နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲသွားမည်
338
စော (NP News) - ဒီဇင်ဘာ ၂၅
လာမည့် ဒီဇင်ဘာလ (၂၇)ရက်၊ (၂၈)ရက် နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်တို့တွင် နှစ်သစ်ကူးရုံးပိတ်ရက်များအတွက် အထူးရထားခရီးစဉ်များ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကို ပုံမှန်ရထားများအပြင် အထူး ရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။ လာမည့် ဒီဇင်ဘာ ၂၇ ရက်၌ ရန်ကုန်-မော်လမြိုင်အဆန်အထူးရထားသည် ရန်ကုန်မှ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်တွင်ထွက်ခွာ၍ မော်လမြိုင်သို့ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားသည် မော်လမြိုင်မှ နံနက် (၉)နာရီ(၁၅)မိနစ်အချိန်တွင် ထွက်ခွာ၍ ရန်ကုန်သို့ ည (၈)နာရီ (၁၀)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၂၈ ရက်၌ ရန်ကုန်-မော်လမြိုင်အဆန်အထူးရထားသည် ရန်ကုန်မှ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်တွင်ထွက်ခွာ၍ မော်လမြိုင်သို့ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး မော်လမြိုင်- ရန်ကုန်အစုန်အထူးရထားသည် မော်လမြိုင်မှ နံနက် (၉)နာရီ(၁၅)မိနစ်အချိန်တွင် ထွက်ခွာ၍ ရန်ကုန်သို့ ည (၈)နာရီ (၁၀)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာ ၂၈ ရက်၌ ရန်ကုန်-ပြည်အဆန်အထူးရထားသည် ရန်ကုန်မှ မွန်းလွဲ (၁)နာရီတွင် ထွက်ခွာ၍ ပြည်သို့ ည(၉)နာရီ(၅၅)မိနစ်အချိန်တွင်ရောက်ရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့၌ ပြည်-ရန်ကုန်အစုန်အထူးရထားသည် ပြည်မှ ည(၁၀)နာရီခွဲအချိန်တွင် ထွက်ခွာ၍ ရန်ကုန်သို့ နံနက် (၆)နာရီခွဲအချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်၌ ရန်ကုန်-မော်လမြိုင်အဆန်အထူးရထားသည် ရန်ကုန်မှ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်တွင် ထွက်ခွာ၍ မော်လမြိုင်သို့ ညနေ (၅)နာရီ (၄၅)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားသည် မော်လမြိုင်မှ နံနက် (၉)နာရီ(၁၅)မိနစ်အချိန်တွင် ထွက်ခွာ၍ ရန်ကုန်သို့ ည (၈)နာရီ (၁၀)မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနေ့ရက်များအလိုက် အထူးရထားများအပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း နေပြည်တော်-မန္တလေး-နေပြည်တော် ခရီးစဉ်အဖြစ် အမှတ် (၂၅)အဆန်/(၂၆)အစုန် RBE ရထားအား ဒီဇင်ဘာ ၂၃ရက်မှစ၍ နေ့စဉ်တိုးချဲ့ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ထိုသို့ပြေးဆွဲလျက်ရှိရာ အမှတ် (၂၅)အဆန် RBE ရထားသည် နေပြည်တော်မှ မွန်းလွဲ (၁)နာရီထွက်ခွာ၍ မန္တလေးသို့ ည(၇)နာရီ(၄၅)မိနစ်တွင်လည်းကောင်း၊ အမှတ် (၂၆)အစုန် RBE ရထားသည် မန္တလေးမှ နံနက် (၄)နာရီ(၄၅)မိနစ်တွင် ထွက်ခွာ၍ နေပြည်တော်သို့ နံနက် (၁၁)နာရီခွဲတွင် အသီးသီးဆိုက်ရောက်/ထွက်ခွာပေးလျက်ရှိကြောင်း သိရသည်။
အလားတူ သာစည်-မန္တလေး-သာစည် ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁၁ ရက်မှစ၍ နေ့စဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိရာ အမှတ် (၃၀၁)အဆန် RBE ရထားသည် သာစည်မှ နံနက်(၅)နာရီခွဲတွင် ထွက်ခွာ၍ မန္တလေးသို့နံနက်(၉)နာရီတွင်ရောက်ရှိမည်ဖြစ်ပြီး အမှတ် (၃၀၂)အစုန် RBE ရထားသည် မန္တလေးမှ မွန်းလွဲ(၂)နာရီတွင်ထွက်ခွာ၍ သာစည်သို့ ညနေ (၆)နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုအပေါ်မူတည်၍ ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိသည့်ရထားများတွင် ဝန်ချိန်ပြည့်တွဲဆိုင်းများ တိုးချဲ့ချိတ်ဆက်ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။ ရထားလက်မှတ်များကို အထက် တန်းအတွက် (၃)ရက်၊ ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်၍ ရောင်းချသွားမည်ဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနှင့် ရပ်တန့်မည့် ဘူတာများမှာ ပုံမှန်ပြေးဆွဲပေးသည့် ရထားများအတိုင်းဖြစ်ကြောင်း သိရ သည်။
zawgyi version
ႏွစ္သစ္ကူး႐ုံးပိတ္ရက္မ်ားအတြက္ အထူးရထားခရီးစဥ္မ်ား ေျပးဆြဲသြားမည္
ေစာ (NP News) - ဒီဇင္ဘာ ၂၅
လာမည့္ ဒီဇင္ဘာလ (၂၇)ရက္၊ (၂၈)ရက္ ႏွင့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္တို႔တြင္ ႏွစ္သစ္ကူး႐ုံးပိတ္ရက္မ်ားအတြက္ အထူးရထားခရီးစဥ္မ်ား ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျမန္မာ့မီးရထားက ယေန႔ (ဒီဇင္ဘာ ၂၅ ရက္)တြင္ ထုတ္ျပန္ထားသည္။
ရန္ကုန္-ျပည္-ရန္ကုန္ ႏွင့္ ရန္ကုန္-ေမာ္လၿမိဳင္-ရန္ကုန္ခရီးစဥ္မ်ားကို ပုံမွန္ရထားမ်ားအျပင္ အထူး ရထားမ်ားကို ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။ လာမည့္ ဒီဇင္ဘာ ၂၇ ရက္၌ ရန္ကုန္-ေမာ္လၿမိဳင္အဆန္အထူးရထားသည္ ရန္ကုန္မွ နံနက္ (၇)နာရီ (၄၅)မိနစ္အခ်ိန္တြင္ထြက္ခြာ၍ ေမာ္လၿမိဳင္သို႔ ညေန (၅)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ၿပီး ေမာ္လၿမိဳင္-ရန္ကုန္အစုန္အထူးရထားသည္ ေမာ္လၿမိဳင္မွ နံနက္ (၉)နာရီ(၁၅)မိနစ္အခ်ိန္တြင္ ထြက္ခြာ၍ ရန္ကုန္သို႔ ည (၈)နာရီ (၁၀)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဒီဇင္ဘာ ၂၈ ရက္၌ ရန္ကုန္-ေမာ္လၿမိဳင္အဆန္အထူးရထားသည္ ရန္ကုန္မွ နံနက္ (၇)နာရီ (၄၅)မိနစ္အခ်ိန္တြင္ထြက္ခြာ၍ ေမာ္လၿမိဳင္သို႔ ညေန (၅)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ၿပီး ေမာ္လၿမိဳင္- ရန္ကုန္အစုန္အထူးရထားသည္ ေမာ္လၿမိဳင္မွ နံနက္ (၉)နာရီ(၁၅)မိနစ္အခ်ိန္တြင္ ထြက္ခြာ၍ ရန္ကုန္သို႔ ည (၈)နာရီ (၁၀)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ ဒီဇင္ဘာ ၂၈ ရက္၌ ရန္ကုန္-ျပည္အဆန္အထူးရထားသည္ ရန္ကုန္မွ မြန္းလြဲ (၁)နာရီတြင္ ထြက္ခြာ၍ ျပည္သို႔ ည(၉)နာရီ(၅၅)မိနစ္အခ်ိန္တြင္ေရာက္ရွိမည္ျဖစ္ၿပီး ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၁ရက္ေန႔၌ ျပည္-ရန္ကုန္အစုန္အထူးရထားသည္ ျပည္မွ ည(၁၀)နာရီခြဲအခ်ိန္တြင္ ထြက္ခြာ၍ ရန္ကုန္သို႔ နံနက္ (၆)နာရီခြဲအခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
၂၀၂၅ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္၌ ရန္ကုန္-ေမာ္လၿမိဳင္အဆန္အထူးရထားသည္ ရန္ကုန္မွ နံနက္ (၇)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ထြက္ခြာ၍ ေမာ္လၿမိဳင္သို႔ ညေန (၅)နာရီ (၄၅)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ၿပီး ေမာ္လၿမိဳင္-ရန္ကုန္အစုန္အထူးရထားသည္ ေမာ္လၿမိဳင္မွ နံနက္ (၉)နာရီ(၁၅)မိနစ္အခ်ိန္တြင္ ထြက္ခြာ၍ ရန္ကုန္သို႔ ည (၈)နာရီ (၁၀)မိနစ္အခ်ိန္တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေန႔ရက္မ်ားအလိုက္ အထူးရထားမ်ားအျပင္ ရန္ကုန္-မႏၲေလးလမ္းပိုင္းအတြင္း ေနျပည္ေတာ္-မႏၲေလး-ေနျပည္ေတာ္ ခရီးစဥ္အျဖစ္ အမွတ္ (၂၅)အဆန္/(၂၆)အစုန္ RBE ရထားအား ဒီဇင္ဘာ ၂၃ရက္မွစ၍ ေန႔စဥ္တိုးခ်ဲ႕ေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။ ထိုသို႔ေျပးဆြဲလ်က္ရွိရာ အမွတ္ (၂၅)အဆန္ RBE ရထားသည္ ေနျပည္ေတာ္မွ မြန္းလြဲ (၁)နာရီထြက္ခြာ၍ မႏၲေလးသို႔ ည(၇)နာရီ(၄၅)မိနစ္တြင္လည္းေကာင္း၊ အမွတ္ (၂၆)အစုန္ RBE ရထားသည္ မႏၲေလးမွ နံနက္ (၄)နာရီ(၄၅)မိနစ္တြင္ ထြက္ခြာ၍ ေနျပည္ေတာ္သို႔ နံနက္ (၁၁)နာရီခြဲတြင္ အသီးသီးဆိုက္ေရာက္/ထြက္ခြာေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ သာစည္-မႏၲေလး-သာစည္ ခရီးစဥ္အျဖစ္ ႏိုဝင္ဘာ ၁၁ ရက္မွစ၍ ေန႔စဥ္တိုးခ်ဲ႕ေျပးဆြဲေပးလ်က္ရွိရာ အမွတ္ (၃၀၁)အဆန္ RBE ရထားသည္ သာစည္မွ နံနက္(၅)နာရီခြဲတြင္ ထြက္ခြာ၍ မႏၲေလးသို႔နံနက္(၉)နာရီတြင္ေရာက္ရွိမည္ျဖစ္ၿပီး အမွတ္ (၃၀၂)အစုန္ RBE ရထားသည္ မႏၲေလးမွ မြန္းလြဲ(၂)နာရီတြင္ထြက္ခြာ၍ သာစည္သို႔ ညေန (၆)နာရီတြင္ ျပန္လည္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ခရီးသြားျပည္သူမ်ား လိုက္ပါစီးနင္းမႈအေပၚမူတည္၍ ရန္ကုန္-မႏၲေလး-ရန္ကုန္ ခရီးစဥ္အတြက္ ပုံမွန္ေျပးဆြဲေပးလ်က္ရွိသည့္ရထားမ်ားတြင္ ဝန္ခ်ိန္ျပည့္တြဲဆိုင္းမ်ား တိုးခ်ဲ႕ခ်ိတ္ဆက္ေျပးဆြဲေပးသြားမည္ ျဖစ္ေၾကာင္း ျမန္မာ့မီးရထား၏ ထုတ္ျပန္ခ်က္အရ သိရသည္။ ရထားလက္မွတ္မ်ားကို အထက္ တန္းအတြက္ (၃)ရက္၊ ႐ိုး႐ိုးတန္းအတြက္ တစ္ရက္ႀကိဳတင္၍ ေရာင္းခ်သြားမည္ျဖစ္ၿပီး ရထားလက္မွတ္ခႏႈန္းထားႏွင့္ ရပ္တန႔္မည့္ ဘူတာမ်ားမွာ ပုံမွန္ေျပးဆြဲေပးသည့္ ရထားမ်ားအတိုင္းျဖစ္ေၾကာင္း သိရ သည္။