မန္တလေးတွင် သူငယ်ချင်းဆရာဝန်အချင်းချင်းပြန်ပေးဆွဲသတ်ဖြတ်မှုမှ ကျူးလွန်သည့် ဆရာဝန်နှင့်ပူးပေါင်းပါဝင်သူများကို ဖမ်းမိထား
2759
သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၀
မန္တလေးတွင် သူငယ်ချင်းဆရာဝန်အချင်းချင်းပြန်ပေးဆွဲသတ်ဖြတ်မှုမှ ကျူးလွန်သည့် ဆရာဝန်နှင့်ပူးပေါင်းပါဝင်သူများကိုဖမ်းဆီးရမိထားကြောင်းဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူများက NP News ကိုပြောသည်။
ပြန်ပေးဆွဲခံရသည့် ဆရာဝန်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်၊ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် ၊အောင်သာယာရပ်ကွက်၊ ၁၀၁ အေ လမ်း ၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြားရှိ ၎င်း၏နေအိမ်မှ ဆေးခန်းသို့ထွက်ခွာသွားခဲ့ပြီး မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက်ပြန်ပေးဆွဲခံရသူ၏ ဇနီးဖြစ်သူထံမှ ငွေကျပ်သိန်း(၃၀၀၀)အား မီနီအိုးဝေဖြင့် အဆင့်ဆင့်လွှဲပြောင်းတောင်းယူခဲ့ကြောင်း သိရသည်။
ပြန်ပေးဆွဲ သတ်ဖြတ်ခံရသည့် ဆရာဝန်မှာ အသက်(၃၃)နှစ်အရွယ်ရှိ ဒေါက်တာအောင်မြင့်မြတ်ထွန်းဖြစ်ကြောင်း သိရသည်။
“မီနီအိုးဝေနဲ့ သိန်း(၃၀၀၀)ထည့်ပေးလိုက် နင့်အမျိုးသားကိုပြန်ပေးမယ်ဆိုပြီး ဆရာမကို မီနီအိုးဝေသမားက သိန်း(၃၀၀၀) နဲ့ ဘုရားကြီးနားမှာချိန်းထားတာ။ အဲဒီကနေတဆင့် နောက်အိုးဝေသမားတစ်ယောက်ကို ထပ်ချိန်းတာ။ အမှန်တော့ ပြန်ပေးဆွဲပြီး သတ်ဖြတ်တဲ့ဆရာဝန်က နောက်ကနေကြိုးကိုင်တာပေါ့။ အဲဒီနောက်မှာ ဆရာမကလည်းမဖြစ်သေးဘူးဆိုပြီး ရဲစခန်းကိုအမှုဖွင့်တာ”ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ဆိုသည်။
ထို့နောက် ပြန်ပေးဆွဲသတ်ဖြတ်ခံရသူ ဆရာဝန်၏ ရုပ်အလောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်၊ နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးအနီး လမ်းဘေးတွင်ထိုးသွင်းဒဏ်ရာနှင့် မျက်နှာထိုးကြိတ်ခံထားရသည့်ဒဏ်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူ့ယောကျာ်းရဲ့ဖုန်းက I Phone ဆိုတော့ ပထမတော့ ဖုန်းကစက်ပိတ်ထားတာ။ နောက်တော့ဖုန်းကိုဖွင့်လိုက်တဲ့အချိန်မှာ သူ့အမျိုးသမီးကလည်း Location ရှာကြည့်လိုက်တဲ့အချိန်မှာ ကန်တော်ကြီးနားက မြို့ဟောင်းဘူတာပေါ့နော်။ အဲဒီနားမှာ ဘူတာလည်းရှိတယ်။ စာသင်ကျောင်းလည်းရှိတယ်။ အဲဒီနောက်မှာမှဆေးခန်းရှိတာ။ အဲဒီဆေးခန်းမှာ Location ပြနေတဲ့အချိန်မှာ ရဲစခန်းကိုပြောပြီး ရဲစခန်းကလည်း ၁၉ ရက်နေ့ မနက်မှာဝင်ဖမ်းလိုက်တာ။ အခုထွက်ဆိုချက်ကတော့ အပြည့်အဝတော့မရသေးဘူးပေါ့နော်။ ပြောတာတော့ ဆရာဝန်ကော ဆေးခန်းအကူတွေက အဲဒီဆရာဝန်ကို ချုပ်ပြီးလုပ်တာပေါ့နော်။ အဲဒီအချိန်မှာ လက်လွန်သွားတာပေါ့နော်”ဟု ၎င်းကဆက်ပြောသည်။
ထို့သို့ ပြန်ပေးဆွဲသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် ဆရာဝန်မှာ သတ်ဖြတ်ခံရသည့် ဆရာဝန်နှင့် ခင်မင်ရင်းနှီးသူများဖြစ်ပြီး ငွေကြေးကိစ္စရပ်များနှင့် သက်ဆိုင်နိုင်ကြောင်း ဆရာဝန်လောကသားများအကြားသတင်းများလည်း ထွက်ပေါ်နေကြောင်း သိရသည်။
“အဲဒီပြန်ပေးဆွဲတဲ့ဆရာဝန်ကလည်း ပြန်ပေးဆွဲပြီးရတဲ့ငွေတွေနဲ့ KTV တွေသွား။ ကားတွေဝယ်စီးလိုက်သေးတယ်။ နောက်ပြီးတော့ ဆရာဝန်အချင်းချင်းကြားမှာထွက်နေတဲ့သတင်းတွေလည်းရှိသေးတယ်။ အဲဒီဆရာဝန်က လောင်းကစားကိုလည်းအခုနောက်ပိုင်း တော်တော်လုပ်လာတယ်တဲ့။ နောက်ပြီး အခုပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ ဆရာဝန်နဲ့လည်း ငွေရေးကြေးရေးအရှုပ်အရှင်းတွေ ရှိပုံရတယ်”ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
zawgyi version
မႏၲေလးတြင္ သူငယ္ခ်င္းဆရာဝန္အခ်င္းခ်င္းျပန္ေပးဆြဲသတ္ျဖတ္မႈမွ က်ဴးလြန္သည့္ ဆရာဝန္ႏွင့္ပူးေပါင္းပါဝင္သူမ်ားကို ဖမ္းမိထား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၀
မႏၲေလးတြင္ သူငယ္ခ်င္းဆရာဝန္အခ်င္းခ်င္းျပန္ေပးဆြဲသတ္ျဖတ္မႈမွ က်ဴးလြန္သည့္ ဆရာဝန္ႏွင့္ပူးေပါင္းပါဝင္သူမ်ားကိုဖမ္းဆီးရမိထားေၾကာင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူမ်ားက NP News ကိုေျပာသည္။
ျပန္ေပးဆြဲခံရသည့္ ဆရာဝန္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၇ ရက္၊ နံနက္ပိုင္းက ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ေအာင္သာယာရပ္ကြက္၊ ၁၀၁ ေအ လမ္း ၊ ၅၅ လမ္းႏွင့္ ၅၆ လမ္းၾကားရွိ ၎၏ေနအိမ္မွ ေဆးခန္းသို႔ထြက္ခြာသြားခဲ့ၿပီး မြန္းလြဲပိုင္းအခ်ိန္တြင္ ဖမ္းဆီးျပန္ေပးဆြဲခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ေနာက္ျပန္ေပးဆြဲခံရသူ၏ ဇနီးျဖစ္သူထံမွ ေငြက်ပ္သိန္း(၃၀၀၀)အား မီနီအိုးေဝျဖင့္ အဆင့္ဆင့္လႊဲေျပာင္းေတာင္းယူခဲ့ေၾကာင္း သိရသည္။
ျပန္ေပးဆြဲ သတ္ျဖတ္ခံရသည့္ ဆရာဝန္မွာ အသက္(၃၃)ႏွစ္အ႐ြယ္ရွိ ေဒါက္တာေအာင္ျမင့္ျမတ္ထြန္းျဖစ္ေၾကာင္း သိရသည္။
“မီနီအိုးေဝနဲ႔ သိန္း(၃၀၀၀)ထည့္ေပးလိုက္ နင့္အမ်ိဳးသားကိုျပန္ေပးမယ္ဆိုၿပီး ဆရာမကို မီနီအိုးေဝသမားက သိန္း(၃၀၀၀) နဲ႔ ဘုရားႀကီးနားမွာခ်ိန္းထားတာ။ အဲဒီကေနတဆင့္ ေနာက္အိုးေဝသမားတစ္ေယာက္ကို ထပ္ခ်ိန္းတာ။ အမွန္ေတာ့ ျပန္ေပးဆြဲၿပီး သတ္ျဖတ္တဲ့ဆရာဝန္က ေနာက္ကေနႀကိဳးကိုင္တာေပါ့။ အဲဒီေနာက္မွာ ဆရာမကလည္းမျဖစ္ေသးဘူးဆိုၿပီး ရဲစခန္းကိုအမႈဖြင့္တာ”ဟု ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ဆိုသည္။
ထို႔ေနာက္ ျပန္ေပးဆြဲသတ္ျဖတ္ခံရသူ ဆရာဝန္၏ ႐ုပ္အေလာင္းကို ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၉ရက္၊ နံနက္ပိုင္းတြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ကန္ေတာ္ႀကီးအနီး လမ္းေဘးတြင္ထိုးသြင္းဒဏ္ရာႏွင့္ မ်က္ႏွာထိုးႀကိတ္ခံထားရသည့္ဒဏ္မ်ားျဖင့္ ျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူ႔ေယာက်ာ္းရဲ႕ဖုန္းက I Phone ဆိုေတာ့ ပထမေတာ့ ဖုန္းကစက္ပိတ္ထားတာ။ ေနာက္ေတာ့ဖုန္းကိုဖြင့္လိုက္တဲ့အခ်ိန္မွာ သူ႔အမ်ိဳးသမီးကလည္း Location ရွာၾကည့္လိုက္တဲ့အခ်ိန္မွာ ကန္ေတာ္ႀကီးနားက ၿမိဳ႕ေဟာင္းဘူတာေပါ့ေနာ္။ အဲဒီနားမွာ ဘူတာလည္းရွိတယ္။ စာသင္ေက်ာင္းလည္းရွိတယ္။ အဲဒီေနာက္မွာမွေဆးခန္းရွိတာ။ အဲဒီေဆးခန္းမွာ Location ျပေနတဲ့အခ်ိန္မွာ ရဲစခန္းကိုေျပာၿပီး ရဲစခန္းကလည္း ၁၉ ရက္ေန႔ မနက္မွာဝင္ဖမ္းလိုက္တာ။ အခုထြက္ဆိုခ်က္ကေတာ့ အျပည့္အဝေတာ့မရေသးဘူးေပါ့ေနာ္။ ေျပာတာေတာ့ ဆရာဝန္ေကာ ေဆးခန္းအကူေတြက အဲဒီဆရာဝန္ကို ခ်ဳပ္ၿပီးလုပ္တာေပါ့ေနာ္။ အဲဒီအခ်ိန္မွာ လက္လြန္သြားတာေပါ့ေနာ္”ဟု ၎ကဆက္ေျပာသည္။
ထို႔သို႔ ျပန္ေပးဆြဲသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ ဆရာဝန္မွာ သတ္ျဖတ္ခံရသည့္ ဆရာဝန္ႏွင့္ ခင္မင္ရင္းႏွီးသူမ်ားျဖစ္ၿပီး ေငြေၾကးကိစၥရပ္မ်ားႏွင့္ သက္ဆိုင္ႏိုင္ေၾကာင္း ဆရာဝန္ေလာကသားမ်ားအၾကားသတင္းမ်ားလည္း ထြက္ေပၚေနေၾကာင္း သိရသည္။
“အဲဒီျပန္ေပးဆြဲတဲ့ဆရာဝန္ကလည္း ျပန္ေပးဆြဲၿပီးရတဲ့ေငြေတြနဲ႔ KTV ေတြသြား။ ကားေတြဝယ္စီးလိုက္ေသးတယ္။ ေနာက္ၿပီးေတာ့ ဆရာဝန္အခ်င္းခ်င္းၾကားမွာထြက္ေနတဲ့သတင္းေတြလည္းရွိေသးတယ္။ အဲဒီဆရာဝန္က ေလာင္းကစားကိုလည္းအခုေနာက္ပိုင္း ေတာ္ေတာ္လုပ္လာတယ္တဲ့။ ေနာက္ၿပီး အခုျပန္ေပးဆြဲသတ္ျဖတ္လိုက္တဲ့ ဆရာဝန္နဲ႔လည္း ေငြေရးေၾကးေရးအရႈပ္အရွင္းေတြ ရွိပုံရတယ္”ဟု ၎က ဆက္ေျပာသည္။
လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားအား ဖမ္းဆီးစစ္ေဆးမႈမ်ားလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။