မြန်မာအမျိုးသမီး ဆရာဝန်၊ သူနာပြုတွေ ပြည့်တန်ဆာ လိင်အလုပ်သမတွေ ဖြစ်လာနေသလား
43227
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေဖြစ် လာခဲ့ပြီးနောက်ပိုင်း အမျိုးသမီးဆရာဝန်တွေနဲ့ သူနာပြုတွေဟာ ဇိမ်ခံမယ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ် ကိုင်လာတယ်လို့ နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြထားပါတယ်။
မမေအမည်ရှိ အမျိုးသမီးတစ်ဦးဟာ မြန်မာနိုင်ငံမှာဖွင့်လှစ်သင်ကြားပေးနေတဲ့ ဆေးတက္ကသိုလ်ကို (၇)နှစ်ကြာ အောင်တက်ခဲ့ပြီးနောက်မှာတော့ ရည်မှန်းထားတဲ့အတိုင်း ဆရာဝန်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မမေဟာ ဆရာဝန်ဘွဲ့ရလို့ အလုပ်တစ်ခုရပြီး တစ်လအကြာမှာပဲ သူရဲ့အိပ်မက်တွေ ပျောက်ကွယ် စပြုလာပါတော့တယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ကိုဗစ်ကပ် ရောဂါကြောင့် ကျဆင်းမှုတွေရှိနေချိန်မှာပဲ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ (၁)ရက်မှာ နိုင်ငံရေးအာဏာအငြင်း ပွားမှုတွေထပ်မံဖြစ်လာတဲ့အတွက် တစ်ပူပေါ်နှစ်ပူ ဆင့်ဆိုသလိုဖြစ်ခဲ့ကာ မြန်မာ့ စီးပွားရေးက ပြိုလဲလာပါတယ်။ အဲဒီလိုမျိုးတွေဖြစ်လာခဲ့ပြီးနောက်မှာတော့ ကုန်ဈေးနှုန်းတွေလည်းမြင့်တက် လာခဲ့သလို တစ်လကို အမေရိကန်ငွေ (၄၁၅)ဒေါ်လာနဲ့ညီမျှတဲ့ မမေရဲ့ လစာရရှိမှုတွေလည်း အဆုံးသတ်သွားခဲ့ရပါ တယ်။ တကယ်တော့ မမေရဲ့ဖခင်ဖြစ်သူဟာ ကျောက်ကပ်ဝေဒနာခံစားနေရသူဖြစ်ဖြစ်ကာ လစာဝင်ငွေမရခြင်း က မမေကို စိတ်ပျက်သထက်ပျက်ပြီး အားငယ်သထက် အားငယ်လာစေခဲ့ပါတယ်။ မမေဟာ အဲဒီလို အခက်ခဲ အကျပ်အတည်းတွေ တွေ့ကြုံနေရချိန်မှာပဲ သူ့ထက်ဝင်ငွေနှစ်ဆပိုရတဲ့ Date Girl လို့ခေါ်တဲ့ မိန်းကလေးတွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီလို Date Girl လို့ခေါ်တဲ့မိန်းကလေးတွေရရှိတဲ့ဝင်ငွေက မက်လောက်စရာမျိုးဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ မမေဟာ ဆရာဝန်တစ်ယောက်ဖြစ်လာအောင် နှစ်တွေအများကြီးသင်ယူခဲ့ရပေမယ့် ‘အခုတော့ ကျွန်မဟာ အဲဒီအလုပ်ကိုလုပ်နေရတယ်’ လို့ ပြောပါတယ်။
ဆရာဝန်ဘွဲ့ရတစ်ဦးဖြစ်တဲ့မမေဟာ မန္တလေးမြို့မှာ ပြည့်တန်ဆာတစ်ယောက်အဖြစ် အသက်မွေးလာခဲ့ တာဟာ လက်ရှိအချိန်အထိဆိုရင် အနည်းဆုံးတစ်နှစ်ကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီဆောင်းပါးအတွက် မေးခွန်း တွေကိုဖြေဆိုပေးခဲ့ကြသူတွေဟာ သူတို့ရဲ့နာမည်အပြည့်အစုံကိုမဖော်ပြပေးဖို့ တောင်းဆိုထားပြီး မမေရဲ့နာမည်က လည်း အမည်ရင်းမဟုတ်ဘူးလို့သိရပါတယ်။
မမေတစ်ယောက် ပိုက်ဆံဘယ်လိုရှာနေ သလဲဆိုတာ သူရဲ့မိသားစုမသိသလို မြန်မာနိုင်ငံမှာ ပြည့်တန်ဆာ လုပ်ငန်းက တရားဝင်လုပ်ငန်းလည်းမဟုတ်ဘူးလို့သိရပါတယ်။ မြန်မာနိုင်ငံမှာ (၂၀၂၁)ခုနှစ်ကဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး အာဏာအငြင်းပွားမှု တွေရဲ့နောက်ဆက်တွဲအဖြစ် လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်လာခဲ့ပြီး တိုက်ပွဲတွေဖြစ်လာခဲ့ရာ မြန်မာ့စီး ပွားရေးကိုထိခိုက်စေခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေ ဖြစ်နေ ချိန်မှာပဲ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုက စက်ရုံ အလုပ်ရုံတွေအပေါ်ထိခိုက်စေခဲ့သလို အချိန်အခါမ ဟုတ်ရွာတဲ့မိုး ကြောင့် လယ်ယာမြေတွေရေ လွှမ်းမိုးခဲ့ ရပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ တရုတ်နဲ့ထိုင်းနယ်စပ်အနီးက နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ ငွေကြေးဖောင်းပွမှုက (၂၆) ရာခိုင်နှုန်းအထိမြင့်တက်သွားခဲ့ပြီး ဒေါ်လာ ဈေးနဲ့နှိုင်း ယှဉ်ရင် ကျပ်ငွေတန်ဖိုးက (၅)ပုံ(၂)ပုံ ကျဆင်းသွား ခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံသားအားလုံးရဲ့ ထက်ဝက်နီးပါးဟာ စီးပွားရေးအခက်အခဲပြဿနာ တွေကိုရင်ဆိုင် နေရတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားလာ တာနဲ့အတူ စီးပွားရေး ကျဆင်းမှုတွေက မြန်မာအမျိုး သမီးဆရာဝန်တွေ၊ ကျောင်းဆရာမတွေ၊ သူနာပြုတွေနဲ့ တခြားပညာတတ်နယ်ပယ် ကပညာရှင်တွေကို လိင်လုပ်ငန်းတွေမှာပါဝင်ဖို့ တွန်းပို့သလိုမျိုးဖြစ်ခဲ့ပါတယ်။
လိင်ကုန်သွယ်ရေးလုပ်ငန်းမှာ အမျိုးသမီးအရေအတွက် ဘယ်လောက်အထိပါဝင်ပတ်သက်နေ ပြီလဲဆိုတာကို ခြေရာခံဖို့ခက်ခဲပေမယ့် လမ်းမတွေပေါ်မှာ ဟန်ရေးပြနေတဲ့အမျိုးသမီးတွေက ယခင် ထက်ပိုပြီး သိသာလာနေ တယ်လို့ဆိုပါတယ်။ လိင်လုပ်ငန်းဘက်ခြေဦးလှည့်လာတဲ့ ဉာဏအလုပ်သမား (၄)ယောက်၊ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ (၂) ယောက် စုစုပေါင်း (၆) ယောက်ကို ဆောင်းပါးအတွက် လူတွေ့မေးမြန်းခဲ့ပြီး ပညာတတ်အမျိုးသမီး တွေဟာ လက်ရှိအချိန်မှာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် လိင်လုပ်ငန်းအလုပ်ကို ရွေးချယ်လုပ်ကိုင်နေခဲ့ ကြရတယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြည့်တန် ဆာလုပ်ငန်းတွေ ပြန်လည်အားကောင်းလာခြင်းဟာ အမျိုးသမီး တွေရဲ့ဂုဏ်သိက္ခာအပေါ် နောက်ထပ်ထိုး နှက်ချက်တစ်ခုဖြစ်ခဲ့ရပြီး အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော် ကားမှုတွေကို ဆယ်စုနှစ် ပေါင်းများစွာကြာအောင် ခံခဲ့ကြရပါတယ်။
နစကထိန်းချုပ်ထားတဲ့နယ်မြေအများအ ပြားကို လက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်ထား နိုင်ခဲ့ပြီဆိုပေမယ့် အဓိကမြို့တွေကိုတော့ နစကက ထိန်းချုပ်ထားဆဲဖြစ်ပြီး အဲဒီမြို့တွေက ကာရာအိုကေ ဘားတွေ၊ နိုက်ကလပ်တွေနဲ့ ဟိုတယ်တွေမှာ ပြည့်တန်ဆာအရေအတွက် တိုးပွားလာနေဆဲဖြစ်တယ် လို့သိရပါတယ်။ မန္တလေးမြို့ ပုဂ္ဂလိက ဆေးရုံတစ်ရုံရဲ့သူနာပြုတစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ဖူးတဲ့ အသက်(၂၅)နှစ်အရွယ် မဇာအမည်ရှိအမျိုးသမီးက တော့ သူအလုပ်လုပ်တဲ့ပုဂ္ဂလိကဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်တွေဟာ ဆန္ဒပြလှုပ်ရှားမှုတွေမှာပူးပေါင်း ခဲ့တယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ ဆေးရုံဟာချိပ်ပိတ် ခံခဲ့ရပါတယ်။
အဲဒီလို ဆေးရုံချိတ်ပိတ်ခံရပြီးနောက်မှာတော့ သူနာပြုဆရာမတစ်ဦးဖြစ်တဲ့ မဇာရဲ့သူငယ်ချင်း တစ်ယောက်က ငွေရဖို့အတွက် မဇာကို Date Girl လုပ်ဖို့တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။ မဇာက ပထမဆုံးအတွေ့အကြုံဖြစ်တဲ့ Date Girl ဘဝမ ရောက်ခင် ဒီအလုပ်ကိုဘယ်လိုလုပ်ရမလဲလို့တွေး ကြည့်ခဲ့ရပြီး လိင်အသာပေးရုပ်သံတွေကိုကြည့်ပြီး သင်ယူခဲ့ရတယ်လို့ဆိုပါတယ်။ မဇာအမည်ရှိအမျိုးသမီး လိင်လုပ်ငန်းမှာပါဝင်လုပ်ကိုင်ချိန်အတွင်း သူရဲ့ ပထမဆုံး ဖောက်သည်ဟာ အသက်(၄၀)အရွယ်ရှိ မြန်မာစကားအနည်းငယ်ပြောတတ်တဲ့ တရုတ်အမျိုးသားတစ်ဦးတယ်လို့ သိရပါတယ်။
မဇာက “အဲဒီအမျိုးသားဟာ ဗမာစကားနည်းနည်းပါးပါးပြောတတ်ပေမယ့် အင်္ဂလိပ်စကားတော့ လုံးဝမပြော တတ်ဘူး။ အဲဒီအမျိုးသားက ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံဖို့ကြိုးစားခဲ့ပေမယ့် ခွင့်မပြုခဲ့ပါဘူး။ ပထမဆုံးတစ်ကြိမ်က မိနစ်(၂၀) လောက်ကြာ တယ်ဆိုပေမယ့် ကျွန်မအတွက်တော့ အဲဒီကာလမှာအချိန်တွေကုန်ခဲလွန်းတယ်လို့ တွေးထင်မိ တယ်။ ဒါက ကျွန်မအတွက်တော့ တကယ့်ကို အင်မတန်စိတ် ပျက်စရာကောင်းစေခဲ့တယ်” လို့ ပြောပါတယ်။ မဇာဟာ ဖောက်သည်တွေကို တယ်လီဂရမ်အကောင့်နဲ့ချိတ်ဆက်ပြီး သူသုံးနေတဲ့တယ်လီဂ ရမ်အကောင့်ကို message ဝင်တဲ့အတွက် ဖုန်းသံ မြည်လာချိန်မှာတော့ အဲဒီ message မှာ နာမည် တစ်ခု၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ နေရာနဲ့အချိန် တွေကိုရေးသားထားပါတယ်။ မဇာဟာ အဲဒီဖုန်းသံဝင် လာပြီးနောက်ပိုင်းမှာတော့ ပန်းရောင်ဂါဝန်ကိုဝတ် ဆင်လိုက်ကာ ပိုက်ဆံအိတ်ထဲ ကွန်ဒုံး ပါ မပါ စစ်ဆေးလိုက်ပြီး ဖောက်သည်ဆီကိုသွားရောက်ခဲ့ရာ တစ်ညအတွက် ဒေါ်လာ(၈၀)နဲ့ညီမျှတဲ့ငွေကိုရရှိခဲ့ တယ်လို့သိရပါတယ်။ လိင်လုပ်ငန်းမှာပါဝင်လုပ်ကိုင် တဲ့ပထမဆုံးညမှာပဲ မဇာ အမည်ရှိသူနာပြုအမျိုးသမီး ရရှိလိုက်တဲ့ငွေကြေးဟာ အရင်တစ်လလုံးလုံး သူအလုပ်လုပ်လို့ရလာတဲ့ငွေကြေးပမာဏနဲ့ ညီမျှတယ်လို့ သိရပါတယ်။
မဇာက “ဒီအလုပ်က ရှက်စရာကောင်းတဲ့အလုပ်တစ်ခုဖြစ်ပြီး ဘာပျော်ရွှင်မှုမှမရှိပေမယ့် မလုပ်မဖြစ်လို့သာ ကျွန်မ ဒီအလုပ်ကို လုပ်နေရတာ”လို့ပြောပါတယ်။ စိတ်ပျက်အားငယ်ရမှုတွေဟာ မြန် မာနိုင်ငံရဲ့တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး လိင်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ဖို့ တွန်းအားပေးသ လိုမျိုးဖြစ်လာနေတယ်လို့ဆိုကြပါတယ်။ မြန်မာရဲတပ်ဖွဲ့ဝင်တွေဟာ ပြည့်တန်ဆာ အလုပ်လုပ်ကိုင်ကြသူတွေကို မကြာခဏဖမ်းဆီး ထိန်းသိမ်းလေ့ရှိပြီး ပြန်လွတ်ဖို့အတွက်ကိုလည်း အဲဒီရဲတပ်ဖွဲ့ဝင်တွေကို ပိုက်ဆံပေးရလေ့ရှိတယ်လို့သိရပါတယ်။ လူဦးရေ (၅၅)သန်းရှိတဲ့ မြန်မာနိုင်ငံရဲ့သ မိုင်းကြောင်းကိုလေ့လာကြည့်ရင် စစ်အစိုးရအုပ်ချုပ်မှုစနစ် သက်ဆိုးရှည်နေတာကို တွေ့မြင်ရမှာ ဖြစ်ပြီး (၂၀၁၁)ခုနှစ်က အရပ်သားအုပ်ချုပ်ရေးဆီ စတင်ကူး ပြောင်းလာချိန်မှာတော့ မြန်မာနိုင်ငံမှာ လူလတ်တန်း စားအရေအတွက် တိုးမြင့်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ လူလတ်တန်းစားအရေအတွက်က (၅၀) ရာခိုင်နှုန်းကျ ဆင်းသွားခဲ့တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP)ကဖော်ပြထားပါတယ်။
ဒါ့ပြင် မန္တလေးမြို့ကဆရာဝန်တစ်ဦးဖြစ်တဲ့ မဆုအမည်ရှိအမျိုးသမီးဟာလည်း အရင်တုန်းကတော့ သူငယ်ချင်း တွေနဲ့အတူ စင်ကာပူ၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေကို အပျော်ခရီးတွေသွားခဲ့ဖူးပြီး ကုန်တိုက်ကြီးတွေမှာ သူငယ်ချင်း တွေနဲ့အတူ ညစာစား လေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿနာတွေဖြစ် လာခဲ့ပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကုန်ဈေး နှုန်းတွေမြင့်တက်လာခဲ့ပြီး ကြက်ဥနဲ့သွားတိုက်ဆေးလိုကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေက (၃)ဆတက် သွားခဲ့သလို ပုံမှန်စားသောက်စရိတ်က (၁၆၀)ရာခိုင် နှုန်းမြင့်တက်သွားတယ်လို့ နိုင်ငံတကာ စားနပ်ရိက္ခာ မူဝါဒ သုတေသနအင်စတီကျု International Food Policy Research Instituteကဖော်ပြထားပါတယ်။ ဆရာဝန်မ တစ်ဦး ဖြစ်တဲ့ မဆုဟာ (၂၀၂၃)ခုနှစ်မှာ မဆုနဲ့ဖောက်သည်တွေကိုချိတ်ဆက်ပေးခဲ့တဲ့ အမျိုးသမီးခေါင်းဆီ ကိုယ်လုံးတီး ဓာတ်ပုံ တွေပို့ဖို့ ဆုံးဖြတ်ခဲ့ တယ်လို့သိရပါတယ်။ မဆုဟာ သူရဲ့ဖောက်သည်နဲ့ တွေ့ဆုံနိုင်အောင် အပြင်ထွက်လေ့ရှိနေပြီး အဲဒီလို အပြင်ထွက်တဲ့ညတိုင်းမှာတော့ မဆုရဲ့မိဘတွေက ဆေးရုံမှာညဆိုင်းဆင်းဖို့သွားတယ်လို့ ထင်မြင်ယူဆ ကြတယ် လို့ဆိုပါတယ်။
ဆုက “ကျွန်မက ကလေးအထူးကုတစ်ယောက်ဖြစ်ချင်ပြီး ကလေးတွေကိုကူညီပေးချင်ပေမယ့် နိုင်ငံရေး ပြဿနာတွေဖြစ်လာခဲ့ပြီးနောက်မှာတော့ မိသားစုငွေကြေးအခက်အခဲတွေက ကျွန်မကို နောက်ထပ်ရွေးချယ် စရာတစ်ခုကို ခွင့်မပြုခဲ့ဘူး။လက်ရှိတွေ့ကြုံနေရတဲ့ဘဝအခြေနေတွေဟာ ကျွန်မ မက်ခဲ့တဲ့အိပ်မက်နဲ့ ဘာမှဆိုင်ဘဲ တစခြားစီဖြစ်နေတယ်”လို့ ပြောပါတယ်။
မြန်မာအမျိုးသမီးတွေဟာ စီးပွားရေးကျပ် တည်းမှုဒဏ်ကိုခါးစည်းခံနေရပြီး အမျိုးသမီးတွေရဲ့ ဝင်ငွေက အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် ယခင်တည်း ကနည်းပါးခဲ့တယ်လို့သိရပါတယ်။ (၂၀၂၄) ခုနှစ် ဧပြီလကနေ ဇွန်လအထိပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တော့ မြန်မာအမျိုးသမီးတွေရဲ့ နေ့စဉ်လုပ်အားခဟာ တစ်ရက်ကို အမေရိကန်ငွေ(၅)ဒေါ်လာဝန်းကျင်ပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသားနဲ့အမျိုးသမီး အလုပ်တစ်ခုတည်း အတူတူလုပ်ရင်တောင် အမျိုးသားတွေက အမျိုးသမီးတွေထက် (၄၀)ရာခိုင်နှုန်း ပိုရကြပြီး အလုပ်လက်မဲ့နှုန်းအရေ အတွက်ကလည်း အမျိုးသားတွေထက်စာရင် အမျိုးသမီးအရေအတွက် က ပိုမိုများပြားတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံကြတဲ့အထည်ချုပ်စက်ရုံတွေဟာ မြန်မာ့ကျေးလက်နေ အမျိုးသမီး အများစုအတွက် အသက်သွေးကြောသ ဖွယ်ဖြစ်ခဲ့ပြီး (၂၀၂၆)ခုနှစ်မှာ လုပ်သားပေါင်း (၁ ဒ သမ ၆) သန်းဝန်းကျင်ကို အလုပ်ခန့်ထားနိုင်ဖွယ်ရှိ တယ်လို့ ခန့်မှန်းချက်တွေလည်းရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿနာတွေ ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာ တော့ အထည်ချုပ်စက်ရုံအများစုပိတ်သိမ်းသွားခဲ့ပြီး ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံကနေနုတ်ထွက် သွားခဲ့တယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အသက်(၂၅)နှစ်အရွယ်ရှိ မမြအမည်ရှိ အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူဟာ (၂၀၂၁)ခုနှစ် နိုင်ငံ ရေးပြဿနာတွေ ဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆန္ဒပြပွဲ တွေမှာပါဝင်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ပစ် ခတ်ခြင်းကိုခံရကာသေဆုံး ခဲ့ပါတယ်။ မမြဟာ ခင်ပွန်းဖြစ်သူသေဆုံးပြီးနောက် Single Mother ဖြစ်လာချိန်မှာတော့ အထည်ချုပ်စက်ရုံ တစ်ရုံမှာအလုပ်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် အထည်ချုပ်အလုပ်မှာ အလုပ်ခွင့်မ ရဘဲ သူပိုင်ဆိုင်တဲ့ တန်ဖိုးရှိတာ မှန်သမျှ ထုခွဲရောင်းချပြီး နောက်ဆုံးမှာ အသက် (၃)နှစ်အရွယ်သမီးငယ်ကို ကျွေးမွေးစောင့်ရှောက်ဖို့ ပြည့်တန်ဆာလုပ်ငန်းဆီ ဦးလှည့်ခဲ့ရတယ်လို့ဆိုပါတယ်။
မမြက “လူတွေက ကျွန်မကိုဝေဖန်ကြပေမယ့် ဗိုက်ဆာတဲ့အဖြစ်ကို သူတို့တွေနားမလည်ကြဘူး။ ဘာမှမရှိ တဲ့ဘဝမှာ ဗိုက်ဆာနေတဲ့ကိုယ့်ရင်သွေးတစ် ယောက်ကိုကြည့်နေရတဲ့ မိခင်တစ်ယောက်ရဲ့ခံစား ချက်ကို နားလည်နိုင် မှာလည်းမဟုတ်ဘူး၊ နေ့တိုင်းဆိုသလိုပါပဲ။ ဒီပြည့်တန်ဆာဆိုတဲ့လမ်းမကြီးထက်က လွတ်မြောက်ဖို့ ကျွန်မဆုတောင်း နေမိတယ်” လို့ ဝန်ခံပြောဆိုထားပါတယ်။
zawgyi version
ျမန္မာအမ်ိဳးသမီး ဆရာဝန္၊ သူနာျပဳေတြ ျပည့္တန္ဆာ လိင္အလုပ္သမေတြ ျဖစ္လာေနသလား
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၃
ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရးျပႆနာေတြျဖစ္ လာခဲ့ၿပီးေနာက္ပိုင္း အမ်ိဳးသမီးဆရာဝန္ေတြနဲ႔ သူနာျပဳေတြဟာ ဇိမ္ခံမယ္လုပ္ငန္းေတြမွာ ဝင္ေရာက္လုပ္ ကိုင္လာတယ္လို႔ နယူးေယာက္တိုင္းမ္သတင္းဌာနက ေဖာ္ျပထားပါတယ္။
မေမအမည္ရွိ အမ်ိဳးသမီးတစ္ဦးဟာ ျမန္မာႏိုင္ငံမွာဖြင့္လွစ္သင္ၾကားေပးေနတဲ့ ေဆးတကၠသိုလ္ကို (၇)ႏွစ္ၾကာ ေအာင္တက္ခဲ့ၿပီးေနာက္မွာေတာ့ ရည္မွန္းထားတဲ့အတိုင္း ဆရာဝန္ျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ မေမဟာ ဆရာဝန္ဘြဲ႕ရလို႔ အလုပ္တစ္ခုရၿပီး တစ္လအၾကာမွာပဲ သူရဲ႕အိပ္မက္ေတြ ေပ်ာက္ကြယ္ စျပဳလာပါေတာ့တယ္။ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးဟာ ကိုဗစ္ကပ္ ေရာဂါေၾကာင့္ က်ဆင္းမႈေတြရွိေနခ်ိန္မွာပဲ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီ (၁)ရက္မွာ ႏိုင္ငံေရးအာဏာအျငင္း ပြားမႈေတြထပ္မံျဖစ္လာတဲ့အတြက္ တစ္ပူေပၚႏွစ္ပူ ဆင့္ဆိုသလိုျဖစ္ခဲ့ကာ ျမန္မာ့ စီးပြားေရးက ၿပိဳလဲလာပါတယ္။ အဲဒီလိုမ်ိဳးေတြျဖစ္လာခဲ့ၿပီးေနာက္မွာေတာ့ ကုန္ေဈးႏႈန္းေတြလည္းျမင့္တက္ လာခဲ့သလို တစ္လကို အေမရိကန္ေငြ (၄၁၅)ေဒၚလာနဲ႔ညီမွ်တဲ့ မေမရဲ႕ လစာရရွိမႈေတြလည္း အဆုံးသတ္သြားခဲ့ရပါ တယ္။ တကယ္ေတာ့ မေမရဲ႕ဖခင္ျဖစ္သူဟာ ေက်ာက္ကပ္ေဝဒနာခံစားေနရသူျဖစ္ျဖစ္ကာ လစာဝင္ေငြမရျခင္း က မေမကို စိတ္ပ်က္သထက္ပ်က္ၿပီး အားငယ္သထက္ အားငယ္လာေစခဲ့ပါတယ္။ မေမဟာ အဲဒီလို အခက္ခဲ အက်ပ္အတည္းေတြ ေတြ႕ႀကဳံေနရခ်ိန္မွာပဲ သူ႔ထက္ဝင္ေငြႏွစ္ဆပိုရတဲ့ Date Girl လို႔ေခၚတဲ့ မိန္းကေလးေတြနဲ႔ ေတြ႕ဆုံခဲ့တယ္။ အဲဒီလို Date Girl လို႔ေခၚတဲ့မိန္းကေလးေတြရရွိတဲ့ဝင္ေငြက မက္ေလာက္စရာမ်ိဳးျဖစ္ပါတယ္။ အသက္ (၂၆)ႏွစ္အ႐ြယ္ရွိ မေမဟာ ဆရာဝန္တစ္ေယာက္ျဖစ္လာေအာင္ ႏွစ္ေတြအမ်ားႀကီးသင္ယူခဲ့ရေပမယ့္ ‘အခုေတာ့ ကြၽန္မဟာ အဲဒီအလုပ္ကိုလုပ္ေနရတယ္’ လို႔ ေျပာပါတယ္။
ဆရာဝန္ဘြဲ႕ရတစ္ဦးျဖစ္တဲ့မေမဟာ မႏၲေလးၿမိဳ႕မွာ ျပည့္တန္ဆာတစ္ေယာက္အျဖစ္ အသက္ေမြးလာခဲ့ တာဟာ လက္ရွိအခ်ိန္အထိဆိုရင္ အနည္းဆုံးတစ္ႏွစ္ေက်ာ္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒီေဆာင္းပါးအတြက္ ေမးခြန္း ေတြကိုေျဖဆိုေပးခဲ့ၾကသူေတြဟာ သူတို႔ရဲ႕နာမည္အျပည့္အစုံကိုမေဖာ္ျပေပးဖို႔ ေတာင္းဆိုထားၿပီး မေမရဲ႕နာမည္က လည္း အမည္ရင္းမဟုတ္ဘူးလို႔သိရပါတယ္။
မေမတစ္ေယာက္ ပိုက္ဆံဘယ္လိုရွာေန သလဲဆိုတာ သူရဲ႕မိသားစုမသိသလို ျမန္မာႏိုင္ငံမွာ ျပည့္တန္ဆာ လုပ္ငန္းက တရားဝင္လုပ္ငန္းလည္းမဟုတ္ဘူးလို႔သိရပါတယ္။ ျမန္မာႏိုင္ငံမွာ (၂၀၂၁)ခုႏွစ္ကျဖစ္ပြားခဲ့တဲ့ ႏိုင္ငံေရး အာဏာအျငင္းပြားမႈ ေတြရဲ႕ေနာက္ဆက္တြဲအျဖစ္ လက္နက္ကိုင္ပဋိပကၡ ေတြျဖစ္လာခဲ့ၿပီး တိုက္ပြဲေတြျဖစ္လာခဲ့ရာ ျမန္မာ့စီး ပြားေရးကိုထိခိုက္ေစခဲ့ပါတယ္။ တိုက္ပြဲေတြေၾကာင့္ လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္မႈေတြ ျဖစ္ေန ခ်ိန္မွာပဲ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မႈက စက္႐ုံ အလုပ္႐ုံေတြအေပၚထိခိုက္ေစခဲ့သလို အခ်ိန္အခါမ ဟုတ္႐ြာတဲ့မိုး ေၾကာင့္ လယ္ယာေျမေတြေရ လႊမ္းမိုးခဲ့ ရပါတယ္။ ျမန္မာႏိုင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ တ႐ုတ္နဲ႔ထိုင္းနယ္စပ္အနီးက နယ္စပ္ေဒသေတြမွာ တိုက္ပြဲေတြျဖစ္ပြားခဲ့လို႔ ေငြေၾကးေဖာင္းပြမႈက (၂၆) ရာခိုင္ႏႈန္းအထိျမင့္တက္သြားခဲ့ၿပီး ေဒၚလာ ေဈးနဲ႔ႏႈိင္း ယွဥ္ရင္ က်ပ္ေငြတန္ဖိုးက (၅)ပုံ(၂)ပုံ က်ဆင္းသြား ခဲ့ပါတယ္။
ကမာၻ႔ဘဏ္ကေတာ့ ျမန္မာႏိုင္ငံသားအားလုံးရဲ႕ ထက္ဝက္နီးပါးဟာ စီးပြားေရးအခက္အခဲျပႆနာ ေတြကိုရင္ဆိုင္ ေနရတယ္လို႔ ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္ပဋိပကၡေတြျဖစ္ပြားလာ တာနဲ႔အတူ စီးပြားေရး က်ဆင္းမႈေတြက ျမန္မာအမ်ိဳး သမီးဆရာဝန္ေတြ၊ ေက်ာင္းဆရာမေတြ၊ သူနာျပဳေတြနဲ႔ တျခားပညာတတ္နယ္ပယ္ ကပညာရွင္ေတြကို လိင္လုပ္ငန္းေတြမွာပါဝင္ဖို႔ တြန္းပို႔သလိုမ်ိဳးျဖစ္ခဲ့ပါတယ္။
လိင္ကုန္သြယ္ေရးလုပ္ငန္းမွာ အမ်ိဳးသမီးအေရအတြက္ ဘယ္ေလာက္အထိပါဝင္ပတ္သက္ေန ၿပီလဲဆိုတာကို ေျခရာခံဖို႔ခက္ခဲေပမယ့္ လမ္းမေတြေပၚမွာ ဟန္ေရးျပေနတဲ့အမ်ိဳးသမီးေတြက ယခင္ ထက္ပိုၿပီး သိသာလာေန တယ္လို႔ဆိုပါတယ္။ လိင္လုပ္ငန္းဘက္ေျခဦးလွည့္လာတဲ့ ဉာဏအလုပ္သမား (၄)ေယာက္၊ လူ႔အခြင့္အေရးတက္ႂကြ လႈပ္ရွားသူ (၂) ေယာက္ စုစုေပါင္း (၆) ေယာက္ကို ေဆာင္းပါးအတြက္ လူေတြ႕ေမးျမန္းခဲ့ၿပီး ပညာတတ္အမ်ိဳးသမီး ေတြဟာ လက္ရွိအခ်ိန္မွာ အသက္ေမြးဝမ္းေၾကာင္းျပဳဖို႔အတြက္ လိင္လုပ္ငန္းအလုပ္ကို ေ႐ြးခ်ယ္လုပ္ကိုင္ေနခဲ့ ၾကရတယ္လို႔ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ျပည့္တန္ ဆာလုပ္ငန္းေတြ ျပန္လည္အားေကာင္းလာျခင္းဟာ အမ်ိဳးသမီး ေတြရဲ႕ဂုဏ္သိကၡာအေပၚ ေနာက္ထပ္ထိုး ႏွက္ခ်က္တစ္ခုျဖစ္ခဲ့ရၿပီး အမ်ိဳးသမီးေတြဟာ လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္ေစာ္ ကားမႈေတြကို ဆယ္စုႏွစ္ ေပါင္းမ်ားစြာၾကာေအာင္ ခံခဲ့ၾကရပါတယ္။
နစကထိန္းခ်ဳပ္ထားတဲ့နယ္ေျမအမ်ားအ ျပားကို လက္နက္ကိုင္အင္အားစုေတြ ထိန္းခ်ဳပ္ထား ႏိုင္ခဲ့ၿပီဆိုေပမယ့္ အဓိကၿမိဳ႕ေတြကိုေတာ့ နစကက ထိန္းခ်ဳပ္ထားဆဲျဖစ္ၿပီး အဲဒီၿမိဳ႕ေတြက ကာရာအိုေက ဘားေတြ၊ ႏိုက္ကလပ္ေတြနဲ႔ ဟိုတယ္ေတြမွာ ျပည့္တန္ဆာအေရအတြက္ တိုးပြားလာေနဆဲျဖစ္တယ္ လို႔သိရပါတယ္။ မႏၲေလးၿမိဳ႕ ပုဂၢလိက ေဆး႐ုံတစ္႐ုံရဲ႕သူနာျပဳတစ္ေယာက္အျဖစ္လုပ္ကိုင္ခဲ့ဖူးတဲ့ အသက္(၂၅)ႏွစ္အ႐ြယ္ မဇာအမည္ရွိအမ်ိဳးသမီးက ေတာ့ သူအလုပ္လုပ္တဲ့ပုဂၢလိကေဆး႐ုံႀကီးမွာရွိတဲ့ ဆရာဝန္ေတြဟာ ဆႏၵျပလႈပ္ရွားမႈေတြမွာပူးေပါင္း ခဲ့တယ္ဆိုတဲ့အေၾကာင္း ျပခ်က္နဲ႔ ေဆး႐ုံဟာခ်ိပ္ပိတ္ ခံခဲ့ရပါတယ္။
အဲဒီလို ေဆး႐ုံခ်ိတ္ပိတ္ခံရၿပီးေနာက္မွာေတာ့ သူနာျပဳဆရာမတစ္ဦးျဖစ္တဲ့ မဇာရဲ႕သူငယ္ခ်င္း တစ္ေယာက္က ေငြရဖို႔အတြက္ မဇာကို Date Girl လုပ္ဖို႔တိုက္တြန္းခဲ့တယ္လို႔သိရပါတယ္။ မဇာက ပထမဆုံးအေတြ႕အႀကဳံျဖစ္တဲ့ Date Girl ဘဝမ ေရာက္ခင္ ဒီအလုပ္ကိုဘယ္လိုလုပ္ရမလဲလို႔ေတြး ၾကည့္ခဲ့ရၿပီး လိင္အသာေပး႐ုပ္သံေတြကိုၾကည့္ၿပီး သင္ယူခဲ့ရတယ္လို႔ဆိုပါတယ္။ မဇာအမည္ရွိအမ်ိဳးသမီး လိင္လုပ္ငန္းမွာပါဝင္လုပ္ကိုင္ခ်ိန္အတြင္း သူရဲ႕ ပထမဆုံး ေဖာက္သည္ဟာ အသက္(၄၀)အ႐ြယ္ရွိ ျမန္မာစကားအနည္းငယ္ေျပာတတ္တဲ့ တ႐ုတ္အမ်ိဳးသားတစ္ဦးတယ္လို႔ သိရပါတယ္။
မဇာက “အဲဒီအမ်ိဳးသားဟာ ဗမာစကားနည္းနည္းပါးပါးေျပာတတ္ေပမယ့္ အဂၤလိပ္စကားေတာ့ လုံးဝမေျပာ တတ္ဘူး။ အဲဒီအမ်ိဳးသားက ကြန္ဒုံးမပါဘဲ လိင္ဆက္ဆံဖို႔ႀကိဳးစားခဲ့ေပမယ့္ ခြင့္မျပဳခဲ့ပါဘူး။ ပထမဆုံးတစ္ႀကိမ္က မိနစ္(၂၀) ေလာက္ၾကာ တယ္ဆိုေပမယ့္ ကြၽန္မအတြက္ေတာ့ အဲဒီကာလမွာအခ်ိန္ေတြကုန္ခဲလြန္းတယ္လို႔ ေတြးထင္မိ တယ္။ ဒါက ကြၽန္မအတြက္ေတာ့ တကယ့္ကို အင္မတန္စိတ္ ပ်က္စရာေကာင္းေစခဲ့တယ္” လို႔ ေျပာပါတယ္။ မဇာဟာ ေဖာက္သည္ေတြကို တယ္လီဂရမ္အေကာင့္နဲ႔ခ်ိတ္ဆက္ၿပီး သူသုံးေနတဲ့တယ္လီဂ ရမ္အေကာင့္ကို message ဝင္တဲ့အတြက္ ဖုန္းသံ ျမည္လာခ်ိန္မွာေတာ့ အဲဒီ message မွာ နာမည္ တစ္ခု၊ ဆက္သြယ္ရမယ့္ဖုန္းနံပါတ္၊ ေနရာနဲ႔အခ်ိန္ ေတြကိုေရးသားထားပါတယ္။ မဇာဟာ အဲဒီဖုန္းသံဝင္ လာၿပီးေနာက္ပိုင္းမွာေတာ့ ပန္းေရာင္ဂါဝန္ကိုဝတ္ ဆင္လိုက္ကာ ပိုက္ဆံအိတ္ထဲ ကြန္ဒုံး ပါ မပါ စစ္ေဆးလိုက္ၿပီး ေဖာက္သည္ဆီကိုသြားေရာက္ခဲ့ရာ တစ္ညအတြက္ ေဒၚလာ(၈၀)နဲ႔ညီမွ်တဲ့ေငြကိုရရွိခဲ့ တယ္လို႔သိရပါတယ္။ လိင္လုပ္ငန္းမွာပါဝင္လုပ္ကိုင္ တဲ့ပထမဆုံးညမွာပဲ မဇာ အမည္ရွိသူနာျပဳအမ်ိဳးသမီး ရရွိလိုက္တဲ့ေငြေၾကးဟာ အရင္တစ္လလုံးလုံး သူအလုပ္လုပ္လို႔ရလာတဲ့ေငြေၾကးပမာဏနဲ႔ ညီမွ်တယ္လို႔ သိရပါတယ္။
မဇာက “ဒီအလုပ္က ရွက္စရာေကာင္းတဲ့အလုပ္တစ္ခုျဖစ္ၿပီး ဘာေပ်ာ္႐ႊင္မႈမွမရွိေပမယ့္ မလုပ္မျဖစ္လို႔သာ ကြၽန္မ ဒီအလုပ္ကို လုပ္ေနရတာ”လို႔ေျပာပါတယ္။ စိတ္ပ်က္အားငယ္ရမႈေတြဟာ ျမန္ မာႏိုင္ငံရဲ႕တည္ဆဲဥပေဒေတြကို ခ်ိဳးေဖာက္ၿပီး လိင္ေရာင္းဝယ္ေရးလုပ္ငန္းလုပ္ကိုင္ဖို႔ တြန္းအားေပးသ လိုမ်ိဳးျဖစ္လာေနတယ္လို႔ဆိုၾကပါတယ္။ ျမန္မာရဲတပ္ဖြဲ႕ဝင္ေတြဟာ ျပည့္တန္ဆာ အလုပ္လုပ္ကိုင္ၾကသူေတြကို မၾကာခဏဖမ္းဆီး ထိန္းသိမ္းေလ့ရွိၿပီး ျပန္လြတ္ဖို႔အတြက္ကိုလည္း အဲဒီရဲတပ္ဖြဲ႕ဝင္ေတြကို ပိုက္ဆံေပးရေလ့ရွိတယ္လို႔သိရပါတယ္။ လူဦးေရ (၅၅)သန္းရွိတဲ့ ျမန္မာႏိုင္ငံရဲ႕သ မိုင္းေၾကာင္းကိုေလ့လာၾကည့္ရင္ စစ္အစိုးရအုပ္ခ်ဳပ္မႈစနစ္ သက္ဆိုးရွည္ေနတာကို ေတြ႕ျမင္ရမွာ ျဖစ္ၿပီး (၂၀၁၁)ခုႏွစ္က အရပ္သားအုပ္ခ်ဳပ္ေရးဆီ စတင္ကူး ေျပာင္းလာခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံမွာ လူလတ္တန္း စားအေရအတြက္ တိုးျမင့္လာခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ လူလတ္တန္းစားအေရအတြက္က (၅၀) ရာခိုင္ႏႈန္းက် ဆင္းသြားခဲ့တယ္လို႔ ကုလသမဂၢဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္(UNDP)ကေဖာ္ျပထားပါတယ္။
ဒါ့ျပင္ မႏၲေလးၿမိဳ႕ကဆရာဝန္တစ္ဦးျဖစ္တဲ့ မဆုအမည္ရွိအမ်ိဳးသမီးဟာလည္း အရင္တုန္းကေတာ့ သူငယ္ခ်င္း ေတြနဲ႔အတူ စင္ကာပူ၊ အိႏၵိယနဲ႔ နီေပါႏိုင္ငံေတြကို အေပ်ာ္ခရီးေတြသြားခဲ့ဖူးၿပီး ကုန္တိုက္ႀကီးေတြမွာ သူငယ္ခ်င္း ေတြနဲ႔အတူ ညစာစား ေလ့ရွိခဲ့ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရးျပႆနာေတြျဖစ္ လာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ျမန္မာႏိုင္ငံမွာ ကုန္ေဈး ႏႈန္းေတြျမင့္တက္လာခဲ့ၿပီး ၾကက္ဥနဲ႔သြားတိုက္ေဆးလိုကုန္ပစၥည္းေတြရဲ႕ေဈးႏႈန္းေတြက (၃)ဆတက္ သြားခဲ့သလို ပုံမွန္စားေသာက္စရိတ္က (၁၆၀)ရာခိုင္ ႏႈန္းျမင့္တက္သြားတယ္လို႔ ႏိုင္ငံတကာ စားနပ္ရိကၡာ မူဝါဒ သုေတသနအင္စတီက်ဳ International Food Policy Research Instituteကေဖာ္ျပထားပါတယ္။ ဆရာဝန္မ တစ္ဦး ျဖစ္တဲ့ မဆုဟာ (၂၀၂၃)ခုႏွစ္မွာ မဆုနဲ႔ေဖာက္သည္ေတြကိုခ်ိတ္ဆက္ေပးခဲ့တဲ့ အမ်ိဳးသမီးေခါင္းဆီ ကိုယ္လုံးတီး ဓာတ္ပုံ ေတြပို႔ဖို႔ ဆုံးျဖတ္ခဲ့ တယ္လို႔သိရပါတယ္။ မဆုဟာ သူရဲ႕ေဖာက္သည္နဲ႔ ေတြ႕ဆုံႏိုင္ေအာင္ အျပင္ထြက္ေလ့ရွိေနၿပီး အဲဒီလို အျပင္ထြက္တဲ့ညတိုင္းမွာေတာ့ မဆုရဲ႕မိဘေတြက ေဆး႐ုံမွာညဆိုင္းဆင္းဖို႔သြားတယ္လို႔ ထင္ျမင္ယူဆ ၾကတယ္ လို႔ဆိုပါတယ္။
ဆုက “ကြၽန္မက ကေလးအထူးကုတစ္ေယာက္ျဖစ္ခ်င္ၿပီး ကေလးေတြကိုကူညီေပးခ်င္ေပမယ့္ ႏိုင္ငံေရး ျပႆနာေတြျဖစ္လာခဲ့ၿပီးေနာက္မွာေတာ့ မိသားစုေငြေၾကးအခက္အခဲေတြက ကြၽန္မကို ေနာက္ထပ္ေ႐ြးခ်ယ္ စရာတစ္ခုကို ခြင့္မျပဳခဲ့ဘူး။လက္ရွိေတြ႕ႀကဳံေနရတဲ့ဘဝအေျခေနေတြဟာ ကြၽန္မ မက္ခဲ့တဲ့အိပ္မက္နဲ႔ ဘာမွဆိုင္ဘဲ တစျခားစီျဖစ္ေနတယ္”လို႔ ေျပာပါတယ္။
ျမန္မာအမ်ိဳးသမီးေတြဟာ စီးပြားေရးက်ပ္ တည္းမႈဒဏ္ကိုခါးစည္းခံေနရၿပီး အမ်ိဳးသမီးေတြရဲ႕ ဝင္ေငြက အမ်ိဳးသားေတြနဲ႔ႏႈိင္းယွဥ္ရင္ ယခင္တည္း ကနည္းပါးခဲ့တယ္လို႔သိရပါတယ္။ (၂၀၂၄) ခုႏွစ္ ဧၿပီလကေန ဇြန္လအထိျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုမွာ ေတာ့ ျမန္မာအမ်ိဳးသမီးေတြရဲ႕ ေန႔စဥ္လုပ္အားခဟာ တစ္ရက္ကို အေမရိကန္ေငြ(၅)ေဒၚလာဝန္းက်င္ပဲ ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ အမ်ိဳးသားနဲ႔အမ်ိဳးသမီး အလုပ္တစ္ခုတည္း အတူတူလုပ္ရင္ေတာင္ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ (၄၀)ရာခိုင္ႏႈန္း ပိုရၾကၿပီး အလုပ္လက္မဲ့ႏႈန္းအေရ အတြက္ကလည္း အမ်ိဳးသားေတြထက္စာရင္ အမ်ိဳးသမီးအေရအတြက္ က ပိုမိုမ်ားျပားတယ္လို႔သိရပါတယ္။
ျမန္မာႏိုင္ငံမွာလာေရာက္ရင္းႏွီးျမႇဳပ္ႏွံၾကတဲ့အထည္ခ်ဳပ္စက္႐ုံေတြဟာ ျမန္မာ့ေက်းလက္ေန အမ်ိဳးသမီး အမ်ားစုအတြက္ အသက္ေသြးေၾကာသ ဖြယ္ျဖစ္ခဲ့ၿပီး (၂၀၂၆)ခုႏွစ္မွာ လုပ္သားေပါင္း (၁ ဒ သမ ၆) သန္းဝန္းက်င္ကို အလုပ္ခန႔္ထားႏိုင္ဖြယ္ရွိ တယ္လို႔ ခန႔္မွန္းခ်က္ေတြလည္းရွိခဲ့ဖူးပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရးျပႆနာေတြ ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္းမွာ ေတာ့ အထည္ခ်ဳပ္စက္႐ုံအမ်ားစုပိတ္သိမ္းသြားခဲ့ၿပီး ကုမၸဏီေတြကလည္း ျမန္မာႏိုင္ငံကေနႏုတ္ထြက္ သြားခဲ့တယ္လို႔ ႏိုင္ငံတကာသတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။
အသက္(၂၅)ႏွစ္အ႐ြယ္ရွိ မျမအမည္ရွိ အမ်ိဳးသမီးရဲ႕ခင္ပြန္းျဖစ္သူဟာ (၂၀၂၁)ခုႏွစ္ ႏိုင္ငံ ေရးျပႆနာေတြ ျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ဆႏၵျပပြဲ ေတြမွာပါဝင္ခဲ့တဲ့အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ပစ္ ခတ္ျခင္းကိုခံရကာေသဆုံး ခဲ့ပါတယ္။ မျမဟာ ခင္ပြန္းျဖစ္သူေသဆုံးၿပီးေနာက္ Single Mother ျဖစ္လာခ်ိန္မွာေတာ့ အထည္ခ်ဳပ္စက္႐ုံ တစ္႐ုံမွာအလုပ္ရဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ အထည္ခ်ဳပ္အလုပ္မွာ အလုပ္ခြင့္မ ရဘဲ သူပိုင္ဆိုင္တဲ့ တန္ဖိုးရွိတာ မွန္သမွ် ထုခြဲေရာင္းခ်ၿပီး ေနာက္ဆုံးမွာ အသက္ (၃)ႏွစ္အ႐ြယ္သမီးငယ္ကို ေကြၽးေမြးေစာင့္ေရွာက္ဖို႔ ျပည့္တန္ဆာလုပ္ငန္းဆီ ဦးလွည့္ခဲ့ရတယ္လို႔ဆိုပါတယ္။
မျမက “လူေတြက ကြၽန္မကိုေဝဖန္ၾကေပမယ့္ ဗိုက္ဆာတဲ့အျဖစ္ကို သူတို႔ေတြနားမလည္ၾကဘူး။ ဘာမွမရွိ တဲ့ဘဝမွာ ဗိုက္ဆာေနတဲ့ကိုယ့္ရင္ေသြးတစ္ ေယာက္ကိုၾကည့္ေနရတဲ့ မိခင္တစ္ေယာက္ရဲ႕ခံစား ခ်က္ကို နားလည္ႏိုင္ မွာလည္းမဟုတ္ဘူး၊ ေန႔တိုင္းဆိုသလိုပါပဲ။ ဒီျပည့္တန္ဆာဆိုတဲ့လမ္းမႀကီးထက္က လြတ္ေျမာက္ဖို႔ ကြၽန္မဆုေတာင္း ေနမိတယ္” လို႔ ဝန္ခံေျပာဆိုထားပါတယ္။