မန္တ‌လေးရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ရွှေ(၁)ပိဿာကျော်ပါသွား

 918

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၆

မန္တ‌လေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ(၁)ပိဿာကျော်လုယက်ခံရခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၆ ရက်) နံနက် ၈နာရီခွဲဝန်းကျင်အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်းx၂၃လမ်း နှင့် ၃၃လမ်းကြားရှိ နဂါးနန်းတော်ရွှေဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွှေဆိုင်တွင် ဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာအေးအပါအဝင် ဝန်ထမ်း(၅)ဦးနှင့် လုံခြုံရေးဝန်ထမ်း(၂)ဦးတို့ ဆိုင်ဖွင့်စဉ် သေနတ်အတိုတစ်လက်နှင့် အရှည်တစ်လက် ကိုင်ဆောင်ထားသည့် လူ(၂)ဦးက Honda wave 100 ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တစ်စီးနဲ့လာတိုက်သွားတာ။ အဲဒီဆိုင်ဆိုရင် တကယ့်မြို့ထဲမှာရှိတာ။ ဘူတာကြီးရှေ့နားလေးက ရွှေဆိုင်မှာဖြစ်တာ။ ဓားပြလာတိုက်တဲ့လူတွေက သေနတ်ပါတယ်။ ဓားပါတယ်လို့ကြားတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။

ဓားပြတိုက်လုယက်ခံရမှုကြောင့် နဂါးနန်းတော်ရွှေဆိုင်မှ ရွှေထည်(၁)ပိဿာကျော်နှင့် ငွေသားအချို့ လုယက်ခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ဓားပြတိုက်လုယက်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“အဓိက ကတော့ လောင်းကစားနဲ့ မူးယစ်ဆေးဝါးတွေက အရမ်းပေါလာတဲ့အတွက် ဖြစ်တယ်လို့ ယူဆရတယ်။ မနေ့ကလည်း အိုးဝေသမားတစ်ယောက် အလုခံရတယ်။ လုတဲ့လူတွေက လူငယ်တွေပဲ။ လုလို့မရလို့ ဓားနဲ့ထိုးသွားတာ။ အိုးဝေသမားရဲ့ လက်ဖဝါးကို ထိုးမိသွားတာ။ ဒီကဖြစ်စဉ်တွေက ဥပဒေကိုမကြောက်လို့ လုပ်နေတယ်လို့ ယူဆရတယ်”ဟု အထက်ပါ ဒေသခံက သုံးသပ်ပြောဆိုထားသည်။

မန္တလေးမြို့တွင် ရက်ပိုင်းအတွင်း ဓားပြတိုက်လုယက်ခံရမှု (၃)ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က ရွှေစင် အကယ်ဒမီရွှေဆိုင်နှင့် ဒီဇင်ဘာ ၂၄ ရက်က ဆင်ဖြူတော်ငွေလွှဲဆိုင်တို့ ဓားပြတိုက်ခံရကြောင်း သိရသည်။

zawgyi version
မႏၲ‌ေလးရွိ နဂါးနန္းေတာ္ေ႐ႊဆိုင္ ဓားျပတိုက္လုယက္ခံရၿပီး ေ႐ႊ(၁)ပိႆာေက်ာ္ပါသြား

သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၆

မႏၲ‌ေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ နဂါးနန္းေတာ္ေ႐ႊဆိုင္ ဓားျပတိုက္ခံရၿပီး ေ႐ႊ(၁)ပိႆာေက်ာ္လုယက္ခံရခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၂၆ ရက္) နံနက္ ၈နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၇၇လမ္းx၂၃လမ္း ႏွင့္ ၃၃လမ္းၾကားရွိ နဂါးနန္းေတာ္ေ႐ႊဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေ႐ႊဆိုင္တြင္ ဆိုင္ပိုင္ရွင္ ေဒၚဥမၼာေအးအပါအဝင္ ဝန္ထမ္း(၅)ဦးႏွင့္ လုံၿခဳံေရးဝန္ထမ္း(၂)ဦးတို႔ ဆိုင္ဖြင့္စဥ္ ေသနတ္အတိုတစ္လက္ႏွင့္ အရွည္တစ္လက္ ကိုင္ေဆာင္ထားသည့္ လူ(၂)ဦးက Honda wave 100 ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာကာ ဓားျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကယ္တစ္စီးနဲ႔လာတိုက္သြားတာ။ အဲဒီဆိုင္ဆိုရင္ တကယ့္ၿမိဳ႕ထဲမွာရွိတာ။ ဘူတာႀကီးေရွ႕နားေလးက ေ႐ႊဆိုင္မွာျဖစ္တာ။ ဓားျပလာတိုက္တဲ့လူေတြက ေသနတ္ပါတယ္။ ဓားပါတယ္လို႔ၾကားတယ္”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။

ဓားျပတိုက္လုယက္ခံရမႈေၾကာင့္ နဂါးနန္းေတာ္ေ႐ႊဆိုင္မွ ေ႐ႊထည္(၁)ပိႆာေက်ာ္ႏွင့္ ေငြသားအခ်ိဳ႕ လုယက္ခံခဲ့ရေၾကာင္း သိရသည္။ လက္ရွိတြင္ ဓားျပတိုက္လုယက္မႈက်ဴးလြန္သူမ်ားအားေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ားဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

“အဓိက ကေတာ့ ေလာင္းကစားနဲ႔ မူးယစ္ေဆးဝါးေတြက အရမ္းေပါလာတဲ့အတြက္ ျဖစ္တယ္လို႔ ယူဆရတယ္။ မေန႔ကလည္း အိုးေဝသမားတစ္ေယာက္ အလုခံရတယ္။ လုတဲ့လူေတြက လူငယ္ေတြပဲ။ လုလို႔မရလို႔ ဓားနဲ႔ထိုးသြားတာ။ အိုးေဝသမားရဲ႕ လက္ဖဝါးကို ထိုးမိသြားတာ။ ဒီကျဖစ္စဥ္ေတြက ဥပေဒကိုမေၾကာက္လို႔ လုပ္ေနတယ္လို႔ ယူဆရတယ္”ဟု အထက္ပါ ေဒသခံက သုံးသပ္ေျပာဆိုထားသည္။

မႏၲေလးၿမိဳ႕တြင္ ရက္ပိုင္းအတြင္း ဓားျပတိုက္လုယက္ခံရမႈ (၃)ႀကိမ္ထက္မနည္းျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာ ၁၈ ရက္က ေ႐ႊစင္ အကယ္ဒမီေ႐ႊဆိုင္ႏွင့္ ဒီဇင္ဘာ ၂၄ ရက္က ဆင္ျဖဴေတာ္ေငြလႊဲဆိုင္တို႔ ဓားျပတိုက္ခံရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.