နိုင်ဂျီးရီးယားနိုင်ငံတွင် ကျောင်းပျော်ပွဲရွှင်ပွဲအတွင်း လူပိလူနင်းမှုများဖြစ်ပွားခဲ့ပြီး ကျောင်းသားကလေးငယ် ၃၅ ဦး သေဆုံး

 184

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂ဝ

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက အိုင်ဘာဒန်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင်ကျင်းပခဲ့သော ကျောင်း ပျော်ပွဲရွှင်ပွဲအတွင်း လူပိ၊ လူနင်းမှုများဖြစ်ပွားခဲ့သည့်အတွက် အနည်းဆုံး ကလေးငယ် ၃၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က အတည်ပြုပြောဆိုလိုက်သည်။
နိုင်ဂျီးရီးယားနိုင်ငံ၏ တတိယအကြီးဆုံးပြည်နယ်ဖြစ်သော အိုယိုပြည်နယ်နယ်က စာသင်ကျောင်းတွင် ဖြစ်ပွားခဲ့ သော လူပိလူနင်းမှုများအတွင်း ဒဏ်ရာရခဲ့သောကျောင်းသားများကို ဆေးရုံသို့ အရေးပေါ်တင်ပို့ခဲ့ရပြီး ကျောင်းသား ၆ ဦးက စိုးရိမ်ရသောအခြေအနေမျိုးဖြစ်ကြောင်း သိရသည်။
အိုယိုပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲက "ဒီဇင်ဘာ ၁၉ ရက်က စာသင်ကျောင်းမှာ လူပိလူနင်းမှုတွေဖြစ်ခဲ့တယ်။ အဲဒါနဲ့ပတ်သက်ပြီး လူပေါင်း ၈ ဦးကို ဖမ်းဆီးထားတယ်" ဟု ပြောသည်။
ဖမ်းဆီးခံထားရသောသူများတွင် Basorun အထက်တန်းကျောင်းမှာပြုလုပ်သော ပျော်ပွဲရွှင်ပွဲအတွက် အဓိက စပွန်ဆာပေးခဲ့သူများ နှင့် ပွဲစီစဉ်သူများ ပါဝင်ခဲ့ကြောင်း အိုယိုပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ အိုစီဖီဆိုက ပြောသည်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတင်နုဘူကတော့ " ကလေးငယ်များ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲရတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအတွင်း အများပြည်သူဘေးကင်းလုံခြုံရေးနဲ့ပတ်သက်တဲ့အစီအမံတွေကို ပြန်လည် သုံးသပ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်" ဟု သတင်းထုတ်ပြန်ထားသည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် လူပိလူနင်းမှုများမကြာခဏဖြစ်ပွားလျက်ရှိနေပြီး ပြီးခဲ့သောလက Bauchi ရုံးအပြင်ဘက် တွင် သူဌေးတစ်ဦးထံမှ အလှူငွေများရရှိရန်စောင့်ဆိုင်းနေသည့် လူအုပ်ကြား လူပိလူနင်းမှုများဖြစ်ပွားခဲ့ပြီး ၄ ဦး သေဆုံးခဲ့သလို မတ်လကလည်း ဒေသဆိုင်ရာတက္ကသိုလ်တစ်ခုအတွင်း ဆန်အိတ်များပေးဝေရာမှာ လူပိလူနင်းမှု များဖြစ်ပွားခဲ့ကာ ကျောင်းသား နှစ်ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရခဲ့ဖူးကြောင်း သိရသည်။
အိုယို ပြည်နယ်အုပ်ချုပ်ရေးမှူးက "ကျောင်းသားတွေသေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး မိသားစုနဲ့ထပ်တူ ကြေကွဲရတယ်။ မိဘတွေကြေကွဲဝမ်းနည်းရမယ်ဆိုတာကို ခံစားနားလည်ပါတယ်" ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ေက်ာင္းေပ်ာ္ပြဲ႐ႊင္ပြဲအတြင္း လူပိလူနင္းမႈမ်ားျဖစ္ပြားခဲ့ၿပီး ေက်ာင္းသားကေလးငယ္ ၃၅ ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂ဝ

ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေတာင္ပိုင္းက အိုင္ဘာဒန္ၿမိဳ႕ရွိ စာသင္ေက်ာင္းတစ္ခုတြင္က်င္းပခဲ့ေသာ ေက်ာင္း ေပ်ာ္ပြဲ႐ႊင္ပြဲအတြင္း လူပိ၊ လူနင္းမႈမ်ားျဖစ္ပြားခဲ့သည့္အတြက္ အနည္းဆုံး ကေလးငယ္ ၃၅ ဦး ေသဆုံးခဲ့ေၾကာင္း ႏိုင္ဂ်ီးရီးယားရဲတပ္ဖြဲ႕က အတည္ျပဳေျပာဆိုလိုက္သည္။
ႏိုင္ဂ်ီးရီးယားႏိုင္ငံ၏ တတိယအႀကီးဆုံးျပည္နယ္ျဖစ္ေသာ အိုယိုျပည္နယ္နယ္က စာသင္ေက်ာင္းတြင္ ျဖစ္ပြားခဲ့ ေသာ လူပိလူနင္းမႈမ်ားအတြင္း ဒဏ္ရာရခဲ့ေသာေက်ာင္းသားမ်ားကို ေဆး႐ုံသို႔ အေရးေပၚတင္ပို႔ခဲ့ရၿပီး ေက်ာင္းသား ၆ ဦးက စိုးရိမ္ရေသာအေျခအေနမ်ိဳးျဖစ္ေၾကာင္း သိရသည္။
အိုယိုျပည္နယ္ရဲတပ္ဖြဲ႕အႀကီးအကဲက "ဒီဇင္ဘာ ၁၉ ရက္က စာသင္ေက်ာင္းမွာ လူပိလူနင္းမႈေတြျဖစ္ခဲ့တယ္။ အဲဒါနဲ႔ပတ္သက္ၿပီး လူေပါင္း ၈ ဦးကို ဖမ္းဆီးထားတယ္" ဟု ေျပာသည္။
ဖမ္းဆီးခံထားရေသာသူမ်ားတြင္ Basorun အထက္တန္းေက်ာင္းမွာျပဳလုပ္ေသာ ေပ်ာ္ပြဲ႐ႊင္ပြဲအတြက္ အဓိက စပြန္ဆာေပးခဲ့သူမ်ား ႏွင့္ ပြဲစီစဥ္သူမ်ား ပါဝင္ခဲ့ေၾကာင္း အိုယိုျပည္နယ္ရဲတပ္ဖြဲ႕အႀကီးအကဲ အိုစီဖီဆိုက ေျပာသည္။
ႏိုင္ဂ်ီးရီးယားသမၼတ ဘိုလာတင္ႏုဘူကေတာ့ " ကေလးငယ္မ်ား ေသဆုံးခဲ့ရတဲ့အတြက္ ဝမ္းနည္းေၾကကြဲရတယ္။ ဒီအျဖစ္အပ်က္ဟာ ႏိုင္ငံအတြင္း အမ်ားျပည္သူေဘးကင္းလုံၿခဳံေရးနဲ႔ပတ္သက္တဲ့အစီအမံေတြကို ျပန္လည္ သုံးသပ္ဖို႔ တြန္းအားျဖစ္ေစခဲ့တယ္" ဟု သတင္းထုတ္ျပန္ထားသည္။

ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ လူပိလူနင္းမႈမ်ားမၾကာခဏျဖစ္ပြားလ်က္ရွိေနၿပီး ၿပီးခဲ့ေသာလက Bauchi ႐ုံးအျပင္ဘက္ တြင္ သူေဌးတစ္ဦးထံမွ အလႉေငြမ်ားရရွိရန္ေစာင့္ဆိုင္းေနသည့္ လူအုပ္ၾကား လူပိလူနင္းမႈမ်ားျဖစ္ပြားခဲ့ၿပီး ၄ ဦး ေသဆုံးခဲ့သလို မတ္လကလည္း ေဒသဆိုင္ရာတကၠသိုလ္တစ္ခုအတြင္း ဆန္အိတ္မ်ားေပးေဝရာမွာ လူပိလူနင္းမႈ မ်ားျဖစ္ပြားခဲ့ကာ ေက်ာင္းသား ႏွစ္ဦးေသဆုံးကာ ၂၃ ဦး ဒဏ္ရာရခဲ့ဖူးေၾကာင္း သိရသည္။
အိုယို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက "ေက်ာင္းသားေတြေသဆုံးခဲ့ရတာနဲ႔ပတ္သက္ၿပီး မိသားစုနဲ႔ထပ္တူ ေၾကကြဲရတယ္။ မိဘေတြေၾကကြဲဝမ္းနည္းရမယ္ဆိုတာကို ခံစားနားလည္ပါတယ္" ဟု ၎၏ လူမႈကြန္ရက္တြင္ ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.