(၁)နှစ်ကျော်ကြာတည်ဆောက်ခဲ့ရသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် စတင်ဖွင့်လှစ်

 5495

ယွန်း (NP News) - ဒီဇင်ဘာ ၂၄

ရွှေတိဂုံစေတီတော်အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား၊ ဦးဝိစာရလမ်းတွင် ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူး လူသွားဥမင်(Underpass)ကို စတင်ဖွင့်လှစ်လိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမြေအောက်လမ်းကူးလူသွားဥမင် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ(၂၃)ရက်တွင် ကျင်းပခဲ့ပြီး နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အဆောက်အအုံဝင်ပေါက်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

၎င်းမြေအောက်လမ်းကူးလူသွားဥမင်နေရာသည် ရွှေတိဂုံစေတီတော်သို့ ဝင်ရောက်ဖူးမြော်မှု များပြားသည့်နေရာတစ်ခုဖြစ်သဖြင့် ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့် ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့သွားရောက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်တောင့်သက်သာဖြတ်သန်းသွားလာ နိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အအုံတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥမင်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြေအောက်လမ်းကူးလူသွားဥမင် (Underpass)အမျိုးအစားဖြစ်ပြီး ပင်မဥမင်အမြင့် (၁၁) ပေ၊ အကျယ် (၂၃) ပေ၊ ဥမင်အလျားစုစုပေါင်း (၄၆၁) ပေရှိပြီး ဝင်ပေါက်၊ ထွက်ပေါက် (၄) ခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ (၁၄၀၀၀) ဦးခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရွေ့လျားစက်လှေကား (၄)စင်း၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အသုံးပြုရန် ဓာတ်လှေကား (၂) စင်း ထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် သက်ကြီးရွယ်အိုများအတွက်လည်း အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုကဲ့သို့မြေအောက်လမ်းကူး လူသွားဥမင်ဖွင့်လှစ်ခဲ့ခြင်းကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာဖြင့်သွားလာ နိုင်မည်ဖြစ်ပြီး ဦးဝိစာရလမ်းပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့်လည်း ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

zawgyi version
(၁)ႏွစ္ေက်ာ္ၾကာတည္ေဆာက္ခဲ့ရသည့္ ျမန္မာႏိုင္ငံ၏ ဒုတိယေျမာက္ ေျမေအာက္လမ္းကူးလူသြားဥမင္ စတင္ဖြင့္လွစ္

ယြန္း (NP News) - ဒီဇင္ဘာ ၂၄

ေ႐ႊတိဂုံေစတီေတာ္အေနာက္ဘက္မုခ္ႏွင့္ ျပည္သူ႔ရင္ျပင္ပန္းၿခံအၾကား၊ ဦးဝိစာရလမ္းတြင္ ေဖာက္လုပ္ထားသည့္ ျမန္မာႏိုင္ငံ၏ ဒုတိယေျမာက္ ေျမေအာက္လမ္းကူး လူသြားဥမင္(Underpass)ကို စတင္ဖြင့္လွစ္လိုက္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါေျမေအာက္လမ္းကူးလူသြားဥမင္ ဖြင့္ပြဲအခမ္းအနားကို ဒီဇင္ဘာ(၂၃)ရက္တြင္ က်င္းပခဲ့ၿပီး နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ တက္ေရာက္ခဲ့ၿပီး အေဆာက္အအုံဝင္ေပါက္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

၎ေျမေအာက္လမ္းကူးလူသြားဥမင္ေနရာသည္ ေ႐ႊတိဂုံေစတီေတာ္သို႔ ဝင္ေရာက္ဖူးေျမာ္မႈ မ်ားျပားသည့္ေနရာတစ္ခုျဖစ္သျဖင့္ ဘုရားဖူးလာျပည္သူမ်ား စိတ္ခ်မ္းသာစြာျဖင့္ ေ႐ႊတိဂုံေစတီေတာ္ႏွင့္ ျပည္သူ႔ရင္ျပင္သို႔သြားေရာက္ရာတြင္ ယာဥ္အႏၲရာယ္ကင္းရွင္းၿပီး သက္ေတာင့္သက္သာျဖတ္သန္းသြားလာ ႏိုင္ေစရန္ႏွင့္ ေခတ္မီအေျခခံအေဆာက္အအုံတစ္ခု ထပ္မံေပၚေပါက္လာေစရန္ရည္႐ြယ္ တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဥမင္ကို ၂၀၂၃ ခုႏွစ္၊ ေအာက္တိုဘာလတြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ေျမေအာက္လမ္းကူးလူသြားဥမင္ (Underpass)အမ်ိဳးအစားျဖစ္ၿပီး ပင္မဥမင္အျမင့္ (၁၁) ေပ၊ အက်ယ္ (၂၃) ေပ၊ ဥမင္အလ်ားစုစုေပါင္း (၄၆၁) ေပရွိၿပီး ဝင္ေပါက္၊ ထြက္ေပါက္ (၄) ခုပါဝင္ကာ တစ္နာရီလွ်င္ လူဦးေရ (၁၄၀၀၀) ဦးခန႔္ ျဖတ္သန္းသြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ေ႐ြ႕လ်ားစက္ေလွကား (၄)စင္း၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ မသန္စြမ္းသူမ်ား အသုံးျပဳရန္ ဓာတ္ေလွကား (၂) စင္း ထည့္သြင္းတည္ေဆာက္ထားျခင္းေၾကာင့္ သက္ႀကီး႐ြယ္အိုမ်ားအတြက္လည္း အဆင္ေျပလြယ္ကူစြာ အသုံးျပဳႏိုင္မည္ျဖစ္သည္။

ယခုကဲ့သို႔ေျမေအာက္လမ္းကူး လူသြားဥမင္ဖြင့္လွစ္ခဲ့ျခင္းေၾကာင့္ အမ်ားျပည္သူမ်ား၊ ဘုရားဖူးလာျပည္သူမ်ား ယာဥ္အႏၲရာယ္ ကင္းရွင္းစြာျဖင့္သြားလာ ႏိုင္မည္ျဖစ္ၿပီး ဦးဝိစာရလမ္းေပၚ၌ ျဖတ္သန္းသြားလာလ်က္ရွိသည့္ ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္လည္း ယာဥ္ေၾကာပိတ္ဆို႔မႈကို အထိုက္အေလ်ာက္ ေလွ်ာ့ခ်ေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

Picture

Aung Aung

24/12/2024 14:59

အရမ်းအားနေတာ နော် ပွဲပျော် 🤣

Picture

Aung Aung

24/12/2024 14:59

အရမ်းအားနေတာ နော် ပွဲပျော် 🤣

Picture

Aung Aung

24/12/2024 14:59

အရမ်းအားနေတာ နော် ပွဲပျော် 🤣

Related news

© 2021. All rights reserved.