(၂၀၂၄-၂၀၂၅) ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) ပွဲကြိုသုံးသပ်ချက်များ
333
ရဲထက် (NP News) - ဒီဇင်ဘာ ၂ဝ
ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၁၇)ကို ရောက်ရှိလာချိန်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် ပိုမိုပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ လာရတော့မှာဖြစ်ပါတယ်။ လက်ရှိအမှတ်ပေး ဇယား ရဲ့ထိပ်ဆုံးမှာ လီဗာပူးလ်အသင်းကရပ်တည်နေ ပေမယ့် ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်း တွေကလည်း အကောင်းဆုံးပုံစံတွေနဲ့ အနီးကပ်ဖိအား ပေးနေတာကြောင့် အမှားခံလို့မရတဲ့အနေအထား တွေရှိ လာခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးအသင်းအနေနဲ့လည်း နိုင်ပွဲတွေ ပြန်လည်ရရှိလာပြီဖြစ်တာကြောင့် နောက်ပိုင်းပွဲစဉ်တွေကိုသာ ဖြတ်ကျော်နိုင်ရင် ချန်ပီ ယံဆုအတွက် ပြန်လည်စိန်ခေါ်လာနိုင်ဖို့ရှိနေပါ တယ်။ ဒါ့ပြင် ဥရောပပြိုင်ပွဲဝင်ခွင့်တွေအတွက် ပြိုင် ဆိုင်မှုတွေရှိနေသေးတာကြောင့် နောက်ပိုင်းပွဲစဉ် တွေက ပိုမိုကြည့်ကောင်းလာဖို့ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ NP News ကနေ ပရီးမီးယားလိဂ်အသင်းကြီး (၅)သင်းရဲ့ ပွဲစဉ် (၁၇)ရဲ့ ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးသွား ချင်ပါတယ်။
စပါးစ် Vs လီဗာပူးလ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၄ - ၂ စပါးစ် (၅-၅-၂၀၂၄)
စပါးစ် ၂ - ၁ လီဗာပူးလ် (၃၀-၉-၂၀၂၃)
လီဗာပူးလ် ၄ - ၃ စပါးစ် (၃၀-၄-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၂ - ၃ လီဗာပူးလ်
စပါးစ် ၁ - ၂ လီဗာပူးလ်
လီဗာပူးလ်အသင်းအတွက် ဒီပွဲစဉ်က နိုင်ပွဲရနိုင်သလို ရှုံးပွဲနဲ့လည်းရင်ဆိုင်သွားရနိုင်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စပါးစ်အသင်းက ဒီရာသီမှာ ရလဒ်ပိုင်းပိုမိုဆိုးရွားလာတဲ့အပြင် ပွဲကျပ် ကာလကို ရင်ဆိုင်နေရတဲ့အပြင် အဓိက ကစားသမား တချို့ဒဏ်ရာပြဿနာရှိနေတာကြောင့် လီဗာပူးလ် အသင်းအနေနဲ့ နိုင်ပွဲရဖို့ သေချာပြင်ဆင်မယ်ဆိုရင် စပါးစ်အသင်းကို နိုင်ဖို့များပါတယ်။ ဒါပေမဲ့ သတိထားစရာအချက်က စပါးစ်အသင်းနည်းပြဟာ တိုက်စစ်အသားပေးကစားဟန်ရှိတာကြောင့် အစောပိုင်းဂိုး မပေးရအောင် လီဗာပူးလ်အသင်းအနေနဲ့ ထိန်းမထားနိုင်ခဲ့ရင် အန္တရာယ်ရှိနိုင်ပါတယ်။ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရာမှာ စပါးစ်အသင်းက ရလဒ်မကောင်းပေ မယ့် အစောပိုင်းမှာ ဂိုးတွေရနေ တတ်တာကိုတွေ့ရပါ တယ်။ လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းမှာ ချဲလ်ဆီးအသင်းနဲ့ အာဆင် နယ်အသင်းတို့ရဲ့ဖိအားပေးမှုတွေကို ဆက်တိုက်ရင်ဆိုင်လာရတော့မှာဖြစ်ပြီး ရမှတ်ကွာဟမှုကလည်း တစ်ပွဲလောက်ရှုံးတာနဲ့ လိုက်မီလာနိုင်တာကြောင့် ဒီပွဲစဉ်က သေချာပေါက် မနိုင်ရင်တောင် သရေကျအောင်ကန်နိုင်ဖို့လိုအပ်ပြီး ရှုံးပွဲတွေ့ခဲ့ရင်တော့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင် တဲ့နေရာမှာဖိအားတွေ ပိုဝင်လာဖို့ရှိနေပါတယ်။ ဒါ့ပြင် ဥရောပပွဲစဉ်တွေကိုပါ ယှဉ်ပြိုင်နေတဲ့ လီဗာပူးလ် အသင်းအနေနဲ့ စပါးစ် အသင်းရဲ့အိမ်ကွင်းမှာ အနိုင်ရဖို့မလွယ်ကူတာသေ ချာပါတယ်။ ထိပ်တိုက် တွေ့ဆုံမှုအရပြန်ကြည့်ရင် မနှစ်ကရာသီတွေ့ဆုံမှု နှစ်ကြိမ်မှာတော့ လီဗာပူးလ် နဲ့စပါးစ်အသင်းတို့ဟာ တစ်ပွဲစီအနိုင်ရထားပြီး နောက်ဆုံးတွေ့ဆုံမှု (၅)ကြိမ်မှာတော့ လီဗာပူးလ် အသင်းက နိုင်ပွဲပိုရထား တာကိုတွေ့ရပါတယ်။ ရလဒ် ပိုင်းအနေနဲ့ခန့်မှန်းရရင်တော့ လီဗာပူးလ်အသင်း အနေနဲ့ စပါးစ်အသင်းရဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် နိုင်ပွဲရဖို့ခက်ခဲနိုင်ပေမယ့် စပါးစ် အသင်းရဲ့ ခြေစွမ်းနဲ့ရလဒ် ပိုင်း ဆိုးရွားမှုတွေကြောင့် အ ပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်မယ်ဆိုရင်တော့ လီဗာပူးလ် အသင်းက(၁)ဂိုး လောက်အကွာနဲ့ နိုင်ပါမယ်။
အက်စတွန်ဗီလာ Vs မန်စီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၄ - ၁ အက်စတွန်ဗီလာ (၄-၄-၂၀၂၄)
အက်စတွန်ဗီလာ ၁ - ဝ မန်စီးတီး (၇-၁၂-၂၀၂၃)
မန်စီးတီး ၃ - ၁ အက်စတွန်ဗီလာ (၁၂-၂-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်စတွန်ဗီလာ ၁ - ၁ မန်စီးတီး
အက်စတွန်ဗီလာ ၂ - ၂ မန်စီးတီး
အက်စတွန်ဗီလာအသင်းက ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ မနှစ်ကထက် ခြေစွမ်းပိုင်းကျဆင်း နေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဥရောပဝင်ခွင့် တစ်နေရာအတွက်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ အခွင့်အရေးတွေရှိနေတာကြောင့် မန်စီးတီးအသင်းရဲ့ ဒီရာသီခြေစွမ်းပိုင်းကျဆင်းနေတဲ့အနေအထားမှာ အနိုင်ကန်ဖို့ အမှန်အကန်အားထုတ်လာဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း အုပ်စုတက်ဖို့ သေချာသလောက်ရှိနေပေမယ့် နောက်ပိုင်းမှာ ပရီးမီး ယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ခုလုံးမှာ လူ စာရင်း လုံလောက်မှုမရှိတာကြောင့် အက်စတွန်ဗီလာအ သင်းအနေနဲ့ ပြိုင်ပွဲတိုင်းမှာ ရလဒ်ကောင်းမှာ မဟုတ်တာသေချာသလောက်ရှိနေပါတယ်။ မန်စီးတီးအ သင်းကတော့ (၆)ပွဲဆက်ရှုံးနိမ့်မှုကနေ နိုင်ပွဲ တွေပြန်လည်ရရှိအောင် ကြိုးစားကစားနေပေမယ့် ခြေစွမ်းပိုင်းမှာတော့ အရင်တုန်းက မန်စီးတီးအသင်း မဟုတ်တော့တာကိုတွေ့ရပါတယ်။ တိုက်စစ်မှာ ဂိုးရဖို့ခက်ခဲနေပြီဖြစ်သလို ဖန်တီးမှုပိုင်းမှာပါ ကျဆင်း နေတဲ့အပြင် ကွင်းလယ်ပိုင်းမှာ ဂန်ဒိုဂမ်နဲ့ ဒီဘရိုင်းတို့ရဲ့ အသက်အရွယ်က စကားပြောလာပြီဖြစ်သလို ဘာနာဒိုဆေး ဗားလ်ရဲ့ ခြေစွမ်းကလည်း သိသိသာသာကျ ဆင်းလာတာကြောင့် မန်စီးတီးအသင်း ဒီရာသီမှာ ချန်ပီယံဆုကို ကာကွယ်ဖို့ဆိုတာဟာ အလှမ်းဝေးသွားပြီလို့ ပြောလို့ရနေပြီပဲဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာတော့ မန်စီးတီးအသင်းက မနှစ်ကရာသီမှာ အက်စတွန်ဗီလာအသင်းကို ပွဲစဉ်(၂)ပွဲမှာ တစ်ပွဲသာအနိုင်ရပြီး တစ်ပွဲရှုံးထားတာကြောင့် အသားစီးရတယ်လို့ ပြောလို့မရတဲ့ အခြေ အနေဖြစ်ပါတယ်။ ဒါကြောင့် အက်စတွန်ဗီလာအသင်းရဲ့အိမ်ကွင်းမှာ မန်စီးတီးအသင်းအတွက် သေချာ ပေါက် နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး သရေကျဖို့များပါတယ်။ နိုင်မယ်ဆိုရင်တော့ တစ်ဂိုးလောက်အသာနဲ့ ကပ်နိုင်ပါမယ်။
ပဲလေ့စ် Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၅ - ဝ ပဲလေ့စ် (၂၀ -၁-၂၀၂၄)
ပဲလေ့စ် ဝ - ၁ အာဆင်နယ် (၂၂-၈-၂၀၂၃)
အာဆင်နယ် ၄ - ၁ ပဲလေ့စ် (၁၉-၃-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ် ဝ - ၃ အာဆင်နယ်
ပဲလေ့စ် ၂ - ဝ အာဆင်နယ်
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုစိန်ခေါ်ဖို့ အချိန်ယူပြင်ဆင် ဦးမယ် ဆိုရင်တော့အခွင့်အရေးတစ်ခုကရှိနေပါတယ်။ ဒါကတော့ လာမယ့်ပွဲစဉ်တိုင်းကို အမှားအယွင်းမရှိဘဲ နိုင်ပွဲတွေ ဆက်တိုက်ရယူဖို့လိုအပ်တာပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းမှာ ချန်ပီယံဖြစ်လိုမှု စိတ် ဓာတ်ပိုင်းရှိသလို နည်းပြ အာတီတာရဲ့ကစားသမားတွေ အပေါ်လွှမ်းမိုးနိုင်မှုနဲ့ ကစားသမားတွေ အစုံ အလင် ပြန်ဖြစ်လာတဲ့အချိန်မှာ အာဆင်နယ်အသင်းအတွက် အဓိကလိုအပ်နေတဲ့အရာဟာ နိုင်ပွဲတွေ ဆက်တိုက်ရယူပြီး ခြေမချော်ဖို့ပဲလိုပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ် ပြေးလမ်းပေါ်မှာ လီဗာပူးလ် အသင်းနဲ့ ရမှတ်ကွာဟမှုရှိသလို ချဲလ်ဆီးအသင်းနဲ့လည်း အနီးကပ် ရင်ဆိုင်နေရချိန်မှာ အမှားနည်းနည်း လောက်လေးကတောင် အာဆင်နယ်အသင်းအတွက် ပေးဆပ်မှုကြီးသွားနိုင်ပါတယ်။ မနှစ်ကရာသီမှာ လည်း ပရီးမီးယားလိဂ်နဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေကြားမှာ ဟန်ချက်ညီအောင် မကစားနိုင်ခဲ့တာကို တွေ့ထားရတာ ကြောင့် ဒီရာသီမှာအကောင်းဆုံးပြင်ဆင်နိုင်မယ်ဆိုရင်တော့ အာဆင်နယ်အသင်း အတွက် ရလဒ်ကောင်းနိုင်ပါမယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းကတော့ အာဆင်နယ်အသင်းနဲ့တွေ့တိုင်းမှာ နိုင်ပွဲပျောက်လေ့ရှိပြီး (၂၀၂၂) ခုနှစ်ကစပြီးလက်ရှိအချိန်အထိ တွေ့ဆုံမှု(၅)ကြိမ်လုံးမှာ အာဆင်နယ် အသင်းကပဲ ဂိုးပြတ်နိုင်ပွဲတွေရယူထားနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကလည်း အာဆင်နယ် အသင်းက အဝေးကွင်းဖြစ်ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းကိုအ နိုင်ယူပြီး (၃)မှတ် အပြည့်ရယူနိုင် မယ့်ပွဲစဉ်ဖြစ်သွားနိုင်ပါတယ်။
အဲဗာတန် Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၆ - ဝ အဲဗာတန် (၁၆-၄-၂၀၂၄)
အဲဗာတန် ၂ - ဝ ချဲလ်ဆီး (၁၀-၁၂-၂၀၂၃)
ချဲလ်ဆီး ၂ - ၂ အဲဗာတန် (၁၉-၃-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အဲဗာတန် ၂ - ၄ ချဲလ်ဆီး
အဲဗာတန် ၁ - ၃ ချဲလ်ဆီး
ချဲလ်ဆီးအသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးလမ်းပေါ်ကို အကောင်းဆုံးခြေ စွမ်းတွေနဲ့အတူ နည်းပြသစ်လက်ထက် ပထမဆုံးရာသီမှာပဲ ရောက်ရှိလာခဲ့တာကိုတွေ့ရပါတယ်။ မထင် မှတ်ထားတဲ့ခြေစွမ်းတွေနဲ့အတူ နည်းပြနဲ့ကစား သမားကြားက အချိတ်အဆက်မိမှုတွေအပြင် အရင်က ချဲလ်ဆီးအသင်းမှာပျောက်ကွယ်နေတဲ့ နိုင်လိုစိတ် ပြင်းပြမှုတွေနဲ့ အသင်းကိုအောင်မြင်မှုတွေဆီကို ခေါ် ဆောင်သွားနိုင်မယ့် လူငယ်ခြေတက်ကစားသမား ကောင်းများစွာရဲ့ အကောင်းဆုံးအချိန်အခါကို မကြာ ခင်မှာရောက်ရှိလာတော့မလားဆိုတာကလည်း ရင်ခုန်ချင်စရာပါ။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ကတော့ လိုအပ်ချက်တွေများပြားနေပြီး ဂိုး သမားနဲ့ နောက်တန်းခံစစ်ကိုသာ မပြင်ဆင်နိုင်ခဲ့ရင် ဒီရာသီ မှာ ဥရောပဝင်ခွင့်တစ်နေရာလောက်သာ ခန့် မှန်းထားလို့ရမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းက ဒီဇင်ဘာလထဲမှာ ကန်ရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲမှာ ပွဲကျပ်အသင်းတွေဖြစ်တဲ့ အက်စတွန် ဗီလာနဲ့ စပါးစ်အသင်းတို့ကို နိုင်ပွဲရပြီးပြီဖြစ်တာကြောင့် နောက်ပိုင်းပွဲစဉ်တွေမှာအနိုင်ရခဲ့ရင် ချဲလ်ဆီးအသင်းရဲ့ ရလဒ်ပိုင်းက ဒီထက်ပိုကောင်းလာဖို့ရှိ နေပါတယ်။ အဲဗာတန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ လည်း ရလဒ်ပိုင်းအရ မနှစ်ကရာသီမှာ တစ်ပွဲနိုင်တစ်ပွဲရှုံးထားတာကြောင့် ချဲလ်ဆီးအသင်း အနေနဲ့ ဒီပွဲစဉ်ကို အနိုင်ရဖို့ သေချာပြင်ဆင်လာဖို့ရှိနေပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းက (၂)ဂိုးလောက် အသာနဲ့ အဝေးကွင်းမှာ နိုင်ပွဲရသွားနိုင်ပါတယ်။
မန်ယူ Vs ဘုန်းမောက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘုန်းမောက်စ် ၂ - ၂ မန်ယူ (၁၃-၄-၂၀၂၄)
မန်ယူ ၂ - ဝ ဘုန်းမောက်စ် (၉-၁၂-၂၀၂၃)
ဘုန်းမောက်စ် ၂ - ၂ မန်ယူ (၂၀-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်ယူ ၂ - ၂ ဘုန်းမောက်စ်
မန်ယူ ၃ -၂ ဘုန်းမောက်စ်
မန်ယူအသင်းအနေနဲ့ နည်းပြအသစ် အမ်မိုရင်လက်ထက်မှာလည်း ရုန်းကန်နေရတဲ့အနေအထား မှာရှိနေပြီး နောက်ဆုံးပရီးမီးယားလိဂ်ပွဲ စဉ်(၂)ပွဲလုံးရှုံးနိမ့်ထားတာကိုတွေ့ရပါတယ်။ ဒါဟာ မန်ယူအသင်းအနေနဲ့ နည်းပြအသစ်ရဲ့ကစားပုံ အောက်မှာ အကောင်းဆုံးပုံစံရဖို့အချိန်ယူပြင်ဆင်ရဦးမယ့်သဘောမှာရှိနေပါတယ်။ နောက်ထပ်တစ်ချက်က ကစားသမားတော်တော်များများကို အပြောင်းအလဲလုပ်ဖို့နဲ့လိုအပ်ရင် ကစားသမားသစ် ပြောင်းလဲလိုက်တာက ပိုကောင်းတဲ့အခြေအနေတစ်ခုကို ဖန်တီးနိုင်ဖို့ရှိနေပြီး လက်ရှိမန်ယူအသင်းမှာ ကစား နေတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းက ပုံမှန်ထက်ပိုပြီး လိုအပ်ချက်များနေတာကြောင့် နိုင်ပွဲတစ်ပွဲရဖို့ လွယ်ကူ မနေတာဖြစ်ပါတယ်။ ဘုန်းမောက်စ်အသင်းကလည်း ဒီရာသီမှာခြေစွမ်းပိုင်း ကောင်းမွန်နေပြီး မန်ယူအသင်းနဲ့ မနှစ်ကတွေ့ဆုံမှုနှစ်ကြိမ်လုံးမှာလည်း အနိုင်ရထားတာကိုတွေ့ရပါတယ်။ ရလဒ်ပိုင်းအနေနဲ့ကတော့ မန်ယူ အသင်းရဲ့ အိမ်ကွင်းဖြစ်တာကြောင့် ဘုန်းမောက်စ်အသင်းအနေနဲ့ နိုင်ပွဲရဖို့ခက်ခဲနိုင်ပြီး သရေကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ကတော့ မန်ယူ အသင်းဘက်က နေချင်ပါတယ်။ ဂိုးမပြတ်ပါဘူး။
၂၁ -၁၂-၂၀၂၄ (စနေနေ့ညပိုင်း)
ည(၇းဝဝ) အက်စတွန်ဗီလာ Vs မန်စီးတီး
ည(၁၂းဝဝ) ပဲလေ့စ် Vs အာဆင်နယ်
၂၂-၁၂-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(၈း၃၀) အဲဗာတန် Vs ချဲလ်ဆီး
ည(၈း၃၀) မန်ယူ Vs ဘုန်းမောက်စ်
ည(၁၁း၃၀) စပါးစ် Vs လီဗာပူးလ်
zawgyi version
(၂၀၂၄-၂၀၂၅) ပရီးမီးယားလိဂ္ ပြဲစဥ္(၁၇) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဒီဇင္ဘာ ၂ဝ
ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ ပြဲစဥ္(၁၇)ကို ေရာက္ရွိလာခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆု အတြက္ ပိုမိုျပင္းထန္တဲ့ၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႕ လာရေတာ့မွာျဖစ္ပါတယ္။ လက္ရွိအမွတ္ေပး ဇယား ရဲ႕ထိပ္ဆုံးမွာ လီဗာပူးလ္အသင္းကရပ္တည္ေန ေပမယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္နယ္အသင္း ေတြကလည္း အေကာင္းဆုံးပုံစံေတြနဲ႔ အနီးကပ္ဖိအား ေပးေနတာေၾကာင့္ အမွားခံလို႔မရတဲ့အေနအထား ေတြရွိ လာခဲ့ၿပီျဖစ္ပါတယ္။ မန္စီးတီးအသင္းအေနနဲ႔လည္း ႏိုင္ပြဲေတြ ျပန္လည္ရရွိလာၿပီျဖစ္တာေၾကာင့္ ေနာက္ပိုင္းပြဲစဥ္ေတြကိုသာ ျဖတ္ေက်ာ္ႏိုင္ရင္ ခ်န္ပီ ယံဆုအတြက္ ျပန္လည္စိန္ေခၚလာႏိုင္ဖို႔ရွိေနပါ တယ္။ ဒါ့ျပင္ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ေတြအတြက္ ၿပိဳင္ ဆိုင္မႈေတြရွိေနေသးတာေၾကာင့္ ေနာက္ပိုင္းပြဲစဥ္ ေတြက ပိုမိုၾကည့္ေကာင္းလာဖို႔ရွိေနပါတယ္။ ဒီတစ္ပတ္မွာေတာ့ NP News ကေန ပရီးမီးယားလိဂ္အသင္းႀကီး (၅)သင္းရဲ႕ ပြဲစဥ္ (၁၇)ရဲ႕ ယွဥ္ၿပိဳင္မႈေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ တင္ဆက္ေပးသြား ခ်င္ပါတယ္။
စပါးစ္ Vs လီဗာပူးလ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၄ - ၂ စပါးစ္ (၅-၅-၂၀၂၄)
စပါးစ္ ၂ - ၁ လီဗာပူးလ္ (၃၀-၉-၂၀၂၃)
လီဗာပူးလ္ ၄ - ၃ စပါးစ္ (၃၀-၄-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၂ - ၃ လီဗာပူးလ္
စပါးစ္ ၁ - ၂ လီဗာပူးလ္
လီဗာပူးလ္အသင္းအတြက္ ဒီပြဲစဥ္က ႏိုင္ပြဲရႏိုင္သလို ရႈံးပြဲနဲ႔လည္းရင္ဆိုင္သြားရႏိုင္တဲ့ ပြဲစဥ္ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စပါးစ္အသင္းက ဒီရာသီမွာ ရလဒ္ပိုင္းပိုမိုဆိုး႐ြားလာတဲ့အျပင္ ပြဲက်ပ္ ကာလကို ရင္ဆိုင္ေနရတဲ့အျပင္ အဓိက ကစားသမား တခ်ိဳ႕ဒဏ္ရာျပႆနာရွိေနတာေၾကာင့္ လီဗာပူးလ္ အသင္းအေနနဲ႔ ႏိုင္ပြဲရဖို႔ ေသခ်ာျပင္ဆင္မယ္ဆိုရင္ စပါးစ္အသင္းကို ႏိုင္ဖို႔မ်ားပါတယ္။ ဒါေပမဲ့ သတိထားစရာအခ်က္က စပါးစ္အသင္းနည္းျပဟာ တိုက္စစ္အသားေပးကစားဟန္ရွိတာေၾကာင့္ အေစာပိုင္းဂိုး မေပးရေအာင္ လီဗာပူးလ္အသင္းအေနနဲ႔ ထိန္းမထားႏိုင္ခဲ့ရင္ အႏၲရာယ္ရွိႏိုင္ပါတယ္။ အသင္းႀကီးေတြနဲ႔ ရင္ဆိုင္ရာမွာ စပါးစ္အသင္းက ရလဒ္မေကာင္းေပ မယ့္ အေစာပိုင္းမွာ ဂိုးေတြရေန တတ္တာကိုေတြ႕ရပါ တယ္။ လီဗာပူးလ္အသင္းကေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံလမ္းေၾကာင္းမွာ ခ်ဲလ္ဆီးအသင္းနဲ႔ အာဆင္ နယ္အသင္းတို႔ရဲ႕ဖိအားေပးမႈေတြကို ဆက္တိုက္ရင္ဆိုင္လာရေတာ့မွာျဖစ္ၿပီး ရမွတ္ကြာဟမႈကလည္း တစ္ပြဲေလာက္ရႈံးတာနဲ႔ လိုက္မီလာႏိုင္တာေၾကာင့္ ဒီပြဲစဥ္က ေသခ်ာေပါက္ မႏိုင္ရင္ေတာင္ သေရက်ေအာင္ကန္ႏိုင္ဖို႔လိုအပ္ၿပီး ရႈံးပြဲေတြ႕ခဲ့ရင္ေတာ့ ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ တဲ့ေနရာမွာဖိအားေတြ ပိုဝင္လာဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ဥေရာပပြဲစဥ္ေတြကိုပါ ယွဥ္ၿပိဳင္ေနတဲ့ လီဗာပူးလ္ အသင္းအေနနဲ႔ စပါးစ္ အသင္းရဲ႕အိမ္ကြင္းမွာ အႏိုင္ရဖို႔မလြယ္ကူတာေသ ခ်ာပါတယ္။ ထိပ္တိုက္ ေတြ႕ဆုံမႈအရျပန္ၾကည့္ရင္ မႏွစ္ကရာသီေတြ႕ဆုံမႈ ႏွစ္ႀကိမ္မွာေတာ့ လီဗာပူးလ္ နဲ႔စပါးစ္အသင္းတို႔ဟာ တစ္ပြဲစီအႏိုင္ရထားၿပီး ေနာက္ဆုံးေတြ႕ဆုံမႈ (၅)ႀကိမ္မွာေတာ့ လီဗာပူးလ္ အသင္းက ႏိုင္ပြဲပိုရထား တာကိုေတြ႕ရပါတယ္။ ရလဒ္ ပိုင္းအေနနဲ႔ခန႔္မွန္းရရင္ေတာ့ လီဗာပူးလ္အသင္း အေနနဲ႔ စပါးစ္အသင္းရဲ႕ အိမ္ကြင္းမွာ ရင္ဆိုင္ရမွာ ျဖစ္တာေၾကာင့္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ေပမယ့္ စပါးစ္ အသင္းရဲ႕ ေျခစြမ္းနဲ႔ရလဒ္ ပိုင္း ဆိုး႐ြားမႈေတြေၾကာင့္ အ ျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္မယ္ဆိုရင္ေတာ့ လီဗာပူးလ္ အသင္းက(၁)ဂိုး ေလာက္အကြာနဲ႔ ႏိုင္ပါမယ္။
အက္စတြန္ဗီလာ Vs မန္စီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၄ - ၁ အက္စတြန္ဗီလာ (၄-၄-၂၀၂၄)
အက္စတြန္ဗီလာ ၁ - ဝ မန္စီးတီး (၇-၁၂-၂၀၂၃)
မန္စီးတီး ၃ - ၁ အက္စတြန္ဗီလာ (၁၂-၂-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္စတြန္ဗီလာ ၁ - ၁ မန္စီးတီး
အက္စတြန္ဗီလာ ၂ - ၂ မန္စီးတီး
အက္စတြန္ဗီလာအသင္းက ဒီႏွစ္ရာသီ ပရီးမီးယားလိဂ္မွာ မႏွစ္ကထက္ ေျခစြမ္းပိုင္းက်ဆင္း ေနပါတယ္။ ပရီးမီးယားလိဂ္မွာေတာ့ ဥေရာပဝင္ခြင့္ တစ္ေနရာအတြက္လည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ အခြင့္အေရးေတြရွိေနတာေၾကာင့္ မန္စီးတီးအသင္းရဲ႕ ဒီရာသီေျခစြမ္းပိုင္းက်ဆင္းေနတဲ့အေနအထားမွာ အႏိုင္ကန္ဖို႔ အမွန္အကန္အားထုတ္လာဖို႔ ရွိေနပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း အုပ္စုတက္ဖို႔ ေသခ်ာသေလာက္ရွိေနေပမယ့္ ေနာက္ပိုင္းမွာ ပရီးမီး ယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲႏွစ္ခုလုံးမွာ လူ စာရင္း လုံေလာက္မႈမရွိတာေၾကာင့္ အက္စတြန္ဗီလာအ သင္းအေနနဲ႔ ၿပိဳင္ပြဲတိုင္းမွာ ရလဒ္ေကာင္းမွာ မဟုတ္တာေသခ်ာသေလာက္ရွိေနပါတယ္။ မန္စီးတီးအ သင္းကေတာ့ (၆)ပြဲဆက္ရႈံးနိမ့္မႈကေန ႏိုင္ပြဲ ေတြျပန္လည္ရရွိေအာင္ ႀကိဳးစားကစားေနေပမယ့္ ေျခစြမ္းပိုင္းမွာေတာ့ အရင္တုန္းက မန္စီးတီးအသင္း မဟုတ္ေတာ့တာကိုေတြ႕ရပါတယ္။ တိုက္စစ္မွာ ဂိုးရဖို႔ခက္ခဲေနၿပီျဖစ္သလို ဖန္တီးမႈပိုင္းမွာပါ က်ဆင္း ေနတဲ့အျပင္ ကြင္းလယ္ပိုင္းမွာ ဂန္ဒိုဂမ္နဲ႔ ဒီဘ႐ိုင္းတို႔ရဲ႕ အသက္အ႐ြယ္က စကားေျပာလာၿပီျဖစ္သလို ဘာနာဒိုေဆး ဗားလ္ရဲ႕ ေျခစြမ္းကလည္း သိသိသာသာက် ဆင္းလာတာေၾကာင့္ မန္စီးတီးအသင္း ဒီရာသီမွာ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ဆိုတာဟာ အလွမ္းေဝးသြားၿပီလို႔ ေျပာလို႔ရေနၿပီပဲျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈအပိုင္းမွာေတာ့ မန္စီးတီးအသင္းက မႏွစ္ကရာသီမွာ အက္စတြန္ဗီလာအသင္းကို ပြဲစဥ္(၂)ပြဲမွာ တစ္ပြဲသာအႏိုင္ရၿပီး တစ္ပြဲရႈံးထားတာေၾကာင့္ အသားစီးရတယ္လို႔ ေျပာလို႔မရတဲ့ အေျခ အေနျဖစ္ပါတယ္။ ဒါေၾကာင့္ အက္စတြန္ဗီလာအသင္းရဲ႕အိမ္ကြင္းမွာ မန္စီးတီးအသင္းအတြက္ ေသခ်ာ ေပါက္ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး သေရက်ဖို႔မ်ားပါတယ္။ ႏိုင္မယ္ဆိုရင္ေတာ့ တစ္ဂိုးေလာက္အသာနဲ႔ ကပ္ႏိုင္ပါမယ္။
ပဲေလ့စ္ Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၅ - ဝ ပဲေလ့စ္ (၂၀ -၁-၂၀၂၄)
ပဲေလ့စ္ ဝ - ၁ အာဆင္နယ္ (၂၂-၈-၂၀၂၃)
အာဆင္နယ္ ၄ - ၁ ပဲေလ့စ္ (၁၉-၃-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ပဲေလ့စ္ ဝ - ၃ အာဆင္နယ္
ပဲေလ့စ္ ၂ - ဝ အာဆင္နယ္
အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကိုစိန္ေခၚဖို႔ အခ်ိန္ယူျပင္ဆင္ ဦးမယ္ ဆိုရင္ေတာ့အခြင့္အေရးတစ္ခုကရွိေနပါတယ္။ ဒါကေတာ့ လာမယ့္ပြဲစဥ္တိုင္းကို အမွားအယြင္းမရွိဘဲ ႏိုင္ပြဲေတြ ဆက္တိုက္ရယူဖို႔လိုအပ္တာပဲျဖစ္ပါတယ္။ အာဆင္နယ္အသင္းမွာ ခ်န္ပီယံျဖစ္လိုမႈ စိတ္ ဓာတ္ပိုင္းရွိသလို နည္းျပ အာတီတာရဲ႕ကစားသမားေတြ အေပၚလႊမ္းမိုးႏိုင္မႈနဲ႔ ကစားသမားေတြ အစုံ အလင္ ျပန္ျဖစ္လာတဲ့အခ်ိန္မွာ အာဆင္နယ္အသင္းအတြက္ အဓိကလိုအပ္ေနတဲ့အရာဟာ ႏိုင္ပြဲေတြ ဆက္တိုက္ရယူၿပီး ေျခမေခ်ာ္ဖို႔ပဲလိုပါတယ္။ အခုဆိုရင္ ပရီးမီးယားလိဂ္ ေျပးလမ္းေပၚမွာ လီဗာပူးလ္ အသင္းနဲ႔ ရမွတ္ကြာဟမႈရွိသလို ခ်ဲလ္ဆီးအသင္းနဲ႔လည္း အနီးကပ္ ရင္ဆိုင္ေနရခ်ိန္မွာ အမွားနည္းနည္း ေလာက္ေလးကေတာင္ အာဆင္နယ္အသင္းအတြက္ ေပးဆပ္မႈႀကီးသြားႏိုင္ပါတယ္။ မႏွစ္ကရာသီမွာ လည္း ပရီးမီးယားလိဂ္နဲ႔ ဥေရာပခ်န္ပီယံလိဂ္ပြဲစဥ္ေတြၾကားမွာ ဟန္ခ်က္ညီေအာင္ မကစားႏိုင္ခဲ့တာကို ေတြ႕ထားရတာ ေၾကာင့္ ဒီရာသီမွာအေကာင္းဆုံးျပင္ဆင္ႏိုင္မယ္ဆိုရင္ေတာ့ အာဆင္နယ္အသင္း အတြက္ ရလဒ္ေကာင္းႏိုင္ပါမယ္။ ခရစၥတယ္ပဲေလ့စ္အသင္းကေတာ့ အာဆင္နယ္အသင္းနဲ႔ေတြ႕တိုင္းမွာ ႏိုင္ပြဲေပ်ာက္ေလ့ရွိၿပီး (၂၀၂၂) ခုႏွစ္ကစၿပီးလက္ရွိအခ်ိန္အထိ ေတြ႕ဆုံမႈ(၅)ႀကိမ္လုံးမွာ အာဆင္နယ္ အသင္းကပဲ ဂိုးျပတ္ႏိုင္ပြဲေတြရယူထားႏိုင္တာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကလည္း အာဆင္နယ္ အသင္းက အေဝးကြင္းျဖစ္ေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းကိုအ ႏိုင္ယူၿပီး (၃)မွတ္ အျပည့္ရယူႏိုင္ မယ့္ပြဲစဥ္ျဖစ္သြားႏိုင္ပါတယ္။
အဲဗာတန္ Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၆ - ဝ အဲဗာတန္ (၁၆-၄-၂၀၂၄)
အဲဗာတန္ ၂ - ဝ ခ်ဲလ္ဆီး (၁၀-၁၂-၂၀၂၃)
ခ်ဲလ္ဆီး ၂ - ၂ အဲဗာတန္ (၁၉-၃-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အဲဗာတန္ ၂ - ၄ ခ်ဲလ္ဆီး
အဲဗာတန္ ၁ - ၃ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းက ဒီရာသီမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုေျပးလမ္းေပၚကို အေကာင္းဆုံးေျခ စြမ္းေတြနဲ႔အတူ နည္းျပသစ္လက္ထက္ ပထမဆုံးရာသီမွာပဲ ေရာက္ရွိလာခဲ့တာကိုေတြ႕ရပါတယ္။ မထင္ မွတ္ထားတဲ့ေျခစြမ္းေတြနဲ႔အတူ နည္းျပနဲ႔ကစား သမားၾကားက အခ်ိတ္အဆက္မိမႈေတြအျပင္ အရင္က ခ်ဲလ္ဆီးအသင္းမွာေပ်ာက္ကြယ္ေနတဲ့ ႏိုင္လိုစိတ္ ျပင္းျပမႈေတြနဲ႔ အသင္းကိုေအာင္ျမင္မႈေတြဆီကို ေခၚ ေဆာင္သြားႏိုင္မယ့္ လူငယ္ေျခတက္ကစားသမား ေကာင္းမ်ားစြာရဲ႕ အေကာင္းဆုံးအခ်ိန္အခါကို မၾကာ ခင္မွာေရာက္ရွိလာေတာ့မလားဆိုတာကလည္း ရင္ခုန္ခ်င္စရာပါ။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ကေတာ့ လိုအပ္ခ်က္ေတြမ်ားျပားေနၿပီး ဂိုး သမားနဲ႔ ေနာက္တန္းခံစစ္ကိုသာ မျပင္ဆင္ႏိုင္ခဲ့ရင္ ဒီရာသီ မွာ ဥေရာပဝင္ခြင့္တစ္ေနရာေလာက္သာ ခန႔္ မွန္းထားလို႔ရမွာပဲျဖစ္ပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းက ဒီဇင္ဘာလထဲမွာ ကန္ရမယ့္ပရီးမီးယားလိဂ္ပြဲစဥ္(၇)ပြဲမွာ ပြဲက်ပ္အသင္းေတြျဖစ္တဲ့ အက္စတြန္ ဗီလာနဲ႔ စပါးစ္အသင္းတို႔ကို ႏိုင္ပြဲရၿပီးၿပီျဖစ္တာေၾကာင့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာအႏိုင္ရခဲ့ရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ရလဒ္ပိုင္းက ဒီထက္ပိုေကာင္းလာဖို႔ရွိ ေနပါတယ္။ အဲဗာတန္အသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာ လည္း ရလဒ္ပိုင္းအရ မႏွစ္ကရာသီမွာ တစ္ပြဲႏိုင္တစ္ပြဲရႈံးထားတာေၾကာင့္ ခ်ဲလ္ဆီးအသင္း အေနနဲ႔ ဒီပြဲစဥ္ကို အႏိုင္ရဖို႔ ေသခ်ာျပင္ဆင္လာဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းက (၂)ဂိုးေလာက္ အသာနဲ႔ အေဝးကြင္းမွာ ႏိုင္ပြဲရသြားႏိုင္ပါတယ္။
မန္ယူ Vs ဘုန္းေမာက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘုန္းေမာက္စ္ ၂ - ၂ မန္ယူ (၁၃-၄-၂၀၂၄)
မန္ယူ ၂ - ဝ ဘုန္းေမာက္စ္ (၉-၁၂-၂၀၂၃)
ဘုန္းေမာက္စ္ ၂ - ၂ မန္ယူ (၂၀-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္ယူ ၂ - ၂ ဘုန္းေမာက္စ္
မန္ယူ ၃ -၂ ဘုန္းေမာက္စ္
မန္ယူအသင္းအေနနဲ႔ နည္းျပအသစ္ အမ္မိုရင္လက္ထက္မွာလည္း ႐ုန္းကန္ေနရတဲ့အေနအထား မွာရွိေနၿပီး ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲ စဥ္(၂)ပြဲလုံးရႈံးနိမ့္ထားတာကိုေတြ႕ရပါတယ္။ ဒါဟာ မန္ယူအသင္းအေနနဲ႔ နည္းျပအသစ္ရဲ႕ကစားပုံ ေအာက္မွာ အေကာင္းဆုံးပုံစံရဖို႔အခ်ိန္ယူျပင္ဆင္ရဦးမယ့္သေဘာမွာရွိေနပါတယ္။ ေနာက္ထပ္တစ္ခ်က္က ကစားသမားေတာ္ေတာ္မ်ားမ်ားကို အေျပာင္းအလဲလုပ္ဖို႔နဲ႔လိုအပ္ရင္ ကစားသမားသစ္ ေျပာင္းလဲလိုက္တာက ပိုေကာင္းတဲ့အေျခအေနတစ္ခုကို ဖန္တီးႏိုင္ဖို႔ရွိေနၿပီး လက္ရွိမန္ယူအသင္းမွာ ကစား ေနတဲ့ ကစားသမားေတြရဲ႕ ေျခစြမ္းက ပုံမွန္ထက္ပိုၿပီး လိုအပ္ခ်က္မ်ားေနတာေၾကာင့္ ႏိုင္ပြဲတစ္ပြဲရဖို႔ လြယ္ကူ မေနတာျဖစ္ပါတယ္။ ဘုန္းေမာက္စ္အသင္းကလည္း ဒီရာသီမွာေျခစြမ္းပိုင္း ေကာင္းမြန္ေနၿပီး မန္ယူအသင္းနဲ႔ မႏွစ္ကေတြ႕ဆုံမႈႏွစ္ႀကိမ္လုံးမွာလည္း အႏိုင္ရထားတာကိုေတြ႕ရပါတယ္။ ရလဒ္ပိုင္းအေနနဲ႔ကေတာ့ မန္ယူ အသင္းရဲ႕ အိမ္ကြင္းျဖစ္တာေၾကာင့္ ဘုန္းေမာက္စ္အသင္းအေနနဲ႔ ႏိုင္ပြဲရဖို႔ခက္ခဲႏိုင္ၿပီး သေရက်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ကေတာ့ မန္ယူ အသင္းဘက္က ေနခ်င္ပါတယ္။ ဂိုးမျပတ္ပါဘူး။
၂၁ -၁၂-၂၀၂၄ (စေနေန႔ညပိုင္း)
ည(ရးဝဝ) အက္စတြန္ဗီလာ Vs မန္စီးတီး
ည(၁၂းဝဝ) ပဲေလ့စ္ Vs အာဆင္နယ္
၂၂-၁၂-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(၈း၃၀) အဲဗာတန္ Vs ခ်ဲလ္ဆီး
ည(၈း၃၀) မန္ယူ Vs ဘုန္းေမာက္စ္
ည(၁၁း၃၀) စပါးစ္ Vs လီဗာပူးလ္