အိန္ဒိယမှာချမ်းသာတဲ့ အမျိုးသားတွေကို လက်ထပ်ပြီး လက်ဝတ်ရတနာတွေ ခိုးယူခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ
1412
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၄
အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတစ်ဦးက ချမ်းသာတဲ့ အမျိုးသားတွေကို လက်ထပ်ပြီး ငွေသားနဲ့ လက်ဝတ်လက်စားတွေကို ခိုးယူခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းရှိ ပြည်နယ်တစ်ခုဖြစ်တဲ့ ရာဂျက်စ်သန်မှာ အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယသတင်းဌာန India Today က ဒီဇင်ဘာ ၂၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ဖမ်းမိတဲ့အချိန်ကိုတော့ အစီရင်ခံခြင်းမရှိတဲ့အတွက် မသိရသေးပါဘူး။ အမျိုးသမီးဟာ ကွာရှင်းပြတ်စဲထားတဲ့ (သို့မဟုတ်) ချမ်းသာတဲ့ စီးပွားရေးသမားတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေကို ပစ်မှတ်ထားကာ dating app တွေကနေ စံပြလုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် ဟန်ဆောင်ပြီး လက်ထပ်ဖို့မြူဆွယ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်မှာတော့ ခင်ပွန်းသည်ဆီက ငွေနဲ့လက်ဝတ်လက်စားတွေကို ခိုးယူထွက်ပြေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ခိုးမှုနဲ့ပတ်သက်ပြီးမိခဲ့ရင်လည်း အိမ်တွင်းအကြမ်းဖက်မှု၊ နှောင့်ယှက်မှု အတုအယောင်တွေတိုင်ကြားပြီး သူဌေးခင်ပွန်းဆီက ငွေညှစ်လေ့ရှိတယ်လို့ သိရပါတယ်။
လက်ဝတ်ရတနာရောင်းတဲ့ အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူ သေဆုံးပြီးနောက် dating app ကနေ အဆိုပါ လူလိမ်အမျိုးသမီးနဲ့တွေ့ဆုံပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ လက်ထပ်ခဲ့ပြီးနောက် ရူပီး ၃.၆၅ သန်းတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာနဲ့ ငွေတွေ ခိုးယူခံခဲ့ရပါတယ်။ ဒါကို အမျိုးသားက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်မှာ ရဲစခန်းကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါအမျိုးသမီးဟာ ယခင်ကလည်း အခြားအမျိုးသားတွေကို အခုလိုလိမ်လည် လှည့်စားခဲ့တယ်လို့ သံသယရှိတာကြောင့် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
zawgyi version
အိႏၵိယမွာခ်မ္းသာတဲ့ အမ်ိဳးသားေတြကို လက္ထပ္ၿပီး လက္ဝတ္ရတနာေတြ ခိုးယူခဲ့တဲ့ အမ်ိဳးသမီးတစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၄
အိႏၵိယႏိုင္ငံမွာ အမ်ိဳးသမီးတစ္ဦးက ခ်မ္းသာတဲ့ အမ်ိဳးသားေတြကို လက္ထပ္ၿပီး ေငြသားနဲ႔ လက္ဝတ္လက္စားေတြကို ခိုးယူခဲ့ျခင္းေၾကာင့္ ဖမ္းဆီးခံခဲ့ရပါတယ္။
အိႏၵိယႏိုင္ငံ အေနာက္ေျမာက္ပိုင္းရွိ ျပည္နယ္တစ္ခုျဖစ္တဲ့ ရာဂ်က္စ္သန္မွာ အဆိုပါအမ်ိဳးသမီးကို ရဲတပ္ဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့တာ ျဖစ္တယ္လို႔ အိႏၵိယသတင္းဌာန India Today က ဒီဇင္ဘာ ၂၂ ရက္မွာ ေဖာ္ျပခဲ့ပါတယ္။
ဖမ္းမိတဲ့အခ်ိန္ကိုေတာ့ အစီရင္ခံျခင္းမရွိတဲ့အတြက္ မသိရေသးပါဘူး။ အမ်ိဳးသမီးဟာ ကြာရွင္းျပတ္စဲထားတဲ့ (သို႔မဟုတ္) ခ်မ္းသာတဲ့ စီးပြားေရးသမားေတြနဲ႔ ကြၽမ္းက်င္ပညာရွင္ေတြကို ပစ္မွတ္ထားကာ dating app ေတြကေန စံျပလုပ္ေဖာ္ကိုင္ဖက္တစ္ဦးအျဖစ္ ဟန္ေဆာင္ၿပီး လက္ထပ္ဖို႔ျမဴဆြယ္ပါတယ္။ အိမ္ေထာင္က်ၿပီးေနာက္မွာေတာ့ ခင္ပြန္းသည္ဆီက ေငြနဲ႔လက္ဝတ္လက္စားေတြကို ခိုးယူထြက္ေျပးျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ခိုးမႈနဲ႔ပတ္သက္ၿပီးမိခဲ့ရင္လည္း အိမ္တြင္းအၾကမ္းဖက္မႈ၊ ေႏွာင့္ယွက္မႈ အတုအေယာင္ေတြတိုင္ၾကားၿပီး သူေဌးခင္ပြန္းဆီက ေငြညႇစ္ေလ့ရွိတယ္လို႔ သိရပါတယ္။
လက္ဝတ္ရတနာေရာင္းတဲ့ အမ်ိဳးသားတစ္ဦးဟာ ဇနီးျဖစ္သူ ေသဆုံးၿပီးေနာက္ dating app ကေန အဆိုပါ လူလိမ္အမ်ိဳးသမီးနဲ႔ေတြ႕ဆုံၿပီး ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ လက္ထပ္ခဲ့ၿပီးေနာက္ ႐ူပီး ၃.၆၅ သန္းတန္ဖိုးရွိတဲ့ လက္ဝတ္ရတနာနဲ႔ ေငြေတြ ခိုးယူခံခဲ့ရပါတယ္။ ဒါကို အမ်ိဳးသားက ၂၀၂၃ ခုႏွစ္ ဇူလိုင္လ ၂၉ ရက္မွာ ရဲစခန္းကို တိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ အဆိုပါအမ်ိဳးသမီးဟာ ယခင္ကလည္း အျခားအမ်ိဳးသားေတြကို အခုလိုလိမ္လည္ လွည့္စားခဲ့တယ္လို႔ သံသယရွိတာေၾကာင့္ စစ္ေဆးေမးျမန္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။