွင်အကျင့်ပျက်ခြစားမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပြီး၎င်း၏ဘဏ်လုပ်ငန်းကဏ္ဍ သည်ကမ္ဘာပေါ်တွင်အကျင့်ပျက်ခြစားမှုအရှိဆုံးကဏ္ဍတစ်ခုအဖြစ်အဆင့်သတ်မှတ်ခံထားရသည်။ထို့ပြင်ဆွစ်ဇာလန်နိုင်ငံသည်အမည်ခံဂျီဒီပီအရကမ္ဘာပေါ်တွင်(၂၀)ခုမြောက် အကြီးဆုံး စီးပွားရေးရှိပြီးဝယ်မှု စွမ်းအား တန်းတူညီမျှမှု(PPP)အရ(၃၈)ခုမြောက်အကြီးဆုံးစီးပွားရေးရှိကြောင်း သိရသည်။ (၂၀၂၁) ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသည်(၁၃)ခုမြောက်အကြီးဆုံး တင်ပို့ကုန်နိုင်ငံဖြစ်ပြီး တစ်ဦးချင်းအရ (၅)ခု မြောက် အကြီးဆုံး တင်ပို့ကုန်နိုင်ငံဖြစ်သည်။ ဇူးရစ်နှင့် ဂျနီဗာတို့သည် ကမ္ဘာ့မြို့ကြီးများအဖြစ် သတ် မှတ်ခံထားရပြီး Alpha နှင့် Beta အဖြစ် အသီးသီးအဆင့် သတ်မှတ်ခံထားရသည်။ ဘေဆယ်မြို့သည် ဆွစ်ဇာလန်နိုင်ငံ၏ ဆေးဝါးလုပ်ငန်း၏မြို့တော် ဖြစ်ပြီး Novartis၊ Roche၊ နှင့် အခြားဆေးဝါး ကုမ္ပဏီ များစွာ ရှိသည့်နေရာတစ်ခု လည်းဖြစ်သည်။ ထို့ပြင် ဆွစ်ဇာလန်နိုင်ငံသည် အသက်မွေးကျောင်း သိပ္ပံ လုပ်ငန်းအတွက် ကမ္ဘာ့အရေးအကြီးဆုံးအချက် အချာနေရာများထဲမှတစ်ခု ဖြစ်ကြောင်းလည်းသိရ သည်။ ဆွစ်ဇာလန်နိုင်ငံသည် Economic Freedom (၂၀၂၃) ခုနှစ် အညွှန်းကိန်းတွင် ကမ္ဘာ့ဒုတိယ အမြင့်ဆုံး အဖြစ် သတ်မှတ်ခံခဲ့ရပြီး သိသာထင်ရှားသောအများပြည်သူဝန်ဆောင်မှုများကိုလည်း ပေးဆောင်လျက်ရှိသည်။ (၂၀၁၆) World Economic Forum ၏ Global Competiti veness အစီရင် ခံစာသည် ဆွစ်ဇာလန် နိုင်ငံ၏ စီးပွားရေးကို ကမ္ဘာပေါ်တွင် ပြိုင်ဆိုင်မှု အရှိဆုံးစီးပွားရေးအဖြစ် အဆင့် သတ်မှတ်ခဲ့ပြီး (၂၀၁၉)ခုနှစ်တွင် ဆွစ်ဇာလန်၏စီးပွားရေးသည် တစ်ကမ္ဘာလုံးတွင် အဆင့် (၅)နေရာ တွင်ရှိကြောင်း သိရသည်။ ထို့ပြင် ဥရောပသမဂ္ဂက ဆွစ်ဇာလန်နိုင်ငံ ကို ဥရောပ၏ ဆန်းသစ် တီထွင်မှု အရှိဆုံးနိုင်ငံအဖြစ် အဆင့်သတ်မှတ်ခဲ့သည်။ (၂၀၂၄)ခုနှစ်တွင် Global Innovation အညွှန်းကိန်းအရ ဆွစ်ဇာလန်နိုင်ငံသည် ဆန်းသစ်တီထွင်မှုအရှိဆုံးနိုင်ငံ အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရသည်။ (၂၀)ရာစု၏ အများစုတွင် ဆွစ်ဇာလန်နိုင်ငံသည် တစ်ဦးချင်းဂျီ ဒီပီအရဥရောပတွင် အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း လည်းသိရသည်။ ထို့ပြင် ဆွစ်ဇာလန် နိုင်ငံ သည် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများစွာ၏ နေအိမ် လည်းဖြစ် သည်။ ဆွစ်ဇာလန်၏ အရေးအကြီးဆုံး စီးပွားရေးကဏ္ဍမှာ ကုန်ထုတ်လုပ်မှုဖြစ်ပြီး ထုတ်ကုန်များတွင် အထူးဓာတုပစ္စည်းများ၊ ကျန်းမာရေး နှင့်ဆေးဝါးပစ္စည်းများ၊ သိပ္ပံနည်းကျ တိကျသော တိုင်းတာရေး ကိရိယာများနှင့်ဂီတတူရိယာများ ပါဝင်သည်။ ဆွစ်ဇာလန်၏ အကြီးဆုံးပို့ကုန်ပစ္စည်းများမှာ ဓာတု ပစ္စည်းများ(ပို့ကုန်၏(၃၄)ရာခိုင်နှုန်း)၊စက်ပစ္စည်းများနှင့်အီလက် ထရောနစ်ပစ္စည်းများ (ပို့ကုန်၏(၂၀ ဒသ မ၉) ရာခိုင်နှုန်း) ၊ဂီတတူရီယာများနှင့်နာရီများ(ပို့ကုန်၏ (၁၆ဒသမ၉)ရာခိုင်နှုန်း) ဖြစ်ကြောင်းသိရ သည်။ အထူးသဖြင့်ဘဏ်နှင့်အာမခံ၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများပါဝင်သည့် ဝန်ဆောင်မှုကဏ္ဍသည် ဆွစ်ဇာလန်အတွက် အရေးကြီးသောအခြားလုပ်ငန်း တစ်ခုဖြစ်သည်။ ဆွစ်ဇာလန်၏ ပို့ကုန်ဝန်ဆောင်မှုပမာဏသည် ပို့ကုန်များ၏ သုံးပုံပုံ တစ်ပုံခန့်ရှိသည်။

zawgyi version
ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ ရႈခင္းေတြအျပင္ ေအးခ်မ္းမႈေတြေၾကာင့္ နာမည္ေက်ာ္ၾကားတဲ့ ဆြစ္ဇာလန္
Pika (NP News) - ဒီဇင္ဘာ ၂ဝ

ဆြစ္ဇာလန္ႏိုင္ငံသည္ ဥေရာပအေနာက္ အလယ္ပိုင္းတြင္တည္ရွိေသာ ကုန္းတြင္းပိတ္ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ၿပီး ရင္သပ္ရႈေမာဖြယ္ေကာင္းေသာ ရႈခင္းမ်ားႏွင့္ ေတာင္တက္ျခင္း၊ ႏွင္းေလွ်ာစီးျခင္းတို႔ကဲ့ သို႔ေသာ စြန႔္စားခန္းမ်ားလုပ္ေဆာင္ႏိုင္ျခင္းတို႔ေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ မ်ားျပားေသာ ေရကန္ မ်ား၊ ေက်း႐ြာမ်ားႏွင့္ Alps ေတာင္တန္းမ်ား၏ ျမင့္မားေသာေတာင္ထိပ္မ်ားရွိသည့္ ဆြစ္ဇာလန္ ႏိုင္ငံ သည္ ေတာင္ဘက္တြင္ အီတလီ၊ အေနာက္ဘက္တြင္ ျပင္သစ္၊ ေျမာက္ဘက္တြင္ ဂ်ာမနီ၊ အေရွ႕ဘက္ တြင္ ဩစႀတီးယား၊ လစ္ခ်္တင္စတိန္း ႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည္။ ဆြစ္ဇာ လန္ႏိုင္ငံသည္ ပထဝီဝင္အေနအထားအရ Swiss Plateau ကုန္းေျမရႈခင္း၊ Alps ေတာင္တန္းမ်ား၊ Jura ေတာင္တန္း မ်ားျဖင့္ ပိုင္းျခားထားသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္။ ဆြစ္ဇာလန္ႏိုင္ငံသည္ ဩစႀတီးယားႏွင့္ ျပင္သစ္ ေဒသ ဘာဂန္ဒီတို႔အေပၚ စစ္ေရးအရ ေအာင္ျမင္မႈမ်ား ဆက္တိုက္ရရွိခဲ့ၿပီးေနာက္ အလယ္ေခတ္ ေႏွာင္းပိုင္းတြင္တည္ေထာင္ခဲ့ေသာ Old Swiss Confederacy ႏိုင္ငံမွ ဆင္း သက္လာျခင္းျဖစ္သည္။ Holy Roman အင္ပါယာ က ဆြစ္ဇာလန္လြတ္လပ္ေရးကို (၁၆၄၈)ခုႏွစ္တြင္ Peace of Westphalia သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးမႈအတြင္း တရားဝင္အသိအမွတ္ ျပဳေပးခဲ့သည္။ ဆြစ္ဇာလန္ ႏိုင္ငံသည္ (၁၆)ရာစုႏွစ္ တည္းက လက္နက္ကိုင္ၾကားေနေရးမူဝါဒကို ထိန္းသိမ္းထားခဲ့ၿပီး (၁၈၁၅) ခုႏွစ္ တည္းက ႏိုင္ငံတကာ စစ္ပြဲမ်ားတြင္ ပါဝင္တိုက္ခိုက္ခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ (၂၀ဝ၂) ခုႏွစ္တြင္ ကုလသမဂၢအဖြဲ႕သို႔ ဝင္ေရာက္ခဲ့ၿပီး ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈတြင္ မၾကာခဏ ပါဝင္ပတ္ သက္ေနေသာ တက္ႂကြေသာ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သုံးခဲ့သည္။ ထို႔ျပင္ ဆြစ္ဇာလန္ႏိုင္ငံသည္ ၾကက္ေျခနီအဖြဲ႕ ေပၚေပါက္ ခဲ့ရာေနရာတစ္ခုျဖစ္ၿပီး WTO၊ WHO၊ ILO၊ FIFA၊ WEF ႏွင့္ ကုလ သမဂၢတို႔အပါအဝင္ အဓိကႏိုင္ငံတကာအဖြဲ႕အစည္းအမ်ားစု၏ဌာနခ်ဳပ္မ်ား သို႔မဟုတ္ ႐ုံးမ်ားတည္ရွိ သည့္ေနရာတစ္ခု လည္းျဖစ္သည္။ ဆြစ္ဇာလန္ႏိုင္ငံသည္ ဥေရာပ လြတ္လပ္ေသာ ကုန္သြယ္မႈအသင္း (EFTA)၏ တည္ေထာင္သူအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ေသာ္လည္း ဥေရာပသမဂၢ၊ ဥေရာပစီးပြားေရး ဧရိယာ သို႔မဟုတ္ ယူ႐ိုဇုန္၏ တစ္စိတ္တစ္ပိုင္းမဟုတ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း ဆြစ္ဇာ လန္ႏိုင္ငံသည္ ဥေရာပတစ္ခုတည္းေဈးကြက္ႏွင့္ နယ္စပ္ထိန္းခ်ဳပ္မႈမ်ားကိုဖ်က္သိမ္းထားသည့္ Schengen ဧရိယာတြင္ပါဝင္ေၾကာင္းသိရသည္။ ဆြစ္ဇာလန္ႏိုင္ငံသည္ အ႐ြယ္ေရာက္ၿပီးသူ တစ္ဦးလွ်င္ အမည္ခံ ႂကြယ္ဝခ်မ္းသာမႈအျမင့္ဆုံးရွိသည့္ ကမာၻ႔အဖြံ႕ၿဖိဳးအတိုးတက္ဆုံးႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံ ျဖစ္ ၿပီး တစ္ဦးခ်င္း ဂ်ီဒီပီအရ (၈)ခုေျမာက္ အျမင့္ဆုံး ျဖစ္ေၾကာင္းလည္းသိရသည္။ ဆြစ္ဇာလန္ ႏိုင္ငံသည္ စီးပြားေရး ယွဥ္ၿပိဳင္ႏိုင္စြမ္းႏွင့္ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရး အပါအဝင္ ႏိုင္ငံတကာမက္ထရစ္စနစ္ အမ်ား အျပား တြင္ တက္တက္ႂကြႂကြကလုပ္ေဆာင္သည့္ ႏိုင္ငံ တစ္ႏိုင္ငံလည္းျဖစ္သည္။ ဇူးရစ္၊ ဂ်နီဗာ ႏွင့္ ေဘဆယ္တို႔ကဲ့သို႔ေသာ ၿမိဳ႕ႀကီးမ်ားသည္ ေနထိုင္မႈစရိတ္ျမင့္မားေသာ္လည္း လူေနမႈဘဝအရည္အေသြး အရ အျမင့္ဆုံး အဆင့္ထဲတြင္ပါဝင္ေၾကာင္း သိရသည္။ လက္ပတ္နာရီ ထုတ္လုပ္ျခင္းႏွင့္ ေခ်ာကလက္ ထုတ္လုပ္ျခင္းအတြက္ ထူးျခားေသာ အသိအမွတ္ျပဳမႈမ်ားႏွင့္အတူ ၎၏တည္ေထာင္ထားေသာ ဘဏ္ လုပ္ငန္းက႑အတြက္ ႏိုင္ငံတကာ ဂုဏ္သတင္းကို ရရွိထားသည့္ႏိုင္ငံတစ္ႏိုင္ငံလည္း ျဖစ္သည္။ ဆြစ္ဇာလန္ႏိုင္ငံတြင္ အဓိကဘာသာစကား ေလးမ်ိဳးကိုအသုံး ျပဳၿပီး ယင္းတို႔မွာ ဂ်ာမန္၊ ျပင္သစ္၊ အီတလီႏွင့္ Romanshဘာသာ စကားတို႔ျဖစ္ၿပီး ႏိုင္ငံသား အမ်ားစုသည္ ဂ်ာမန္ဘာသာ စကားကို ေျပာဆိုၾကေၾကာင္းလည္းသိရသည္။

စစ္တပ္
ၾကည္းတပ္မ်ားႏွင့္ေလတပ္အပါအဝင္ ဆြစ္ဇာလန္ စစ္တပ္သည္ အသက္(၂၀)ႏွစ္မွ (၃၄)ႏွစ္အတြင္း အမ်ိဳးသားစစ္မႈထမ္းအမ်ားစုျဖင့္ ဖြဲ႕စည္းထားသည္။ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေသာေၾကာင့္ ဆြစ္ဇာလန္ႏိုင္ငံတြင္ ေရတပ္မရွိေသာ္လည္း အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနေသာေရ ကန္မ်ားတြင္ စစ္ဘက္ဆိုင္ရာသေဘၤာမ်ားျဖင့္ ကင္းလွည့္မႈမ်ားရွိေၾကာင္းသိရသည္။ ထို႔ျပင္ ဆြစ္ဇာလန္ ႏိုင္ငံသားမ်ားကို ႏိုင္ငံျခားစစ္တပ္မ်ားတြင္ စစ္မႈထမ္း ျခင္းမွ တားျမစ္ထားေၾကာင္းလည္းသိရသည္။ ဆြစ္ဇာလန္ ျပည္သူ႔စစ္စနစ္တြင္ စစ္သားမ်ားကို Machine gun မ်ားႏွင့္ စစ္တပ္မွထုတ္ေပးထားေသာ ပစၥည္းမ်ားကို ေနအိမ္တြင္ထားရွိရန္ သတ္မွတ္ ျပ႒ာန္းထားေၾကာင္း သိရသည္။ အမ်ိဳးသမီးမ်ား အေန ျဖင့္ ဆြစ္ဇာလန္စစ္တပ္တြင္ ဆႏၵအေလ်ာက္ တာဝန္ထမ္းေဆာင္ႏိုင္ေၾကာင္းလည္းသိရသည္။ ပုံမွန္ အားျဖင့္ အမ်ိဳးသားမ်ားသည္ အသက္(၁၈)ႏွစ္ အ႐ြယ္တြင္ စစ္မႈထမ္းရန္အတြက္အမိန႔္စာမ်ားကို လက္ခံ ရရွိေလ့ရွိသည္။ ဆြစ္ဇာလန္လူငယ္မ်ား၏ သုံးပုံႏွစ္ပုံခန႔္သည္ စစ္မႈထမ္းရန္အတြက္ သင့္ေလ်ာ္ေၾကာင္း စာ႐ြက္စာတမ္းမ်ားအရသိရွိရၿပီး အျခားသူမ်ားအတြက္ အမ်ိဳးမ်ိဳး ေသာေ႐ြးခ်ယ္စရာဝန္ေဆာင္မႈ ပုံစံမ်ားကို ေပးအပ္ထားေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ႏွစ္စဥ္ လူေပါင္းႏွစ္ေသာင္းခန႔္သည္ စစ္မႈထမ္းစုေဆာင္းေရးဌာနမ်ားတြင္ သီတင္း ပတ္(၁၈)ပတ္မွ (၂၁)ပတ္အထိ ေလ့က်င့္သင္ၾကားမႈ မ်ားကို လုပ္ေဆာင္ရေၾကာင္းလည္း သိရသည္။ ျပဳျပင္ ေျပာင္းလဲေရး “Army XXI” ကို (၂၀ဝ၃)ခုႏွစ္ လူထုဆႏၵမဲျဖင့္ အတည္ျပဳခဲ့ၿပီး ယခင္ေမာ္ဒယ္ “ Army 95 ” ေနရာတြင္ အစားထိုးခဲ့ကာ စစ္သား အေရအတြက္ကို (၄)သိန္းမွ(၂)သိန္းသို႔ ေလွ်ာ့ခ်ခဲ့ ေၾကာင္းသိရသည္။ ၎တို႔အနက္ စစ္သား ဦးေရ (၁၂၀ဝဝဝ)သည္ အခ်ိန္အခါအလိုက္ စစ္ေရး ေလ့က်င့္မႈမ်ားတြင္ လႈပ္ရွားေဆာင္႐ြက္လ်က္ရွိၿပီး အျခားလူ(၈)ေသာင္းမွာ ဂ်ဴတီမရွိေသာအရန္စစ္ သားမ်ားျဖစ္ေၾကာင္းသိရသည္။ ဆြစ္ဇာလန္စစ္တပ္ ၏ ေနာက္ဆုံးေပၚျပဳျပင္ေျပာင္းလဲမႈျဖစ္သည့္ Weiterentwick lung der Armee သည္ (၂၀၁၈)ခုႏွစ္တြင္ စတင္ခဲ့ ၿပီး (၂၀၂၂)ခုႏွစ္ကုန္တြင္စစ္သား အေရအတြက္ကို (၁)သိန္းထိ ေလွ်ာ့ခ်ခဲ့သည္။ ၎၏ၾကားေန ေရးမူဝါဒေၾကာင့္ ဆြစ္ဇာလန္စစ္တပ္ သည္ အျခားႏိုင္ငံမ်ား၏ လက္နက္ကိုင္ပဋိပကၡမ်ားတြင္ ပါဝင္ ျခင္းမရွိေသာ္လည္း ၿငိမ္းခ်မ္းေရးထိန္း သိမ္းမႈမစ္ရွင္အခ်ိဳ႕တြင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိ သည္။ (၂၀ဝဝ) ျပည့္ႏွစ္မွစတင္ၿပီး ဆြစ္ဇာလန္လက္နက္ကိုင္တပ္ဖြဲ႕ဌာနသည္ ၿဂိဳဟ္တုဆက္သြယ္မႈမ်ားကို ေစာင့္ၾကည့္ ရန္ Onyx ေထာက္လွမ္းေရးစုေဆာင္းမႈ စနစ္ကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။

စီးပြားေရး
ဆြစ္ဇာလန္ႏိုင္ငံတြင္ တည္ၿငိမ္ခ်မ္းသာႂကြယ္ဝ၍ နည္းပညာျမင့္ေသာ စီးပြားေရးရွိၿပီး အဆင့္ေပါင္း မ်ားစြာျဖင့္တစ္ဦးခ်င္းအလိုက္ ကမာၻ႔အခ်မ္းသာဆုံး ႏိုင္ငံလည္းျဖစ္သည္။ ဆြစ္ဇာလန္ႏိုင္ငံသည္ကမာၻ ေပၚတြင္အက်င့္ပ်က္ျခစားမႈအနည္းဆုံးႏိုင္ငံတစ္ႏိုင္ငံအျဖစ္ရပ္တည္ေနၿပီး၎၏ဘဏ္လုပ္ငန္းက႑ သည္ကမာၻေပၚတြင္အက်င့္ပ်က္ျခစားမႈအရွိဆုံးက႑တစ္ခုအျဖစ္အဆင့္သတ္မွတ္ခံထားရသည္။ထို႔ျပင္ဆြစ္ဇာလန္ႏိုင္ငံသည္အမည္ခံဂ်ီဒီပီအရကမာၻေပၚတြင္(၂၀)ခုေျမာက္ အႀကီးဆုံး စီးပြားေရးရွိၿပီးဝယ္မႈ စြမ္းအား တန္းတူညီမွ်မႈ(PPP)အရ(၃၈)ခုေျမာက္အႀကီးဆုံးစီးပြားေရးရွိေၾကာင္း သိရသည္။ (၂၀၂၁) ခုႏွစ္တြင္ ဆြစ္ဇာလန္ႏိုင္ငံသည္(၁၃)ခုေျမာက္အႀကီးဆုံး တင္ပို႔ကုန္ႏိုင္ငံျဖစ္ၿပီး တစ္ဦးခ်င္းအရ (၅)ခု ေျမာက္ အႀကီးဆုံး တင္ပို႔ကုန္ႏိုင္ငံျဖစ္သည္။ ဇူးရစ္ႏွင့္ ဂ်နီဗာတို႔သည္ ကမာၻ႔ၿမိဳ႕ႀကီးမ်ားအျဖစ္ သတ္ မွတ္ခံထားရၿပီး Alpha ႏွင့္ Beta အျဖစ္ အသီးသီးအဆင့္ သတ္မွတ္ခံထားရသည္။ ေဘဆယ္ၿမိဳ႕သည္ ဆြစ္ဇာလန္ႏိုင္ငံ၏ ေဆးဝါးလုပ္ငန္း၏ၿမိဳ႕ေတာ္ ျဖစ္ၿပီး Novartis၊ Roche၊ ႏွင့္ အျခားေဆးဝါး ကုမၸဏီ မ်ားစြာ ရွိသည့္ေနရာတစ္ခု လည္းျဖစ္သည္။ ထို႔ျပင္ ဆြစ္ဇာလန္ႏိုင္ငံသည္ အသက္ေမြးေက်ာင္း သိပၸံ လုပ္ငန္းအတြက္ ကမာၻ႔အေရးအႀကီးဆုံးအခ်က္ အခ်ာေနရာမ်ားထဲမွတစ္ခု ျဖစ္ေၾကာင္းလည္းသိရ သည္။ ဆြစ္ဇာလန္ႏိုင္ငံသည္ Economic Freedom (၂၀၂၃) ခုႏွစ္ အၫႊန္းကိန္းတြင္ ကမာၻ႔ဒုတိယ အျမင့္ဆုံး အျဖစ္ သတ္မွတ္ခံခဲ့ရၿပီး သိသာထင္ရွားေသာအမ်ားျပည္သူဝန္ေဆာင္မႈမ်ားကိုလည္း ေပးေဆာင္လ်က္ရွိသည္။ (၂၀၁၆) World Economic Forum ၏ Global Competiti veness အစီရင္ ခံစာသည္ ဆြစ္ဇာလန္ ႏိုင္ငံ၏ စီးပြားေရးကို ကမာၻေပၚတြင္ ၿပိဳင္ဆိုင္မႈ အရွိဆုံးစီးပြားေရးအျဖစ္ အဆင့္ သတ္မွတ္ခဲ့ၿပီး (၂၀၁၉)ခုႏွစ္တြင္ ဆြစ္ဇာလန္၏စီးပြားေရးသည္ တစ္ကမာၻလုံးတြင္ အဆင့္ (၅)ေနရာ တြင္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ဥေရာပသမဂၢက ဆြစ္ဇာလန္ႏိုင္ငံ ကို ဥေရာပ၏ ဆန္းသစ္ တီထြင္မႈ အရွိဆုံးႏိုင္ငံအျဖစ္ အဆင့္သတ္မွတ္ခဲ့သည္။ (၂၀၂၄)ခုႏွစ္တြင္ Global Innovation အၫႊန္းကိန္းအရ ဆြစ္ဇာလန္ႏိုင္ငံသည္ ဆန္းသစ္တီထြင္မႈအရွိဆုံးႏိုင္ငံ အျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရသည္။ (၂၀)ရာစု၏ အမ်ားစုတြင္ ဆြစ္ဇာလန္ႏိုင္ငံသည္ တစ္ဦးခ်င္းဂ်ီ ဒီပီအရဥေရာပတြင္ အခ်မ္းသာဆုံးႏိုင္ငံျဖစ္ခဲ့ေၾကာင္း လည္းသိရသည္။ ထို႔ျပင္ ဆြစ္ဇာလန္ ႏိုင္ငံ သည္ ႏိုင္ငံစုံေကာ္ပိုေရးရွင္းႀကီးမ်ားစြာ၏ ေနအိမ္ လည္းျဖစ္ သည္။ ဆြစ္ဇာလန္၏ အေရးအႀကီးဆုံး စီးပြားေရးက႑မွာ ကုန္ထုတ္လုပ္မႈျဖစ္ၿပီး ထုတ္ကုန္မ်ားတြင္ အထူးဓာတုပစၥည္းမ်ား၊ က်န္းမာေရး ႏွင့္ေဆးဝါးပစၥည္းမ်ား၊ သိပၸံနည္းက် တိက်ေသာ တိုင္းတာေရး ကိရိယာမ်ားႏွင့္ဂီတတူရိယာမ်ား ပါဝင္သည္။ ဆြစ္ဇာလန္၏ အႀကီးဆုံးပို႔ကုန္ပစၥည္းမ်ားမွာ ဓာတု ပစၥည္းမ်ား(ပို႔ကုန္၏(၃၄)ရာခိုင္ႏႈန္း)၊စက္ပစၥည္းမ်ားႏွင့္အီလက္ ထေရာနစ္ပစၥည္းမ်ား (ပို႔ကုန္၏(၂၀ ဒသ မ၉) ရာခိုင္ႏႈန္း) ၊ဂီတတူရီယာမ်ားႏွင့္နာရီမ်ား(ပို႔ကုန္၏ (၁၆ဒသမ၉)ရာခိုင္ႏႈန္း) ျဖစ္ေၾကာင္းသိရ သည္။ အထူးသျဖင့္ဘဏ္ႏွင့္အာမခံ၊ ကုန္စည္ကူးသန္းေရာင္းဝယ္ေရး၊ ခရီးသြားလုပ္ငန္းႏွင့္ ႏိုင္ငံတကာ အဖြဲ႕အစည္းမ်ားပါဝင္သည့္ ဝန္ေဆာင္မႈက႑သည္ ဆြစ္ဇာလန္အတြက္ အေရးႀကီးေသာအျခားလုပ္ငန္း တစ္ခုျဖစ္သည္။ ဆြစ္ဇာလန္၏ ပို႔ကုန္ဝန္ေဆာင္မႈပမာဏသည္ ပို႔ကုန္မ်ား၏ သုံးပုံပုံ တစ္ပုံခန႔္ရွိသည္။

Related news

© 2021. All rights reserved.