ရန်ကုန်-မန္တလေးအမြန်လမ်းတွင် PDF အဖွဲ့က လမ်းသွားလမ်းလာကားများကို တားဆီးစစ်ဆေးကာ ကားတစ်စီးနှင့်အတူ ပါလာသူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွား
2542
NP News - ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် PDF အဖွဲ့က လမ်းသွားလမ်းလာကားများကို တားဆီးစစ်ဆေးကာ ကားတစ်စီးနှင့်အတူ ပါလာသူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၃ ရက်)၊ နံနက် ၁၀နာရီခွဲအချိန်ခန့်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၃၁၈/၆) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်စဉ်ကတော့မှန်ပါတယ်။ ဒီနေ့မနက်မှာဖြစ်သွားတာပါ။ မိုင်တိုင်အမှတ် (၃၁၈/၆)မှာဖြစ်သွားတာပါ” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။
အထက်ပါနေရာသို့ PDF အဖွဲ့ဝင် အင်အား(၅၀)ကျော်က Canda Light Truck ကားစီးအပါအဝင် ကား(၄)စီးဖြင့် ရောက်ရှိလာပြီး လမ်းပေါ်ရှိ ကားများကို တားဆီးစစ်ဆေးကာ အဆိုပါလမ်းပေါ်သို့ နံနက်(၆)နာရီမှ ညနေ(၆)နာရီအတွင်းသာသွားလာကြရန်၊ ကားမောင်းစဉ် မှန်ချမောင်းရန်နှင့် ညပိုင်းတွင် သွားလာခွင့်မပြုကြောင်း၊ တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ထို့သို့ ရန်ကုန်-မန္တလေးလမ်းနှင့် မန္တလေး-ရန်ကုန်လမ်း(၂)ဖက်လုံးအား တားဆီးခဲ့သောကြောင့် အဆိုပါလမ်းပေါ်တွင် ကားအစီးရေ (၅၀)ကျော် ပိတ်ဆို့ရပ်တန့်ခဲ့ရကြောင်း သိရသည်။ ထို့နောက် (၁၁)နာရီကျော်အချိန်ခန့်တွင် ရန်ကုန်ဘက်မှမောင်းနှင်လာသည့် ကားတစ်စီးပေါ်မှာ ပြောက်ကျားဝတ် အသက် (၄၀)ကျော် အမျိုးသားတစ်ဦးနှင့် မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်ကာ ဇီးတော်ဆည်ဘောင်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိပြီး လမ်းပေါ်တွင်လည်း လမ်းသွားလမ်းလာကားများမှာ ပုံမှန်အတိုင်းသွားလာလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်ကလည်း နွားထိုးကြီးမြို့နယ် နှင့် မိတ္ထီလာမြို့နယ်ကြား၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ရှိ ရဲကင်းစခန်းကို PDF အဖွဲ့က လာရောက်ပစ်ခက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ PDF အဖြဲ႕က လမ္းသြားလမ္းလာကားမ်ားကို တားဆီးစစ္ေဆးကာ ကားတစ္စီးႏွင့္အတူ ပါလာသူအခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြား
NP News - ဒီဇင္ဘာ ၂၃
မႏၲေလးတိုင္းေဒသႀကီး၊ ဝမ္းတြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ PDF အဖြဲ႕က လမ္းသြားလမ္းလာကားမ်ားကို တားဆီးစစ္ေဆးကာ ကားတစ္စီးႏွင့္အတူ ပါလာသူအခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၂၃ ရက္)၊ နံနက္ ၁၀နာရီခြဲအခ်ိန္ခန႔္က ဝမ္းတြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ (၃၁၈/၆) တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္စဥ္ကေတာ့မွန္ပါတယ္။ ဒီေန႔မနက္မွာျဖစ္သြားတာပါ။ မိုင္တိုင္အမွတ္ (၃၁၈/၆)မွာျဖစ္သြားတာပါ” ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။
အထက္ပါေနရာသို႔ PDF အဖြဲ႕ဝင္ အင္အား(၅၀)ေက်ာ္က Canda Light Truck ကားစီးအပါအဝင္ ကား(၄)စီးျဖင့္ ေရာက္ရွိလာၿပီး လမ္းေပၚရွိ ကားမ်ားကို တားဆီးစစ္ေဆးကာ အဆိုပါလမ္းေပၚသို႔ နံနက္(၆)နာရီမွ ညေန(၆)နာရီအတြင္းသာသြားလာၾကရန္၊ ကားေမာင္းစဥ္ မွန္ခ်ေမာင္းရန္ႏွင့္ ညပိုင္းတြင္ သြားလာခြင့္မျပဳေၾကာင္း၊ တာဝန္မယူေၾကာင္း ေျပာၾကားခဲ့သည္ဟု သိရသည္။
ထို႔သို႔ ရန္ကုန္-မႏၲေလးလမ္းႏွင့္ မႏၲေလး-ရန္ကုန္လမ္း(၂)ဖက္လုံးအား တားဆီးခဲ့ေသာေၾကာင့္ အဆိုပါလမ္းေပၚတြင္ ကားအစီးေရ (၅၀)ေက်ာ္ ပိတ္ဆို႔ရပ္တန႔္ခဲ့ရေၾကာင္း သိရသည္။ ထို႔ေနာက္ (၁၁)နာရီေက်ာ္အခ်ိန္ခန႔္တြင္ ရန္ကုန္ဘက္မွေမာင္းႏွင္လာသည့္ ကားတစ္စီးေပၚမွာ ေျပာက္က်ားဝတ္ အသက္ (၄၀)ေက်ာ္ အမ်ိဳးသားတစ္ဦးႏွင့္ မိသားစုဝင္မ်ားကို ဖမ္းဆီးေခၚေဆာင္ကာ ဇီးေတာ္ဆည္ေဘာင္လမ္းအတိုင္း ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ အထက္ပါေနရာသို႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသြားေရာက္ကာ နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားလုပ္ေဆာင္လ်က္ရွိၿပီး လမ္းေပၚတြင္လည္း လမ္းသြားလမ္းလာကားမ်ားမွာ ပုံမွန္အတိုင္းသြားလာလ်က္ရွိေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၂ ရက္ကလည္း ႏြားထိုးႀကီးၿမိဳ႕နယ္ ႏွင့္ မိတၳီလာၿမိဳ႕နယ္ၾကား၊ ရန္ကုန္-မႏၲေလးအျမန္လမ္းေပၚ ရွိ ရဲကင္းစခန္းကို PDF အဖြဲ႕က လာေရာက္ပစ္ခက္တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။