တောင်ကိုရီယားအလုပ်အကိုင်အတွက် အမျိုးသမီး အလုပ်သမားလျှောက်လွှာများ စတင်ခေါ်ယူနေ
120
NP News - ဒီဇင်ဘာ ၂၆
တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်မည့်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများအတွက် အမျိုးသမီးများအား အလုပ်လျှောက်လွှာတင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အစိုးရ အလုပ်အကိုင်ပြည်ပအေဂျင်စီ (POEA) က သိရသည်။
ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့်ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁ လုပ်ငန်းအမျိုးအစားများအတွက် အလုပ်လျှောက်လွှာတွေကို ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
"ကိုရီးယားက ၂၀၂၄ ခုနှစ်မှာ ဝန်ဆောင်မှုနဲ့ မိန်းကလေးတွေခေါ်မယ်ဆိုပြီး ပြောထားတာကိုအခုခေါ်တာဖြစ်ပါတယ်။ ပထမအသုတ်ရယ်၊ ဒုတိယအသုတ်ရယ်ဆိုပြီးခေါ်မှာပါ။ သင်တန်းအရင်တက်ရပါတယ်။ အမျိုးသမီးအလုပ်က ဝန်ဆောင်မှုဆိုတော့ အဓိကစားသောက်ဆိုင်တို့ပါတယ်။ အသေးစိတ်တော့ လျှောက်တဲ့ထဲမှာပါတယ်" ဟု ကိုရီးယားအလုပ်အကိုင်အတွက် ဝန်ဆောင်မှုပြုလုပ်ပေးနေသူတစ်ဦးက ပြောသည်။
အမျိုးသမီး အလုပ်လျှောက်လွှာများအားလာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှ ၇ ရက်အထိ ထုတ်ပေးသွားမည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ကြေညာထားသည်။ ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS - TOPIK) နှင့် အခြေခံကျွမ်းကျင်မှုစစ်ဆေးထားသည့် (skills task) အောင်မြင်ပြီး ကုန်ထုတ်လုပ်ငန်းပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းအုပ်စု(၁)အပြီး သတ်အောင်စာရင်းပါအမျိုးသား၊ အမျိုးသမီးများ အလုပ်လျှောက်လွှာကို လျှောက်ထားသွားနိုင်မည်ဖြစ်သည်။
အလုပ်လျှောက်လွှာတင်ရာ၌ နိုင်ငံကူးလက်မှတ် PJ ဖြစ်စေ ၊ PV ဖြစ်စေ သက်တမ်းအနည်းဆုံးတစ်နှစ်ရှိ သူလျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်ခေါ်စာရရှိပါက နိုင်ငံကူးလက်မှတ် PJ အမျိုးအစားပြောင်းလဲရမည်ဟု သိရသည်။
zawgyi version
ေတာင္ကိုရီယားအလုပ္အကိုင္အတြက္ အမ်ိဳးသမီး အလုပ္သမားေလွ်ာက္လႊာမ်ား စတင္ေခၚယူေန
NP News - ဒီဇင္ဘာ ၂၆
ေတာင္ကိုရီးယားႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ႏိုင္မည့္ကုန္ထုတ္လုပ္မႈႏွင့္ဝန္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ အမ်ိဳးသမီးမ်ားအား အလုပ္ေလွ်ာက္လႊာတင္သြင္းခြင့္ျပဳလိုက္ၿပီျဖစ္ေၾကာင္း အစိုးရ အလုပ္အကိုင္ျပည္ပေအဂ်င္စီ (POEA) က သိရသည္။
ကုန္ထုတ္လုပ္ငန္း ပထမအသုတ္ႏွင့္ဝန္ေဆာင္မႈလုပ္ငန္း အုပ္စု-၁ လုပ္ငန္းအမ်ိဳးအစားမ်ားအတြက္ အလုပ္ေလွ်ာက္လႊာေတြကို ေခၚယူျခင္းျဖစ္ေၾကာင္း သိရသည္။
"ကိုရီးယားက ၂၀၂၄ ခုႏွစ္မွာ ဝန္ေဆာင္မႈနဲ႔ မိန္းကေလးေတြေခၚမယ္ဆိုၿပီး ေျပာထားတာကိုအခုေခၚတာျဖစ္ပါတယ္။ ပထမအသုတ္ရယ္၊ ဒုတိယအသုတ္ရယ္ဆိုၿပီးေခၚမွာပါ။ သင္တန္းအရင္တက္ရပါတယ္။ အမ်ိဳးသမီးအလုပ္က ဝန္ေဆာင္မႈဆိုေတာ့ အဓိကစားေသာက္ဆိုင္တို႔ပါတယ္။ အေသးစိတ္ေတာ့ ေလွ်ာက္တဲ့ထဲမွာပါတယ္" ဟု ကိုရီးယားအလုပ္အကိုင္အတြက္ ဝန္ေဆာင္မႈျပဳလုပ္ေပးေနသူတစ္ဦးက ေျပာသည္။
အမ်ိဳးသမီး အလုပ္ေလွ်ာက္လႊာမ်ားအားလာမည့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၂ ရက္မွ ၇ ရက္အထိ ထုတ္ေပးသြားမည္ဟု အစိုးရျပည္ပအလုပ္အကိုင္ေအဂ်င္စီက ထုတ္ျပန္ေၾကညာထားသည္။ ၂၀၂၄ ခုႏွစ္ ကိုရီးယားဘာသာအရည္အခ်င္းစစ္စာေမးပြဲ (EPS - TOPIK) ႏွင့္ အေျခခံကြၽမ္းက်င္မႈစစ္ေဆးထားသည့္ (skills task) ေအာင္ျမင္ၿပီး ကုန္ထုတ္လုပ္ငန္းပထမအသုတ္ႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းအုပ္စု(၁)အၿပီး သတ္ေအာင္စာရင္းပါအမ်ိဳးသား၊ အမ်ိဳးသမီးမ်ား အလုပ္ေလွ်ာက္လႊာကို ေလွ်ာက္ထားသြားႏိုင္မည္ျဖစ္သည္။
အလုပ္ေလွ်ာက္လႊာတင္ရာ၌ ႏိုင္ငံကူးလက္မွတ္ PJ ျဖစ္ေစ ၊ PV ျဖစ္ေစ သက္တမ္းအနည္းဆုံးတစ္ႏွစ္ရွိ သူေလွ်ာက္ထားႏိုင္မည္ျဖစ္ၿပီး အလုပ္ေခၚစာရရွိပါက ႏိုင္ငံကူးလက္မွတ္ PJ အမ်ိဳးအစားေျပာင္းလဲရမည္ဟု သိရသည္။