ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရသောကြောင့် စိုးရိမ်ရ ဒဏ်ရာ ရရှိ

 1662

ပုံစာ - စမ်းချောင်းမြို့နယ် မြင်ကွင်း

သုတကျော် (NP News) - ဒီဇင်ဘာ ၂၄

ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရသောကြောင့် စိုးရိမ်ရ ဒဏ်ရာ ရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) နံနက်ပိုင်း ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်က ဟုမ်းလမ်းဘူတာ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးစန်းငွေက အုပ်ချုပ်ရေးမှူးရုံးအတွင်း ရုံးလုပ်ငန်းများ ဆောင်ရွက်စဉ် သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်သည့်အတွက် ဦးစန်းငွေ၏ ဝဲဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် တင်ပို့ထားကြောင်း သိရသည်။

“လောလောဆယ်တော့ ဆေးရုံရောက်နေပါပြီ။ ဗိုက်ကို တစ်ချက်ထိသွားတယ်။ သုံးယောက်လာတယ် လို့တော့ ပြောတယ်။ ဒဏ်ရာက စိုးရိမ်ရတယ် ဘာလို့လည်း ဆိုတော့ သွေးထွက်လွန်နေတာ” ဟု အထက်ပါ နီးစပ်သူက ဆိုသည်။

လက်ရှိတွင် ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ဟုမ္းလမ္း ဘူတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ေသနတ္ပစ္ခံရေသာေၾကာင့္ စိုးရိမ္ရ ဒဏ္ရာ ရရွိ
ပုံစာ - စမ္းေခ်ာင္းၿမိဳ႕နယ္ ျမင္ကြင္း

သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၄

ဟုမ္းလမ္း ဘူတာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ေသနတ္ပစ္ခံရေသာေၾကာင့္ စိုးရိမ္ရ ဒဏ္ရာ ရရွိၿပီး ေဆးကုသမႈ ခံယူေနရေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယေန႔ (ဒီဇင္ဘာလ ၂၄ ရက္) နံနက္ပိုင္း ၁၀ နာရီ ၁၅ မိနစ္ အခ်ိန္ခန႔္က ဟုမ္းလမ္းဘူတာ ရပ္ကြက္၏ အုပ္ခ်ဳပ္ေရးမႉး ဦးစန္းေငြက အုပ္ခ်ဳပ္ေရးမႉး႐ုံးအတြင္း ႐ုံးလုပ္ငန္းမ်ား ေဆာင္႐ြက္စဥ္ ေသနတ္ျဖင့္ ပစ္ခတ္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္သည့္အတြက္ ဦးစန္းေငြ၏ ဝဲဘက္ဝမ္းဗိုက္တြင္ က်ည္ေဖာက္ဝင္ ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ေဆးကုသမႈခံယူရန္ တင္ပို႔ထားေၾကာင္း သိရသည္။

“ေလာေလာဆယ္ေတာ့ ေဆး႐ုံေရာက္ေနပါၿပီ။ ဗိုက္ကို တစ္ခ်က္ထိသြားတယ္။ သုံးေယာက္လာတယ္ လို႔ေတာ့ ေျပာတယ္။ ဒဏ္ရာက စိုးရိမ္ရတယ္ ဘာလို႔လည္း ဆိုေတာ့ ေသြးထြက္လြန္ေနတာ” ဟု အထက္ပါ နီးစပ္သူက ဆိုသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူမ်ားက ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.