နစကနဲ့ MNDAA တို့ရဲ့ဆွေးနွေးပွဲ ဘာလဲ၊ ဘယ်လဲ …
1406
မြူနစ် (NP News) - ဒီဇင်ဘာ ၂၁
ရှမ်းမြောက်ဒေသတွင် စစ်ရေးပဋိပက္ခများ ရပ်စဲကာ အမြန်ဆုံးပြန်လည်တည်ငြိမ်အေးချမ်းရန် ဒေသခံပြည်သူ များအပါအဝင် အများစုက လိုလားနေ လျက်ရှိကြသည်။ အလားတူ အကျိုးစီးပွားများစွာ ရှိနေသည့် တရုတ်နိုင်ငံဘက်ကလည်း ရှမ်းမြောက် ဒေသအပါအဝင် မြန်မာနိုင်ငံတစ်လုံး တည်ငြိမ်အေး ချမ်းရေးကို လိုလားကြောင်း ပြသနေ လျက်ရှိသည်။
တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုဖြင့် ယခု ဒီဇင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက်တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ နစက အစိုးရဘက်မှ တာဝန်ရှိသူများနှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ဘက်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် တရုတ်နိုင်ငံဘက်က ခန့်အပ်ထားသော မစ္စတာတိန့်ရှီကျွင်းသည် နစကနှင့် MNDAA တို့၏ ကူမင်းဆွေးနွေးပွဲ မဖြစ်မြောက်သေးခင်အချိန်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်း လက်နက်ကိုင်အဖွဲ့ TNLA တို့နှင့် သီးခြားစီတွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ သီးခြားစီတွေ့ဆုံဆွေးနွေးပြီးချိန်တွင် နစကအစိုးရနှင့် MNDAA တို့၏ တွေ့ဆုံပွဲကို အကောင်အထည် ဖော်ကာ ကြားဝင်စေ့စပ်ပေးခဲ့ခြင်း ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း၌ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သောဆွေးနွေးပွဲသို့ နစက အစိုးရ၏ မြန်မာ့ တပ်မတော်ဘက်မှ ကာကွယ်ရေးစစ်ဆင်ရေးအထူး အဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဆောင်ကာ တက်ရောက်ခဲ့ပြီး ကိုးကန့်ဘက်မှ MNDAA အဖွဲ့ ခေါင်းဆောင် ဖုန်တာရွှင်၏ သားဖြစ်သူ ဖုန်ခွင်းက ဦးဆောင်ကာ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုဆွေးနွေးပွဲသည် ရှမ်းမြောက်ဒေသ၌ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သော MNDAA၊ TNLA တို့၏ (၁၀၂၇) စစ်ဆင်ရေး ဒုတိယပိုင်းအပြီးတွင် ပြန်လည်စတင်ခဲ့သော ပထမအကြိမ်ဆွေးနွေးပွဲတစ်ရပ်လည်းဖြစ်သည်။ သို့သော် ဆွေးနွေး ပွဲသည် ရလဒ်မထွက်ရှိခဲ့ကြောင်း ပြောဆိုနေကြသည်။ မည်သည့်အတွက်ကြောင့် မအောင်မြင် သော ဆွေးနွေးတစ်ရပ်ဖြစ်ခဲ့ရသနည်း။ နစကနှင့် ကိုးကန့်အဖွဲ့တို့၏ ကူမင်းဆွေး နွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြားဝင်စေ့ စပ်ပေးနေသော တရုတ်နိုင်ငံသည် ဆွေးနွေးပွဲမဖြစ်မြောက်သေးခင်အချိန်တွင် ဘက်အသီးသီးရှိ တာဝန်ရှိသူများကို သီးခြားစီတွေ့ ဆုံခဲ့ပြီး ဆွေးနွေးပွဲဖြစ်မြောက်ရန် သဘောတူညီချက် တချို့ကို ရရှိခဲ့ဖွယ်ရှိကြောင်း ယူဆနိုင်သည်။
အဘယ်ကြောင့်ဆိုသော် နစကနှင့် ကိုးကန့်အဖွဲ့တို့၏ ကူမင်းဆွေးနွေးပွဲ စတင်ချိန်တွင် ကြားဝင်စေ့စပ်သူ ဖြစ်သော တရုတ်နိုင်ငံဘက်က အချက်အလက်တချို့ကို စတင်ကာ စကားဦးသန်းပေး ခဲ့ကြောင်း ပြောဆိုနေကြသည်။ နံပါတ်တစ် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လားရှိုးမြို့ မှ ဆုတ်ခွာပေးရမည်၊ နံပါတ်နှစ် တပ်မတော် အနေဖြင့် လေယာဉ်အပါအဝင် လက်နက်ကြီးများဖြင့် ကိုးကန့် ဒေသအား ပစ်ခတ်တိုက်ခိုက်နေခြင်းကို ရပ်တန့်ပေးရ မည်ဟုဆိုကာ တရုတ်ဘက်က စတင်သတင်းစကားပါး ခဲ့ကြောင်း သတင်းများထွက်ပေါ်နေသည်။
၎င်းအပြင် တရုတ်နိုင်ငံဘက်က နယ်စပ် ဂိတ်များကို ပြန်ဖွင့်ပေးမည်ဖြစ်သကဲ့သို့ ကုန်သွယ် ရေးလမ်းကြောင်း ကို မည်သည့်အဖွဲ့ကမျှ နှောက်ယှက်ခြင်းမပြုဘဲ ပြန်လည်လမ်းပွင့်ရေးကို ဆက် လက်ဆွေးနွေးကြရန် တရုတ်ဘက်က ထည့်သွင်းပြော ဆိုခဲ့ကြောင်း သိရသည်။
ဤနေရာတွင် လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်၍ အနည်းငယ်သတင်းစကားပါးလို သည်မှာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏ နိုဝင်ဘာလ တရုတ်ခရီးစဉ်အပြီးအတွင် TNLA လက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ရာ ဒေသမှလွဲ၍ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထိန်းချုပ်ရာ ဒေသများကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု မရှိသလောက်နည်းပါးခဲ့သည်ကို တွေ့ရှိရသည်။
ထိုသို့ နစကနှင့် MNDAA တို့၏ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်က စကားဦးသန်း ပြီးနောက် MNDAA ဘက်က လေသံ ပြောင်းကာ စတင်ဆွေးနွေးလာခဲ့ကြောင်း ပြောဆိုနေကြသည်။ ၎င်းတို့အနေဖြင့် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရသည့် အချိန်မှသာ လားရှိုးမြို့ကနေ ဆုတ်ခွာ ပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ယင်းကဲ့သို့ MNDAA ဘက်က ဆွေးနွေး လာမှုအပေါ် နစကအစိုးရဘက်မှ ကိုယ်စားလှယ် များကလည်း ကိုးကန့်အဖွဲ့အနေဖြင့် လားရှိုးမြို့မှ တစ်ဆင့်ခြင်း ပြန်လည်ဆုတ်ခွာရန် တောင်းဆို ဆွေးနွေးခဲ့ကြောင်းလည်း ပြောဆိုနေ လျက်ရှိကြသည်။ ၎င်းကဲ့သို့ ပြန်လည်ဆွေးနွေးလာမှုအပေါ် MNDAA ဘက်က လက်ခံခြင်းမရှိသေးဘဲ ဆွေးနွေးပွဲ ရလဒ်မ ထွက် ဖြစ်ကာ နှစ်ရက်တာဆွေးနွေးပွဲများကို ရပ်ဆိုင်ခဲ့ကြောင်း သိရသည်။ သို့သော် နောက်တစ်ကြိမ်ဆွေးနွေးပွဲကို (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလအ တွင်း၌ ထပ်မံပြုလုပ်ဖွယ်ရှိကြောင်းလည်း သတင်းများက ထွက်ပေါ်နေလျက်ရှိသည်။မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် MNDAA နှင့် TNLA အဖွဲ့တို့သည် (၁၀၂၇) စစ်ဆင်ရေး ဒုတိယ ပိုင်းအပြီးတွင် နစကအစိုးရနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်းကို မကြာခဏ ဆိုသကဲ့သို့ ထုတ်ပြန်လေ့ရှိခဲ့သည်။ လတ်တ လော ကာလအတွင်း တပ်မတော်ဘက်က TNLA ထိန်း ချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နေသည်ကို တွေ့ရသည်။
ထိုကြောင့် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှု ဖြင့် နစကနှင့် TNLA အဖွဲ့တို့ကြား ဆွေးနွေးပွဲတစ် ရပ်သည်လည်း မကြာခင်ပေါ် ပေါက်လာဖွယ်ရှိကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်နေကြသည်။ တရုတ်နိုင်ငံက ကြားဝင်စေ့စပ် ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ပြုလုပ်ခဲ့သော နစကနှင့် MNDAA တို့၏ ဆွေးနွေးပွဲအချက်အလက်များနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မည်သည့်အချက် အလက်ကိုမျှ တရားဝင်ထုတ်ပြန်ခြင်းမျိုးမတွေ့ရသေး သကဲ့သို့ NP News အနေဖြင့် လည်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိခဲ့ ပေ။ ‘‘ကူမင်းဆွေးနွေးပွဲနဲ့ပတ်သက်လို့ သတင်းတွေကတော့ ဆွေးနွေးပွဲ အဆင်မပြေဘူးဆိုတာတွေ ကြားနေရတယ်။ အဲဒီတော့ ကျွန်တော်အမြင်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်ဘက်ကတော့ ဆွေးနွေး ပွဲဖြစ်မြောက်အောင်တော့ ကြိုးစားနေမှာပဲ တစ်ဖက်က။ နောက်တစ်ဖက်ကလည်းပဲ တရုတ်-မြန်မာစီးပွားရေးစင်္ကြံသူတို့ရဲ့ချမှတ်ပြီးသား policy အတိုင်း သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ကြိုးစားမှာပဲ။ အဲဒီတော့ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ အဆင်ပြေမှာလားပေါ့လေ။ သို့မဟုတ် ဘယ်လို ဆောင်ရွက်ရင် ကောင်းမှာလဲဆိုတာတော့ သူတို့ ဘက်က ပြန်သုံးသပ်ဖို့ လိုကောင်းလိုမှာပေါ့” ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို သုံးသပ်ပြောကြားသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့အပါအဝင် အခြား သောမြို့များကို ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ မည်သည့်အဖွဲ့အစည်းကိုမျှ ပေးအပ်၍ မရကြောင်း သုံးသပ်နေကြသည်။
“မြန်မာ့တပ်မတော်ဘက်ကလည်း အခြေခံဥပဒေအရ ခေတ္တတာဝန်ယူထားတဲ့ကဏ္ဍဖြစ်တဲ့အခါမှာ အခြေခံ ဥပဒေအရ လားရှိုးကို ပေးလို့ မရဘူး။ မူဆယ်၊ သိန်းနီ၊ သီပေါ ပေးလို့မရဘူးဗျ။ ပလောင်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသကိုပဲ အခြေခံဥပဒေအရ ပေးထားတာ။ အခြေခံဥပဒေမှာ မပါတဲ့နေရာအထိကို မဖြစ်ဖြစ်အောင် ပြန်တိုက် ရမှာပေါ့ဗျာ။ သူ့ဘက်က ဥပဒေ အရလေ။ ဥပဒေအရ ပြောတာပါ။ ကိုးကန့်ကိုလည်း ကိုးကန့်နယ်မြေပဲ ပေးရမှာပေါ့။ မရမက ပြန်တိုက်ရမှာပေါ့ လက်ရှိပေး ထားချက်အရလေ။ ဆိုတော့ အဲဒီနှစ်ခုကြားမှာ သူ့ဘက်ကိုယ့်ဘက် လွန်ဆွဲ တာပေါ့” ဟု ဒေါက်တာ အေးမောင်က ဆက်လက်သုံးသပ်ထားသည်။ ဤနေရာတွင် မြောက်ပိုင်း လက်နက် ကိုင်အဖွဲ့ များ၏ အခြေအနေအပြုအမူများကို အနည်းကျဉ်းဖော်ပြ ပေးလိုသည်။ MNDAA၊ TNLA၊ AA မြောက် ပိုင်း(၃)ဖွဲ့သည် (၂၀၂၃) ခုနှစ်၊ အောက်တိုဘာ (၂၇) ရက်တွင် ရှမ်းမြောက်ဒေသ၌ (၁၀၂၇) စစ်ဆင် ရေးအမည်ဖြင့် တိုက်ပွဲများကို အပြင်း အထန် ဖော်ဆောင်ခဲ့သည်။ ထို့နောက် ဒီဇင်ဘာလကုန် ပိုင်းနှင့် (၂၀၂၄) ခုနှစ် ဇန်နဝါရီ လအစပိုင်းတို့တွင် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းမြောက် ဒေသတွင် နှစ်ဖက်ပစ်ခတ်မှုများကို ရပ်စဲရန် ဟိုင်ဂင် သဘောတူညီချက်ကို ရရှိခဲ့ကြသည်။
ထိုသို့ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်ဒေသ၌ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲနေချိန်အတွင်း၌ TNLA နှင့် MNDAA အဖွဲ့ တို့သည် အင်အားစုဆောင်းမှုများ၊ ရိက္ခာစုဆောင်းမှု များပြုလုပ်ကာ (၂၀၂၄) ခုနှစ်၊ ဇွန်လကုန်ပိုင်းတွင် ရှမ်းမြောက်ဒေသရှိ ကျောက်မဲ၊ နောင်ချို၊ သီပေါနှင့် လားရှိုးမြို့တို့ကို (၁၀၂၇) စစ်ဆင်ရေးဒုတိယပိုင်း အမည်ဖြင့် ထပ်မံထိုးစစ် ဆင်ကာ တိုက်ခိုက်ခဲ့သည်။ ၎င်းကဲ့သို့ ဟိုင်ဂင်သဘောတူညီချက်ကို ချိုးဖောက်ကာ နယ်မြေ ကျူးကျော်ထိုးစစ်ဆင်လေ့ရှိတတ်သည့် MNDAA နှင့် TNLA တို့အပေါ် သတိပြုစောင့် ကြည့်ရန်လည်း လိုအပ်မည်ဖြစ် သကဲ့သို့ နောက်ထပ် တိုက်ခိုက်မှုများအတွက် အချိန်ဆွဲကာ အားယူနေခြင်းမျိုးဟုတ်၊ မဟုတ်လေ့လာအကဲဖြတ်ရန် လည်း လိုအပ်မည်ဟုဆိုနေကြသည်။
မည်သို့ပင်ဆိုစေကာမူ စစ်၏ဘေးထွက်ဆိုးကျိုးများကို အပြင်းအထန်ခံစားနေရသူများမှာ မြန်မာပြည်သူ လူထုပင် ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးပဋိပက္ခကို တွေ့ဆုံဆွေးနွေးကာ နိုင်ငံရေးနည်း လမ်းဖြင့် ဖြေ ရှင်းကြရန် အချိန်အခါမလင့်သေးပေ။ ဤနေရာတွင် ကူမင်းမြို့၌ နစကနှင့် MNDAA တို့၏ ဆွေးနွေးပွဲ အခြေအနေနှင့်ပတ်သက်၍ သတင်းအချက်အလက် တချို့ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ကိုးကန့်ကိုယ် ပိုင်အုပ်ချုပ် ခွင့်ရဒေသရှိ လောက်ကိုင် မြို့ခံအချို့၏ ပြောဆိုမှုများကို အနည်းငယ်ဖော်ပြေပေးလိုသည်။
“အန်တီတို့တော့ လေယာဉ်သံတို့၊ ဘာတို့ ဘာမှ မကြားရဘူး။ သူများတွေတော့ ကြားရတယ်လို့ ပြော တယ်။ လောလော ဆယ်တော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ နယ်စပ်ဂိတ်တွေကတော့ ပိတ်ထားတုန်းပဲ။ ဘာမှ မဝင်ဘူး။ မူဆယ်ကနေ နည်းနည်း ဝင်တယ်ပြောတယ် ကုန်တွေက။ မြို့ခံတွေပြောနေတာကတော့ ဆွေးနွေး ပွဲတွေ မအောင်မြင်ဘူး။ စစ်ဖြစ်မယ်။ ပြန်တိုက် လိမ့်မယ်ဆိုပြီး ပြောနေတာပဲ။ လူတိုင်းပါးစပ်မှာ အဲဒါပဲ ပြောနေတာ။ လေယာဉ်လာပစ်ဦးမှာပဲ ဘာညာ ပြောနေကြတာ လည်းရှိတယ် စိုးရိမ်နေကြတာပေါ့။ တချို့တွေကလည်း တစ်ခါတည်း ဆွေးနွေးလို့ ဘယ်ရမလဲ အခေါက်ခေါက်အခါခါ ဆွေးနွေးမှရမှာ ပေါ့လို့ ပြောကြတာလည်း ရှိတယ်” ဟု လောက်ကိုင် မြို့ခံတစ်ဦးက NP News ကို ဖွင့်ဟ ပြောကြားထားသည်။
zawgyi version
နစကနဲ႔ MNDAA တို႔ရဲ႕ ေဆြးေႏြးပြဲ ဘာလဲ၊ ဘယ္လဲ …
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၂၁
ရွမ္းေျမာက္ေဒသတြင္ စစ္ေရးပဋိပကၡမ်ား ရပ္စဲကာ အျမန္ဆုံးျပန္လည္တည္ၿငိမ္ေအးခ်မ္းရန္ ေဒသခံျပည္သူ မ်ားအပါအဝင္ အမ်ားစုက လိုလားေန လ်က္ရွိၾကသည္။ အလားတူ အက်ိဳးစီးပြားမ်ားစြာ ရွိေနသည့္ တ႐ုတ္ႏိုင္ငံဘက္ကလည္း ရွမ္းေျမာက္ ေဒသအပါအဝင္ ျမန္မာႏိုင္ငံတစ္လုံး တည္ၿငိမ္ေအး ခ်မ္းေရးကို လိုလားေၾကာင္း ျပသေန လ်က္ရွိသည္။
တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးမႈျဖင့္ ယခု ဒီဇင္ဘာလ (၁၅) ရက္ႏွင့္ (၁၆) ရက္တို႔တြင္ တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၌ နစက အစိုးရဘက္မွ တာဝန္ရွိသူမ်ားႏွင့္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA တို႔ဘက္မွ တာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးခဲ့ၾကသည္။
ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အျဖစ္ တ႐ုတ္ႏိုင္ငံဘက္က ခန႔္အပ္ထားေသာ မစၥတာတိန႔္ရွီကြၽင္းသည္ နစကႏွင့္ MNDAA တို႔၏ ကူမင္းေဆြးေႏြးပြဲ မျဖစ္ေျမာက္ေသးခင္အခ်ိန္တြင္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA၊ တအာင္း လက္နက္ကိုင္အဖြဲ႕ TNLA တို႔ႏွင့္ သီးျခားစီေတြ႕ ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ သီးျခားစီေတြ႕ဆုံေဆြးေႏြးၿပီးခ်ိန္တြင္ နစကအစိုးရႏွင့္ MNDAA တို႔၏ ေတြ႕ဆုံပြဲကို အေကာင္အထည္ ေဖာ္ကာ ၾကားဝင္ေစ့စပ္ေပးခဲ့ျခင္း ျဖစ္သည္။ ယခုရက္ပိုင္းအတြင္း၌ ကူမင္းၿမိဳ႕တြင္ ျပဳလုပ္ခဲ့ေသာေဆြးေႏြးပြဲသို႔ နစက အစိုးရ၏ ျမန္မာ့ တပ္မေတာ္ဘက္မွ ကာကြယ္ေရးစစ္ဆင္ေရးအထူး အဖြဲ႕မႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးကိုကိုဦး ေဆာင္ကာ တက္ေရာက္ခဲ့ၿပီး ကိုးကန႔္ဘက္မွ MNDAA အဖြဲ႕ ေခါင္းေဆာင္ ဖုန္တာ႐ႊင္၏ သားျဖစ္သူ ဖုန္ခြင္းက ဦးေဆာင္ကာ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ယခုေဆြးေႏြးပြဲသည္ ရွမ္းေျမာက္ေဒသ၌ ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ MNDAA၊ TNLA တို႔၏ (၁၀၂၇) စစ္ဆင္ေရး ဒုတိယပိုင္းအၿပီးတြင္ ျပန္လည္စတင္ခဲ့ေသာ ပထမအႀကိမ္ေဆြးေႏြးပြဲတစ္ရပ္လည္းျဖစ္သည္။ သို႔ေသာ္ ေဆြးေႏြး ပြဲသည္ ရလဒ္မထြက္ရွိခဲ့ေၾကာင္း ေျပာဆိုေနၾကသည္။ မည္သည့္အတြက္ေၾကာင့္ မေအာင္ျမင္ ေသာ ေဆြးေႏြးတစ္ရပ္ျဖစ္ခဲ့ရသနည္း။ နစကႏွင့္ ကိုးကန႔္အဖြဲ႕တို႔၏ ကူမင္းေဆြး ေႏြးပြဲ ျဖစ္ေျမာက္ေရးအတြက္ ၾကားဝင္ေစ့ စပ္ေပးေနေသာ တ႐ုတ္ႏိုင္ငံသည္ ေဆြးေႏြးပြဲမျဖစ္ေျမာက္ေသးခင္အခ်ိန္တြင္ ဘက္အသီးသီးရွိ တာဝန္ရွိသူမ်ားကို သီးျခားစီေတြ႕ ဆုံခဲ့ၿပီး ေဆြးေႏြးပြဲျဖစ္ေျမာက္ရန္ သေဘာတူညီခ်က္ တခ်ိဳ႕ကို ရရွိခဲ့ဖြယ္ရွိေၾကာင္း ယူဆႏိုင္သည္။
အဘယ္ေၾကာင့္ဆိုေသာ္ နစကႏွင့္ ကိုးကန႔္အဖြဲ႕တို႔၏ ကူမင္းေဆြးေႏြးပြဲ စတင္ခ်ိန္တြင္ ၾကားဝင္ေစ့စပ္သူ ျဖစ္ေသာ တ႐ုတ္ႏိုင္ငံဘက္က အခ်က္အလက္တခ်ိဳ႕ကို စတင္ကာ စကားဦးသန္းေပး ခဲ့ေၾကာင္း ေျပာဆိုေနၾကသည္။ နံပါတ္တစ္ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA အေနျဖင့္ လားရႈိးၿမိဳ႕ မွ ဆုတ္ခြာေပးရမည္၊ နံပါတ္ႏွစ္ တပ္မေတာ္ အေနျဖင့္ ေလယာဥ္အပါအဝင္ လက္နက္ႀကီးမ်ားျဖင့္ ကိုးကန႔္ ေဒသအား ပစ္ခတ္တိုက္ခိုက္ေနျခင္းကို ရပ္တန႔္ေပးရ မည္ဟုဆိုကာ တ႐ုတ္ဘက္က စတင္သတင္းစကားပါး ခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
၎အျပင္ တ႐ုတ္ႏိုင္ငံဘက္က နယ္စပ္ ဂိတ္မ်ားကို ျပန္ဖြင့္ေပးမည္ျဖစ္သကဲ့သို႔ ကုန္သြယ္ ေရးလမ္းေၾကာင္း ကို မည္သည့္အဖြဲ႕ကမွ် ေႏွာက္ယွက္ျခင္းမျပဳဘဲ ျပန္လည္လမ္းပြင့္ေရးကို ဆက္ လက္ေဆြးေႏြးၾကရန္ တ႐ုတ္ဘက္က ထည့္သြင္းေျပာ ဆိုခဲ့ေၾကာင္း သိရသည္။
ဤေနရာတြင္ ေလေၾကာင္းတိုက္ခိုက္မႈ ႏွင့္ပတ္သက္၍ အနည္းငယ္သတင္းစကားပါးလို သည္မွာ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္၏ ႏိုဝင္ဘာလ တ႐ုတ္ခရီးစဥ္အၿပီးအတြင္ TNLA လက္နက္ကိုင္အဖြဲ႕ ထိန္းခ်ဳပ္ရာ ေဒသမွလြဲ၍ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ထိန္းခ်ဳပ္ရာ ေဒသမ်ားကို ေလယာဥ္ျဖင့္ ဗုံးႀကဲတိုက္ခိုက္ျခင္း၊ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈ မရွိသေလာက္နည္းပါးခဲ့သည္ကို ေတြ႕ရွိရသည္။
ထိုသို႔ နစကႏွင့္ MNDAA တို႔၏ ေဆြးေႏြးပြဲတြင္ တ႐ုတ္ႏိုင္ငံဘက္က စကားဦးသန္း ၿပီးေနာက္ MNDAA ဘက္က ေလသံ ေျပာင္းကာ စတင္ေဆြးေႏြးလာခဲ့ေၾကာင္း ေျပာဆိုေနၾကသည္။ ၎တို႔အေနျဖင့္ ျမန္မာတစ္ႏိုင္ငံလုံး ၿငိမ္းခ်မ္းေရးရသည့္ အခ်ိန္မွသာ လားရႈိးၿမိဳ႕ကေန ဆုတ္ခြာ ေပးမည္ျဖစ္ေၾကာင္း ေဆြးေႏြးခဲ့သည္ဟု ဆိုသည္။
ယင္းကဲ့သို႔ MNDAA ဘက္က ေဆြးေႏြး လာမႈအေပၚ နစကအစိုးရဘက္မွ ကိုယ္စားလွယ္ မ်ားကလည္း ကိုးကန႔္အဖြဲ႕အေနျဖင့္ လားရႈိးၿမိဳ႕မွ တစ္ဆင့္ျခင္း ျပန္လည္ဆုတ္ခြာရန္ ေတာင္းဆို ေဆြးေႏြးခဲ့ေၾကာင္းလည္း ေျပာဆိုေန လ်က္ရွိၾကသည္။ ၎ကဲ့သို႔ ျပန္လည္ေဆြးေႏြးလာမႈအေပၚ MNDAA ဘက္က လက္ခံျခင္းမရွိေသးဘဲ ေဆြးေႏြးပြဲ ရလဒ္မ ထြက္ ျဖစ္ကာ ႏွစ္ရက္တာေဆြးေႏြးပြဲမ်ားကို ရပ္ဆိုင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ ေနာက္တစ္ႀကိမ္ေဆြးေႏြးပြဲကို (၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီလအ တြင္း၌ ထပ္မံျပဳလုပ္ဖြယ္ရွိေၾကာင္းလည္း သတင္းမ်ားက ထြက္ေပၚေနလ်က္ရွိသည္။ေျမာက္ပိုင္းလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ MNDAA ႏွင့္ TNLA အဖြဲ႕တို႔သည္ (၁၀၂၇) စစ္ဆင္ေရး ဒုတိယ ပိုင္းအၿပီးတြင္ နစကအစိုးရႏွင့္ ေတြ႕ဆုံေဆြးေႏြးလိုေၾကာင္းကို မၾကာခဏ ဆိုသကဲ့သို႔ ထုတ္ျပန္ေလ့ရွိခဲ့သည္။ လတ္တ ေလာ ကာလအတြင္း တပ္မေတာ္ဘက္က TNLA ထိန္း ခ်ဳပ္ရာေဒသမ်ားကို ေလေၾကာင္းတိုက္ခိုက္မႈမ်ား ရပ္တန႔္ေနသည္ကို ေတြ႕ရသည္။
ထိုေၾကာင့္ တ႐ုတ္၏ ၾကားဝင္ေစ့စပ္ေပးမႈ ျဖင့္ နစကႏွင့္ TNLA အဖြဲ႕တို႔ၾကား ေဆြးေႏြးပြဲတစ္ ရပ္သည္လည္း မၾကာခင္ေပၚ ေပါက္လာဖြယ္ရွိေၾကာင္း ႏိုင္ငံေရးအသိုင္းအဝိုင္းက သုံးသပ္ေနၾကသည္။ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္ ေပးမႈျဖင့္ တ႐ုတ္ႏိုင္ငံ၊ ကူမင္းၿမိဳ႕၌ ျပဳလုပ္ခဲ့ေသာ နစကႏွင့္ MNDAA တို႔၏ ေဆြးေႏြးပြဲအခ်က္အလက္မ်ားႏွင့္ ပတ္သက္၍ ႏွစ္ဖက္စလုံးက မည္သည့္အခ်က္ အလက္ကိုမွ် တရားဝင္ထုတ္ျပန္ျခင္းမ်ိဳးမေတြ႕ရေသး သကဲ့သို႔ NP News အေနျဖင့္ လည္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းထံ ဆက္သြယ္ေနေသာ္လည္း အဆက္အသြယ္ မရရွိခဲ့ ေပ။ ‘‘ကူမင္းေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ သတင္းေတြကေတာ့ ေဆြးေႏြးပြဲ အဆင္မေျပဘူးဆိုတာေတြ ၾကားေနရတယ္။ အဲဒီေတာ့ ကြၽန္ေတာ္အျမင္ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ တ႐ုတ္ဘက္ကေတာ့ ေဆြးေႏြး ပြဲျဖစ္ေျမာက္ေအာင္ေတာ့ ႀကိဳးစားေနမွာပဲ တစ္ဖက္က။ ေနာက္တစ္ဖက္ကလည္းပဲ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍသူတို႔ရဲ႕ခ်မွတ္ၿပီးသား policy အတိုင္း သူတို႔ရဲ႕အက်ိဳးစီးပြားကို ကာကြယ္ဖို႔ ႀကိဳးစားမွာပဲ။ အဲဒီေတာ့ ၿငိမ္းခ်မ္းေရး နည္းလမ္းနဲ႔ အဆင္ေျပမွာလားေပါ့ေလ။ သို႔မဟုတ္ ဘယ္လို ေဆာင္႐ြက္ရင္ ေကာင္းမွာလဲဆိုတာေတာ့ သူတို႔ ဘက္က ျပန္သုံးသပ္ဖို႔ လိုေကာင္းလိုမွာေပါ့” ဟု ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို သုံးသပ္ေျပာၾကားသည္။
ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ MNDAA ထိန္းခ်ဳပ္ထားေသာ လားရႈိးၿမိဳ႕အပါအဝင္ အျခား ေသာၿမိဳ႕မ်ားကို ၂၀ဝ၈ ခုႏွစ္ဖြဲ႕စည္းပုံ အေျခခံဥပေဒ အရ မည္သည့္အဖြဲ႕အစည္းကိုမွ် ေပးအပ္၍ မရေၾကာင္း သုံးသပ္ေနၾကသည္။
“ျမန္မာ့တပ္မေတာ္ဘက္ကလည္း အေျခခံဥပေဒအရ ေခတၱတာဝန္ယူထားတဲ့က႑ျဖစ္တဲ့အခါမွာ အေျခခံ ဥပေဒအရ လားရႈိးကို ေပးလို႔ မရဘူး။ မူဆယ္၊ သိန္းနီ၊ သီေပါ ေပးလို႔မရဘူးဗ်။ ပေလာင္ဆိုတာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရေဒသကိုပဲ အေျခခံဥပေဒအရ ေပးထားတာ။ အေျခခံဥပေဒမွာ မပါတဲ့ေနရာအထိကို မျဖစ္ျဖစ္ေအာင္ ျပန္တိုက္ ရမွာေပါ့ဗ်ာ။ သူ႔ဘက္က ဥပေဒ အရေလ။ ဥပေဒအရ ေျပာတာပါ။ ကိုးကန႔္ကိုလည္း ကိုးကန႔္နယ္ေျမပဲ ေပးရမွာေပါ့။ မရမက ျပန္တိုက္ရမွာေပါ့ လက္ရွိေပး ထားခ်က္အရေလ။ ဆိုေတာ့ အဲဒီႏွစ္ခုၾကားမွာ သူ႔ဘက္ကိုယ့္ဘက္ လြန္ဆြဲ တာေပါ့” ဟု ေဒါက္တာ ေအးေမာင္က ဆက္လက္သုံးသပ္ထားသည္။ ဤေနရာတြင္ ေျမာက္ပိုင္း လက္နက္ ကိုင္အဖြဲ႕ မ်ား၏ အေျခအေနအျပဳအမူမ်ားကို အနည္းက်ဥ္းေဖာ္ျပ ေပးလိုသည္။ MNDAA၊ TNLA၊ AA ေျမာက္ ပိုင္း(၃)ဖြဲ႕သည္ (၂၀၂၃) ခုႏွစ္၊ ေအာက္တိုဘာ (၂၇) ရက္တြင္ ရွမ္းေျမာက္ေဒသ၌ (၁၀၂၇) စစ္ဆင္ ေရးအမည္ျဖင့္ တိုက္ပြဲမ်ားကို အျပင္း အထန္ ေဖာ္ေဆာင္ခဲ့သည္။ ထို႔ေနာက္ ဒီဇင္ဘာလကုန္ ပိုင္းႏွင့္ (၂၀၂၄) ခုႏွစ္ ဇန္နဝါရီ လအစပိုင္းတို႔တြင္ တ႐ုတ္ႏိုင္ငံက ၾကားဝင္ေစ့စပ္မႈျဖင့္ ရွမ္းေျမာက္ ေဒသတြင္ ႏွစ္ဖက္ပစ္ခတ္မႈမ်ားကို ရပ္စဲရန္ ဟိုင္ဂင္ သေဘာတူညီခ်က္ကို ရရွိခဲ့ၾကသည္။
ထိုသို႔ဟိုင္ဂင္သေဘာတူညီခ်က္အရ ရွမ္းေျမာက္ေဒသ၌ ပစ္ခတ္တိုက္ခိုက္မႈမ်ားကို ရပ္စဲေနခ်ိန္အတြင္း၌ TNLA ႏွင့္ MNDAA အဖြဲ႕ တို႔သည္ အင္အားစုေဆာင္းမႈမ်ား၊ ရိကၡာစုေဆာင္းမႈ မ်ားျပဳလုပ္ကာ (၂၀၂၄) ခုႏွစ္၊ ဇြန္လကုန္ပိုင္းတြင္ ရွမ္းေျမာက္ေဒသရွိ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါႏွင့္ လားရႈိးၿမိဳ႕တို႔ကို (၁၀၂၇) စစ္ဆင္ေရးဒုတိယပိုင္း အမည္ျဖင့္ ထပ္မံထိုးစစ္ ဆင္ကာ တိုက္ခိုက္ခဲ့သည္။ ၎ကဲ့သို႔ ဟိုင္ဂင္သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ကာ နယ္ေျမ က်ဴးေက်ာ္ထိုးစစ္ဆင္ေလ့ရွိတတ္သည့္ MNDAA ႏွင့္ TNLA တို႔အေပၚ သတိျပဳေစာင့္ ၾကည့္ရန္လည္း လိုအပ္မည္ျဖစ္ သကဲ့သို႔ ေနာက္ထပ္ တိုက္ခိုက္မႈမ်ားအတြက္ အခ်ိန္ဆြဲကာ အားယူေနျခင္းမ်ိဳးဟုတ္၊ မဟုတ္ေလ့လာအကဲျဖတ္ရန္ လည္း လိုအပ္မည္ဟုဆိုေနၾကသည္။
မည္သို႔ပင္ဆိုေစကာမူ စစ္၏ေဘးထြက္ဆိုးက်ိဳးမ်ားကို အျပင္းအထန္ခံစားေနရသူမ်ားမွာ ျမန္မာျပည္သူ လူထုပင္ ျဖစ္သည္။ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအေနျဖင့္ ႏိုင္ငံေရးပဋိပကၡကို ေတြ႕ဆုံေဆြးေႏြးကာ ႏိုင္ငံေရးနည္း လမ္းျဖင့္ ေျဖ ရွင္းၾကရန္ အခ်ိန္အခါမလင့္ေသးေပ။ ဤေနရာတြင္ ကူမင္းၿမိဳ႕၌ နစကႏွင့္ MNDAA တို႔၏ ေဆြးေႏြးပြဲ အေျခအေနႏွင့္ပတ္သက္၍ သတင္းအခ်က္အလက္ တခ်ိဳ႕ထြက္ေပၚလာၿပီးေနာက္ပိုင္းတြင္ ကိုးကန႔္ကိုယ္ ပိုင္အုပ္ခ်ဳပ္ ခြင့္ရေဒသရွိ ေလာက္ကိုင္ ၿမိဳ႕ခံအခ်ိဳ႕၏ ေျပာဆိုမႈမ်ားကို အနည္းငယ္ေဖာ္ေျပေပးလိုသည္။
“အန္တီတို႔ေတာ့ ေလယာဥ္သံတို႔၊ ဘာတို႔ ဘာမွ မၾကားရဘူး။ သူမ်ားေတြေတာ့ ၾကားရတယ္လို႔ ေျပာ တယ္။ ေလာေလာ ဆယ္ေတာ့ တည္တည္ၿငိမ္ၿငိမ္ပါပဲ။ နယ္စပ္ဂိတ္ေတြကေတာ့ ပိတ္ထားတုန္းပဲ။ ဘာမွ မဝင္ဘူး။ မူဆယ္ကေန နည္းနည္း ဝင္တယ္ေျပာတယ္ ကုန္ေတြက။ ၿမိဳ႕ခံေတြေျပာေနတာကေတာ့ ေဆြးေႏြး ပြဲေတြ မေအာင္ျမင္ဘူး။ စစ္ျဖစ္မယ္။ ျပန္တိုက္ လိမ့္မယ္ဆိုၿပီး ေျပာေနတာပဲ။ လူတိုင္းပါးစပ္မွာ အဲဒါပဲ ေျပာေနတာ။ ေလယာဥ္လာပစ္ဦးမွာပဲ ဘာညာ ေျပာေနၾကတာ လည္းရွိတယ္ စိုးရိမ္ေနၾကတာေပါ့။ တခ်ိဳ႕ေတြကလည္း တစ္ခါတည္း ေဆြးေႏြးလို႔ ဘယ္ရမလဲ အေခါက္ေခါက္အခါခါ ေဆြးေႏြးမွရမွာ ေပါ့လို႔ ေျပာၾကတာလည္း ရွိတယ္” ဟု ေလာက္ကိုင္ ၿမိဳ႕ခံတစ္ဦးက NP News ကို ဖြင့္ဟ ေျပာၾကားထားသည္။