အိုက်စလန်နိုင်ငံမှာ သမ္မတနဲ့ ၀န်ကြီးချုပ် ရာထူးနှစ်နေရာစလုံးမှာ အမျိုးသမီးတွေကို ပထမဆုံး ခန့်ထား

 487

ဂျန်ဇက် (NP News) - ဒီဇင်ဘာလ ၂၃

Kristrun Frostadottir ကို အိုက်စလန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီးတဲ့နောက် အဲဒီနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတနဲ့ ဝန်ကြီးချုပ်ရာထူး ၂ နေရာ စလုံးကို အမျိုးသမီးတွေက ရယူလိုက်ပါတယ်။ လက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက်တစ်မဟာမိတ် ပါတီ အကြီးအကဲ Frostadottir ရဲ့ ဝန်ကြီးချုပ်ရာထူးခန့်အပ်မှုကို စနေနေ့မှာ ကြေညာခဲ့ပါတယ်။

၎င်းဟာ အသက် ၃၆ နှစ်ရှိသူဖြစ်ပြီး နိုင်ငံ့သမိုင်းမှာ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်ပါတယ်။နော်ဒစ်နိုင်ငံတစ်ခုဖြစ်တဲ့ အိုက်စလန်မှာ ပြီးခဲ့တဲ့လက အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မီးစ် Frostadottir ရဲ့ပါတီဟာ အာဏာရညွန့်ပေါင်းကို ကျော်တက်ပြီး အကြီးဆုံးအင်အားစု ဖြစ်လာခဲ့ပါတယ်။ သူတို့ပါတီဟာ တခြားပါတီနှစ်ခုနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီထားပြီးဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီအားလုံးရဲ့ အကြီးအကဲတွေဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ စနေနေ့က အမည်စာရင်းတင်သွင်းထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၁ ဦးထဲက ၇ ဦးဟာလည်း အမျိုးသမီးတွေ ဖြစ်ပါတယ်။အိုက်စလန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျားမတန်းတူညီမျှမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ ၁၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်ခဲ့ပါတယ်။

ရင်ခွင်ပိုက်အရွယ် ကလေးငယ်ကို ပြုစုပျိုးထောင်ဆဲ မိခင်တစ်ဦးဖြစ်တဲ့ မီးစ် Frostadottir ဟာ ဧပြီလမှာ သူကလေးနဲ့အတူ လွှတ်တော်အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ လွှတ်တော်ဟာ မိသားစုဝင်တွေကိုလည်း ကြိုဆိုလက်ခံတဲ့ နေရာမျိုး ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

အိုက်စလန်နိုင်ငံမှာ သမ္မတနဲ့ ၀န်ကြီးချုပ် ရာထူးနှစ်နေရာစလုံးမှာ အမျိုးသမီးတွေကို ပထမဆုံး ခန့်ထား
Kristrun Frostadottir ကို အိုက်စလန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပြီးတဲ့နောက် အဲဒီနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် သမ္မတနဲ့ ဝန်ကြီးချုပ်ရာထူး ၂ နေရာ စလုံးကို အမျိုးသမီးတွေက ရယူလိုက်ပါတယ်။လက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက်တစ်မဟာမိတ် ပါတီ အကြီးအကဲ Frostadottir ရဲ့ ဝန်ကြီးချုပ်ရာထူးခန့်အပ်မှုကို စနေနေ့မှာ ကြေညာခဲ့ပါတယ်။ သူဟာ အသက် ၃၆ နှစ်ရှိသူဖြစ်ပြီး နိုင်ငံ့သမိုင်းမှာ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်ပါတယ်။နော်ဒစ်နိုင်ငံတစ်ခုဖြစ်တဲ့ အိုက်စလန်မှာ ပြီးခဲ့တဲ့လက အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး မီးစ် Frostadottir ရဲ့ပါတီဟာ အာဏာရညွန့်ပေါင်းကို ကျော်တက်ပြီး အကြီးဆုံးအင်အားစု ဖြစ်လာခဲ့ပါတယ်။ သူတို့ပါတီဟာ တခြားပါတီနှစ်ခုနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ သဘောတူညီထားပြီးဖြစ်ပါတယ်။

လက်ရှိအာဏာရပါတီအားလုံးရဲ့ အကြီးအကဲတွေဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။ စနေနေ့က အမည်စာရင်းတင်သွင်းထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၁ ဦးထဲက ၇ ဦးဟာလည်း အမျိုးသမီးတွေ ဖြစ်ပါတယ်။အိုက်စလန်နိုင်ငံဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကျားမတန်းတူညီမျှမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာမှာ ၁၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်ခဲ့ပါတယ်။

ရင်ခွင်ပိုက်အရွယ် ကလေးငယ်ကို ပြုစုပျိုးထောင်ဆဲ မိခင်တစ်ဦးဖြစ်တဲ့ မီးစ် Frostadottir ဟာ ဧပြီလမှာ သူကလေးနဲ့အတူ လွှတ်တော်အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ လွှတ်တော်ဟာ မိသားစုဝင်တွေကိုလည်း ကြိုဆိုလက်ခံတဲ့ နေရာမျိုး ဖြစ်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

zawgyi version





Related news

© 2021. All rights reserved.