ယခုကာလ၌ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှ(၂၄၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေ
2563
ယွန်း(NP News)- ဒီဇင်ဘာ ၂၂
ယခုကာလတွင် လျှပ်စစ်ဓာတ်အား တစ်ရက်လျှင်ပျမ်းမျှ(၂၄၀၀)မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ယမန်နေ့(ဒီဇင်ဘာ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်းတပ်ဆင် စက်အင်အားမှာ (၇၂၇၂)မဂ္ဂါဝပ်ရှိပြီး ၎င်းစက်များအား စွမ်းအားပြည့်မောင်းနှင်လည်ပတ်နိုင်ပါက (၄၀၀၀)မဂ္ဂါဝပ်ခန့် ထုတ်လုပ်ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်၏ ဓာတ်အားလိုအပ်ချက်မှာ နှစ်စဥ်(၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသဖြင့် ပြည်သူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှ လိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း အကြမ်းဖက်သောင်းကျန်းသူများမှ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးမှုကြောင့် ရေအား လျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများကြောင့်လည်းကောင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်း ရရှိမှုများအရလည်းကောင်း တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်း စသည်တို့ကြောင့် စုစုပေါင်းဓာတ်အား (၁၄၀၈) မဂ္ဂါဝပ်ခန့်လျော့နည်းထုတ်လုပ်ရလျက်ရှိကြောင်း YESC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ယခုကာလတွင် တစ်ရက်ပျမ်းမျှ(၂၄ဝဝ)မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
ထိုသို့ထုတ်လုပ်မှု လျော့နည်းရရှိမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖျက်ဆီးခံရသည့် လျှပ်စစ်အားလိုင်းများနှင့် သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပါ်ခဲ့သည့် ဓာတ်အားပေးစက်ရုံများကို အမြန်ဆုံးပြင်ဆင်ပြီးစီးနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် လက်ရှိလျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကာလတိုဖြေရှင်းနိုင်ရန်အတွက် LNG ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိပြီး ရေရှည်တိုးတက်သုံးစွဲလာသည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းနိုင်ရန် ရေ၊ နေ၊ လေတို့မှ ထုတ်လုပ်နိုင်ရေးကို လည်း စီမံဆောင်ရွက်နေကြောင်း YESC က ဆိုထားသည်။
သို့ဖြစ်၍ လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
zawgyi version
ယခုကာလ၌ လွ်ပ္စစ္ဓာတ္အား တစ္ရက္ပ်မ္းမွ်(၂၄၀၀)မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္ၿပီး ဓာတ္အားလိုအပ္ခ်က္ကို ကာလတိုေျဖရွင္းႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေန
ယြန္း(NP News)- ဒီဇင္ဘာ ၂၂
ယခုကာလတြင္ လွ်ပ္စစ္ဓာတ္အား တစ္ရက္လွ်င္ပ်မ္းမွ်(၂၄၀၀)မဂၢါဝပ္သာ ထုတ္လုပ္ႏိုင္ၿပီး ဓာတ္အားလိုအပ္ခ်က္ကို ကာလတိုေျဖရွင္းႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက အသိေပးထုတ္ျပန္ထားသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက ယမန္ေန႔(ဒီဇင္ဘာ ၂၁ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးလ်က္ရွိသည့္ ဓာတ္အားေပးစက္႐ုံမ်ား၏ အရင္းအျမစ္အလိုက္ စုစုေပါင္းတပ္ဆင္ စက္အင္အားမွာ (၇၂၇၂)မဂၢါဝပ္ရွိၿပီး ၎စက္မ်ားအား စြမ္းအားျပည့္ေမာင္းႏွင္လည္ပတ္ႏိုင္ပါက (၄၀၀၀)မဂၢါဝပ္ခန႔္ ထုတ္လုပ္ျဖန႔္ျဖဴးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္၏ ဓာတ္အားလိုအပ္ခ်က္မွာ ႏွစ္စဥ္(၉)ရာခိုင္ႏႈန္းခန႔္ တိုးတက္သုံးစြဲလ်က္ရွိသျဖင့္ ျပည္သူမ်ား၏ တစ္ရက္အတြက္ လွ်ပ္စစ္ဓာတ္အားပ်မ္းမွ် လိုအပ္ခ်က္မွာ (၄၄၀၀)မဂၢါဝပ္ျဖစ္ေသာ္လည္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားမွ ၂၃၀ ေကဗြီ၊ ၁၃၂ ေကဗြီ ဓာတ္အားလိုင္းမ်ား ဖ်က္ဆီးမႈေၾကာင့္ ေရအား လွ်ပ္စစ္စက္႐ုံမ်ားႏွင့္ အပူစြမ္းအင္သုံးစက္႐ုံမ်ားမွ စြမ္းအားျပည့္ဓာတ္အားပို႔လႊတ္ျဖန႔္ျဖဴးႏိုင္ျခင္းမရွိေၾကာင္း သိရသည္။
ထို႔ျပင္ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ဓာတ္အားထုတ္လုပ္ႏိုင္ျခင္းမရွိသည့္ ဓာတ္အားေပးစက္႐ုံမ်ားေၾကာင့္လည္းေကာင္း၊ ဓာတ္ေငြ႕ခြဲတမ္းေလ်ာ့နည္း ရရွိမႈမ်ားအရလည္းေကာင္း တပ္ဆင္ထားေသာစက္မ်ား၏ စက္စြမ္းအားျပည့္လည္ပတ္ႏိုင္မႈမရွိျခင္း စသည္တို႔ေၾကာင့္ စုစုေပါင္းဓာတ္အား (၁၄၀၈) မဂၢါဝပ္ခန႔္ေလ်ာ့နည္းထုတ္လုပ္ရလ်က္ရွိေၾကာင္း YESC ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ယခုကာလတြင္ တစ္ရက္ပ်မ္းမွ်(၂၄ဝဝ)မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္သျဖင့္ လိုအပ္ခ်က္၏ (၅၅)ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ေပးႏိုင္ေၾကာင္း သိရသည္။
ထိုသို႔ထုတ္လုပ္မႈ ေလ်ာ့နည္းရရွိမႈကို ျပန္လည္ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ဖ်က္ဆီးခံရသည့္ လွ်ပ္စစ္အားလိုင္းမ်ားႏွင့္ သဘာဝေဘးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမ်ားျဖစ္ပၚခဲ့သည့္ ဓာတ္အားေပးစက္႐ုံမ်ားကို အျမန္ဆုံးျပင္ဆင္ၿပီးစီးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ထို႔ျပင္ လက္ရွိလွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ကာလတိုေျဖရွင္းႏိုင္ရန္အတြက္ LNG ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ေရရွည္တိုးတက္သုံးစြဲလာသည့္ လွ်ပ္စစ္ဓာတ္အားကို ျဖည့္ဆည္းႏိုင္ရန္ ေရ၊ ေန၊ ေလတို႔မွ ထုတ္လုပ္ႏိုင္ေရးကို လည္း စီမံေဆာင္႐ြက္ေနေၾကာင္း YESC က ဆိုထားသည္။
သို႔ျဖစ္၍ လက္ရွိဓာတ္အားေလ်ာ့နည္းျဖန႔္ျဖဴးေပးႏိုင္မႈအေပၚ နားလည္ခြင့္လႊတ္ေပးရန္ ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္းက အသိေပးထုတ္ျပန္ထားသည္။