ဘရာဇီးတွင် လေယာဉ်ငယ်တစ်စီးပျက်ကျရာ လေယာဉ်ပေါ်ပါသူ ဆယ်ဦးစလုံးသေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရ
278
ဂျန်ဇက် (NP News) - ဒီဇင်ဘာလ ၂၃
ဘရာဇီးနိုင်ငံ တောင်ပိုင်းရှိ ဂရာမာဒိုမြို့၏ မြို့ပြဧရိယာအတွင်းသို့ လေယာဉ်ငယ်တစ်စီး ဒီဇင်ဘာလ (၂၃)ရက် နံနက်ပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်ပါသူ ၁၀ ဦးစလုံးသေဆုံးခဲ့ရပြီး မြေပြင်ပေါ်ရှိ လူ၁၇ဦး ဒဏ်ရာရခဲ့ကြောင်းဖြင့် ဘရာဇီးအာဏာပိုင်များက ပြောကြားခဲ့ကြသည်။
လေယာဉ်ငယ်က ဒီဇင်ဘာလ (၂၃) ရက် နံနက်ပိုင်းတွင် လေဆိပ်မှပျံတက်အပြီး မိနစ်ပိုင်းအကြာတွင်ပင် အဆောက်အအုံတစ်ခု၏ မီးခိုးခေါင်းတိုင်တစ်ခုနှင့်တိုက်မိကာ မြေပြင်ရှိ ပရိဘောဂစတိုးဆိုင်တစ်ခုသို့ ပျက်ကျခဲ့ကြောင်း အမျိုးသားမြို့ပြကာကွယ်ရေးအဖွဲ့က ပြောခဲ့သည်။ လေယာဉ်အပျက်အစီး အပိုင်းအစများက စားသောက်ဆိုင်တစ်ခုကိုလည်း ထိမှန်ခဲ့ကြောင်း သိရသည်။
ဂရာမာဒိုမြို့တည်ရှိရာ ရီအိုဂရန်တီဒိုဆူလ်ဒေသ မြို့ပြကာကွယ်ရေးအဖွဲ့က လေယာဉ်ပျက်ကျမှုတွင် အနည်းဆုံး ၁၇ ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသူ (၁၇)ဦး အနက် (၁၂)ဦး ကဆေးရုံတင်ထားရကြောင်းသိရသည်။ ခရစ္စမတ်ကာလ နီးကပ်လာချိန်ကာလအတွင်း အဆိုပါမြို့တွင် လူအများအလုပ်ရှုပ်နေပြီး လေယာဥ်ပျက်ကျရသော အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမည်ဟု ဘရာဇီးအာဏာပိုင်များက ပြောသည်။
zawgyi version
ဘရာဇီးတြင္ ေလယာဥ္ငယ္တစ္စီးပ်က္က်ရာ ေလယာဥ္ေပၚပါသူ ဆယ္ဦးစလုံးေသဆုံးခဲ့ၿပီး ၁၇ ဦး ဒဏ္ရာရ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာလ ၂၃
ဘရာဇီးႏိုင္ငံ ေတာင္ပိုင္းရွိ ဂရာမာဒိုၿမိဳ႕၏ ၿမိဳ႕ျပဧရိယာအတြင္းသို႔ ေလယာဥ္ငယ္တစ္စီး ဒီဇင္ဘာလ (၂၃)ရက္ နံနက္ပိုင္းက ပ်က္က်မႈျဖစ္ပြားခဲ့ရာ ေလယာဥ္ေပၚပါသူ ၁၀ ဦးစလုံးေသဆုံးခဲ့ရၿပီး ေျမျပင္ေပၚရွိ လူ၁၇ဦး ဒဏ္ရာရခဲ့ေၾကာင္းျဖင့္ ဘရာဇီးအာဏာပိုင္မ်ားက ေျပာၾကားခဲ့ၾကသည္။
ေလယာဥ္ငယ္က ဒီဇင္ဘာလ (၂၃) ရက္ နံနက္ပိုင္းတြင္ ေလဆိပ္မွပ်ံတက္အၿပီး မိနစ္ပိုင္းအၾကာတြင္ပင္ အေဆာက္အအုံတစ္ခု၏ မီးခိုးေခါင္းတိုင္တစ္ခုႏွင့္တိုက္မိကာ ေျမျပင္ရွိ ပရိေဘာဂစတိုးဆိုင္တစ္ခုသို႔ ပ်က္က်ခဲ့ေၾကာင္း အမ်ိဳးသားၿမိဳ႕ျပကာကြယ္ေရးအဖြဲ႕က ေျပာခဲ့သည္။ ေလယာဥ္အပ်က္အစီး အပိုင္းအစမ်ားက စားေသာက္ဆိုင္တစ္ခုကိုလည္း ထိမွန္ခဲ့ေၾကာင္း သိရသည္။
ဂရာမာဒိုၿမိဳ႕တည္ရွိရာ ရီအိုဂရန္တီဒိုဆူလ္ေဒသ ၿမိဳ႕ျပကာကြယ္ေရးအဖြဲ႕က ေလယာဥ္ပ်က္က်မႈတြင္ အနည္းဆုံး ၁၇ ဦးဒဏ္ရာရခဲ့ေၾကာင္းသိရသည္။ ဒဏ္ရာရသူ (၁၇)ဦး အနက္ (၁၂)ဦး ကေဆး႐ုံတင္ထားရေၾကာင္းသိရသည္။ ခရစၥမတ္ကာလ နီးကပ္လာခ်ိန္ကာလအတြင္း အဆိုပါၿမိဳ႕တြင္ လူအမ်ားအလုပ္ရႈပ္ေနၿပီး ေလယာဥ္ပ်က္က်ရေသာ အေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးမည္ဟု ဘရာဇီးအာဏာပိုင္မ်ားက ေျပာသည္။