“တိမ်ပန်းချီ ရဲ့ အောင်မြင်မှု နဲ့ အကယ်ဒမီရွှေကြို Voting စနစ်” (အနုပညာဆောင်းပါး)

 561

အိဖြူ (NP News) - ဒီဇင်ဘာ ၂၂

စံချိန်တင် အောင်မြင်မှုရရှိနေတဲ့ အကယ်ဒမီဝတ်မှုံရွှေရည်တို့ရဲ့ “တိမ်ပန်းချီ”

“တိမ်ပန်းချီ”ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလ(၁၃)ရက်က စတင်ရုံတင်ပြသခဲ့ပြီး တိမ်ပန်းချီရဲ့ Official Page က အသိပေးကြေညာချက်အရ လာရောက်ကြည့်ရှုသူ များပြားလွန်းတာကြောင့် ရုံတင်ပြီးနှစ်ရက်အတွင်း ကြည့်ရှုသူ စံချိန်တင်ရရှိခဲ့ပါတယ်။ ဒါ့ပြင် တိမ်ပန်းချီရုပ်ရှင်ဇာတ်ကားကို နှစ်ပတ်ဆက်တိုက် (၁၃-၁၂-၂၀၂၄ မှ ၂၆-၁၂-၂၀၂၄)အထိ ရုံတင်ခွင့်ရရှိခဲ့ပြီး ရန်ကုန်မြို့၊ မန္တလေးမြို့ အပါအဝင် မြို့ကြီးတွေရှိ ရုပ်ရှင်ရုံကြီးတွေမှာ ထိုင်ခုံအပြည့်လက်မှတ်ရောင်းရတဲ့အထိ ပရိသတ် အားပေး မှု တစ်ခဲနက်ရလျက်ရှိပါတယ်။

ဝတ်မှုံရွှေရည်နဲ့အေးချမ်းမောင်အပါအဝင် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်နဲ့ တိမ်ပန်းချီ အဖွဲ့သားတွေက ပရိသတ်ရှိရာရုပ်ရှင်ရုံတွေအထိ သွားရောက်နှုတ်ဆက်၊ ကျေးဇူးတင်စကားတွေပြောခဲ့ကြတဲ့ မြင်ကွင်း အများအပြားက ဝတ်မှုံရွှေရည်အတွက် တစ်ကျော့ပြန်အောင်မြင်မှုအဖြစ်အသိအမှတ်ပြုကြသလို အေး ချမ်းမောင်အတွက်လည်း အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်စေခဲ့ပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်တဲ့အမျိုးသားက “ရွေးချယ်စရာနှစ်ခုပေးမယ်၊ သူ့အပေါ် ခွင့်လွှတ်မလား၊ စွန့်လွှတ်မလား” လို့မေးတဲ့ဇာတ်ဝင်ခန်းက ဆိုရှယ်အသုံးပြုသူများအကြား ရေပန်းစားခဲ့ပြီး အခြားသောစကားလုံးများ အစားထိုးကာ Status ရေးတင်လျက်ရှိကြပါတယ်။ ဒါ့ပြင် တိမ်ပန်းချီဇာတ်ကားထဲက ဇာတ်ဝင်ခန်း တွေကို Tik Tok ဆော့ကစားသူလည်း များပြားလျက်ရှိတာကြောင့် လူထုအသိအမှတ်ပြုမှုရရှိနေကြတာဖြစ်ပါတယ်။

“တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးသူ အနုပညာရှင်/အတတ်ပညာရှင်ကြီးများ အပါ အဝင် ပရိသတ်တွေပါမကျန် (၂၀၂၄)ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆု ကို ဝတ်မှုံရွှေ ရည်ကရရှိသွားနိုင်ကြောင်း မှတ်ချက်ပြုချီးကျူးထားကြပါတယ်။ အလားတူ သရုပ်ဆောင် အေးချမ်းမောင်လည်း အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုအတွက် မျှော်မှန်းထားလို့ရကြောင်း ဆိုကြပါတယ်။

“တိမ်ပန်းချီ”ရုပ်ရှင်ကို အပေါ်ယံကြည့်ရှုပါက အိမ်ထောင်ရေးဇာတ်လမ်းအဖြစ်ခံစားကြည့်ရှုရနိုင် ပေမယ့် အဆိုပါ ဇာတ်ကားမှာ “မြန်မာနိုင်ငံပြည်သူလူထုက တစ်လင်တစ်မယားစနစ်ကိုသာလက်ခံကျင့် သုံးပြီး၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို မီးမောင်းထိုးပြထားခြင်း”ဖြစ်ပါတယ်။ အိမ်ထောင်ရေးဇာတ်လမ်းမှာမှ လင်လု မယားလု၊ လင်ဖောက်ပြန် မယားဖောက်ပြန် ရုပ်ရှင်ဇာတ်ကား တွေထက် တိမ်ပန်းချီ ရုပ်ရှင်ဇာတ်လမ်းဇာတ်အိမ်က များစွာသာလွန်ကောင်းမွန်နေတာကိုတော့ မငြင်း နိုင်ကြတာအမှန်ပါ။

(၂၀၂၄) ခုနှစ် အကယ်ဒမီရွှေကြို ရွေးချယ်ပွဲကို ပထမဆုံး Voting စနစ်နဲ့ ရွေးချယ်မယ်

(၂၀၂၄) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်ရွေးချယ်ပွဲကို စတင် ကျင်းပနေပြီဖြစ်ပြီး အခုနှစ်မှာ ပထမဆုံး Voting စနစ် အသုံးပြု ရွေးချယ်ကြမှာဖြစ်ပါတယ်။ ရွှေကြိုမောင်မယ် ရွေးချယ်မှု ပဏာမရွေးချယ်ပွဲရဲ့ပထမအဆင့်ပြိုင်ပွဲကို ဒီဇင်ဘာလ (၁၅)ရက် မနက်ပိုင်းက ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး(ဗဟို)မှာ ပြုလုပ်ခဲ့ပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်သူဦးရေ ထောင်ချီရှိပြီး၊ အရပ်၊ ရုပ်ရည်၊ Talent စတဲ့အချက်တွေကို ကြည့်ရှုစိစစ် အကဲဖြတ်ရွေးချယ်သွားမှာ ဖြစ် တယ်လို့ သိရပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်သူများစွာထဲမှ ရွှေကြိုမောင် အယောက် (၅၀)နဲ့ ရွှေကြိုမယ် အယောက် (၅၀)တို့ကိုရွေးချယ်ပြီး အကဲဖြတ်ဒိုင်တွေရဲ့အမှတ်ပေးရလဒ်အပါအဝင် Voting စနစ်နဲ့ပါ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မှာ ဆန်ခါတင် (၁၀)ဦးသာရွေးချယ်သွားမှာဖြစ်ပါတယ်။

(၂၀၂၄)ခုနှစ် ရွှေကြိုမောင်မယ်ရွေးချယ်ပွဲမှာ အကဲဖြတ်ဒိုင်တွေအဖြစ် ဝါရင့်သမ္ဘာရင့်အနုပညာရှင် တွေဖြစ်ကြတဲ့ ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ မေသန်းနု၊ စိုးမြတ်နန္ဒာ အပါအဝင် အစည်းအရုံးတာဝန်ရှိ သူတွေက တာဝန်ယူဆောင်ရွက်နေကြခြင်းဖြစ်ပါတယ်။ (၂၀၂၄)ခုနှစ်ကစတင်ပြီး Voting စနစ်နဲ့ ယှဉ် ပြိုင်စေမှာဖြစ်လို့ နည်းပညာပိုင်းဆိုင်ရာအပါအဝင် Voting Systemကို သေချာပြင်ဆင်ထားကြောင်း တာဝန်ရှိသူတွေက မီဒီယာတွေထံ အသိပေးထားပါတယ်။ (၂၀၂၄) ခုနှစ် အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ပွဲ အတွက် ရွှေကြိုမောင်မယ် ဝင်ရောက်ယှဉ်ပြိုင်သူဦးရေက အရင်နှစ်ထက် ပိုမိုများပြားကြောင်း တာဝန် ရှိသူတွေကဆိုထားပေမယ့် အရေအတွက်အတိအကျကိုတော့ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါ ဘူး။ (၂၀၂၄)ခုနှစ် အကယ်ဒမီရွှေကြိုမောင်မယ်ရွေးချယ်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူများစွာရှိတဲ့အနက် သရုပ်ဆောင် ခန့်ကျော်၊ တေးသံရှင်ပိုးအိစံရဲ့ သမီးသုံးဦး၊ Influencer ဩမြတ်ခင်၊ Miss Grand Myanmar (2024) 2nd Runner Up အလှမယ် အိန်ဂျယ်ကြည်ဖြူ အစရှိသူများလည်း ဝင်ရောက် ယှဉ် ပြိုင်ကြသလို အနုပညာဝါသနာပါသူ လူငယ်တွေအနေနဲ့ အကယ်ဒမီရွှေကြိုအဖြစ် ရွေးချယ်ခံရမှုက အနုပညာ လောကထဲကိုဝင်ရောက်နိုင်ဖို့ ခြေလှမ်းသစ်ဖြစ်စေခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီး မြှင့်ပွဲအခမ်းအနားမှာ အကယ်ဒမီဗန်းကိုင်အဖြစ် တက်သစ်စမင်းသမီးတွေကိုအသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ အကယ်ဒမီဗန်းကိုင် အခေါ်အဝေါ်မှ အကယ်ဒမီရွှေကြိုအဖြစ် ပြောင်းလဲသုံးနှုန်းခဲ့ကြပါတယ်။ အဲဒီ နောက်မှာ အနုပညာရှင်အမျိုးသမီးများကိုသာ အသုံးပြုခြင်းမျိုးမဟုတ်တော့ဘဲ ရွှေကြိုမောင်/မယ်အဖြစ် အနုပညာနယ်ပယ်ကမဟုတ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ဝင်ရောက်ယှဉ်ပြိုင်စေတာဖြစ်ပါတယ်။

မိန်းကလေးများ ဂရုပြုဆင်ခြင်နိုင်စေဖို့ ကိုယ်တွေ့အဖြစ်အပျက်တစ်ခုကို ပွင့်နဒီမောင် ဝေမျှလာ

ပွင့်နဒီမောင်က မျက်တောင်တုတပ်တဲ့ကော်ကြောင့် အရေပြား Allergy ဖြစ်ပြီး မျက်နှာ၊ မျက်ခုံး အပါအဝင်၊ မျက်နှာပြင်တစ်ခုလုံးကိုပျံ့နှံ့ကာ ရောင်ကိုင်းလာတဲ့ဖြစ်စဉ်တစ်ခုကို မိန်းကလေးတွေအတွက် အလှအပ ရေးရာ သတိပြုစရာအဖြစ် ဝေမျှခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် ပွင့်နဒီမောင်အနေနဲ့ ရိုက်ကူး ရေး ပြုလုပ်ဖို့ မိတ်ကပ်လိမ်းခြယ် မျက်တောင်တု ကပ်ခဲ့ရာမှ အဲဒီနေ့ ညမှာ မျက်လုံးတစ်ဝိုက် ယားယံ လာခဲ့ပြီး ရောင်ရမ်းခဲ့ကြောင်း၊ နောက်တစ်နေ့မနက်မှာတော့ မျက်နှာပြင်တစ်ခုလုံးနီးပါး ရောင်ရမ်းခဲ့ ကြောင်း သူရဲ့ Tik Tok အကောင့်ကနေ အသိပေးပြောပြလာတာပါ။ အရေပြားဆရာဝန်နဲ့ပြသကာ ဆေးကုသမှုခံယူခဲ့ရပြီး၊ ဆရာဝန်ရဲ့ပြောကြားချက်အရ မျက်တောင်တုကော်အရှိန်ရဲ့ပြင်းထန်မှုနဲ့ အရေ ပြား ဓာတ်မတည့်မှုတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ Skin Allergy မှာမှ ပွင့်နဒီမောင်ရဲ့ဖြစ်စဉ်က နောက်ဆုံးအဆင့်အထိရောက်ရှိခဲ့ပြီး ဆိုးရွားစွာခံစားခဲ့ရတယ်လို့ ဆိုထားပါ တယ်။ (၃)လကျော်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး နှစ်လကြာတဲ့အထိ မျက်လုံးအပါအဝင်မျက်နှာကို မိတ်ကပ်လိမ်းခြယ်မှု လုံးဝမလုပ်ဖို့ ဆရာဝန်ကမှာကြားခဲ့တယ်လို့သိရပါတယ်။ လက်ရှိအချိန်အထိလည်း မိတ်ကပ်လိမ်းခြယ်လို့မရဘဲ မျက်နှာ၊ မျက်ခုံး ရောင်ရမ်းတာ၊ မျက်နှာပြင်စပ်တာတွေ ခံစားနေရသေး ကြောင်း၊ နေပူထဲထွက်တာကိုလည်းရှောင်ရှားနေရသေးကြာင်း သိရပါတယ်။ သူ့မျက်နှာ ထိခိုက်ပျက်စီး နေတဲ့ဓာတ်ပုံတွေကို ကနဦးကြည့်မိသူတွေက ပွင့်နဒီမောင် မျက်ရစ်ခွဲစိတ်မှု၊ မျက်နှာခွဲစိတ်မှုတစ်ခုခု ပြုလုပ်ထားလေသလားလို့ မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။ ဒီလိုဖြစ်ရပ်က သူ့အတွက် နှစ်ကြိမ်ရှိပြီ ဖြစ်ပြီး အခုတစ်ခေါက်ဖြစ်ပွားမှုကတော့ အကြီးမားဆုံးဖြစ်တာကြောင့် စိုးရိမ်ထိတ်လန့်ခဲ့ရကြောင်း ဆိုပါတယ်။

ပွင့်နဒီမောင်က သူ့မျက်နှာ ရုပ်ပျက်ဆိုးရွားနေပေမယ့် “မိန်းကလေးတွေအနေနဲ့ အလှကုန် ပစ္စည်းတွေကို ရေရှည်စွဲသုံးခြင်း၊ အာမခံချက်မကြည့်မိခြင်း၊ မိမိအသားအရေနဲ့ လိုက်ဖက်မှု ရှိ/မရှိ စစ်ဆေးသင့်ကြောင်း အစရှိတဲ့ ကျန်းမာရေးအသိတွေကို မပေါ့လျော့စေလိုကြောင်း၊ အလှအပကျန်းမာ ရေးဗဟုသုတလည်း ရှိဖို့လိုအပ်ကြောင်း” ပြန်လည် ပြောပြ မျှဝေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

zawgyi version
“တိမ္ပန္းခ်ီ ရဲ႕ ေအာင္ျမင္မႈ နဲ႔ အကယ္ဒမီေ႐ႊႀကိဳ Voting စနစ္” (အႏုပညာေဆာင္းပါး)
အိျဖဴ(NP News) - ဒီဇင်ဘာ ၂၂

စံခ်ိန္တင္ ေအာင္ျမင္မႈရရွိေနတဲ့ အကယ္ဒမီဝတ္မႈံေ႐ႊရည္တို႔ရဲ႕ “တိမ္ပန္းခ်ီ”

“တိမ္ပန္းခ်ီ”႐ုပ္ရွင္ဇာတ္ကားကို ဒီဇင္ဘာလ(၁၃)ရက္က စတင္႐ုံတင္ျပသခဲ့ၿပီး တိမ္ပန္းခ်ီရဲ႕ Official Page က အသိေပးေၾကညာခ်က္အရ လာေရာက္ၾကည့္ရႈသူ မ်ားျပားလြန္းတာေၾကာင့္ ႐ုံတင္ၿပီးႏွစ္ရက္အတြင္း ၾကည့္ရႈသူ စံခ်ိန္တင္ရရွိခဲ့ပါတယ္။ ဒါ့ျပင္ တိမ္ပန္းခ်ီ႐ုပ္ရွင္ဇာတ္ကားကို ႏွစ္ပတ္ဆက္တိုက္ (၁၃-၁၂-၂၀၂၄ မွ ၂၆-၁၂-၂၀၂၄)အထိ ႐ုံတင္ခြင့္ရရွိခဲ့ၿပီး ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ အပါအဝင္ ၿမိဳ႕ႀကီးေတြရွိ ႐ုပ္ရွင္႐ုံႀကီးေတြမွာ ထိုင္ခုံအျပည့္လက္မွတ္ေရာင္းရတဲ့အထိ ပရိသတ္ အားေပး မႈ တစ္ခဲနက္ရလ်က္ရွိပါတယ္။

ဝတ္မႈံေ႐ႊရည္နဲ႔ေအးခ်မ္းေမာင္အပါအဝင္ ဒါ႐ိုက္တာ ပြင့္သိဂႌေဇာ္နဲ႔ တိမ္ပန္းခ်ီ အဖြဲ႕သားေတြက ပရိသတ္ရွိရာ႐ုပ္ရွင္႐ုံေတြအထိ သြားေရာက္ႏႈတ္ဆက္၊ ေက်းဇူးတင္စကားေတြေျပာခဲ့ၾကတဲ့ ျမင္ကြင္း အမ်ားအျပားက ဝတ္မႈံေ႐ႊရည္အတြက္ တစ္ေက်ာ့ျပန္ေအာင္ျမင္မႈအျဖစ္အသိအမွတ္ျပဳၾကသလို ေအး ခ်မ္းေမာင္အတြက္လည္း ေအာင္ျမင္မႈမွတ္တိုင္တစ္ခုျဖစ္ေစခဲ့ပါတယ္။ အိမ္ေထာင္ေရးေဖာက္ျပန္မႈ က်ဴးလြန္တဲ့အမ်ိဳးသားက “ေ႐ြးခ်ယ္စရာႏွစ္ခုေပးမယ္၊ သူ႔အေပၚ ခြင့္လႊတ္မလား၊ စြန႔္လႊတ္မလား” လို႔ေမးတဲ့ဇာတ္ဝင္ခန္းက ဆိုရွယ္အသုံးျပဳသူမ်ားအၾကား ေရပန္းစားခဲ့ၿပီး အျခားေသာစကားလုံးမ်ား အစားထိုးကာ Status ေရးတင္လ်က္ရွိၾကပါတယ္။ ဒါ့ျပင္ တိမ္ပန္းခ်ီဇာတ္ကားထဲက ဇာတ္ဝင္ခန္း ေတြကို Tik Tok ေဆာ့ကစားသူလည္း မ်ားျပားလ်က္ရွိတာေၾကာင့္ လူထုအသိအမွတ္ျပဳမႈရရွိေနၾကတာျဖစ္ပါတယ္။

“တိမ္ပန္းခ်ီ” ႐ုပ္ရွင္ဇာတ္ကားကို ၾကည့္ရႈၿပီးသူ အႏုပညာရွင္/အတတ္ပညာရွင္ႀကီးမ်ား အပါ အဝင္ ပရိသတ္ေတြပါမက်န္ (၂၀၂၄)ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲမွာ အမ်ိဳးသမီးဇာတ္ေဆာင္ဆု ကို ဝတ္မႈံေ႐ႊ ရည္ကရရွိသြားႏိုင္ေၾကာင္း မွတ္ခ်က္ျပဳခ်ီးက်ဴးထားၾကပါတယ္။ အလားတူ သ႐ုပ္ေဆာင္ ေအးခ်မ္းေမာင္လည္း အကယ္ဒမီ႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ ေမွ်ာ္မွန္းထားလို႔ရေၾကာင္း ဆိုၾကပါတယ္။

“တိမ္ပန္းခ်ီ”႐ုပ္ရွင္ကို အေပၚယံၾကည့္ရႈပါက အိမ္ေထာင္ေရးဇာတ္လမ္းအျဖစ္ခံစားၾကည့္ရႈရႏိုင္ ေပမယ့္ အဆိုပါ ဇာတ္ကားမွာ “ျမန္မာႏိုင္ငံျပည္သူလူထုက တစ္လင္တစ္မယားစနစ္ကိုသာလက္ခံက်င့္ သုံးၿပီး၊ တစ္လင္တစ္မယားစနစ္ က်င့္သုံးျခင္းဆိုင္ရာဥပေဒကို မီးေမာင္းထိုးျပထားျခင္း”ျဖစ္ပါတယ္။ အိမ္ေထာင္ေရးဇာတ္လမ္းမွာမွ လင္လု မယားလု၊ လင္ေဖာက္ျပန္ မယားေဖာက္ျပန္ ႐ုပ္ရွင္ဇာတ္ကား ေတြထက္ တိမ္ပန္းခ်ီ ႐ုပ္ရွင္ဇာတ္လမ္းဇာတ္အိမ္က မ်ားစြာသာလြန္ေကာင္းမြန္ေနတာကိုေတာ့ မျငင္း ႏိုင္ၾကတာအမွန္ပါ။

(၂၀၂၄) ခုႏွစ္ အကယ္ဒမီေ႐ႊႀကိဳ ေ႐ြးခ်ယ္ပြဲကို ပထမဆုံး Voting စနစ္နဲ႔ ေ႐ြးခ်ယ္မယ္

(၂၀၂၄) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအတြက္ ေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲကို စတင္ က်င္းပေနၿပီျဖစ္ၿပီး အခုႏွစ္မွာ ပထမဆုံး Voting စနစ္ အသုံးျပဳ ေ႐ြးခ်ယ္ၾကမွာျဖစ္ပါတယ္။ ေ႐ႊႀကိဳေမာင္မယ္ ေ႐ြးခ်ယ္မႈ ပဏာမေ႐ြးခ်ယ္ပြဲရဲ႕ပထမအဆင့္ၿပိဳင္ပြဲကို ဒီဇင္ဘာလ (၁၅)ရက္ မနက္ပိုင္းက ရန္ကုန္ၿမိဳ႕ ဝကၤဘာလမ္းရွိ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး(ဗဟို)မွာ ျပဳလုပ္ခဲ့ပါတယ္။ ဝင္ေရာက္ယွဥ္ၿပိဳင္သူဦးေရ ေထာင္ခ်ီရွိၿပီး၊ အရပ္၊ ႐ုပ္ရည္၊ Talent စတဲ့အခ်က္ေတြကို ၾကည့္ရႈစိစစ္ အကဲျဖတ္ေ႐ြးခ်ယ္သြားမွာ ျဖစ္ တယ္လို႔ သိရပါတယ္။ ဝင္ေရာက္ယွဥ္ၿပိဳင္သူမ်ားစြာထဲမွ ေ႐ႊႀကိဳေမာင္ အေယာက္ (၅၀)နဲ႔ ေ႐ႊႀကိဳမယ္ အေယာက္ (၅၀)တို႔ကိုေ႐ြးခ်ယ္ၿပီး အကဲျဖတ္ဒိုင္ေတြရဲ႕အမွတ္ေပးရလဒ္အပါအဝင္ Voting စနစ္နဲ႔ပါ ယွဥ္ၿပိဳင္ေစမွာျဖစ္ပါတယ္။ ေနာက္ဆုံးအဆင့္မွာ ဆန္ခါတင္ (၁၀)ဦးသာေ႐ြးခ်ယ္သြားမွာျဖစ္ပါတယ္။

(၂၀၂၄)ခုႏွစ္ ေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲမွာ အကဲျဖတ္ဒိုင္ေတြအျဖစ္ ဝါရင့္သမာၻရင့္အႏုပညာရွင္ ေတြျဖစ္ၾကတဲ့ ထပ္ဆင့္အကယ္ဒမီ ရန္ေအာင္၊ ေမသန္းႏု၊ စိုးျမတ္နႏၵာ အပါအဝင္ အစည္းအ႐ုံးတာဝန္ရွိ သူေတြက တာဝန္ယူေဆာင္႐ြက္ေနၾကျခင္းျဖစ္ပါတယ္။ (၂၀၂၄)ခုႏွစ္ကစတင္ၿပီး Voting စနစ္နဲ႔ ယွဥ္ ၿပိဳင္ေစမွာျဖစ္လို႔ နည္းပညာပိုင္းဆိုင္ရာအပါအဝင္ Voting Systemကို ေသခ်ာျပင္ဆင္ထားေၾကာင္း တာဝန္ရွိသူေတြက မီဒီယာေတြထံ အသိေပးထားပါတယ္။ (၂၀၂၄) ခုႏွစ္ အကယ္ဒမီ ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲ အတြက္ ေ႐ႊႀကိဳေမာင္မယ္ ဝင္ေရာက္ယွဥ္ၿပိဳင္သူဦးေရက အရင္ႏွစ္ထက္ ပိုမိုမ်ားျပားေၾကာင္း တာဝန္ ရွိသူေတြကဆိုထားေပမယ့္ အေရအတြက္အတိအက်ကိုေတာ့ ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးပါ ဘူး။ (၂၀၂၄)ခုႏွစ္ အကယ္ဒမီေ႐ႊႀကိဳေမာင္မယ္ေ႐ြးခ်ယ္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သူမ်ားစြာရွိတဲ့အနက္ သ႐ုပ္ေဆာင္ ခန႔္ေက်ာ္၊ ေတးသံရွင္ပိုးအိစံရဲ႕ သမီးသုံးဦး၊ Influencer ဩျမတ္ခင္၊ Miss Grand Myanmar (2024) 2nd Runner Up အလွမယ္ အိန္ဂ်ယ္ၾကည္ျဖဴ အစရွိသူမ်ားလည္း ဝင္ေရာက္ ယွဥ္ ၿပိဳင္ၾကသလို အႏုပညာဝါသနာပါသူ လူငယ္ေတြအေနနဲ႔ အကယ္ဒမီေ႐ႊႀကိဳအျဖစ္ ေ႐ြးခ်ယ္ခံရမႈက အႏုပညာ ေလာကထဲကိုဝင္ေရာက္ႏိုင္ဖို႔ ေျခလွမ္းသစ္ျဖစ္ေစခဲ့ပါတယ္။ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီး ျမႇင့္ပြဲအခမ္းအနားမွာ အကယ္ဒမီဗန္းကိုင္အျဖစ္ တက္သစ္စမင္းသမီးေတြကိုအသုံးျပဳခဲ့ျခင္းျဖစ္ၿပီး၊ အကယ္ဒမီဗန္းကိုင္ အေခၚအေဝၚမွ အကယ္ဒမီေ႐ႊႀကိဳအျဖစ္ ေျပာင္းလဲသုံးႏႈန္းခဲ့ၾကပါတယ္။ အဲဒီ ေနာက္မွာ အႏုပညာရွင္အမ်ိဳးသမီးမ်ားကိုသာ အသုံးျပဳျခင္းမ်ိဳးမဟုတ္ေတာ့ဘဲ ေ႐ႊႀကိဳေမာင္/မယ္အျဖစ္ အႏုပညာနယ္ပယ္ကမဟုတ္တဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြကို ဝင္ေရာက္ယွဥ္ၿပိဳင္ေစတာျဖစ္ပါတယ္။

မိန္းကေလးမ်ား ဂ႐ုျပဳဆင္ျခင္ႏိုင္ေစဖို႔ ကိုယ္ေတြ႕အျဖစ္အပ်က္တစ္ခုကို ပြင့္နဒီေမာင္ ေဝမွ်လာ

ပြင့္နဒီေမာင္က မ်က္ေတာင္တုတပ္တဲ့ေကာ္ေၾကာင့္ အေရျပား Allergy ျဖစ္ၿပီး မ်က္ႏွာ၊ မ်က္ခုံး အပါအဝင္၊ မ်က္ႏွာျပင္တစ္ခုလုံးကိုပ်ံ႕ႏွံ႔ကာ ေရာင္ကိုင္းလာတဲ့ျဖစ္စဥ္တစ္ခုကို မိန္းကေလးေတြအတြက္ အလွအပ ေရးရာ သတိျပဳစရာအျဖစ္ ေဝမွ်ခဲ့ပါတယ္။ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ပြင့္နဒီေမာင္အေနနဲ႔ ႐ိုက္ကူး ေရး ျပဳလုပ္ဖို႔ မိတ္ကပ္လိမ္းျခယ္ မ်က္ေတာင္တု ကပ္ခဲ့ရာမွ အဲဒီေန႔ ညမွာ မ်က္လုံးတစ္ဝိုက္ ယားယံ လာခဲ့ၿပီး ေရာင္ရမ္းခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔မနက္မွာေတာ့ မ်က္ႏွာျပင္တစ္ခုလုံးနီးပါး ေရာင္ရမ္းခဲ့ ေၾကာင္း သူရဲ႕ Tik Tok အေကာင့္ကေန အသိေပးေျပာျပလာတာပါ။ အေရျပားဆရာဝန္နဲ႔ျပသကာ ေဆးကုသမႈခံယူခဲ့ရၿပီး၊ ဆရာဝန္ရဲ႕ေျပာၾကားခ်က္အရ မ်က္ေတာင္တုေကာ္အရွိန္ရဲ႕ျပင္းထန္မႈနဲ႔ အေရ ျပား ဓာတ္မတည့္မႈတို႔ေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ကာ Skin Allergy မွာမွ ပြင့္နဒီေမာင္ရဲ႕ျဖစ္စဥ္က ေနာက္ဆုံးအဆင့္အထိေရာက္ရွိခဲ့ၿပီး ဆိုး႐ြားစြာခံစားခဲ့ရတယ္လို႔ ဆိုထားပါ တယ္။ (၃)လေက်ာ္ၾကာ ေဆးကုသမႈခံယူခဲ့ရၿပီး ႏွစ္လၾကာတဲ့အထိ မ်က္လုံးအပါအဝင္မ်က္ႏွာကို မိတ္ကပ္လိမ္းျခယ္မႈ လုံးဝမလုပ္ဖို႔ ဆရာဝန္ကမွာၾကားခဲ့တယ္လို႔သိရပါတယ္။ လက္ရွိအခ်ိန္အထိလည္း မိတ္ကပ္လိမ္းျခယ္လို႔မရဘဲ မ်က္ႏွာ၊ မ်က္ခုံး ေရာင္ရမ္းတာ၊ မ်က္ႏွာျပင္စပ္တာေတြ ခံစားေနရေသး ေၾကာင္း၊ ေနပူထဲထြက္တာကိုလည္းေရွာင္ရွားေနရေသးၾကာင္း သိရပါတယ္။ သူ႔မ်က္ႏွာ ထိခိုက္ပ်က္စီး ေနတဲ့ဓာတ္ပုံေတြကို ကနဦးၾကည့္မိသူေတြက ပြင့္နဒီေမာင္ မ်က္ရစ္ခြဲစိတ္မႈ၊ မ်က္ႏွာခြဲစိတ္မႈတစ္ခုခု ျပဳလုပ္ထားေလသလားလို႔ ေမးခြန္းထုတ္ခဲ့ၾကပါေသးတယ္။ ဒီလိုျဖစ္ရပ္က သူ႔အတြက္ ႏွစ္ႀကိမ္ရွိၿပီ ျဖစ္ၿပီး အခုတစ္ေခါက္ျဖစ္ပြားမႈကေတာ့ အႀကီးမားဆုံးျဖစ္တာေၾကာင့္ စိုးရိမ္ထိတ္လန႔္ခဲ့ရေၾကာင္း ဆိုပါတယ္။

ပြင့္နဒီေမာင္က သူ႔မ်က္ႏွာ ႐ုပ္ပ်က္ဆိုး႐ြားေနေပမယ့္ “မိန္းကေလးေတြအေနနဲ႔ အလွကုန္ ပစၥည္းေတြကို ေရရွည္စြဲသုံးျခင္း၊ အာမခံခ်က္မၾကည့္မိျခင္း၊ မိမိအသားအေရနဲ႔ လိုက္ဖက္မႈ ရွိ/မရွိ စစ္ေဆးသင့္ေၾကာင္း အစရွိတဲ့ က်န္းမာေရးအသိေတြကို မေပါ့ေလ်ာ့ေစလိုေၾကာင္း၊ အလွအပက်န္းမာ ေရးဗဟုသုတလည္း ရွိဖို႔လိုအပ္ေၾကာင္း” ျပန္လည္ ေျပာျပ မွ်ေဝျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာ႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.