ညီဖြစ်သူ၏ မင်္ဂလာဆောင်ကိုလာရောက်သည့် ဗိုလ်မှူးနှင့် ညီမဖြစ်သူတို့ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရ

 6550

NP News - ဒီဇင်ဘာ ၂၂

ညီဖြစ်သူ၏ မင်္ဂလာဆောင်ကိုလာရောက်သည့် ဗိုလ်မှူးနှင့်ညီမဖြစ်သူတို့ အပြန်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နေ့လည်(၂)နာရီဝန်းကျင်အချိန်ခန့်၌ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်း၊ အမှတ်(၁၃၁)ရှိ APOLLO Hotel ရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ APOLLO Hotel တွင် ကျင်းပသည့် ညီဖြစ်သူ၏ မင်္ဂလာဧည့်ခံပွဲသို့ လာရောက်သည့် ဗိုလ်မှူးသည် ဧည့်ခံပွဲပြီးဆုံး၍ Hotel မှ ပြန်လည်ထွက်ခွာစဉ် Hotel ရှေ့ရှိ အထက်ဗဟိုလမ်းပေါ်အ‌ရောက်တွင် အမျိုးသား(၂)ဦးမှ ပစ္စတိုသေနတ်ဖြင့် (၄)ချက်ခန့်ပစ်ခတ်ပြီး ဒေါ်လှပန်းလမ်းအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း အထက်ပါလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အထက်ပါဗိုလ်မှူးဆိုသူတွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်ရရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁)တပ်မတော်ဆေးရုံ(ကုတင် ၁၀၀၀)သို့ လည်းကောင်း၊ ၎င်း၏ညီမဖြစ်သူတွင်လည်း ခါးရှပ်ထိဒဏ်ရာရရှိခဲ့ခြင်းကြောင့် တပ်မတော်အရိုးဆေးရုံ၊ မင်္ဂလာဒုံသို့လည်းကောင်း ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ကြံပစ်ခတ်ခဲ့သည့် အမျိုးသား(၂)ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။

zawgyi version
ညီျဖစ္သူ၏ မဂၤလာေဆာင္ကိုလာေရာက္သည့္ ဗိုလ္မႉးႏွင့္ ညီမျဖစ္သူတို႔ အျပန္လမ္းတြင္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံရ

NP News - ဒီဇင္ဘာ ၂၂

ညီျဖစ္သူ၏ မဂၤလာေဆာင္ကိုလာေရာက္သည့္ ဗိုလ္မႉးႏွင့္ညီမျဖစ္သူတို႔ အျပန္လမ္းတြင္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူတစ္ဦးထံမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၂၂ ရက္) ေန႔လည္(၂)နာရီဝန္းက်င္အခ်ိန္ခန႔္၌ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ အထက္ဗဟိုလမ္း၊ အမွတ္(၁၃၁)ရွိ APOLLO Hotel ေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ APOLLO Hotel တြင္ က်င္းပသည့္ ညီျဖစ္သူ၏ မဂၤလာဧည့္ခံပြဲသို႔ လာေရာက္သည့္ ဗိုလ္မႉးသည္ ဧည့္ခံပြဲၿပီးဆုံး၍ Hotel မွ ျပန္လည္ထြက္ခြာစဥ္ Hotel ေရွ႕ရွိ အထက္ဗဟိုလမ္းေပၚအ‌ေရာက္တြင္ အမ်ိဳးသား(၂)ဦးမွ ပစၥတိုေသနတ္ျဖင့္ (၄)ခ်က္ခန႔္ပစ္ခတ္ၿပီး ေဒၚလွပန္းလမ္းအတြင္းသို႔ ထြက္ေျပးသြားခဲ့ေၾကာင္း အထက္ပါလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ နီးစပ္သူက ေျပာသည္။

ပစ္ခတ္ခံရမႈေၾကာင့္ အထက္ပါဗိုလ္မႉးဆိုသူတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ(၃)ခ်က္ရရွိခဲ့ၿပီး မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္(၁)တပ္မေတာ္ေဆး႐ုံ(ကုတင္ ၁၀၀၀)သို႔ လည္းေကာင္း၊ ၎၏ညီမျဖစ္သူတြင္လည္း ခါးရွပ္ထိဒဏ္ရာရရွိခဲ့ျခင္းေၾကာင့္ တပ္မေတာ္အ႐ိုးေဆး႐ုံ၊ မဂၤလာဒုံသို႔လည္းေကာင္း ေဆးကုသမႈခံယူရန္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ လုပ္ႀကံပစ္ခတ္ခဲ့သည့္ အမ်ိဳးသား(၂)ဦးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုက္လံရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.