ရန်ကုန်မြို့တွင် အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးကို ဆိုင်အတွင်းဝင်ရောက်ကာ ဓားဖြင့်ထိုးသတ်ပြီး ဆွဲကြိုးလုယက်မှုဖြစ်ပွား

 1180

သန့်ဇင် (NP News) - ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးကို ဆိုင်အတွင်းဝင်ရောက်ကာ ဓားဖြင့်ထိုးသတ်ပြီး ဆွဲကြိုးလုယက်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၂၆ ရက်)၊ နံနက် ၈နာရီခွဲအချိန်ခန့်က ဗဟန်းမြိုနယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်အေးအေးခိုင်သည် ဆိုင်ဖွင့်နေစဉ် ၎င်းဝတ်ထားသော ရွှေဆွဲကြိုးကို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဝင်ရောက်လုယက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဒေါ်အေးအေးခိုင်က ပြန်လည်ခုခံခဲ့ရာ လုယက်သည့် အမျိုးသားက ၎င်းတွင်အသင့်ပါလာသော ဓားဖြင့်ထိုးသတ်ခဲ့ရာ ဒေါ်အေးအေးခိုင်မှာ အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရ သည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သူအမျိုးသားအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ နဂါးနန်းတော်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ(၁)ပိဿာကျော် လုယက်ခံခဲ့ရကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ အလွကုန္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္အမ်ိဳးသမီးကို ဆိုင္အတြင္းဝင္ေရာက္ကာ ဓားျဖင့္ထိုးသတ္ၿပီး ဆြဲႀကိဳးလုယက္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဒီဇင္ဘာ ၂၆

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္ အလွကုန္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္အမ်ိဳးသမီးကို ဆိုင္အတြင္းဝင္ေရာက္ကာ ဓားျဖင့္ထိုးသတ္ၿပီး ဆြဲႀကိဳးလုယက္မႈျဖစ္ပြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္မွာ ယေန႔(ဒီဇင္ဘာ ၂၆ ရက္)၊ နံနက္ ၈နာရီခြဲအခ်ိန္ခန႔္က ဗဟန္းၿမိဳနယ္၊ ဆရာစံေျမာက္အေရွ႕ရပ္ကြက္၊ ဆရာစံလမ္း၊ အမွတ္ ၁၄၀၊ ေျမညီထပ္ရွိ AK Cosmetic ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

အဆိုပါ အလွကုန္ပစၥည္းအေရာင္းဆိုင္ပိုင္ရွင္ ေဒၚေအးေအးခိုင္သည္ ဆိုင္ဖြင့္ေနစဥ္ ၎ဝတ္ထားေသာ ေ႐ႊဆြဲႀကိဳးကို သက္လတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးက ဝင္ေရာက္လုယက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေနာက္ ေဒၚေအးေအးခိုင္က ျပန္လည္ခုခံခဲ့ရာ လုယက္သည့္ အမ်ိဳးသားက ၎တြင္အသင့္ပါလာေသာ ဓားျဖင့္ထိုးသတ္ခဲ့ရာ ေဒၚေအးေအးခိုင္မွာ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရ သည္။

လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာ အျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ ရွိေၾကာင္း သိရသည္။

အလားတူ ယေန႔နံနက္ပိုင္းကလည္း မႏၲေလးတိုင္းေဒသႀကီး၊ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ နဂါးနန္းေတာ္ေ႐ႊဆိုင္ ဓားျပတိုက္ခံရၿပီး ေ႐ႊ(၁)ပိႆာေက်ာ္ လုယက္ခံခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.