AA အဖွဲ့လိုမျိုး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရပြော
620
Pika (NP News) - ဒီဇင်ဘာလ ၂၃
လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အရေး နဲ့ ရခိုင်ပြဿနာတွေကို ဖြေရှင်းပေးဖို့ မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်အစိုးရက တိုက်တွန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် နယ်စပ်ထိန်းချုပ်မှုတွေနဲ့ပတ်သက်ပြီး AA အဖွဲ့လိုမျိုး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ မဖြစ်နိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောကြားထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md. Touhid Hossainဟာ ဒီဇင်ဘာလ(၁၉)ရက်နေ့က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အလွတ်သဘောဆွေးနွေးပွဲအတွင်း အဲ့ဒီသတင်းစကားကို မြန်မာအစိုးရကို ပေးပို့ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အလွတ်သဘောဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်၊မြန်မာ၊အိန္ဒိယ၊တရုတ်၊လာအိုနဲ့ အခြားနိုင်ငံတွေက အကြီးတန်းကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။Md. Touhid Hossainက"နယ်စပ်က သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးဆိုတာ မြန်မာအစိုးရကို ကျွန်တော်အကြောင်းကြားခဲ့ပါတယ်။
ယခုအချိန်မှာ နယ်စပ်က AA အဖွဲ့လိုမျိုး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကက ထိန်းချုပ်ထားပါတယ်။နိုင်ငံတစ်ခုအနေနဲ့ AA အဖွဲ့လိုမျိုး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ၊ရခိုင်တို့နဲ့ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မြန်မာအစိုးရက နည်းလမ်းတစ်ခုရှာရပါမယ်။"လို့ပြောဆိုခဲ့ပါတယ်။ အဲဒီလိုမျိုး ကိစ္စရပ်တွေကို ဖြေရှင်းဖို့အတွက် နယ်စပ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုတာကို မြန်မာအစိုးရဘက်က ၎င်းကို အကြောင်းကြားခဲ့တယ်လို့ Md. Touhid Hossainကထပ်မံပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsarက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး မြန်မာအစိုးရရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဦးသန်းဆွေ၊လာအိုနိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith၊အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးVikram Misri၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး Md. Touhid Hossain နဲ့ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Ma Zhaoxuတို့ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ဆွေးနွေးပွဲအတွင်း နယ်စပ်ကိစ္စ၊ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လက်နက်မှောင်ခိုကူးမှု၊ လူကုန်ကူးမှုနဲ့ မြန်မာ့နိုင်ငံရေးအနာဂါတ်တွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ Md. Touhid Hossainက ပြောကြားခဲ့ပါတယ်။
zawgyi version
AA အဖြဲ႕လိုမ်ိဳး အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဘဂၤလားေဒ့ရွ္အစိုးရေျပာ
Pika (NP News) - ဒီဇင္ဘာလ ၂၃
လက္ရွိျဖစ္ပြားေနတဲ့ ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္အေရး နဲ႔ ရခိုင္ျပႆနာေတြကို ေျဖရွင္းေပးဖို႔ ျမန္မာအစိုးရကို ဘဂၤလားေဒ့ရွ္အစိုးရက တိုက္တြန္းေတာင္းဆိုထားတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ နယ္စပ္ထိန္းခ်ဳပ္မႈေတြနဲ႔ပတ္သက္ၿပီး AA အဖြဲ႕လိုမ်ိဳး အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္ဘူးလို႔ ဘဂၤလားေဒ့ရွ္အစိုးရက ေျပာၾကားထားပါတယ္။
ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးအႀကံေပး Md. Touhid Hossainဟာ ဒီဇင္ဘာလ(၁၉)ရက္ေန႔က ထိုင္းႏိုင္ငံမွာက်င္းပခဲ့တဲ့ အလြတ္သေဘာေဆြးေႏြးပြဲအတြင္း အဲ့ဒီသတင္းစကားကို ျမန္မာအစိုးရကို ေပးပို႔ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ထိုင္းႏိုင္ငံမွာက်င္းပခဲ့တဲ့ အလြတ္သေဘာေဆြးေႏြးပြဲကို ဘဂၤလားေဒ့ရွ္၊ျမန္မာ၊အိႏၵိယ၊တ႐ုတ္၊လာအိုနဲ႔ အျခားႏိုင္ငံေတြက အႀကီးတန္းကိုယ္စားလွယ္ေတြ တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။Md. Touhid Hossainက"နယ္စပ္က သူတို႔ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ မရွိေတာ့ဘူးဆိုတာ ျမန္မာအစိုးရကို ကြၽန္ေတာ္အေၾကာင္းၾကားခဲ့ပါတယ္။
ယခုအခ်ိန္မွာ နယ္စပ္က AA အဖြဲ႕လိုမ်ိဳး အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြကက ထိန္းခ်ဳပ္ထားပါတယ္။ႏိုင္ငံတစ္ခုအေနနဲ႔ AA အဖြဲ႕လိုမ်ိဳး အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ ၊ရခိုင္တို႔နဲ႔ဆက္စပ္တဲ့ ျပႆနာေတြကို ေျဖရွင္းဖို႔ ျမန္မာအစိုးရက နည္းလမ္းတစ္ခုရွာရပါမယ္။"လို႔ေျပာဆိုခဲ့ပါတယ္။ အဲဒီလိုမ်ိဳး ကိစၥရပ္ေတြကို ေျဖရွင္းဖို႔အတြက္ နယ္စပ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္ဆိုတာကို ျမန္မာအစိုးရဘက္က ၎ကို အေၾကာင္းၾကားခဲ့တယ္လို႔ Md. Touhid Hossainကထပ္မံေျပာၾကားခဲ့ပါတယ္။
ထိုင္းႏိုင္ငံမွာက်င္းပခဲ့တဲ့ ေဆြးေႏြးပြဲကို ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Maris Sangiampongsarက သဘာပတိအျဖစ္ေဆာင္႐ြက္ခဲ့ၿပီး ျမန္မာအစိုးရရဲ႕ ဒုတိယဝန္ႀကီးခ်ဳပ္နဲ႔ ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္သူ ဦးသန္းေဆြ၊လာအိုႏိုင္ငံျခားေရးဝန္ႀကီး Saleumxay Kommasith၊အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးVikram Misri၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးအႀကံေပး Md. Touhid Hossain နဲ႔ တ႐ုတ္ႏိုင္ငံျခားေရးဒုဝန္ႀကီး Ma Zhaoxuတို႔ တက္ေရာက္ခဲ့ၾကတယ္လို႔သိရပါတယ္။ေဆြးေႏြးပြဲအတြင္း နယ္စပ္ကိစၥ၊ မူးယစ္ေဆးဝါးေမွာင္ခိုကူးမႈ၊ လက္နက္ေမွာင္ခိုကူးမႈ၊ လူကုန္ကူးမႈနဲ႔ ျမန္မာ့ႏိုင္ငံေရးအနာဂါတ္ေတြကို အဓိကထားေဆြးေႏြးခဲ့တယ္လို႔ Md. Touhid Hossainက ေျပာၾကားခဲ့ပါတယ္။