မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့်ရေတပ်အဖြစ်တက်လှမ်းနိုင်ရန်အတွက် ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများ တိုးမြှင့်ရန် နစကဥက္ကဋ္ဌ တိုက်တွန်း

2629

NP News -ဒီဇင်ဘာ ၂၅
မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့်ရေတပ်အဖြစ်တက်လှမ်းနိုင်ရန်အတွက် ရေယာဉ်တည်ဆောက်ခြင်း လုပ်ငန်းများ တိုးမြှင့်ရန် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌက ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)တွင် ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တပ်မတော်(ရေ)မှ တည်ဆောက်ပြီးစီးခဲ့သည့် (၁၃၅) မီတာဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့်ရေချပေးခြင်း၊ (၆၃)မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် (၂)စီးအား တပ်တော်ဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (၁၃၅) မီတာဖရီဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာစနစ်ပါဝင်သည့်ဒီဇယ် (သို့မဟုတ်) Gas Turbine ပေါင်းစပ်မောင်းနှင်မှုစနစ် (Combination of Diesel or Gas - CODOG) ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီးဖြစ်ကြောင်း နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ယခုဖရီဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့် တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်းနှင့် “ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်အသစ်များကိုတည်ဆောက်ကာ ဝယ်ယူအသုံးပြုသူအဆင့်မှ ကိုယ်တိုင်တည်ဆောက်သူ (Buyer to Builder) အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့ကမ်းရိုးတန်းသည် ၁၂၆၀ ရေမိုင် ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန် သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရားများစွာတို့ဖြင့် အဖိုးတန်လှသည့် မြန်မာ့ပိုင်နက်ပင်လယ်ပြင်ကို ကာကွယ်နိုင်ရေးအတွက် တပ်မတော် (ရေ)ကို ခေတ်မီအင် အားတောင့်တင်း ပြီး စွမ်းရည်ထက်မြက်လာစေရေး စဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက်ပေးနေခြင်းပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။
တပ်မတော်(ရေ)ကို တည်ဆောက် ရာတွင် ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်း ရှိသော တိုက်ပွဲဝင်အသင့် ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။ ဒုတိယအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy / Regional Navy) အဖြစ်သို့ တက်လှမ်းနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။
ထိုသို့ ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကျက်နိုင် စွမ်းရှိသည့် ရေတပ်ဖြစ်စေရေးအတွက် တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ မဖြစ်မနေလိုအပ်မည်ဖြစ်သဖြင့် ရေယာဉ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က ဆိုသည်။
တပ်မတော်(ရေ)ကို တိုက်ပွဲဝင်အသင့်ဖြစ်စေရေးအတွက် စစ်ရေယာဉ်အသင့်ဖြစ်မှု၊ လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှုဟူသည့် အသင့်ဖြစ်မှု(၃)ရပ်နှင့် ပြည့်စုံအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။

zawgyi version
ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားသို႔ ျဖန႔္က်က္ႏိုင္စြမ္းရွိသည့္ေရတပ္အျဖစ္တက္လွမ္းႏိုင္ရန္အတြက္ ေရယာဥ္တည္ေဆာက္ျခင္းလုပ္ငန္းမ်ား တိုးျမႇင့္ရန္ နစကဥကၠ႒ တိုက္တြန္း
NP News -ဒီဇင္ဘာ ၂၅
ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားသို႔ ျဖန႔္က်က္ႏိုင္စြမ္းရွိသည့္ေရတပ္အျဖစ္တက္လွမ္းႏိုင္ရန္အတြက္ ေရယာဥ္တည္ေဆာက္ျခင္း လုပ္ငန္းမ်ား တိုးျမႇင့္ရန္ နစက ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
နစကဥကၠ႒က ယမန္ေန႔(ဒီဇင္ဘာ ၂၄ ရက္)တြင္ ရန္ကုန္ၿမိဳ႕ရွိ အမွတ္(၃)ေရတပ္ဆိပ္ခံတံတား၌ က်င္းပျပဳလုပ္ေသာ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၊ တပ္မေတာ္(ေရ)၏ (၇၇)ႏွစ္ေျမာက္ တပ္မေတာ္(ေရ) ႏွစ္ပတ္လည္ေန႔ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားတြင္ တပ္မေတာ္(ေရ)မွ တည္ေဆာက္ၿပီးစီးခဲ့သည့္ (၁၃၅) မီတာဖရီဂိတ္စစ္ေရယာဥ္ႀကီး အမည္ေပးျခင္းႏွင့္ေရခ်ေပးျခင္း၊ (၆၃)မီတာ ေရငုပ္သေဘၤာတိုက္ဖ်က္ေရးေရယာဥ္ (၂)စီးအား တပ္ေတာ္ဝင္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။ (၁၃၅) မီတာဖရီဂိတ္စစ္ေရယာဥ္ႀကီးသည္ လိုသလိုေ႐ြးခ်ယ္ေျပာင္းလဲအသုံးျပဳႏိုင္သည့္ ဂီယာစနစ္ပါဝင္သည့္ဒီဇယ္ (သို႔မဟုတ္) Gas Turbine ေပါင္းစပ္ေမာင္းႏွင္မႈစနစ္ (Combination of Diesel or Gas - CODOG) ကို တပ္ဆင္ထားသည့္ စစ္ေရယာဥ္ႀကီးျဖစ္ေၾကာင္း နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
တပ္မေတာ္(ေရ)အေနျဖင့္ ျမစ္တြင္းသြားေရယာဥ္မ်ားမွ ယခုဖရီဂိတ္စစ္ေရယာဥ္ႀကီးမ်ားအထိ အဆင့္ဆင့္ တိုးျမႇင့္တည္ေဆာက္ႏိုင္ခဲ့သည္မွာ ဂုဏ္ယူဖြယ္ရာပင္ျဖစ္ေၾကာင္းႏွင့္ “ေရတပ္၏ တိုက္စြမ္းအားသည္ စစ္ေရယာဥ္ျဖစ္သည္”ဟူသည့္ ေဆာင္ပုဒ္ႏွင့္အညီ ေခတ္မီစစ္ေရယာဥ္အသစ္မ်ားကိုတည္ေဆာက္ကာ ဝယ္ယူအသုံးျပဳသူအဆင့္မွ ကိုယ္တိုင္တည္ေဆာက္သူ (Buyer to Builder) အဆင့္သို႔ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့သည္။
ျမန္မာ့ကမ္း႐ိုးတန္းသည္ ၁၂၆၀ ေရမိုင္ ရွည္လ်ားၿပီး ကြၽန္းေပါင္း ၁၄၀၀ ေက်ာ္ရွိကာ ေရေပၚေရေအာက္ အဖိုးတန္ သယံဇာတမ်ား၊ ပင္လယ္ကမ္း႐ိုးတန္း သဘာဝအလွတရားမ်ားစြာတို႔ျဖင့္ အဖိုးတန္လွသည့္ ျမန္မာ့ပိုင္နက္ပင္လယ္ျပင္ကို ကာကြယ္ႏိုင္ေရးအတြက္ တပ္မေတာ္ (ေရ)ကို ေခတ္မီအင္ အားေတာင့္တင္း ၿပီး စြမ္းရည္ထက္ျမက္လာေစေရး စဥ္ဆက္မျပတ္ တိုးခ်ဲ႕တည္ေဆာက္ေပးေနျခင္းပင္ျဖစ္ေၾကာင္း ၎ကဆိုသည္။
တပ္မေတာ္(ေရ)ကို တည္ေဆာက္ ရာတြင္ ပထမအဆင့္ျဖစ္သည့္ ျမန္မာ့ပင္လယ္ျပင္သီးသန႔္စီးပြားေရးဇုန္အား အျပည့္အဝကာကြယ္ႏိုင္သည့္ သုံးဖက္ျမင္စစ္ဆင္ႏိုင္စြမ္း ရွိေသာ တိုက္ပြဲဝင္အသင့္ ေရတပ္ (Three Dimensional Combat Ready Navy) အျဖစ္သို႔ တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။ ဒုတိယအဆင့္အေနျဖင့္ ျမန္မာ့ပင္လယ္ျပင္ႏွင့္ ဆက္စပ္ပင္လယ္ျပင္မ်ားသို႔ ျဖန႔္က်က္ႏိုင္စြမ္းရွိသည့္ေရတပ္ (Adjacent Force Projection Navy / Regional Navy) အျဖစ္သို႔ တက္လွမ္းႏိုင္ေရးအတြက္လည္း ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း ၎ကတိုက္တြန္းေျပာၾကားခဲ့သည္။
ထိုသို႔ ဆက္စပ္ပင္လယ္ျပင္မ်ားသို႔ ျဖန႔္က်က္ႏိုင္ စြမ္းရွိသည့္ ေရတပ္ျဖစ္ေစေရးအတြက္ တိုက္စြမ္းအားျပည့္ဝသည့္ စစ္ေရယာဥ္ႀကီးမ်ား မျဖစ္မေနလိုအပ္မည္ျဖစ္သျဖင့္ ေရယာဥ္တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္ေအာင္လႈိင္က ဆိုသည္။
တပ္မေတာ္(ေရ)ကို တိုက္ပြဲဝင္အသင့္ျဖစ္ေစေရးအတြက္ စစ္ေရယာဥ္အသင့္ျဖစ္မႈ၊ လက္နက္ႏွင့္ လက္နက္စနစ္အသင့္ျဖစ္မႈ၊ ေရတပ္သားအသင့္ျဖစ္မႈဟူသည့္ အသင့္ျဖစ္မႈ(၃)ရပ္ႏွင့္ ျပည့္စုံေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က တိုက္တြန္း ေျပာၾကားခဲ့သည္။