အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားရူပီယာ(၈)ဘီလျံကျော်တန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေးများ လှူဒါန်း
379
ယွန်း (NP News) - ဒီဇင်ဘာ ၂၂
အင်ဒိုနီးရှားအစိုးရက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားရူပီယာ(၈)ဘီလျံကျော် တန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေးများ လှူဒါန်းခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် အင်ဒိုနီးရှားရူပီယာ ၈ ဒသမ ၇ ဘီလျံတန်ဖိုးရှိ ပိုလီယိုရောဂါကာကွယ်ဆေး (bOPV) ၂ ဒသမ ၇၁၆ သန်း doses သည် ဒီဇင်ဘာ(၂၁)ရက်၊ နံနက် ၉ နာရီခွဲတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရ သည်။
အဆိုပါပိုလီယိုရောဂါကာကွယ်ဆေးများကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Director of South East Asia Affairs Mr. Mirza Nurhidayat နှင့် မြန်မာနိုင်ငံဆိုင်ရာအင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr.M.Arif Hidayatullah တို့က သက်ဆိုင်ရာတာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး ကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) သို့ အအေးလမ်းကြောင်းမပျက် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း နစကမှ ဆိုထားသည်။
၎င်းကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲမှ ဆောင်ရွက်လျက်ရှိသည့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးအစီအစဉ်အပါအဝင် ကာကွယ်ဆေး ထပ်မံတိုက်ကျွေးပေးရန်လိုအပ်သည့် ကလေးငယ်များအတွက် ဆောင်ရွက်မည့် အမျိုးသားကာကွယ်ဆေးတိုက်ကျွေးရေးနေ့များအတွက်လည်းကောင်း အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
အင္ဒိုနီးရွားအစိုးရက ျမန္မာႏိုင္ငံသို႔ အင္ဒိုနီးရွား႐ူပီယာ(၈)ဘီလ်ံေက်ာ္တန္ဖိုးရွိ ပိုလီယိုေရာဂါကာကြယ္ေဆးမ်ား လႉဒါန္း
ယြန္း (NP News) - ဒီဇင္ဘာ ၂၂
အင္ဒိုနီးရွားအစိုးရက ျမန္မာႏိုင္ငံသို႔ အင္ဒိုနီးရွား႐ူပီယာ(၈)ဘီလ်ံေက်ာ္ တန္ဖိုးရွိ ပိုလီယိုေရာဂါကာကြယ္ေဆးမ်ား လႉဒါန္းခဲ့ေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အင္ဒိုနီးရွားသမၼတႏိုင္ငံအစိုးရက ျမန္မာႏိုင္ငံသို႔လႉဒါန္းသည့္ အင္ဒိုနီးရွား႐ူပီယာ ၈ ဒသမ ၇ ဘီလ်ံတန္ဖိုးရွိ ပိုလီယိုေရာဂါကာကြယ္ေဆး (bOPV) ၂ ဒသမ ၇၁၆ သန္း doses သည္ ဒီဇင္ဘာ(၂၁)ရက္၊ နံနက္ ၉ နာရီခြဲတြင္ ေလေၾကာင္းခရီးစဥ္ျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရ သည္။
အဆိုပါပိုလီယိုေရာဂါကာကြယ္ေဆးမ်ားကို အင္ဒိုနီးရွားႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ Director of South East Asia Affairs Mr. Mirza Nurhidayat ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာအင္ဒိုနီးရွားသံ႐ုံးမွ သံ႐ုံးယာယီတာဝန္ခံ Mr.M.Arif Hidayatullah တို႔က သက္ဆိုင္ရာတာဝန္ရွိသူမ်ားထံေပးအပ္ခဲ့ၿပီး ကာကြယ္ေဆးမ်ားကို ဗဟိုကာကြယ္ေဆးသိုေလွာင္အေအးခန္း (ရန္ကုန္) သို႔ အေအးလမ္းေၾကာင္းမပ်က္ ဆက္လက္ပို႔ေဆာင္ခဲ့ေၾကာင္း နစကမွ ဆိုထားသည္။
၎ကာကြယ္ေဆးမ်ားကို က်န္းမာေရးဝန္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာန တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္းဌာနခြဲမွ ေဆာင္႐ြက္လ်က္ရွိသည့္ ပုံမွန္ကာကြယ္ေဆးထိုးႏွံတိုက္ေကြၽးေရးအစီအစဥ္အပါအဝင္ ကာကြယ္ေဆး ထပ္မံတိုက္ေကြၽးေပးရန္လိုအပ္သည့္ ကေလးငယ္မ်ားအတြက္ ေဆာင္႐ြက္မည့္ အမ်ိဳးသားကာကြယ္ေဆးတိုက္ေကြၽးေရးေန႔မ်ားအတြက္လည္းေကာင္း အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။