လက်နက်ကိုင်ပေါင်းစုံ အတွင်း / အပြင် ပတ်လည်ဝိုင်းနေသော မူဆယ်မြို့က ပြည်သူလူထုများ (အင်တာဗျူး)
446
သုတကျော် (NP News) - ဒီဇင်ဘာ ၂၂
မူဆယ်မြို့သည် လက်ရှိတွင် ပင်လယ်ပြင်ထဲမှ ကျွန်းတစ်ကျွန်းနှင့် အလားသဏ္ဌာန်တူသော အခြေအနေကို ဆိုက်ရောက်နေသည်။ အဘယ်ကြောင့်ဆိုသော် မြို့၏ပတ်ချာလည်တွင် လက်နက်ကိုင်အဖွဲ့များကဝန်းရံနေပြီး ထွက်ပေါက်များကို ပိတ်ထားသောကြောင့်ဖြစ်သည်။ တစ်ချိန် တည်းမှာပင် မြို့ပေါ်တွင်လည်း အဖွဲ့ပေါင်းစုံက ခြေရှုပ်နေ၏။ ကုန်ဈေးနှုန်းကလည်း ခေါင် ခိုက်နေသည်။ ထိုမျှ သာမက လုံခြုံရေးအတွက်လည်း ဒေသခံများအနေဖြင့် ပေါက်တော့မည့် ဗုံးတစ်လုံးပေါ် တက်ထိုင်နေရ သကဲ့သို့ ခံစားနေရကာ မည်သည့်အချိန်တွင်စစ်ပွဲစတင်လာမည်နည်းဟု စိုးရိမ်စိတ်လည်းမြင့်တက် နေသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မူဆယ်မြို့ခံတစ်ဦးထံ NP News မှ မေးမြန်းထား သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - လက်ရှိ မူဆယ်မြို့အခြေအနေကြောင်း မမေးခင် ကျားဖျန့်တွေဖမ်းနေတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေကို အရင်ပြောပြပေးပါလား။ ပြီးခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်မှု ဖြစ်သေးတယ်ဆို။
ဖြေ - ကျားဖြန့်တွေ ဖမ်းနေတယ်။ ဟိုတစ်နေ့က မြို့မပြည်သူ့စစ်နဲ့ ဟေမိုးလုံနဲ့ပစ်တာ။ မြို့မက ဖမ်းတဲ့ အထဲပါတယ်။ အဲဒီမှာ ပစ်ခတ်မှုဖြစ်တာပါ။
မေး - မူဆယ်က ကျားဖျန့်တွေကို နှိမ်နင်းတဲ့အခြေအနေကို သိပါရစေ။
ဖြေ - အခုကတော့ တော်တော် လိုက်ဖမ်းနေတာပဲ။ ပြန်ပြီးတော့လေ။ ပိုက်စိပ်တိုက် လိုက်ဖမ်းနေတယ်။ ဒီကောင်တွေကလည်း ခုခံတယ်။ ဟိုနေ့ (ဒီဇင်ဘာလ ၁၆ ရက်) က ပြန်ခုခံလို့ ဖြစ်ကြတာ။
မေး - ကျားဖျန့်တွေက ပြန်တိုက်ခိုက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ။
ဖြေ - ကျွန်တော်တို့ ဟိုပြည်သူ့စစ်တွေကို ငှားတာပေါ့။ ပြည်သူ့စစ်တွေကို လစာပေးပြီး ကျားဖျန့်တွေက ငှားထားတာ။ အကုန်လုံးက ဆက်စပ်နေတာပဲ။
မေး - ကျားဖျန့်တွေကကော လျော့သွားလား။
ဖြေ - တစ်နေရာ ဖမ်းလိုက် သူတို့က တစ်နေရာ ပြောင်းသွားလိုက် ဖမ်းမကုန်ဖြစ်နေတာ။ အများကြီး မှအများကြီးပဲ သိန်းပိုင်းအထိရှိတယ်။ ဒီအတိုင်း အွန် လိုင်းငွေလိမ်တာမှာ တရုတ်ပြည်မထဲကို အင်တာနက် ကနေ လိမ်တာပါ။
မေး - မြို့ရဲ့အခြေအနေက ဒီကာလတွေမှာ တိုးတက်၊ ဆုတ်ယုတ်အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ - တိုးတက်တာတော့ မရှိပါဘူး။ ဒီမှာ စက်သုံးဆီ ကခက်၊ စားသောက်ကုန်တွေကခက်။ အဲဒီလို ဖြစ်နေတယ်။ ဒီမှာက ငရုတ်သီးတစ်ပိဿာကို သုံးသောင်းကျော်နေပြီ။
မေး - ဘာလို့ ကုန်စည်တွေက ဈေးကြီးသွားရတာလဲ။
ဖြေ - တရုတ်ဘက်ကပဲ လာတော့တာလေ။ မြန်မာပြည်ဘက်က မပို့နိုင်တော့ဘူး။ တရုတ်ဘက်ကလည်း အကန့်အသတ်နဲ့ဆိုတော့ ဒုက္ခရောက်တာပေါ့။
မေး - နယ်စပ် ဂိတ်ပေါက်တွေ ဖွင့်တော့ ပြည်သူတွေ အဆင်ပြေကြလား ဘယ်လိုအခြေအနေရှိလဲ။
ဖြေ - အခုတော့ပြန်ပြီးတော့ နည်းနည်း ကုန်လေး တွေတိုက်နေရတော့ အဆင်ပြေတာပေါ့။ တရုတ်ထဲ ကနေ စားသောက်ကုန်တွေ ပြန်သယ်ပေါ့။ ကားတွေဆိုင်ကယ်တွေနဲ့ သယ်ရတာပေါ့။
မေး - မူဆယ်မြို့မှာနေတဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိတယ်လို့ ခံစားရလား။
ဖြေ - အဲဒါကတော့ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ မပြောတတ်ဘူး။ ကြိုခန့်မှန်းမရတဲ့အနေအထား ဖြစ် နေတယ်။ ဘယ်သူက ဘာမှန်းမသိဘူးဖြစ်နေတာ။ ဒါကြောင့် စိုးရိမ်မှုတွေကမြင့်တက်နေတဲ့အနေ အထားဖြစ်နေတာပါ။ မနက်ဖြန်ဘာဖြစ်မလဲဆိုတာ မသိတဲ့အခြေအနေလို့ ပြောရမယ့်အနေအထားပါ။
မေး - မြို့ထဲကိုကော တခြားလက်နက်ကိုင်အဖွဲ့အ စည်းတွေ စိမ့်ဝင်တာမြင်ရလား။
ဖြေ - ဒီအတိုင်း သွားလာလှုပ်ရှားနေတာ ရှိတာပေါ့။ အရပ်ဝတ်နဲ့ပါပဲ။ ရှိတယ်။ အများကြီးကို အဖွဲ့စုံ ရှိနေ တာပါ။ အဖွဲ့စုံ လှုပ်ရှားနေတာပါ။ ဒါကလည်း အရင် ကတည်းက ရှိနေတာပေါ့။ သူတို့က ဒီလိုပဲသူလို ကိုယ်လို ရှိနေတာပေါ့။ ရှိနေတော့ ခွဲခြားဖို့ခက်တဲ့ အနေအထားပါ။
မေး - မြို့ဟာ စစ်ပွဲ ကြားကာလမှာ ထင်ထင်ရှားရှား မတိုးတက်ဘဲ ဆုတ်ယုတ်တဲ့အနေအထားနဲ့ ဒီအ တိုင်း ရှိနေတာလား။
ဖြေ - ဟုတ်ပါတယ် အဲဒီအတိုင်း ရှိနေတာပါ။
မေး - လက်ရှိ မူဆယ်ရဲ့ကုန်သွယ်ရေးက လုံးဝ ရပ်တန့်သွားပြီလား။
ဖြေ - လုံးဝကို ရပ်တန့်သွားပြီ။ ဟိုဘက်ဒီဘက် အကုန်ပိတ်ထားတာ။ ဟိုဘက်ကလည်း ဒီဘက်က ဟာကို အဝင်မခံဘူး။ ဟိုဘက်အဖွဲ့ကလည်း ဒီဘက်က သွားတဲ့ဟာကို အထွက်မခံဘူး ဖြစ်နေတာ။
မေး - ဟိုဘက်က ဆိုတာက။
ဖြေ - လက်နက်ကိုင် အဖွဲ့တွေပါ။
မေး - မြို့က လူတွေကကော တိမ်းရှောင်တာရှိလား။
ဖြေ - ရှိပါတယ်။ ရွှေလီ၊ ကျယ်ခေါင်ထဲမှာ နေနေတဲ့သူတွေ များတယ်။ ညအိပ်နေ့ပြန်ပေါ့။
မေး - တကယ်တမ်း မူဆယ်မှာတိုက်ပွဲဖြစ်ရင် ဘယ် လိုအခြေအနေဖြစ်နိုင်လဲ။
ဖြေ - ပိတ်သွားမှာ။ အကုန်ပိတ်မှာ။ ကျွန်တော်တို့က အပိတ်ကြီး ဖြစ်နေတာ။ အထဲရောက်နေတဲ့ သူတော့ ကံကောင်းမှာပေါ့ဗျာ။ ကျွန်တော်တို့ ပန်ဝါဘက်လား အဲဒီဘက်လိုမျိုးပဲ။ တရုတ်ဘက်က တန်းပိတ်မှာလေ။ ပြည်သူတွေအနေနဲ့ကတော့ ထွက်ပေါက်ပိတ်တဲ့ အနေအထားကို ရောက်သွားမှာ အစ်ကို။
မေး - မြို့မှာ တိုက်ပွဲဖြစ်ရင် ဆိုးဆိုးရွားရွားပျက်စီး ဆုံးရှုံးစရာတွေရှိလား။
ဖြေ - ရှိတယ် အများကြီးပဲ။ ဘာသာရေး အဆောက် အအုံတွေ၊ ရုံးအဆောက်အအုံတွေရယ်၊ ဘဏ်တွေ ရယ် အများကြီးရှိတာ။ လားရှိုးလိုပါပဲ။
မေး - မူဆယ်မှာ ဘဏ်တွေကော အလုပ်လုပ်လား။
ဖြေ - အလုပ်လုပ်ပါသေးတယ်။ မြို့ကတော့ ပုံမှန် အတိုင်းတော့ လည်ပတ်နေတယ်။ ဒါပေမဲ့ ဘယ် အချိန် ထကွဲမှန်းမသိတဲ့ ဗုံးလိုမျိုးကြောက်နေကြရတာ။
မေး - ရန်ကုန်ကနေ မူဆယ်ကိုလာမယ်၊ မူဆယ် ကနေ ရန်ကုန်ကိုလာမယ်ဆိုရင် အဆင်ပြေနိုင်သေး လား။
ဖြေ - ဘယ်ပြေမလဲ။ လမ်းမှာ အစ်ကိုကလည်း ဂိတ် ပေါင်းမြောက်မြားစွာလေ။ ဟိုတစ်ရက်ကပဲ ခြောက် ယောက် အသတ်ခံရတယ်။ မန္တလေးကနေ မူဆယ်ကို တက်လာတဲ့ အရပ်သားတွေ အသတ်ခံရတာပါ။
မေး - ဘယ်အဖွဲ့က လုပ်တာလဲ။
ဖြေ - လမ်းမှာက PDF တွေ ရှိတယ်လေ။
မေး - အခုကတော့ မြို့ရဲ့ အကြောင်းမေးတာပါ။ မြို့မှာက ဘယ်လူမျိုးတွေ အဓိကနေကြပါသလဲ။
ဖြေ - ရှမ်း၊ ပလောင်၊ ဗမာပေါ့။ ရခိုင်လည်း ရှိတယ်။ သုံးအုပ်စုကတော့ အများပေါ့။ စည်းလုံးတာတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးအရပဲ ဆက် ဆံကြတာပါ။ လူမျိုးရေး ခွဲခြားတာမျိုးတော့မရှိဘူး။
မေး - မြို့ခံတွေဟာ နေ့တိုင်းမှာ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေရတာလား။
ဖြေ - ဟုတ်တယ် အစ်ကို။ ဒီမှာက ခိုးဆိုးလုနှိုက် တွေလည်းရှိတယ်။ ပြန်ပေးဆွဲတဲ့ဟာတွေလည်း ရှိ တယ်။ ဒါကြောင့်မို့လို့ လုံခြုံမှုအခြေအနေကလည်း စိုးရိမ်စရာဖြစ်နေတာပေါ့။ အဖွဲ့တွေကလည်း များ တော့ ဘယ်သူလုပ်တယ်ဆိုတာမျိုးက ပြောရခက်တယ်။
မေး - ခိုးဆိုးလုနှိုက်တို့ ပြန်ပေးဆွဲတို့က များလာတာလား။
ဖြေ - ပြောရမယ်ဆိုရင် မူးယစ်ဆေးသုံးတဲ့သူက များတယ်လေ။ အလုပ်မရှိ၊ အကိုင်မရှိတွေ၊ ရွှေလီ ကျယ်ခေါင်ကနေ အထောက်အထားမရှိတာတွေကို ပြန်လွှတ်တာရှိတယ်။ အဲဒီဟာတွေကြောင့်ပါ။
မေး - အာဏာပိုင်တွေက သူတို့ကိုထိန်းချုပ်ဖို့ ကြိုး စားရာမှာ ဘယ်လိုအခက်အခဲတွေကြုံကြရလဲ။
ဖြေ - ဒီမှာက ပြည်သူစစ်ပေါင်းစုံရှိတယ်။ လက်နက် ကိုင်ပေါင်းစုံရှိတယ်။ ထိန်းကျောင်းမနိုင်ဘူးဖြစ်နေ တာ မထိန်းနိုင်ဘူး။
မေး - မူဆယ်က အရင်တုန်းက စီးပွားရေးအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ - အရင်တုန်းက ကုန်သွယ်ရေးတွေဖွင့်တုန်းကတော့ မူဆယ် စီးပွားရေးကရှယ်ပေါ့။ အခုကတော့ အဲဒီလောက် အဆင်မပြေတော့ဘူး။ အရင်တုန်းက တော့ ကုန်သွယ်ရေးရှိပြီး တရုတ်နဲ့ ပို့ကုန်၊ သွင်းကုန် ရှိတော့ အဆင်ပြေတယ်။ အခုကဘာမှမရှိဘူး ဖြစ်နေ တာ။ ဒီအတိုင်း ထိုင်နေရတာပေါ့။
မေး - မူဆယ်က ငွေကြေးချမ်းသာသူတွေကကော မြို့မှာရှိသေးလား။
ဖြေ - မန္တလေးမှာ နေကြတယ်။ သူတို့ကတော့ ရှောင် သွားကြပြီ။
မေး - မြို့ကလူတွေကကော စစ်ပွဲအတွက် ကြိုပြင် တာမြင်ရလား။
ဖြေ - မရှိဘူး ခင်ဗျ။ ဖြစ်လာရင်တော့ (တရုတ်ဘက်) ပြေးဝင်မှာပဲ။ ဒါပဲရှိတာကိုး။ ပြည်သူတွေအနေနဲ့ ဒီ အတွက်တော့ ပြင်ဆင်ထားကြတယ်။ ဒါကိုတော့ မြင်ရပါတယ်။
မေး - ဖုန်းလိုင်းအခြေအနေကကော ဘယ်လို ရှိပါသလဲ။
ဖြေ- အခု လတ်တလော ပြန်ကောင်းနေတယ်။ အော်ရီဒူးနဲ့မိုင်တဲပေါ့။ အင်တာနက်ကတော့ အော်ရီဒူးကောင်းနေတယ်။
မေး - ကုန်ဈေးနှုန်း တက်တယ်လို့ ခုနကအစ်ကို ပြောခဲ့တဲ့အခါ ဈေးတွေကိုပြောပြပေးပါဦး။
ဖြေ - ဆန်တစ်အိတ်ကို ငါးသိန်းကျော်ပြီ။ ဆန်ပြုတ် သောက်တဲ့ အထိတော့ အခြေအနေမဆိုးသေးပါဘူး ခင်ဗျာ။ ဒေသဆန်တော့ ရှိတယ်လေ။ သူက တစ် အိတ်သုံးသိန်းကျော်တယ်။
မေး - မူဆယ်မြို့နယ်ဘက်တွေမှာ ဘယ်အဖွဲ့တွေ ရှိနေလဲ။
ဖြေ - (၁၀၅) မိုင်ဆိုရင် MNDAA ရှိတယ်။ AA ရှိတယ်။ TNLA ရှိမယ်။ ပြီးတော့ ကချင် KIA ရှိမယ်။ ရံထားသလိုကို ဖြစ်နေတာ။
မေး - မြို့ကိုရံထားတဲ့ အဖွဲ့တွေကကော သင့်မြတ်ကြလား။ ပြဿနာရှိလား။
ဖြေ - ပြဿနာကတော့ ရှိတယ်။ KIA နဲ့ TNLA ပြဿနာတက်နေကြတာ ရှိပါတယ်။ နယ်မြေ အငြင်း ပွားတာပေါ့။
မေး - ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုခံစားနေရသလဲ။
ဖြေ - စိတ်တအား ကျဉ်းကျပ်တယ်။ စိတ်လုံခြုံမှု မရှိဘူး။ ဘာဖြစ်နေလဲဆိုတော့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်နေရတာပါ။ ကျွန်တော်တို့က တစ်ခုခုဖြစ်ရင် ကော ဆိုတဲ့စိတ်က အမြဲစိုးမိုးနေတာပါ့။
မေး - ကားဘီးပေါက်သံလိုမျိုးဟာ ကြားရင်တောင် လန့်တယ်ဆိုတဲ့ စိတ်မျိုးဖြစ်နေပြီလား။
ဖြေ - အဲဒီလိုကတော့ မလန့်တော့ဘူးအစ်ကို။ ဘာလို့လဲဆိုတော့ ဒီမှာကတော့ ကြားနေရတာပဲ။
မေး - မူဆယ်မှာ ပစ်ခတ်မှုတွေများနေတယ်ဆိုတဲ့ သဘောလား။
ဖြေ - ဟုတ်တယ် အစ်ကို။ ပစ်တာတော့ ပစ်နေတာပဲ။
မေး - ပြည်သူတွေအနေနဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေးက အဓိကပူပန်စရာဖြစ်နေလား။
ဖြေ - ဟုတ်တယ် စားဝတ်နေရေးရယ်၊ လုံခြုံရေးရယ်၊ ခရီးသွားလာရေးရယ်ပါ အစ်ကို။ ဒီကာလတွေက လက်ရှိ မူဆယ်ပြည်သူတွေအတွက် အခက်အခဲတွေပါ။
မေး - မူဆယ်ကလူတွေ ခရီးမသွားရတာ ဘယ်လောက်ကြာပြီလဲ။
ဖြေ - တစ်နှစ်လောက်ရှိပြီ။ ခရီးသွားလို့မရဘူး ဖြစ်နေတာခင်ဗျ။
မေး - ကျဉ်းထဲကျပ်ထဲ ဖြစ်နေတာပေါ့။
ဖြေ - လမ်းခရီးကတော့ အသုံးပြုလို့လည်း မရဘူး။ သွားလာလို့လည်း မရဘူး။ ရဟတ်ယာဉ် ချပေးမှပဲရမှာ။
မေး - ပြည်သူတစ်ယောက်အနေနဲ့ မြို့ကိုလာ တိုက်မယ့်အဖွဲ့က ဘယ်အဖွဲ့ဖြစ်မယ်ထင်လဲ။
ဖြေ - KIA ထင်တယ်။ သူတို့က မူဆယ်ကို အဓိက လိုချင်တာ။ ထိန်းထားလို့သာ ကျန်နေတာလေ။ ထိန်း ထားရဲ့သားနဲ့ ပန်ဝါတို့ဘက်တောင် ဖြစ်သွားသေးတာပဲ။
မေး - လားရှိုးဖြစ်စဉ်မှာ ဒေသခံတွေဟာ တိုက်ပွဲဖြစ်တော့ ရှောင်တိမ်းချိန်ရတယ်လေ။ မူဆယ်ကော ရှောင်နိုင်ပါ့မလား။
ဖြေ - တကယ်တမ်း ဖြစ်ရင်တော့ မရလောက်ဘူး။ လားရှိုးက ထွက်ပေါက်ရှိတယ်။ ဒီမှာကတော့ ထွက် ပေါက်က မရှိတော့ပါဘူး။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။
zawgyi version
လက္နက္ကိုင္ေပါင္းစုံ အတြင္း / အျပင္ ပတ္လည္ဝိုင္းေနေသာ မူဆယ္ၿမိဳ႕က ျပည္သူလူထုမ်ား (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၂
မူဆယ္ၿမိဳ႕သည္ လက္ရွိတြင္ ပင္လယ္ျပင္ထဲမွ ကြၽန္းတစ္ကြၽန္းႏွင့္ အလားသဏၭာန္တူေသာ အေျခအေနကို ဆိုက္ေရာက္ေနသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၿမိဳ႕၏ပတ္ခ်ာလည္တြင္ လက္နက္ကိုင္အဖြဲ႕မ်ားကဝန္းရံေနၿပီး ထြက္ေပါက္မ်ားကို ပိတ္ထားေသာေၾကာင့္ျဖစ္သည္။ တစ္ခ်ိန္ တည္းမွာပင္ ၿမိဳ႕ေပၚတြင္လည္း အဖြဲ႕ေပါင္းစုံက ေျခရႈပ္ေန၏။ ကုန္ေဈးႏႈန္းကလည္း ေခါင္ ခိုက္ေနသည္။ ထိုမွ် သာမက လုံၿခဳံေရးအတြက္လည္း ေဒသခံမ်ားအေနျဖင့္ ေပါက္ေတာ့မည့္ ဗုံးတစ္လုံးေပၚ တက္ထိုင္ေနရ သကဲ့သို႔ ခံစားေနရကာ မည္သည့္အခ်ိန္တြင္စစ္ပြဲစတင္လာမည္နည္းဟု စိုးရိမ္စိတ္လည္းျမင့္တက္ ေနသည္။ အဆိုပါ အေျခအေနမ်ားႏွင့္ ပတ္သက္၍ မူဆယ္ၿမိဳ႕ခံတစ္ဦးထံ NP News မွ ေမးျမန္းထား သည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - လက္ရွိ မူဆယ္ၿမိဳ႕အေျခအေနေၾကာင္း မေမးခင္ က်ားဖ်န႔္ေတြဖမ္းေနတယ္လို႔ သိရပါတယ္။ အဲဒီ အေျခအေနကို အရင္ေျပာျပေပးပါလား။ ၿပီးခဲ့တဲ့ရက္ပိုင္းက ပစ္ခတ္မႈ ျဖစ္ေသးတယ္ဆို။
ေျဖ - က်ားျဖန႔္ေတြ ဖမ္းေနတယ္။ ဟိုတစ္ေန႔က ၿမိဳ႕မျပည္သူ႔စစ္နဲ႔ ေဟမိုးလုံနဲ႔ပစ္တာ။ ၿမိဳ႕မက ဖမ္းတဲ့ အထဲပါတယ္။ အဲဒီမွာ ပစ္ခတ္မႈျဖစ္တာပါ။
ေမး - မူဆယ္က က်ားဖ်န႔္ေတြကို ႏွိမ္နင္းတဲ့အေျခအေနကို သိပါရေစ။
ေျဖ - အခုကေတာ့ ေတာ္ေတာ္ လိုက္ဖမ္းေနတာပဲ။ ျပန္ၿပီးေတာ့ေလ။ ပိုက္စိပ္တိုက္ လိုက္ဖမ္းေနတယ္။ ဒီေကာင္ေတြကလည္း ခုခံတယ္။ ဟိုေန႔ (ဒီဇင္ဘာလ ၁၆ ရက္) က ျပန္ခုခံလို႔ ျဖစ္ၾကတာ။
ေမး - က်ားဖ်န႔္ေတြက ျပန္တိုက္ခိုက္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ။
ေျဖ - ကြၽန္ေတာ္တို႔ ဟိုျပည္သူ႔စစ္ေတြကို ငွားတာေပါ့။ ျပည္သူ႔စစ္ေတြကို လစာေပးၿပီး က်ားဖ်န႔္ေတြက ငွားထားတာ။ အကုန္လုံးက ဆက္စပ္ေနတာပဲ။
ေမး - က်ားဖ်န႔္ေတြကေကာ ေလ်ာ့သြားလား။
ေျဖ - တစ္ေနရာ ဖမ္းလိုက္ သူတို႔က တစ္ေနရာ ေျပာင္းသြားလိုက္ ဖမ္းမကုန္ျဖစ္ေနတာ။ အမ်ားႀကီး မွအမ်ားႀကီးပဲ သိန္းပိုင္းအထိရွိတယ္။ ဒီအတိုင္း အြန္ လိုင္းေငြလိမ္တာမွာ တ႐ုတ္ျပည္မထဲကို အင္တာနက္ ကေန လိမ္တာပါ။
ေမး - ၿမိဳ႕ရဲ႕အေျခအေနက ဒီကာလေတြမွာ တိုးတက္၊ ဆုတ္ယုတ္အေျခအေနက ဘယ္လိုရွိပါသလဲ။
ေျဖ - တိုးတက္တာေတာ့ မရွိပါဘူး။ ဒီမွာ စက္သုံးဆီ ကခက္၊ စားေသာက္ကုန္ေတြကခက္။ အဲဒီလို ျဖစ္ေနတယ္။ ဒီမွာက င႐ုတ္သီးတစ္ပိႆာကို သုံးေသာင္းေက်ာ္ေနၿပီ။
ေမး - ဘာလို႔ ကုန္စည္ေတြက ေဈးႀကီးသြားရတာလဲ။
ေျဖ - တ႐ုတ္ဘက္ကပဲ လာေတာ့တာေလ။ ျမန္မာျပည္ဘက္က မပို႔ႏိုင္ေတာ့ဘူး။ တ႐ုတ္ဘက္ကလည္း အကန႔္အသတ္နဲ႔ဆိုေတာ့ ဒုကၡေရာက္တာေပါ့။
ေမး - နယ္စပ္ ဂိတ္ေပါက္ေတြ ဖြင့္ေတာ့ ျပည္သူေတြ အဆင္ေျပၾကလား ဘယ္လိုအေျခအေနရွိလဲ။
ေျဖ - အခုေတာ့ျပန္ၿပီးေတာ့ နည္းနည္း ကုန္ေလး ေတြတိုက္ေနရေတာ့ အဆင္ေျပတာေပါ့။ တ႐ုတ္ထဲ ကေန စားေသာက္ကုန္ေတြ ျပန္သယ္ေပါ့။ ကားေတြဆိုင္ကယ္ေတြနဲ႔ သယ္ရတာေပါ့။
ေမး - မူဆယ္ၿမိဳ႕မွာေနတဲ့ လူတစ္ေယာက္အေနနဲ႔ ကိုယ့္ကိုယ္ကိုယ္ လုံၿခဳံမႈရွိတယ္လို႔ ခံစားရလား။
ေျဖ - အဲဒါကေတာ့ ဘယ္အခ်ိန္ ဘာျဖစ္မယ္ဆိုတာ မေျပာတတ္ဘူး။ ႀကိဳခန႔္မွန္းမရတဲ့အေနအထား ျဖစ္ ေနတယ္။ ဘယ္သူက ဘာမွန္းမသိဘူးျဖစ္ေနတာ။ ဒါေၾကာင့္ စိုးရိမ္မႈေတြကျမင့္တက္ေနတဲ့အေန အထားျဖစ္ေနတာပါ။ မနက္ျဖန္ဘာျဖစ္မလဲဆိုတာ မသိတဲ့အေျခအေနလို႔ ေျပာရမယ့္အေနအထားပါ။
ေမး - ၿမိဳ႕ထဲကိုေကာ တျခားလက္နက္ကိုင္အဖြဲ႕အ စည္းေတြ စိမ့္ဝင္တာျမင္ရလား။
ေျဖ - ဒီအတိုင္း သြားလာလႈပ္ရွားေနတာ ရွိတာေပါ့။ အရပ္ဝတ္နဲ႔ပါပဲ။ ရွိတယ္။ အမ်ားႀကီးကို အဖြဲ႕စုံ ရွိေန တာပါ။ အဖြဲ႕စုံ လႈပ္ရွားေနတာပါ။ ဒါကလည္း အရင္ ကတည္းက ရွိေနတာေပါ့။ သူတို႔က ဒီလိုပဲသူလို ကိုယ္လို ရွိေနတာေပါ့။ ရွိေနေတာ့ ခြဲျခားဖို႔ခက္တဲ့ အေနအထားပါ။
ေမး - ၿမိဳ႕ဟာ စစ္ပြဲ ၾကားကာလမွာ ထင္ထင္ရွားရွား မတိုးတက္ဘဲ ဆုတ္ယုတ္တဲ့အေနအထားနဲ႔ ဒီအ တိုင္း ရွိေနတာလား။
ေျဖ - ဟုတ္ပါတယ္ အဲဒီအတိုင္း ရွိေနတာပါ။
ေမး - လက္ရွိ မူဆယ္ရဲ႕ကုန္သြယ္ေရးက လုံးဝ ရပ္တန႔္သြားၿပီလား။
ေျဖ - လုံးဝကို ရပ္တန႔္သြားၿပီ။ ဟိုဘက္ဒီဘက္ အကုန္ပိတ္ထားတာ။ ဟိုဘက္ကလည္း ဒီဘက္က ဟာကို အဝင္မခံဘူး။ ဟိုဘက္အဖြဲ႕ကလည္း ဒီဘက္က သြားတဲ့ဟာကို အထြက္မခံဘူး ျဖစ္ေနတာ။
ေမး - ဟိုဘက္က ဆိုတာက။
ေျဖ - လက္နက္ကိုင္ အဖြဲ႕ေတြပါ။
ေမး - ၿမိဳ႕က လူေတြကေကာ တိမ္းေရွာင္တာရွိလား။
ေျဖ - ရွိပါတယ္။ ေ႐ႊလီ၊ က်ယ္ေခါင္ထဲမွာ ေနေနတဲ့သူေတြ မ်ားတယ္။ ညအိပ္ေန႔ျပန္ေပါ့။
ေမး - တကယ္တမ္း မူဆယ္မွာတိုက္ပြဲျဖစ္ရင္ ဘယ္ လိုအေျခအေနျဖစ္ႏိုင္လဲ။
ေျဖ - ပိတ္သြားမွာ။ အကုန္ပိတ္မွာ။ ကြၽန္ေတာ္တို႔က အပိတ္ႀကီး ျဖစ္ေနတာ။ အထဲေရာက္ေနတဲ့ သူေတာ့ ကံေကာင္းမွာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ ပန္ဝါဘက္လား အဲဒီဘက္လိုမ်ိဳးပဲ။ တ႐ုတ္ဘက္က တန္းပိတ္မွာေလ။ ျပည္သူေတြအေနနဲ႔ကေတာ့ ထြက္ေပါက္ပိတ္တဲ့ အေနအထားကို ေရာက္သြားမွာ အစ္ကို။
ေမး - ၿမိဳ႕မွာ တိုက္ပြဲျဖစ္ရင္ ဆိုးဆိုး႐ြား႐ြားပ်က္စီး ဆုံးရႈံးစရာေတြရွိလား။
ေျဖ - ရွိတယ္ အမ်ားႀကီးပဲ။ ဘာသာေရး အေဆာက္ အအုံေတြ၊ ႐ုံးအေဆာက္အအုံေတြရယ္၊ ဘဏ္ေတြ ရယ္ အမ်ားႀကီးရွိတာ။ လားရႈိးလိုပါပဲ။
ေမး - မူဆယ္မွာ ဘဏ္ေတြေကာ အလုပ္လုပ္လား။
ေျဖ - အလုပ္လုပ္ပါေသးတယ္။ ၿမိဳ႕ကေတာ့ ပုံမွန္ အတိုင္းေတာ့ လည္ပတ္ေနတယ္။ ဒါေပမဲ့ ဘယ္ အခ်ိန္ ထကြဲမွန္းမသိတဲ့ ဗုံးလိုမ်ိဳးေၾကာက္ေနၾကရတာ။
ေမး - ရန္ကုန္ကေန မူဆယ္ကိုလာမယ္၊ မူဆယ္ ကေန ရန္ကုန္ကိုလာမယ္ဆိုရင္ အဆင္ေျပႏိုင္ေသး လား။
ေျဖ - ဘယ္ေျပမလဲ။ လမ္းမွာ အစ္ကိုကလည္း ဂိတ္ ေပါင္းေျမာက္ျမားစြာေလ။ ဟိုတစ္ရက္ကပဲ ေျခာက္ ေယာက္ အသတ္ခံရတယ္။ မႏၲေလးကေန မူဆယ္ကို တက္လာတဲ့ အရပ္သားေတြ အသတ္ခံရတာပါ။
ေမး - ဘယ္အဖြဲ႕က လုပ္တာလဲ။
ေျဖ - လမ္းမွာက PDF ေတြ ရွိတယ္ေလ။
ေမး - အခုကေတာ့ ၿမိဳ႕ရဲ႕ အေၾကာင္းေမးတာပါ။ ၿမိဳ႕မွာက ဘယ္လူမ်ိဳးေတြ အဓိကေနၾကပါသလဲ။
ေျဖ - ရွမ္း၊ ပေလာင္၊ ဗမာေပါ့။ ရခိုင္လည္း ရွိတယ္။ သုံးအုပ္စုကေတာ့ အမ်ားေပါ့။ စည္းလုံးတာေတာ့ ရွိတယ္။ ဘာလို႔လဲဆိုေတာ့ စီးပြားေရးအရပဲ ဆက္ ဆံၾကတာပါ။ လူမ်ိဳးေရး ခြဲျခားတာမ်ိဳးေတာ့မရွိဘူး။
ေမး - ၿမိဳ႕ခံေတြဟာ ေန႔တိုင္းမွာ စိုးရိမ္စိတ္ေတြနဲ႔ ရွင္သန္ေနရတာလား။
ေျဖ - ဟုတ္တယ္ အစ္ကို။ ဒီမွာက ခိုးဆိုးလုႏႈိက္ ေတြလည္းရွိတယ္။ ျပန္ေပးဆြဲတဲ့ဟာေတြလည္း ရွိ တယ္။ ဒါေၾကာင့္မို႔လို႔ လုံၿခဳံမႈအေျခအေနကလည္း စိုးရိမ္စရာျဖစ္ေနတာေပါ့။ အဖြဲ႕ေတြကလည္း မ်ား ေတာ့ ဘယ္သူလုပ္တယ္ဆိုတာမ်ိဳးက ေျပာရခက္တယ္။
ေမး - ခိုးဆိုးလုႏႈိက္တို႔ ျပန္ေပးဆြဲတို႔က မ်ားလာတာလား။
ေျဖ - ေျပာရမယ္ဆိုရင္ မူးယစ္ေဆးသုံးတဲ့သူက မ်ားတယ္ေလ။ အလုပ္မရွိ၊ အကိုင္မရွိေတြ၊ ေ႐ႊလီ က်ယ္ေခါင္ကေန အေထာက္အထားမရွိတာေတြကို ျပန္လႊတ္တာရွိတယ္။ အဲဒီဟာေတြေၾကာင့္ပါ။
ေမး - အာဏာပိုင္ေတြက သူတို႔ကိုထိန္းခ်ဳပ္ဖို႔ ႀကိဳး စားရာမွာ ဘယ္လိုအခက္အခဲေတြႀကဳံၾကရလဲ။
ေျဖ - ဒီမွာက ျပည္သူစစ္ေပါင္းစုံရွိတယ္။ လက္နက္ ကိုင္ေပါင္းစုံရွိတယ္။ ထိန္းေက်ာင္းမႏိုင္ဘူးျဖစ္ေန တာ မထိန္းႏိုင္ဘူး။
ေမး - မူဆယ္က အရင္တုန္းက စီးပြားေရးအေျခအေနက ဘယ္လိုရွိလဲ။
ေျဖ - အရင္တုန္းက ကုန္သြယ္ေရးေတြဖြင့္တုန္းကေတာ့ မူဆယ္ စီးပြားေရးကရွယ္ေပါ့။ အခုကေတာ့ အဲဒီေလာက္ အဆင္မေျပေတာ့ဘူး။ အရင္တုန္းက ေတာ့ ကုန္သြယ္ေရးရွိၿပီး တ႐ုတ္နဲ႔ ပို႔ကုန္၊ သြင္းကုန္ ရွိေတာ့ အဆင္ေျပတယ္။ အခုကဘာမွမရွိဘူး ျဖစ္ေန တာ။ ဒီအတိုင္း ထိုင္ေနရတာေပါ့။
ေမး - မူဆယ္က ေငြေၾကးခ်မ္းသာသူေတြကေကာ ၿမိဳ႕မွာရွိေသးလား။
ေျဖ - မႏၲေလးမွာ ေနၾကတယ္။ သူတို႔ကေတာ့ ေရွာင္ သြားၾကၿပီ။
ေမး - ၿမိဳ႕ကလူေတြကေကာ စစ္ပြဲအတြက္ ႀကိဳျပင္ တာျမင္ရလား။
ေျဖ - မရွိဘူး ခင္ဗ်။ ျဖစ္လာရင္ေတာ့ (တ႐ုတ္ဘက္) ေျပးဝင္မွာပဲ။ ဒါပဲရွိတာကိုး။ ျပည္သူေတြအေနနဲ႔ ဒီ အတြက္ေတာ့ ျပင္ဆင္ထားၾကတယ္။ ဒါကိုေတာ့ ျမင္ရပါတယ္။
ေမး - ဖုန္းလိုင္းအေျခအေနကေကာ ဘယ္လို ရွိပါသလဲ။
ေျဖ- အခု လတ္တေလာ ျပန္ေကာင္းေနတယ္။ ေအာ္ရီဒူးနဲ႔မိုင္တဲေပါ့။ အင္တာနက္ကေတာ့ ေအာ္ရီဒူးေကာင္းေနတယ္။
ေမး - ကုန္ေဈးႏႈန္း တက္တယ္လို႔ ခုနကအစ္ကို ေျပာခဲ့တဲ့အခါ ေဈးေတြကိုေျပာျပေပးပါဦး။
ေျဖ - ဆန္တစ္အိတ္ကို ငါးသိန္းေက်ာ္ၿပီ။ ဆန္ျပဳတ္ ေသာက္တဲ့ အထိေတာ့ အေျခအေနမဆိုးေသးပါဘူး ခင္ဗ်ာ။ ေဒသဆန္ေတာ့ ရွိတယ္ေလ။ သူက တစ္ အိတ္သုံးသိန္းေက်ာ္တယ္။
ေမး - မူဆယ္ၿမိဳ႕နယ္ဘက္ေတြမွာ ဘယ္အဖြဲ႕ေတြ ရွိေနလဲ။
ေျဖ - (၁၀၅) မိုင္ဆိုရင္ MNDAA ရွိတယ္။ AA ရွိတယ္။ TNLA ရွိမယ္။ ၿပီးေတာ့ ကခ်င္ KIA ရွိမယ္။ ရံထားသလိုကို ျဖစ္ေနတာ။
ေမး - ၿမိဳ႕ကိုရံထားတဲ့ အဖြဲ႕ေတြကေကာ သင့္ျမတ္ၾကလား။ ျပႆနာရွိလား။
ေျဖ - ျပႆနာကေတာ့ ရွိတယ္။ KIA နဲ႔ TNLA ျပႆနာတက္ေနၾကတာ ရွိပါတယ္။ နယ္ေျမ အျငင္း ပြားတာေပါ့။
ေမး - ျပည္သူတစ္ေယာက္အေနနဲ႔ ဘယ္လိုခံစားေနရသလဲ။
ေျဖ - စိတ္တအား က်ဥ္းက်ပ္တယ္။ စိတ္လုံၿခဳံမႈ မရွိဘူး။ ဘာျဖစ္ေနလဲဆိုေတာ့ ကိုယ့္အႏၲရာယ္ကိုယ္ ၾကည့္ေနရတာပါ။ ကြၽန္ေတာ္တို႔က တစ္ခုခုျဖစ္ရင္ ေကာ ဆိုတဲ့စိတ္က အၿမဲစိုးမိုးေနတာပါ့။
ေမး - ကားဘီးေပါက္သံလိုမ်ိဳးဟာ ၾကားရင္ေတာင္ လန႔္တယ္ဆိုတဲ့ စိတ္မ်ိဳးျဖစ္ေနၿပီလား။
ေျဖ - အဲဒီလိုကေတာ့ မလန႔္ေတာ့ဘူးအစ္ကို။ ဘာလို႔လဲဆိုေတာ့ ဒီမွာကေတာ့ ၾကားေနရတာပဲ။
ေမး - မူဆယ္မွာ ပစ္ခတ္မႈေတြမ်ားေနတယ္ဆိုတဲ့ သေဘာလား။
ေျဖ - ဟုတ္တယ္ အစ္ကို။ ပစ္တာေတာ့ ပစ္ေနတာပဲ။
ေမး - ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးနဲ႔ လုံၿခဳံေရးက အဓိကပူပန္စရာျဖစ္ေနလား။
ေျဖ - ဟုတ္တယ္ စားဝတ္ေနေရးရယ္၊ လုံၿခဳံေရးရယ္၊ ခရီးသြားလာေရးရယ္ပါ အစ္ကို။ ဒီကာလေတြက လက္ရွိ မူဆယ္ျပည္သူေတြအတြက္ အခက္အခဲေတြပါ။
ေမး - မူဆယ္ကလူေတြ ခရီးမသြားရတာ ဘယ္ေလာက္ၾကာၿပီလဲ။
ေျဖ - တစ္ႏွစ္ေလာက္ရွိၿပီ။ ခရီးသြားလို႔မရဘူး ျဖစ္ေနတာခင္ဗ်။
ေမး - က်ဥ္းထဲက်ပ္ထဲ ျဖစ္ေနတာေပါ့။
ေျဖ - လမ္းခရီးကေတာ့ အသုံးျပဳလို႔လည္း မရဘူး။ သြားလာလို႔လည္း မရဘူး။ ရဟတ္ယာဥ္ ခ်ေပးမွပဲရမွာ။
ေမး - ျပည္သူတစ္ေယာက္အေနနဲ႔ ၿမိဳ႕ကိုလာ တိုက္မယ့္အဖြဲ႕က ဘယ္အဖြဲ႕ျဖစ္မယ္ထင္လဲ။
ေျဖ - KIA ထင္တယ္။ သူတို႔က မူဆယ္ကို အဓိက လိုခ်င္တာ။ ထိန္းထားလို႔သာ က်န္ေနတာေလ။ ထိန္း ထားရဲ႕သားနဲ႔ ပန္ဝါတို႔ဘက္ေတာင္ ျဖစ္သြားေသးတာပဲ။
ေမး - လားရႈိးျဖစ္စဥ္မွာ ေဒသခံေတြဟာ တိုက္ပြဲျဖစ္ေတာ့ ေရွာင္တိမ္းခ်ိန္ရတယ္ေလ။ မူဆယ္ေကာ ေရွာင္ႏိုင္ပါ့မလား။
ေျဖ - တကယ္တမ္း ျဖစ္ရင္ေတာ့ မရေလာက္ဘူး။ လားရႈိးက ထြက္ေပါက္ရွိတယ္။ ဒီမွာကေတာ့ ထြက္ ေပါက္က မရွိေတာ့ပါဘူး။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။