လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်နေသည့် “ဟောင်စု”ဆေးပရုတ်ဆီကြော်ငြာနှင့်ပတ်သက်၍ ဖြူဖြူထွေးနှင့် ဇာတ်ညွှန်းရေးသူတို့ ပြန်လည်ဖြေရှင်း
11659
NP News - ဒီဇင်ဘာ ၂၅
လူမှုကွန်ယက်တွင် ဝေဖန်မှုမြင့်တက်နေသည့် “ဟောင်စု”ဆေးပရုတ်ဆီကြော်ငြာနှင့်ပတ်သက်၍ ဖြူဖြူထွေးနှင့် ဇာတ်ညွှန်းရေးသူတို့က ဖြူဖြူထွေး၏ လူမှုကွန်ယက်စာမျက်နှာထက်တွင် Video ဖိုင်တင်ကာ ပြန်လည်ဖြေရှင်းထားသည်ကိုတွေ့ရသည်။
အွန်လိုင်း Cele ဖြူဖြူထွေးက ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်တွင် ၎င်း၏လူမှုကွန်ယက်စာမျက်နှာထက်၌ “ဟောင်စု”ပရုတ်ဆီကြော်ငြာကို ရိုက်ကူးထုတ်လွှင့်ပြသခဲ့ရာ ဝေဖန်ပြောဆိုစွပ်စွဲမှုများစွာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းကြော်ငြာနှင့်ပတ်သက်၍ BLACK HERO UG PDF နှင့် Dark Shadow PDF အဖွဲ့တို့က ခြိမ်းခြောက်စာများထုတ်ပြန်ထားပြီး လုပ်ကြံသတ်ဖြတ်ရန်လည်း လှုံ့ဆော်မှုများရှိနေသည်ကိုလည်း တွေ့ရသည်။
အဆိုပါ “ဟောင်စု”ပရုတ်ဆီကြော်ငြာ၏ ဇာတ်ညွှန်းကို ၎င်း၏ဇာတ်ညွှန်ရေးသားသူက ရေးပေးခဲ့ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်၊ နစ်နာလိုစိတ်ဖြင့် ရိုက်ကူးတင်ဆက်ခဲ့ခြင်းမဟုတ်ကြောင်း ဖြူဖြူထွေးက ဆိုသည်။ “ဇာတ်ညွှန်းမှာပါတဲ့အတိုင်း သမီးအရိုးသားဆုံးသရုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်၊ နစ်နာလိုစိတ်နဲ့ ရည်ရွယ်ပြီးရိုက်ခဲ့တာမဟုတ်ပါဘူး”ဟု ဖြူဖြူထွေးက Video အတွင်းပြောကြားထားသည်။
ဖြူဖြူထွေးကြော်ငြာခဲ့သော ဆေးပရုတ်ဆီ၏ပိုင်ရှင်များမှာလည်း သာမာန်မိသားစုများသာဖြစ်ပြီး Video ဖိုင်အတွင်း ပါဝင်ခဲ့သော သရုပ်ဆောင်များ Video ကြောင့် စိတ်ထိခိုက်စရာ၊ စိတ်ညစ်စရာဖြစ်သွားပါက တောင်းပန်ကြောင်းလည်း ဖြူဖြူထွေးက ပြောကြားသည်။ အဆိုပါ ဇာတ်လမ်းကို ဖန်တီးရာတွင် ဖြူဖြူထွေးယခင်ကမလုပ်ခဲ့ဖူးသော ဇာတ်ကောင်စရိုက်ကို ရေးသားခဲ့ခြင်းဖြစ်ပြီး မည်သည့် ရည်ရွယ်ချက်မျှမရှိကြောင်းလည်း ဇာတ်ညွှန်းရေးဆရာက ပြောကြားသည်။
“ကျွန်တော်က ဒီဇာတ်လမ်းလေးကို ဖြူဖြူထွေးကအပ်လာတဲ့အချိန်မှာ ကူညီပေးပါဆိုလို့ ကျွန်တော်ရေးပေးခဲ့ပါတယ်။ ကျွန်တော်ဖန်တီးတဲ့အချိန်မှာလည်း ဒီဇာတ်လမ်းလေးကို ဖြူဖြူထွေးအရင်မလုပ်ဖူးတဲ့ ကာရိုက်တာတွေနဲ့ မတူအောင်ဖန်တီးခဲ့ပါတယ်။ သူက မိန်းကလေးဖြစ်တော့ မယ်တော်ဖြစ်သွားတာပေါ့ဗျာ။ ယောက်ျားလေးဆိုရင်တော့ ဘိုးတော်ပေါ့။ အဲဒီလိုမျိုးကာရိုက်တာလေးနဲ့ အရင်ကမလုပ်ဖူးတဲ့ ကာရိုက်တာလေးနဲ့ ဖန်တီးခဲ့တာပါ။ ဘာရည်ရွယ်ချက်မှ ဘယ်လိုမျိုးရည်ရွယ်ချက်မှမရှိပါဘူး။ ကျွန်တော့်ကြောင့်။ ကျွန်တော်တို့မောင်နှမ (၂)ယောက်ကြောင့် တစ်စုံတစ်ဦးကို ထိခိုက်နစ်နာသွားခဲ့သည်ရှိသော် ကျွန်တော်တို့ ဒီနေရာကနေအမျာကြီးတောင်းပန်ပါတယ်”ဟု ၎င်း၏ ဇာတ်ညွှန်းရေးသားသူက ထပ်မံတောင်းပန်ထားသည်ကို တွေ့ရသည်။
zawgyi version
လူမႈကြန္ယက္တြင္ ေဝဖန္မႈျမင့္တက္ေနသည့္ “ေဟာင္စု”ေဆးပ႐ုတ္ဆီေၾကာ္ျငာႏွင့္ပတ္သက္၍ ျဖဴျဖဴေထြးႏွင့္ ဇာတ္ၫႊန္းေရးသူတို႔ ျပန္လည္ေျဖရွင္း
NP News - ဒီဇင္ဘာ ၂၅
လူမႈကြန္ယက္တြင္ ေဝဖန္မႈျမင့္တက္ေနသည့္ “ေဟာင္စု”ေဆးပ႐ုတ္ဆီေၾကာ္ျငာႏွင့္ပတ္သက္၍ ျဖဴျဖဴေထြးႏွင့္ ဇာတ္ၫႊန္းေရးသူတို႔က ျဖဴျဖဴေထြး၏ လူမႈကြန္ယက္စာမ်က္ႏွာထက္တြင္ Video ဖိုင္တင္ကာ ျပန္လည္ေျဖရွင္းထားသည္ကိုေတြ႕ရသည္။
အြန္လိုင္း Cele ျဖဴျဖဴေထြးက ၿပီးခဲ့သည့္ ဒီဇင္ဘာ ၂၃ ရက္တြင္ ၎၏လူမႈကြန္ယက္စာမ်က္ႏွာထက္၌ “ေဟာင္စု”ပ႐ုတ္ဆီေၾကာ္ျငာကို ႐ိုက္ကူးထုတ္လႊင့္ျပသခဲ့ရာ ေဝဖန္ေျပာဆိုစြပ္စြဲမႈမ်ားစြာႏွင့္ ရင္ဆိုင္ေနရျခင္းျဖစ္သည္။ လက္ရွိတြင္ ၎ေၾကာ္ျငာႏွင့္ပတ္သက္၍ BLACK HERO UG PDF ႏွင့္ Dark Shadow PDF အဖြဲ႕တို႔က ၿခိမ္းေျခာက္စာမ်ားထုတ္ျပန္ထားၿပီး လုပ္ႀကံသတ္ျဖတ္ရန္လည္း လႈံ႕ေဆာ္မႈမ်ားရွိေနသည္ကိုလည္း ေတြ႕ရသည္။
အဆိုပါ “ေဟာင္စု”ပ႐ုတ္ဆီေၾကာ္ျငာ၏ ဇာတ္ၫႊန္းကို ၎၏ဇာတ္ၫႊန္ေရးသားသူက ေရးေပးခဲ့ျခင္းျဖစ္ၿပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ် ထိခိုက္လိုစိတ္၊ နစ္နာလိုစိတ္ျဖင့္ ႐ိုက္ကူးတင္ဆက္ခဲ့ျခင္းမဟုတ္ေၾကာင္း ျဖဴျဖဴေထြးက ဆိုသည္။ “ဇာတ္ၫႊန္းမွာပါတဲ့အတိုင္း သမီးအ႐ိုးသားဆုံးသ႐ုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္လိုစိတ္၊ နစ္နာလိုစိတ္နဲ႔ ရည္႐ြယ္ၿပီး႐ိုက္ခဲ့တာမဟုတ္ပါဘူး”ဟု ျဖဴျဖဴေထြးက Video အတြင္းေျပာၾကားထားသည္။
ျဖဴျဖဴေထြးေၾကာ္ျငာခဲ့ေသာ ေဆးပ႐ုတ္ဆီ၏ပိုင္ရွင္မ်ားမွာလည္း သာမာန္မိသားစုမ်ားသာျဖစ္ၿပီး Video ဖိုင္အတြင္း ပါဝင္ခဲ့ေသာ သ႐ုပ္ေဆာင္မ်ား Video ေၾကာင့္ စိတ္ထိခိုက္စရာ၊ စိတ္ညစ္စရာျဖစ္သြားပါက ေတာင္းပန္ေၾကာင္းလည္း ျဖဴျဖဴေထြးက ေျပာၾကားသည္။ အဆိုပါ ဇာတ္လမ္းကို ဖန္တီးရာတြင္ ျဖဴျဖဴေထြးယခင္ကမလုပ္ခဲ့ဖူးေသာ ဇာတ္ေကာင္စ႐ိုက္ကို ေရးသားခဲ့ျခင္းျဖစ္ၿပီး မည္သည့္ ရည္႐ြယ္ခ်က္မွ်မရွိေၾကာင္းလည္း ဇာတ္ၫႊန္းေရးဆရာက ေျပာၾကားသည္။
“ကြၽန္ေတာ္က ဒီဇာတ္လမ္းေလးကို ျဖဴျဖဴေထြးကအပ္လာတဲ့အခ်ိန္မွာ ကူညီေပးပါဆိုလို႔ ကြၽန္ေတာ္ေရးေပးခဲ့ပါတယ္။ ကြၽန္ေတာ္ဖန္တီးတဲ့အခ်ိန္မွာလည္း ဒီဇာတ္လမ္းေလးကို ျဖဴျဖဴေထြးအရင္မလုပ္ဖူးတဲ့ ကာ႐ိုက္တာေတြနဲ႔ မတူေအာင္ဖန္တီးခဲ့ပါတယ္။ သူက မိန္းကေလးျဖစ္ေတာ့ မယ္ေတာ္ျဖစ္သြားတာေပါ့ဗ်ာ။ ေယာက္်ားေလးဆိုရင္ေတာ့ ဘိုးေတာ္ေပါ့။ အဲဒီလိုမ်ိဳးကာ႐ိုက္တာေလးနဲ႔ အရင္ကမလုပ္ဖူးတဲ့ ကာ႐ိုက္တာေလးနဲ႔ ဖန္တီးခဲ့တာပါ။ ဘာရည္႐ြယ္ခ်က္မွ ဘယ္လိုမ်ိဳးရည္႐ြယ္ခ်က္မွမရွိပါဘူး။ ကြၽန္ေတာ့္ေၾကာင့္။ ကြၽန္ေတာ္တို႔ေမာင္ႏွမ (၂)ေယာက္ေၾကာင့္ တစ္စုံတစ္ဦးကို ထိခိုက္နစ္နာသြားခဲ့သည္ရွိေသာ္ ကြၽန္ေတာ္တို႔ ဒီေနရာကေနအမ်ာႀကီးေတာင္းပန္ပါတယ္”ဟု ၎၏ ဇာတ္ၫႊန္းေရးသားသူက ထပ္မံေတာင္းပန္ထားသည္ကို ေတြ႕ရသည္။