ဖျော်ဖြေတင်ဆက်မှုများ နှင့် လှုပ်ရှားမှုများပါဝင်မည့် ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန်ပြေးပွဲကို နှစ်စပိုင်းတွင် ပြုလုပ်မည်

 109

NP News – ဒီဇင်ဘာ ၂၁

ဖျော်ဖြေတင်ဆက်မှုများ နှင့် လှုပ်ရှားမှုများပါဝင်မည့် မြန်မာ-တရုတ် ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန် ပြေးပွဲကို လာမည့်နှစ်စပိုင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသိရသည်။ တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန်ပြေးပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်ပြိုင်ပွဲဆုတံဆိပ်ဒီဇိုင်းတွင် စကားဖြူပန်း၊ တရုတ်-မြန်မာနန်းတော်နယ်စပ်ဂိတ် စသည့်ယဉ်ကျေးမှုအမှတ်သင်္ကေတများဖြင့် “တစ်မြစ်တွင်းရေ အတူသောက်သုံးသော တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်” အကြောင်းအရာ ခေါင်းစဉ်ကို ပေါ်လွင်စေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများ တစ်ဝက်မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကာ မြန်မာနိုင်ငံမှ အမျိုးသားအားကစားသမား (၁၂)ဦး၊ မြန်မာနိုင်ငံမှမိတ်ဆွေများ အယောက် (၁၀၀၀)ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြည်သူများကလည်း တရုတ်-မြန်မာ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသားလူမျိုး (၅)ခုတို့မှ စုစုပေါင်း လူပေါင်း (၁၂၀၀)ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ဖွဲ့စည်းကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမွေဆက်ခံသူမှ ဦးဆောင်ပြီး မြန်မာအဆိုအက၊ တိုင်းရင်းသားအဆိုအက ဖျော်ဖြေတင်ဆက်မှုများဖျော်ဖြေကာ ပြိုင်ပွဲပြေးလမ်းတစ်လျှောက်နေရာ (၃၅)ခု၌ ပြိုင်ပွဲဝင်များကို အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲပြေးလမ်းတစ်လျှောက်တွင် ရသာမွန်စားဖွယ်စုံပေါင်း (၂၀၀၀)ကျော်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့ဟောင်းစသည့်ဒေသများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ၊ ပွဲဈေး၊ မနောအက၊ မီးပုံပွဲတော်၊ တိုင်းရင်းသားအဆိုတော်စတိတ်ရှိုး စသည့်လှုပ်ရှားမှုများလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ေဖ်ာ္ေျဖတင္ဆက္မႈမ်ား ႏွင့္ လႈပ္ရွားမႈမ်ားပါဝင္မည့္ ေ႐ႊလီ-မူဆယ္ ႏိုင္ငံျဖတ္ေက်ာ္မာရသြန္ေျပးပြဲကို ႏွစ္စပိုင္းတြင္ ျပဳလုပ္မည္
NP News – ဒီဇင္ဘာ ၂၁

ေဖ်ာ္ေျဖတင္ဆက္မႈမ်ား ႏွင့္ လႈပ္ရွားမႈမ်ားပါဝင္မည့္ ျမန္မာ-တ႐ုတ္ ေ႐ႊလီ-မူဆယ္ ႏိုင္ငံျဖတ္ေက်ာ္မာရသြန္ ေျပးပြဲကို လာမည့္ႏွစ္စပိုင္းတြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံ႐ုံးမွသိရသည္။ တ႐ုတ္-ျမန္မာ ေ႐ႊလီ-မူဆယ္ ႏိုင္ငံျဖတ္ေက်ာ္မာရသြန္ေျပးပြဲကို ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၅ ရက္တြင္ စတင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ယခုအႀကိမ္ၿပိဳင္ပြဲဆုတံဆိပ္ဒီဇိုင္းတြင္ စကားျဖဴပန္း၊ တ႐ုတ္-ျမန္မာနန္းေတာ္နယ္စပ္ဂိတ္ စသည့္ယဥ္ေက်းမႈအမွတ္သေကၤတမ်ားျဖင့္ “တစ္ျမစ္တြင္းေရ အတူေသာက္သုံးေသာ တ႐ုတ္-ျမန္မာ ေဆြမ်ိဳးေပါက္ေဖာ္ခ်စ္ၾကည္ေရးသံေယာဇဥ္” အေၾကာင္းအရာ ေခါင္းစဥ္ကို ေပၚလြင္ေစေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ၿပိဳင္ပြဲတြင္ ျမန္မာႏိုင္ငံသားမ်ား မာရသြန္ၿပိဳင္ပြဲ၊ ျမန္မာႏိုင္ငံသားမ်ား တစ္ဝက္မာရသြန္ၿပိဳင္ပြဲဆုမ်ားလည္း သီးသန႔္စီစဥ္ထားကာ ျမန္မာႏိုင္ငံမွ အမ်ိဳးသားအားကစားသမား (၁၂)ဦး၊ ျမန္မာႏိုင္ငံမွမိတ္ေဆြမ်ား အေယာက္ (၁၀၀၀)ၿပိဳင္ပြဲပါဝင္ယွဥ္ၿပိဳင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။ တ႐ုတ္-ျမန္မာႏွစ္ႏိုင္ငံမွ ျပည္သူမ်ားကလည္း တ႐ုတ္-ျမန္မာ မူလတန္းေက်ာင္းသားမ်ား၊ ေဒသခံတိုင္းရင္းသားလူမ်ိဳး (၅)ခုတို႔မွ စုစုေပါင္း လူေပါင္း (၁၂၀၀)ေက်ာ္ျဖင့္ ပန္းဖြားအကအဖြဲ႕ဖြဲ႕စည္းကာ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ အေမြဆက္ခံသူမွ ဦးေဆာင္ၿပီး ျမန္မာအဆိုအက၊ တိုင္းရင္းသားအဆိုအက ေဖ်ာ္ေျဖတင္ဆက္မႈမ်ားေဖ်ာ္ေျဖကာ ၿပိဳင္ပြဲေျပးလမ္းတစ္ေလွ်ာက္ေနရာ (၃၅)ခု၌ ၿပိဳင္ပြဲဝင္မ်ားကို အားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ၿပိဳင္ပြဲေျပးလမ္းတစ္ေလွ်ာက္တြင္ ရသာမြန္စားဖြယ္စုံေပါင္း (၂၀၀၀)ေက်ာ္စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ၿပိဳင္ပြဲကာလအတြင္း ေ႐ႊလီၿမိဳ႕ေဟာင္းစသည့္ေဒသမ်ားတြင္လည္း ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ျပပြဲ၊ ပြဲေဈး၊ မေနာအက၊ မီးပုံပြဲေတာ္၊ တိုင္းရင္းသားအဆိုေတာ္စတိတ္ရႈိး စသည့္လႈပ္ရွားမႈမ်ားလည္း ဆက္လက္က်င္းပသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.