အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်တချို့ကို တစ်ဆက်တည်း ရုံးပိတ်ရက်များအဖြစ် သတ်မှတ်

 1803

နာမူ (NP News) - ဒီဇင်ဘာ ၂၂

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်တချို့ကို တစ်ဆက်တည်း ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားကြောင်း နစက က ဒီဇင်ဘာ(၂၁)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အများပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန်အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်တချို့ကို တစ်ဆက်တည်း ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း နစကက ထုတ်ပြန်ထားသည်။

နစက၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့)၊ ၂၉ ရက် (တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့) နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အပါအဝင် စုစုပေါင်း ရုံးပိတ်ရက် (၅) ရက် တစ်ဆက်တည်း သတ်မှတ်ထားကြောင်း သိရသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့)၊ ၁၅ ရက် (စနေနေ့) နှင့် ၁၆ ရက် (တနင်္ဂနွေနေ့) တို့ကြားရှိ မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့၏ ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်ကိုလည်း တစ်ဆက်တည်း ရုံးပိတ်ရက်(၅)ရက် သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် (စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့) နှင့် ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့)တို့ကြားရှိ နိုဝင်ဘာလ ၃ ရက်တို့ကို တစ်ဆက်တည်း ရုံးပိတ်ရက်(၄)ရက်နှင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက် (ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့် ၂၈ ရက် (တနင်္ဂနွေနေ့)တို့ကြားရှိ ဒီဇင်ဘာလ ၂၆ ရက်တို့ကိုလည်း တစ်ဆက်တည်း ရုံးပိတ်ရက်(၄)ရက် အသီးသီးသတ်မှတ်ထားကြောင်းသိရသည်။

အဆိုပါပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးသည့် ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံးစနေနေ့တစ်ရက်စီကို အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်ထားကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အတွက် အစားထိုး ရုံးတက်ရက်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့ဖြစ်သော်လည်း လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ၎င်းအစား ဇန်နဝါရီလ ၁၁ရက်(စနေနေ့) ကို အစားထိုးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်အတွင်း တစ်ဆက်တည်း ရုံးပိတ်ရက်များဖြစ်ကြသည့် မတ်လ ၁၂ ရက်နှင့် မတ်လ ၁၄ ရက်တို့အတွက် မတ်လ ၂၂ရက်(စနေနေ့) နှင့် မတ်လ (၂၉) ရက်(စနေနေ့) တို့အားလည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့) အားလည်းကောင်း၊ ဒီဇင်ဘာလ ၂၆ ရက်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့) အားလည်းကောင်း အစားထိုးရုံးတက်ရက်များအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

zawgyi version
အစိုးရ႐ုံးပိတ္ရက္ႏွင့္ အမ်ားျပည္သူအလုပ္ပိတ္ရက္မ်ားၾကားရွိ ႐ုံးဖြင့္ရက္တခ်ိဳ႕ကို တစ္ဆက္တည္း ႐ုံးပိတ္ရက္မ်ားအျဖစ္ သတ္မွတ္
နာမူ (NP News) - ဒီဇင္ဘာ ၂၂

အစိုးရ႐ုံးပိတ္ရက္ႏွင့္ အမ်ားျပည္သူအလုပ္ပိတ္ရက္မ်ားၾကားရွိ ႐ုံးဖြင့္ရက္တခ်ိဳ႕ကို တစ္ဆက္တည္း ႐ုံးပိတ္ရက္မ်ားအျဖစ္ သတ္မွတ္ထားေၾကာင္း နစက က ဒီဇင္ဘာ(၂၁)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။

အမ်ားျပည္သူမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား ခရီးသြားလာမႈလြယ္ကူေစရန္ႏွင့္ ရက္ရွည္အနားယူအပန္းေျဖႏိုင္ေစရန္အတြက္ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ႏွင့္ ၂၀၂၅ ခုႏွစ္ ျပကၡဒိန္ႏွစ္အတြင္း အစိုးရ႐ုံးပိတ္ရက္ႏွင့္ အမ်ားျပည္သူအလုပ္ပိတ္ရက္မ်ားၾကားရွိ ႐ုံးဖြင့္ရက္တခ်ိဳ႕ကို တစ္ဆက္တည္း ႐ုံးပိတ္ရက္မ်ားအျဖစ္ သတ္မွတ္ေပးသြားမည္ျဖစ္ေၾကာင္း နစကက ထုတ္ျပန္ထားသည္။

နစက၏ ထုတ္ျပန္ခ်က္အရ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ (စေနေန႔)၊ ၂၉ ရက္ (တနဂၤေႏြေန႔)၊ ၃၀ ရက္ (ကရင္ႏွစ္သစ္ကူးေန႔) ႏွင့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္တို႔ၾကားရွိ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္ အပါအဝင္ စုစုေပါင္း ႐ုံးပိတ္ရက္ (၅) ရက္ တစ္ဆက္တည္း သတ္မွတ္ထားေၾကာင္း သိရသည္။ ထို႔ျပင္ ၂၀၂၅ ခုႏွစ္၊ မတ္လ ၁၃ ရက္ (တေပါင္းလျပည့္ေန႔)၊ ၁၅ ရက္ (စေနေန႔) ႏွင့္ ၁၆ ရက္ (တနဂၤေႏြေန႔) တို႔ၾကားရွိ မတ္လ ၁၄ ရက္ႏွင့္ တေပါင္းလျပည့္ေန႔၏ ေရွ႕တစ္ရက္ျဖစ္သည့္ မတ္လ ၁၂ ရက္ကိုလည္း တစ္ဆက္တည္း ႐ုံးပိတ္ရက္(၅)ရက္ သတ္မွတ္ထားေၾကာင္း သိရသည္။

အလားတူ ၂၀၂၅ ခုႏွစ္၊ ႏိုဝင္ဘာလ ၁ ရက္ (စေနေန႔)၊ ၂ ရက္(တနဂၤေႏြေန႔) ႏွင့္ ၄ ရက္ (တန္ေဆာင္မုန္းလျပည့္ေန႔)တို႔ၾကားရွိ ႏိုဝင္ဘာလ ၃ ရက္တို႔ကို တစ္ဆက္တည္း ႐ုံးပိတ္ရက္(၄)ရက္ႏွင့္ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္ (ခရစၥမတ္ေန႔)၊ ၂၇ ရက္(စေနေန႔) ႏွင့္ ၂၈ ရက္ (တနဂၤေႏြေန႔)တို႔ၾကားရွိ ဒီဇင္ဘာလ ၂၆ ရက္တို႔ကိုလည္း တစ္ဆက္တည္း ႐ုံးပိတ္ရက္(၄)ရက္ အသီးသီးသတ္မွတ္ထားေၾကာင္းသိရသည္။

အဆိုပါပိတ္ရက္ရွည္အျဖစ္ သတ္မွတ္ေပးသည့္ ႐ုံးပိတ္ရက္ရွည္မ်ား၏ ေရွ႕လာမည့္ အနီးဆုံးစေနေန႔တစ္ရက္စီကို အစားထိုး႐ုံးတက္ရက္မ်ားအျဖစ္ သတ္မွတ္ထားေၾကာင္း နစက၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ၃၁ ရက္အတြက္ အစားထိုး ႐ုံးတက္ရက္မွာ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္၊ စေနေန႔ျဖစ္ေသာ္လည္း လြတ္လပ္ေရးေန႔ျဖစ္သည့္အတြက္ ၎အစား ဇန္နဝါရီလ ၁၁ရက္(စေနေန႔) ကို အစားထိုး႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ၂၀၂၅ ခုႏွစ္အတြင္း တစ္ဆက္တည္း ႐ုံးပိတ္ရက္မ်ားျဖစ္ၾကသည့္ မတ္လ ၁၂ ရက္ႏွင့္ မတ္လ ၁၄ ရက္တို႔အတြက္ မတ္လ ၂၂ရက္(စေနေန႔) ႏွင့္ မတ္လ (၂၉) ရက္(စေနေန႔) တို႔အားလည္းေကာင္း၊ ႏိုဝင္ဘာလ ၃ ရက္အတြက္ ႏိုဝင္ဘာလ ၈ ရက္(စေနေန႔) အားလည္းေကာင္း၊ ဒီဇင္ဘာလ ၂၆ ရက္အတြက္ ၂၀၂၆ ခုႏွစ္၊ ဇန္နဝါရီလ ၃ ရက္(စေနေန႔) အားလည္းေကာင္း အစားထိုး႐ုံးတက္ရက္မ်ားအျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။

Picture

Win Lwin

22/12/2024 12:50

လုပ်စရာမရှိ ဦးတည်ရာမဲ့လုပ်ပုံပဲ။ တက္ကသိုလ်တွေမှာ ရုံးပိတ်ရက်လာတဲ့ အဝေးသင်တွေ Plan ပျက်ပေါ့။

Related news

© 2021. All rights reserved.