‘‘စစ်ဘေးကြောင့် လူထုပိုင်နေအိမ် ပျက်စီးဆုံးရှုံးမှုတန်ဖိုး …’’

 90

မြူနစ် (NP News) - ဒီဇင်ဘာ ၂၂

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသည့် စစ်ဘေးကြောင့် အရပ်သားပြည်သူပိုင်နေအိမ်ပျက်စီး ဆုံးရှုံးမှုတန်ဖိုးမှာ ငွေကျပ်ဘီလျံ (၃၀ဝဝ)နှင့်အထက် ရှိနိုင်ပြီး (၂)နှစ်အတွင်း သဘာဝဘေးကြောင့် ဘီလျံ (၁၀ဝဝ)နီးပါးပါ ထပ်ဆင့်ဆုံးရှုံးခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်က နိုင်ငံတော်အာဏာကို (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ လမှစ၍ ရယူခဲ့ပြီးနောက်ပိုင်းတွင် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ ပိုမိုဖြစ်ပွား လာကာ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ် အများအပြားဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။ လက်ရှိတွင် နိုင်ငံအတွင်း၌ အစိုးရမဟုတ် သည့်လက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၀ဝဝ)ကျော်ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြလျက်ရှိပြီး ယင်းအဖွဲ့အစည်းများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မီးရှို့ ဖျက်ဆီးမှုများကိုလည်း မြန်မာပြည်သူလူထုက ခံစားနေရလျက်ရှိသည်။

ထို့ပြင် တပ်မတော်နှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဖြစ်ပွားနေသည့်တိုက်ပွဲများ အတွင်း အရပ်သား ပြည်သူပိုင်နေအိမ် မီးရှို့ဖျက်ဆီး ခံရမှုဖြစ်စဉ်များနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲ မှုများကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးရသည့်ဖြစ်စဉ်လည်း အများအပြားဖြစ်ပွားနေလျက်ရှိသည်။ လက်ရှိနစကအစိုးရလက်ထက်အတွင်း လက်နက် ကိုင်အဖွဲ့များက မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုများကြောင့် အရပ်သားပြည်သူပိုင် နေအိမ် တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည့် စစ်တမ်းအချို့ကိုလည်း တွေ့မြင်ရသည်။

ယခုခေတ်ကာလ ကုန်ဈေးနှုန်းများအရ နေအိမ်တစ်လုံးတည်ဆောက်ရန်အတွက် အနည်းဆုံး ငွေကျပ်သိန်း (၃၀ဝ)ဝန်းကျင် ကုန်ကျနိုင်သကဲ့သို့ ဆောက်လုပ်ရေးသုံးပစ္စည်းများကိုပင် လွယ်လင့်တကူ ရန်နိုင်ရန် အခက်အခဲများ ရှိနေသည်။ ဤနေရာတွင် လက်ရှိနိုင်ငံအတွင်း ဖြစ်ပွားနေဆဲစစ်ဘေးကြောင့် ပြည်သူလူထုပိုင် နေအိမ်တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့မှုအပေါ် အိမ်တစ်လုံးလျှင် အနည်းဆုံးငွေကျပ်သိန်း (၃၀ဝ)ဆုံးရှုံး သည်ဟု ပျမ်းမျှတွက်ချက်ကြည့် မည်ဆိုပါက ပြည်သူ လူထုအနေဖြင့် ငွေကျပ်ဘီလျံ (၃၀ဝဝ)ထက်မနည်း အကြောင်းမဲ့ဆုံးရှုံးခဲ့ရသည်ဟု တွက်ဆနိုင်သည်။

‘‘အဲဒီလိုပျမ်းမျှတွက်ရင်တော့ ဘီလျံ (၃၀ဝဝ)လောက်ရှိနိုင်တယ်။ ဒါပေမဲ့ အိမ်လုံး သိန်း (၃၀ဝ)ဆိုတဲ့ဟာက သာမန်အသေးစားလေးတွေသာ ဖြစ်တယ်။ အနည်းဆုံးအိမ်တစ်လုံးဆောက်မယ်ဆိုရင် ထောင်ဂဏန်းအထက်မှာရှိ တယ်။ ဒါတွေကို ပြန်တွက်ကြည့်မယ်ဆိုရင် ကိုယ့်နိုင်ငံမှာဖွံ့ဖြိုးဖို့ သွား မယ့်ဟာက ဒါတွေကိုပြန်တည်ဆောက်ဖို့အတွက် တော်တော်ကို လူတွေဒုက္ခရောက်ကြရဦးမယ်။ အသက်(၅၀)ကျော် လူတစ်ယောက်က အိမ်တစ်လုံးရဖို့ ကြိုးစားပြီး လုပ်လာခဲ့ရတာ။ အသက် (၅၀)ကနေ (၇၀)အထိဆိုရင် ဒီလောက်အလုပ်လုပ်နိုင်တော့တဲ့ အခြေအနေမဟုတ်တော့ဘူး။ အဲဒီအခြေအနေမှာ ဘဝကို ပြန်စရမယ်ဆိုရင် မလွယ်တော့ဘူး။ ဒါဟာ စစ်ရဲ့ အနိဋ္ဌာရုံတွေပဲ” ဟု ဖက်ဒရယ်ဒီမိုကရက် တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးရန်နိုဝင်းက NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

ပြီးခဲ့သော (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနအနေဖြင့် ငွေကျပ်(၈၂)ဘီလျံ ကျော်သာ သုံးစွဲရန်လျာထားခဲ့ဖူးသည်။ ဝန်ကြီးဌာန၏ အသုံးစရိတ်နှင့် မြန်မာ ပြည်သူလူထု၏ နေအိမ်ပျက်စီးဆုံးရှုံးတန်ဖိုးကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက အဆပေါင်းများစွာ ကွာဟနေသည်ကိုလည်း တွေ့ရှိရသည်။

ယခု (၂၀၂၄)ခုနှစ်အတွင်း၌ လက်နက် ကိုင်စစ်ဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့ နယ်ရှိ မဒေါင်းလှ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရသောဖြစ်စဉ်တစ်ခုကို အနည်းအကျဉ်း အသိပေးလိုသည်။ အဆိုပါ မဒေါင်းလှကျေးရွာသည် ပြည်သူ့စစ်ရွာအဖြစ် နာမည်ကြီးသည့်ကျေးရွာဖြစ်သည့်အတွက် PDF လက်နက်ကိုင် အဖွဲ့များသည် မကြာခဏဆိုသကဲ့ လာရောက်ပစ်ခတ်ခြင်း၊ ဒရုန်း ဖြင့် ဗုံးကြဲခြင်းတို့ကိုခံရလေ့ရှိသည်။

NUG လက်အောက်ခံ PDF အဖွဲ့အစည်း များသည် အင်အားအလုံးအရင်းဖြင့် ယခုနှစ် ဩဂုတ် လ (၁၈)ရက်တွင် မဒေါင်းလှကျေးရွာရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို လာရောက်ကာ စတင်တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရွာခံတစ်ဦးက NP News ကို ပြောသည်။

‘‘သူတို့(PDF)က ရှေ့က တိုက်တဲ့သူက တိုက်၊ နောက်က ပစ္စည်းယူတဲ့သူကယူပြီးတော့ မီးရှို့လိုက်တာပေါ့။ တော်တော်လေးကို အခြေအနေ ဆိုးခဲ့တာ။ နေ့မှန်းမသိ၊ ညမှန်းမသိကိုဖြစ်ခဲ့တာ။ တစ်ဖက်က အင်အားကများတော့ ပြည်သူ့စစ်တွေလည်း နောက်ဆုတ်ပေးလိုက်ရတာပေါ့။ အဲဒီမှာ မီးရှို့ သွားတာပဲ။ အိမ်ခြေ (၁၀ဝ)ကျော်လောက် မီးရှို့ ခံရတာ။ အိမ်ခြေကအလုံး (၁၄၀)လောက်ပဲရှိ တာလေ။ တစ်ရွာလုံးနီးပါးကို မီးလောင်သွားတာ။ တစ်ရွာလုံးနီးပါး ပြာကျသွားတာ”ဟု မဒေါင်းလှရွာခံ တစ်ဦးက ပြောသည်။

ထိုသို့ မီးရှို့ဖျက်ဆီးခံရသည့် မဒေါင်းလှ ကျေးရွာတွင် ငွေကျပ်သိန်းထောင်ဂဏန်း တန်ဖိုးရှိသည့် နေအိမ် များလည်း ပျက်စီးဆုံးရှုံးခဲ့ရသကဲ့သို့ လယ်ယာသုံးပစ္စည်းများဖြစ်သည့် ထွန်စက်၊ ရိတ်ခြွေစက်၊ စပါးနှင့် အနှစ်နှစ် အလလ စုဆောင်းခဲ့သော လက်ဝတ်ရတနာများလည်း ဆုံးရှုံးခဲ့ရသည်။ “ခေတ်ကာလဈေးနဲ့ဆိုရင် ရွာမှာက တိုက် အကောင်းစားကြီးတွေလည်း ရှိတယ်။ သိန်း (၁၅၀)တန်၊ (၂၀ဝ) တန်တဲ့ အိမ်တွေရှိသလို သိန်းထောင် ချီတန်တဲ့ တိုက်ကြီးတွေလည်းရှိတယ်။ ရွာမှာဆိုရင် တိုက်ကြီးကလည်း နှစ်ထပ် တိုက် သေချာဆောက်ထားတယ်။ ပြီးတော့ စပါးရိတ်စက်လည်းရှိတယ်။ ခြွေလှေ့စက်လည်းရှိတယ်။ စပါးတွေရော၊ ထွန်စက် တွေရော အကုန်ရှိတယ်။ အဲဒီတစ်အိမ်တည်းဆိုရင်တောင် သိန်းပေါင်းနှစ်ထောင်လောက်ရှိမယ်။ ဆုံးရှုံး ရတာ ပေါ့။ အိမ်တစ်အိမ်က မဆုံးရှုံးဘူးဆိုရင် အနည်း ဆုံး သိန်း(၄၊ ၅)ရာပဲ” ဟု မဒေါင်းလှရွာခံက ဆက်လက်ပြောသည်။

လက်ရှိတွင် မဒေါင်းလှကျေးရွာသည် မီးရှို့ခံရသည့်အတွက် ပြာပုံများဖြင့် ဖုံးလွှမ်းနေပြီး ကျေး ရွာဒေသခံ အများစုသည်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ကာ ဘဝသစ်ကို အခက်အခဲများစွာဖြင့် ပြန်လည်စတင်နေရ လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း၌ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကြောင့် မဒေါင်းလှကျေးရွာကဲ့သို့ မီးရှို့ပြာ ချခံရသည့်ကျေးရွာအများအပြားလည်း နိုင်ငံတစ်ဝန်း ရှိလို့နေသည်။ နိုင်ငံအတွင်း၌ ရန်ကုန်တိုင်း၊ ဧရာဝ တီတိုင်းနှင့် နေပြည်တော်တို့မှလွဲ၍ အခြားသော ပြည်နယ်နှင့်တိုင်းများတွင် စစ်ရေးပဋိပက္ခများဖြစ်ပွားနေလျက်ရှိသည်။ ပြည်သူလူထုပိုင်နေအိမ် အဆောက်အအုံများကို အကြောင်းအမျိုးမျိုးဖြင့် စွပ်စွဲကာ မီးရှို့နေ ဖျက်ဆီးနေသူများမှာ လက်နက် ကိုင်အဖွဲ့အစည်းအသီးသီးပင် ဖြစ်သည်။

“အခုဟာက ရွာတွေရွာတွေမှာဆိုရင် PDF ရွာကို ပျူစောထီးက တိုက်တယ်။ ပျူစောထီး ရွာကို PDF တိုက်တယ်။ ဒါကတစ်ပိုင်း။ နောက်တစ်ခါကျတော့ တိုင်းရင်းသားတွေနဲ့ ဗမာတွေချကြတယ်။ နယ်မြေသိမ်းတယ်။ အဲဒီမှာ မြို့ပျက် ကြီးတွေဖြစ် ပြီးတော့ အားလုံးကအသက်ဘေးလွတ်ရာကိုပဲ ပြေးကုန်ရတယ်။ တချို့ကျတော့လည်း ပါလာတဲ့ရွှေတို ငွေစလေးတွေနဲ့ပဲ ရောင်းချပြီးလုပ်ကိုင်စားသောက် ကြတယ်။ နောက်တစ်ခုက ဟိုမှာနေခဲ့တဲ့ ချမ်းသာတဲ့ လူတစ် ယောက်က ဘာမှမသယ်နိုင်ဘဲ ဆင်းရဲသားတစ်ယောက်လိုဖြစ်ပြီးတော့ လက်လုပ်လက်စားဘဝနဲ့ လုပ်ကိုင်စားသောက် နေရတာလည်းရှိတယ်” ဟု ဦး ရန်နိုင်ဝင်းက ဆိုသည်။

နိုင်ငံတစ်ဝန်းဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခအတွင်း မြန်မာပြည်သူလူထုသည် အသက်ဘေးလုကာ နေရပ် စွန့်ခွာစစ်ဘေးရှောင်နေရမှုနှင့်အတူ ခေါင်းစဉ်အမျိုးမျိုးဖြင့် စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်ခံနေရသည့်ဖြစ်စဉ်သည် လည်း ထောင်နှင့်ချီကာ ဖြစ်ပွားနေလျက်ရှိသည်။ လက်နက်ကိုင်အဖွဲ့အစည်းများသည် ဒလန်သတင်းပေးအပါအဝင် ခေါင်းစဉ်အမျိုးမျိုးဖြင့် စွပ်စွဲကာ အကြမ်း ဖက်သတ်ဖြတ်မှုကြောင့် အရပ် သားပြည်သူလူထု (၁၀ဝဝဝ)နီးပါးသည်လည်း သေဆုံးခဲ့ရပြီးဖြစ်သည်။ မြန်မာပြည်သူလူထုသည် လက်နက်ကိုင် အဖွဲ့အစည်းများ၏ စစ်ဘေးဒဏ်ကို အပြင်းအထန်ခံစားနေရမှုနှင့် တစ်ပြိုင်နက် ယခု (၂)နှစ်တာကာလ အတွင်းတွင်လည်း သဘာဝဘေးဒဏ်ကို အပြင်းအထန်ခံရကာ ပျက်စီးဆုံးရှုံးများစွာ ဖြစ်ပေါ်ခဲ့ရသေးသည်။ ယခု (၂၀၂၄)ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရာဂိမုန်တိုင်းကြောင့် လူနေအိမ်၊ စက်ရုံ၊ လယ်ယာများ ထိခိုက်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် (၂၂၁)ဘီလျံရှိခဲ့ သကဲ့သို့ အစိုးရဌာနဆိုင်ရာအဆောက် အအုံများ ထိခိုက်ပျက်စီးမှုသည်လည်း ငွေကျပ် (၂၄၄)ဘီလျံ ရှိခဲ့သည်။

အလားတူ (၂၀၂၃) ခုနှစ်အတွင်း ဖြစ်ပွား ခဲ့သော မိုခါမုန်တိုင်းကြောင့် အရပ်သားပြည်သူလူထု အနေဖြင့် ငွေကျပ်(၄၄၃)ဘီလျံကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထိုသို့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရမှုများကို ပြန်လည်ထူထောင်နေစဉ် ကာလတွင်ပင် ပြင်းထန်သည့်စစ်ရေးပဋိပက္ခများ၏ ဆိုးကျိုးများကိုလည်း တစ်ပြိုင်နက်တည်း ခံစားနေရလျက်ရှိကြသည်။

နိုင်ငံအတွင်း၌ ပြည်သူလူထုကြားမှ ပေါက်ဖွားလာသည့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး သည် မြန်မာ ပြည်သူလူထု၏ အခက်အခဲအကျပ်အတည်းများကို မျက်ကွယ်ပြုကာ တိုက်ပွဲများဆီသို့ ဆက်လက်ဦးတည်နေ လျက်ရှိကြသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အခက်အခဲအကျပ်အတည်းများကို ပိုမိုခံစားနေရဖွယ်ရှိသည့်အတွက် နိုင်ငံတော်ပြန်လည်တည်ငြိမ်အေး ချမ်းရန် လိုလားနေလျက်ရှိသည်။ လက်နက်ကိုင် အသီးသီးအနေဖြင့် အကြမ်းဖက် သတ်ဖြတ်မှုများကို ရပ်တန့်ရန်၊ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ကိုရပ်စဲရန် ပြည်သူလူထုကလိုလားနေလျက်ရှိကြ သည်။ စာနာစိတ်ကင်းမဲ့ကာ ခက်ထန်ကြမ်းတမ်းနေသော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး အောက်ကျရောက်နေသည့် မြန်မာပြည်သူလူထု၏ ဘဝများသည် ဆက်လက်မတွေးတောဝံ့စရာပင်ဖြစ်နေသည်။

‘‘ငြိမ်းချမ်းရေးကို အဖြေရှာဖို့ပဲလိုတယ်။ ငြိမ်းချမ်းအောင် ဘယ်လိုလုပ်ကြမလဲဆိုရင် သေနတ် ကိုင်နေတဲ့ ကာလပတ်လုံးက ဘယ်လိုမှ အဖြေရှာလို့ ရမှာမဟုတ်ဘူး။ ငြိမ်းချမ်းချင်ရင် စားပွဲဝိုင်းပေါ်ကို လာရမယ်။ တိုက်နေ သမျှကာလပတ်လုံးက စစ်ပွဲဟာ ပိုပြင်းထန်လာဖို့ပဲ ရှိတယ်။ အဲဒီတော့ စားပွဲပေါ်မှာ ညှိနှိုင်းရမယ်။ ညှိနှိုင်းမယ်ဆိုရင် အပေးအယူနဲ့ သွားရမယ်” ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌက ပြောသည်။

zawgyi version
‘‘စစ္ေဘးေၾကာင့္ လူထုပိုင္ေနအိမ္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး …’’
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၂၂

ျမန္မာႏိုင္ငံတစ္ဝန္း ျဖစ္ပြားေနသည့္ စစ္ေဘးေၾကာင့္ အရပ္သားျပည္သူပိုင္ေနအိမ္ပ်က္စီး ဆုံးရႈံးမႈတန္ဖိုးမွာ ေငြက်ပ္ဘီလ်ံ (၃၀ဝဝ)ႏွင့္အထက္ ရွိႏိုင္ၿပီး (၂)ႏွစ္အတြင္း သဘာဝေဘးေၾကာင့္ ဘီလ်ံ (၁၀ဝဝ)နီးပါးပါ ထပ္ဆင့္ဆုံးရႈံးခဲ့ရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာကို (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီ လမွစ၍ ရယူခဲ့ၿပီးေနာက္ပိုင္းတြင္ ျပည္တြင္း၌ လက္နက္ကိုင္ပဋိပကၡမ်ား ပိုမိုျဖစ္ပြား လာကာ အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈျဖစ္စဥ္ အမ်ားအျပားျဖစ္ေပၚခဲ့သည္ကို ေတြ႕ရွိရသည္။ လက္ရွိတြင္ ႏိုင္ငံအတြင္း၌ အစိုးရမဟုတ္ သည့္လက္နက္ကိုင္အဖြဲ႕အစည္းေပါင္း (၁၀ဝဝ)ေက်ာ္ရွိႏိုင္ေၾကာင္း သုံးသပ္ေျပာဆိုေနၾကလ်က္ရွိၿပီး ယင္းအဖြဲ႕အစည္းမ်ားေၾကာင့္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ သတ္ျဖတ္မႈမ်ား၊ မီးရႈိ႕ ဖ်က္ဆီးမႈမ်ားကိုလည္း ျမန္မာျပည္သူလူထုက ခံစားေနရလ်က္ရွိသည္။

ထို႔ျပင္ တပ္မေတာ္ႏွင့္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအၾကား ျဖစ္ပြားေနသည့္တိုက္ပြဲမ်ား အတြင္း အရပ္သား ျပည္သူပိုင္ေနအိမ္ မီးရႈိ႕ဖ်က္ဆီး ခံရမႈျဖစ္စဥ္မ်ားႏွင့္ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲ မႈမ်ားေၾကာင့္ ေနအိမ္ပ်က္စီး ဆုံးရႈံးရသည့္ျဖစ္စဥ္လည္း အမ်ားအျပားျဖစ္ပြားေနလ်က္ရွိသည္။ လက္ရွိနစကအစိုးရလက္ထက္အတြင္း လက္နက္ ကိုင္အဖြဲ႕မ်ားက မီးရႈိ႕ဖ်က္ဆီးမႈႏွင့္ လက္နက္ႀကီးက် ေရာက္ေပါက္ကြဲမႈမ်ားေၾကာင့္ အရပ္သားျပည္သူပိုင္ ေနအိမ္ တစ္သိန္းေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ေၾကာင္း ေဖာ္ျပထားသည့္ စစ္တမ္းအခ်ိဳ႕ကိုလည္း ေတြ႕ျမင္ရသည္။

ယခုေခတ္ကာလ ကုန္ေဈးႏႈန္းမ်ားအရ ေနအိမ္တစ္လုံးတည္ေဆာက္ရန္အတြက္ အနည္းဆုံး ေငြက်ပ္သိန္း (၃၀ဝ)ဝန္းက်င္ ကုန္က်ႏိုင္သကဲ့သို႔ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ားကိုပင္ လြယ္လင့္တကူ ရန္ႏိုင္ရန္ အခက္အခဲမ်ား ရွိေနသည္။ ဤေနရာတြင္ လက္ရွိႏိုင္ငံအတြင္း ျဖစ္ပြားေနဆဲစစ္ေဘးေၾကာင့္ ျပည္သူလူထုပိုင္ ေနအိမ္တစ္သိန္းေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့မႈအေပၚ အိမ္တစ္လုံးလွ်င္ အနည္းဆုံးေငြက်ပ္သိန္း (၃၀ဝ)ဆုံးရႈံး သည္ဟု ပ်မ္းမွ်တြက္ခ်က္ၾကည့္ မည္ဆိုပါက ျပည္သူ လူထုအေနျဖင့္ ေငြက်ပ္ဘီလ်ံ (၃၀ဝဝ)ထက္မနည္း အေၾကာင္းမဲ့ဆုံးရႈံးခဲ့ရသည္ဟု တြက္ဆႏိုင္သည္။

‘‘အဲဒီလိုပ်မ္းမွ်တြက္ရင္ေတာ့ ဘီလ်ံ (၃၀ဝဝ)ေလာက္ရွိႏိုင္တယ္။ ဒါေပမဲ့ အိမ္လုံး သိန္း (၃၀ဝ)ဆိုတဲ့ဟာက သာမန္အေသးစားေလးေတြသာ ျဖစ္တယ္။ အနည္းဆုံးအိမ္တစ္လုံးေဆာက္မယ္ဆိုရင္ ေထာင္ဂဏန္းအထက္မွာရွိ တယ္။ ဒါေတြကို ျပန္တြက္ၾကည့္မယ္ဆိုရင္ ကိုယ့္ႏိုင္ငံမွာဖြံ႕ၿဖိဳးဖို႔ သြား မယ့္ဟာက ဒါေတြကိုျပန္တည္ေဆာက္ဖို႔အတြက္ ေတာ္ေတာ္ကို လူေတြဒုကၡေရာက္ၾကရဦးမယ္။ အသက္(၅၀)ေက်ာ္ လူတစ္ေယာက္က အိမ္တစ္လုံးရဖို႔ ႀကိဳးစားၿပီး လုပ္လာခဲ့ရတာ။ အသက္ (၅၀)ကေန (၇၀)အထိဆိုရင္ ဒီေလာက္အလုပ္လုပ္ႏိုင္ေတာ့တဲ့ အေျခအေနမဟုတ္ေတာ့ဘူး။ အဲဒီအေျခအေနမွာ ဘဝကို ျပန္စရမယ္ဆိုရင္ မလြယ္ေတာ့ဘူး။ ဒါဟာ စစ္ရဲ႕ အနိ႒ာ႐ုံေတြပဲ” ဟု ဖက္ဒရယ္ဒီမိုကရက္ တစ္ပါတီမွ ဒုဥကၠ႒ ဦးရန္ႏိုဝင္းက NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

ၿပီးခဲ့ေသာ (၂၀၂၃-၂၀၂၄)ဘ႑ာႏွစ္တြင္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဝန္ႀကီး ဌာနအေနျဖင့္ ေငြက်ပ္(၈၂)ဘီလ်ံ ေက်ာ္သာ သုံးစြဲရန္လ်ာထားခဲ့ဖူးသည္။ ဝန္ႀကီးဌာန၏ အသုံးစရိတ္ႏွင့္ ျမန္မာ ျပည္သူလူထု၏ ေနအိမ္ပ်က္စီးဆုံးရႈံးတန္ဖိုးကို ႏႈိင္းယွဥ္ၾကည့္မည္ဆိုပါက အဆေပါင္းမ်ားစြာ ကြာဟေနသည္ကိုလည္း ေတြ႕ရွိရသည္။

ယခု (၂၀၂၄)ခုႏွစ္အတြင္း၌ လက္နက္ ကိုင္စစ္ေဘးဒဏ္ေၾကာင့္ စစ္ကိုင္းတိုင္း ခင္ဦးၿမိဳ႕ နယ္ရွိ မေဒါင္းလွ ေက်း႐ြာတြင္ ႐ြာလုံးကြၽတ္နီးပါး မီးေလာင္ပ်က္စီးခဲ့ရေသာျဖစ္စဥ္တစ္ခုကို အနည္းအက်ဥ္း အသိေပးလိုသည္။ အဆိုပါ မေဒါင္းလွေက်း႐ြာသည္ ျပည္သူ႔စစ္႐ြာအျဖစ္ နာမည္ႀကီးသည့္ေက်း႐ြာျဖစ္သည့္အတြက္ PDF လက္နက္ကိုင္ အဖြဲ႕မ်ားသည္ မၾကာခဏဆိုသကဲ့ လာေရာက္ပစ္ခတ္ျခင္း၊ ဒ႐ုန္း ျဖင့္ ဗုံးႀကဲျခင္းတို႔ကိုခံရေလ့ရွိသည္။

NUG လက္ေအာက္ခံ PDF အဖြဲ႕အစည္း မ်ားသည္ အင္အားအလုံးအရင္းျဖင့္ ယခုႏွစ္ ဩဂုတ္ လ (၁၈)ရက္တြင္ မေဒါင္းလွေက်း႐ြာရွိ ျပည္သူ႔စစ္ တပ္ဖြဲ႕ဝင္မ်ားကို လာေရာက္ကာ စတင္တိုက္ခိုက္ခဲ့ၿပီး ေနာက္တစ္႐ြာလုံးနီးပါးကို မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ႐ြာခံတစ္ဦးက NP News ကို ေျပာသည္။

‘‘သူတို႔(PDF)က ေရွ႕က တိုက္တဲ့သူက တိုက္၊ ေနာက္က ပစၥည္းယူတဲ့သူကယူၿပီးေတာ့ မီးရႈိ႕လိုက္တာေပါ့။ ေတာ္ေတာ္ေလးကို အေျခအေန ဆိုးခဲ့တာ။ ေန႔မွန္းမသိ၊ ညမွန္းမသိကိုျဖစ္ခဲ့တာ။ တစ္ဖက္က အင္အားကမ်ားေတာ့ ျပည္သူ႔စစ္ေတြလည္း ေနာက္ဆုတ္ေပးလိုက္ရတာေပါ့။ အဲဒီမွာ မီးရႈိ႕ သြားတာပဲ။ အိမ္ေျခ (၁၀ဝ)ေက်ာ္ေလာက္ မီးရႈိ႕ ခံရတာ။ အိမ္ေျခကအလုံး (၁၄၀)ေလာက္ပဲရွိ တာေလ။ တစ္႐ြာလုံးနီးပါးကို မီးေလာင္သြားတာ။ တစ္႐ြာလုံးနီးပါး ျပာက်သြားတာ”ဟု မေဒါင္းလွ႐ြာခံ တစ္ဦးက ေျပာသည္။

ထိုသို႔ မီးရႈိ႕ဖ်က္ဆီးခံရသည့္ မေဒါင္းလွ ေက်း႐ြာတြင္ ေငြက်ပ္သိန္းေထာင္ဂဏန္း တန္ဖိုးရွိသည့္ ေနအိမ္ မ်ားလည္း ပ်က္စီးဆုံးရႈံးခဲ့ရသကဲ့သို႔ လယ္ယာသုံးပစၥည္းမ်ားျဖစ္သည့္ ထြန္စက္၊ ရိတ္ေႁခြစက္၊ စပါးႏွင့္ အႏွစ္ႏွစ္ အလလ စုေဆာင္းခဲ့ေသာ လက္ဝတ္ရတနာမ်ားလည္း ဆုံးရႈံးခဲ့ရသည္။ “ေခတ္ကာလေဈးနဲ႔ဆိုရင္ ႐ြာမွာက တိုက္ အေကာင္းစားႀကီးေတြလည္း ရွိတယ္။ သိန္း (၁၅၀)တန္၊ (၂၀ဝ) တန္တဲ့ အိမ္ေတြရွိသလို သိန္းေထာင္ ခ်ီတန္တဲ့ တိုက္ႀကီးေတြလည္းရွိတယ္။ ႐ြာမွာဆိုရင္ တိုက္ႀကီးကလည္း ႏွစ္ထပ္ တိုက္ ေသခ်ာေဆာက္ထားတယ္။ ၿပီးေတာ့ စပါးရိတ္စက္လည္းရွိတယ္။ ေႁခြေလွ႔စက္လည္းရွိတယ္။ စပါးေတြေရာ၊ ထြန္စက္ ေတြေရာ အကုန္ရွိတယ္။ အဲဒီတစ္အိမ္တည္းဆိုရင္ေတာင္ သိန္းေပါင္းႏွစ္ေထာင္ေလာက္ရွိမယ္။ ဆုံးရႈံး ရတာ ေပါ့။ အိမ္တစ္အိမ္က မဆုံးရႈံးဘူးဆိုရင္ အနည္း ဆုံး သိန္း(၄၊ ၅)ရာပဲ” ဟု မေဒါင္းလွ႐ြာခံက ဆက္လက္ေျပာသည္။

လက္ရွိတြင္ မေဒါင္းလွေက်း႐ြာသည္ မီးရႈိ႕ခံရသည့္အတြက္ ျပာပုံမ်ားျဖင့္ ဖုံးလႊမ္းေနၿပီး ေက်း ႐ြာေဒသခံ အမ်ားစုသည္လည္း ေဘးလြတ္ရာသို႔ တိမ္းေရွာင္ကာ ဘဝသစ္ကို အခက္အခဲမ်ားစြာျဖင့္ ျပန္လည္စတင္ေနရ လ်က္ရွိသည္။ ျမန္မာႏိုင္ငံအတြင္း၌ တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ပြားေနသည့္ စစ္ေရး ပဋိပကၡမ်ားေၾကာင့္ မေဒါင္းလွေက်း႐ြာကဲ့သို႔ မီးရႈိ႕ျပာ ခ်ခံရသည့္ေက်း႐ြာအမ်ားအျပားလည္း ႏိုင္ငံတစ္ဝန္း ရွိလို႔ေနသည္။ ႏိုင္ငံအတြင္း၌ ရန္ကုန္တိုင္း၊ ဧရာဝ တီတိုင္းႏွင့္ ေနျပည္ေတာ္တို႔မွလြဲ၍ အျခားေသာ ျပည္နယ္ႏွင့္တိုင္းမ်ားတြင္ စစ္ေရးပဋိပကၡမ်ားျဖစ္ပြားေနလ်က္ရွိသည္။ ျပည္သူလူထုပိုင္ေနအိမ္ အေဆာက္အအုံမ်ားကို အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲကာ မီးရႈိ႕ေန ဖ်က္ဆီးေနသူမ်ားမွာ လက္နက္ ကိုင္အဖြဲ႕အစည္းအသီးသီးပင္ ျဖစ္သည္။

“အခုဟာက ႐ြာေတြ႐ြာေတြမွာဆိုရင္ PDF ႐ြာကို ပ်ဴေစာထီးက တိုက္တယ္။ ပ်ဴေစာထီး ႐ြာကို PDF တိုက္တယ္။ ဒါကတစ္ပိုင္း။ ေနာက္တစ္ခါက်ေတာ့ တိုင္းရင္းသားေတြနဲ႔ ဗမာေတြခ်ၾကတယ္။ နယ္ေျမသိမ္းတယ္။ အဲဒီမွာ ၿမိဳ႕ပ်က္ ႀကီးေတြျဖစ္ ၿပီးေတာ့ အားလုံးကအသက္ေဘးလြတ္ရာကိုပဲ ေျပးကုန္ရတယ္။ တခ်ိဳ႕က်ေတာ့လည္း ပါလာတဲ့ေ႐ႊတို ေငြစေလးေတြနဲ႔ပဲ ေရာင္းခ်ၿပီးလုပ္ကိုင္စားေသာက္ ၾကတယ္။ ေနာက္တစ္ခုက ဟိုမွာေနခဲ့တဲ့ ခ်မ္းသာတဲ့ လူတစ္ ေယာက္က ဘာမွမသယ္ႏိုင္ဘဲ ဆင္းရဲသားတစ္ေယာက္လိုျဖစ္ၿပီးေတာ့ လက္လုပ္လက္စားဘဝနဲ႔ လုပ္ကိုင္စားေသာက္ ေနရတာလည္းရွိတယ္” ဟု ဦး ရန္ႏိုင္ဝင္းက ဆိုသည္။

ႏိုင္ငံတစ္ဝန္းျဖစ္ပြားေနသည့္ စစ္ေရး ပဋိပကၡအတြင္း ျမန္မာျပည္သူလူထုသည္ အသက္ေဘးလုကာ ေနရပ္ စြန႔္ခြာစစ္ေဘးေရွာင္ေနရမႈႏွင့္အတူ ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲကာ အၾကမ္းဖက္ သတ္ျဖတ္ခံေနရသည့္ျဖစ္စဥ္သည္ လည္း ေထာင္ႏွင့္ခ်ီကာ ျဖစ္ပြားေနလ်က္ရွိသည္။ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားသည္ ဒလန္သတင္းေပးအပါအဝင္ ေခါင္းစဥ္အမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲကာ အၾကမ္း ဖက္သတ္ျဖတ္မႈေၾကာင့္ အရပ္ သားျပည္သူလူထု (၁၀ဝဝဝ)နီးပါးသည္လည္း ေသဆုံးခဲ့ရၿပီးျဖစ္သည္။ ျမန္မာျပည္သူလူထုသည္ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ စစ္ေဘးဒဏ္ကို အျပင္းအထန္ခံစားေနရမႈႏွင့္ တစ္ၿပိဳင္နက္ ယခု (၂)ႏွစ္တာကာလ အတြင္းတြင္လည္း သဘာဝေဘးဒဏ္ကို အျပင္းအထန္ခံရကာ ပ်က္စီးဆုံးရႈံးမ်ားစြာ ျဖစ္ေပၚခဲ့ရေသးသည္။ ယခု (၂၀၂၄)ခုႏွစ္ စက္တင္ဘာလအတြင္း ျဖစ္ပြားခဲ့သည့္ ရာဂိမုန္တိုင္းေၾကာင့္ လူေနအိမ္၊ စက္႐ုံ၊ လယ္ယာမ်ား ထိခိုက္ပ်က္စီးခဲ့ရၿပီး ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအေနျဖင့္ ေငြက်ပ္ (၂၂၁)ဘီလ်ံရွိခဲ့ သကဲ့သို႔ အစိုးရဌာနဆိုင္ရာအေဆာက္ အအုံမ်ား ထိခိုက္ပ်က္စီးမႈသည္လည္း ေငြက်ပ္ (၂၄၄)ဘီလ်ံ ရွိခဲ့သည္။

အလားတူ (၂၀၂၃) ခုႏွစ္အတြင္း ျဖစ္ပြား ခဲ့ေသာ မိုခါမုန္တိုင္းေၾကာင့္ အရပ္သားျပည္သူလူထု အေနျဖင့္ ေငြက်ပ္(၄၄၃)ဘီလ်ံေက်ာ္ ပ်က္စီးဆုံးရႈံးခဲ့ရသည္။ ထိုသို႔ သဘာဝေဘးဒဏ္ေၾကာင့္ ပ်က္စီး ဆုံးရႈံးခဲ့ရမႈမ်ားကို ျပန္လည္ထူေထာင္ေနစဥ္ ကာလတြင္ပင္ ျပင္းထန္သည့္စစ္ေရးပဋိပကၡမ်ား၏ ဆိုးက်ိဳးမ်ားကိုလည္း တစ္ၿပိဳင္နက္တည္း ခံစားေနရလ်က္ရွိၾကသည္။

ႏိုင္ငံအတြင္း၌ ျပည္သူလူထုၾကားမွ ေပါက္ဖြားလာသည့္ လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီး သည္ ျမန္မာ ျပည္သူလူထု၏ အခက္အခဲအက်ပ္အတည္းမ်ားကို မ်က္ကြယ္ျပဳကာ တိုက္ပြဲမ်ားဆီသို႔ ဆက္လက္ဦးတည္ေန လ်က္ရွိၾကသည္။

ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ အခက္အခဲအက်ပ္အတည္းမ်ားကို ပိုမိုခံစားေနရဖြယ္ရွိသည့္အတြက္ ႏိုင္ငံေတာ္ျပန္လည္တည္ၿငိမ္ေအး ခ်မ္းရန္ လိုလားေနလ်က္ရွိသည္။ လက္နက္ကိုင္ အသီးသီးအေနျဖင့္ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားကို ရပ္တန႔္ရန္၊ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈမ်ား ကိုရပ္စဲရန္ ျပည္သူလူထုကလိုလားေနလ်က္ရွိၾက သည္။ စာနာစိတ္ကင္းမဲ့ကာ ခက္ထန္ၾကမ္းတမ္းေနေသာ လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီး ေအာက္က်ေရာက္ေနသည့္ ျမန္မာျပည္သူလူထု၏ ဘဝမ်ားသည္ ဆက္လက္မေတြးေတာဝံ့စရာပင္ျဖစ္ေနသည္။

‘‘ၿငိမ္းခ်မ္းေရးကို အေျဖရွာဖို႔ပဲလိုတယ္။ ၿငိမ္းခ်မ္းေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုရင္ ေသနတ္ ကိုင္ေနတဲ့ ကာလပတ္လုံးက ဘယ္လိုမွ အေျဖရွာလို႔ ရမွာမဟုတ္ဘူး။ ၿငိမ္းခ်မ္းခ်င္ရင္ စားပြဲဝိုင္းေပၚကို လာရမယ္။ တိုက္ေန သမွ်ကာလပတ္လုံးက စစ္ပြဲဟာ ပိုျပင္းထန္လာဖို႔ပဲ ရွိတယ္။ အဲဒီေတာ့ စားပြဲေပၚမွာ ညႇိႏႈိင္းရမယ္။ ညႇိႏႈိင္းမယ္ဆိုရင္ အေပးအယူနဲ႔ သြားရမယ္” ဟု ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီမွ ဒုဥကၠ႒က ေျပာသည္။

Related news

© 2021. All rights reserved.