၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈) ပွဲကြိုသုံးသပ်ချက်များ (အားကစားဆောင်းပါး)
258
ရဲထက် (NP News) - ဒီဇင်ဘာ ၂၇
(၂၀၂၄-၂၀၂၅) ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၈)မှာတော့ လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့က အမှတ်ပေးဇယားကို ဦးဆောင် ထားပြီး အာဆင်နယ်အသင်းကတော့ အနီးကပ်ဖိအား ပေးထားတာကိုတွေ့ရပါတယ်။ ဒီတစ်ပတ်ပွဲစဉ်တွေ ကတော့ အသင်းကြီးတွေဖြစ်သလို ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းကြီးတွေရဲ့ အမှားခံလို့မရတော့တဲ့ ရက်သတ္တပတ်ဖြစ်ပြီး ဇယားထိပ်ပိုင်းမှာ အ ပြောင်းအလဲတွေကို မြင်တွေ့လာရနိုင်တဲ့ပွဲစဉ်တွေ ဖြစ်တာကြောင့် စောင့်ကြည့်ချင်စရာကောင်းနေပါ တယ်။ အထူးသဖြင့် လီဗာပူးလ်အသင်းနဲ့ ချဲလ်ဆီးအ သင်းတို့ရဲ့ပြိုင်ဆိုင်မှုတွေကို စောင့်ကြည့်ရမှာဖြစ်ပြီး ပြိုင်ဆိုင်မှုတွေကလည်း ပိုမိုပြင်းထန်လာဖို့ရှိနေပါတယ်။ အာဆင်နယ်အသင်းနဲ့ မန်စီးတီးအသင်းတို့က လည်း ရမှတ်(၃)မှတ်ပဲကွာဟနေတဲ့အနေအထားမှာ နိုင်ပွဲရဖို့လိုအပ်နေသလို နော်တင်ဖောရက်စ်အသင်း ရဲ့ အံ့မခန်းစွမ်းဆောင်ရည်တွေကလည်း ဥရောပဝင် ခွင့်အတွက် အသင်းကြီးတွေကို ခြိမ်းခြောက်လာနိုင် တာကိုတွေ့ရပါတယ်။ ဒီတစ်ပတ်မှာလည်း NP News ကနေ အမှတ်ပေးဇယားရဲ့ထိပ် ဆုံးမှာရပ်တည်နေတဲ့အသင်းကြီးတွေရဲ့ ပရီးမီးယား လိဂ်ပွဲစဉ်(၁၈)အတွက် ခြေစွမ်းနဲ့ဖြစ်နိုင်ခြေ သုံးသပ် ချက်တွေကို တင်ပြသွားမှာဖြစ်ပါတယ်။
မန်စီးတီး Vs အဲဗာတန်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ၄ - ၁ အဲဗာတန် (၁၀-၂-၂၀၂၄)
အဲဗာတန် ၁ - ၃ မန်စီးတီး (၂၈-၁၂-၂၀၂၃)
အဲဗာတန် ဝ - ၃ မန်စီးတီး (၄-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ အဲဗာတန်
မန်စီးတီး ၃ - ၁ အဲဗာတန်
မန်စီးတီးအသင်းအတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ဆိုတာ မဖြစ် နိုင်တော့တဲ့အခြေအနေမျိုးဖြစ်နေပါပြီ။ လက်ရှိခြေ စွမ်းပိုင်းအရ မန်စီးတီးအသင်းဟာ ဆိုးရွားတဲ့ရာသီ တစ်ခုကိုဖြတ်သန်းနေရပြီး ကစားသမားတချို့ရဲ့ ခြေ စွမ်းပိုင်းနဲ့အသက်အရွယ်အရပါကျဆင်းလာမှုတွေက မန်စီးတီးအသင်းကို ခက်ခဲသွားစေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းကို ဒီရာသီမှာ ရလဒ်ပိုင်းဆိုးရွားစေတဲ့ အချက်တွေကတော့ နည်းပြဂွာဒီယိုလာနဲ့ အများကြီး သက်ဆိုင်တယ်လို့ ပြောလို့ရနေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အသင်းမှာ အားကိုးလာရတော့မယ့်ကစား သမားတွေကို ရောင်းထုတ်ခဲ့တာဖြစ်ပြီး မနှစ်ကရာသီ မှာ ဟာလန်းကိုအားကိုးမရရင် အာဂျင်တီးနားရဲ့ လူ ငယ်တိုက်စစ်မှူး အဲဗာရက်ဇ်ကိုထည့်သုံးတဲ့အချိန် မှာ အလုပ်ဖြစ်တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ အက်သ လက်တီကိုအသင်းထံကို ရောင်းချလိုက်ချိန်မှာတော့ ဟာလန်းတစ်ယောက်တည်းအပေါ်မှာသာ မှီခိုအား ထားနေရတာကိုတွေ့ရပါတယ်။ နောက်တစ်ချက်က တော့ ချဲလ်ဆီးအသင်းကိုရောင်းချလိုက်တဲ့ ကိုးလ် ပါးမားဖြစ်ပါတယ်။ ဖိုဒန်ရှိနေတာပဲဆိုတဲ့အတွေးနဲ့ ရောင်းချလိုက်တဲ့ ပါးမားဟာ ချဲလ်ဆီးအသင်းမှာ ဘယ်လောက်ကောင်းပြီး ခြေစွမ်းပြနေလဲဆိုတာ မန် စီးတီးပရိသတ်တွေအတွက် ဒေါသထွက်ချင်စရာပါ။ ဒီလို နည်းပြ ဂွာဒီယိုလာရဲ့ တစ်ယူသန်မှုကနေ မန်စီး တီးအသင်း ရုန်းကန်နေရတယ်လို့မြင်ပါတယ်။ အခုပွဲ စဉ်ကတော့ မန်းစီးတီးအသင်းရဲ့အိမ်ကွင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာလည်း မန်စီးတီးအသင်း ကသာ ဆယ်စုနှစ်နဲ့ချီပြီးအနိုင်ရခဲ့တာကြောင့် ဒီပွဲစဉ် ကတော့ မန်စီးတီးအသင်းက အနိုင်(၃)မှတ်ရယူသွား နိုင်ပါတယ်။
ချဲလ်ဆီး Vs ဖူဟမ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၁ - ဝ ဖူဟမ် (၁၃-၁-၂၀၂၄)
ဖူဟမ် ၂ - ၁ ချဲလ်ဆီး (၃-၁၀-၂၀၂၃)
ချဲလ်ဆီး ၂ - ဝ ဖူဟမ် (၃၁-၇-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီး ၃ - ၂ ဖူဟမ်
ချဲလ်ဆီး ၂ - ၁ ဖူဟမ်
ချဲလ်ဆီးအသင်းရဲ့ စွမ်းဆောင်ရည် ဒီရာသီမှာ အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်နေပြီလို့ ပြောလို့ရနေပါတယ်။ လီဗာပူးလ်အသင်းကို တစ်ပွဲ လျော့ (၂)မှတ်အကွာနဲ့ အနီးကပ်ဖိအားပေးနေပြီဖြစ် သလို အာဆင်နယ်အသင်းကိုလည်း (၄)မှတ်ဖြစ်ထား တာကြောင့် ချန်ပီယံဆုလမ်းကြောင်းပေါ်ကို စတင် လျှောက်လှမ်းနေပြီလို့လည်း ပြောလို့ရပါတယ်။ ချဲလ် ဆီးအသင်းရဲ့ ဒီရာသီမှာ တိုးတက်လာမှုတွေနဲ့ပတ် သက်ရင် နည်းပြအန်ဇိုမာရက်စကာကို မဖြစ်မနေအသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်ကရာသီမှာ ခြေစွမ်းမပြနိုင်ကြဘဲ ဖိအားတွေနဲ့ရင် ဆိုင်ခဲ့ရတဲ့ အန်ဇိုဖာနန်ဒက်စ်နဲ့ ကိုင်စီဒိုတို့အတွဲအ ဖက်ကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး တိုက်စစ်ပိုင်း မှာဆိုရင်လည်း နက်ဂလက်ဂျက်ဆင်က မနှစ်ကထက် သိသိသာသာပိုကောင်းလာသလို ဆန်ချိုရဲ့ခြေစွမ်းကို လည်း အကောင်းဆုံးပြန်လည်ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပြီး ကိုးလ်ပါးမားရဲ့ခြေစွမ်းပိုင်ကလည်း မနှစ်က ထက် ပိုကောင်းလာမှုတွေအားလုံးဟာ နည်းပြ အန် ဇိုမာရက်စကာရဲ့ လမ်းပြမှုတွေကြောင့်သာဖြစ်ပါ တယ်။ အရံလူစာရင်းမှာလည်း ထိပ်တန်းကစားသမား အများစုရှိနေတဲ့ ချဲလ်ဆီးအသင်းအတွက် ဒီရာသီမှာ တော့ ဥရောပချန်ပီယံလိဂ်ဝင်ခွင့်အပြင် ချန်ပီယံဆု တွေကိုပါ အနီးကပ်ဖိအားပေးလာနိုင်မှာ သေချာ သလောက်ကိုရှိနေပါတယ်။ ဖူဟမ်အသင်းကတော့ နောက်ဆုံးကန်ခဲ့တဲ့ ပွဲစဉ်(၅)ပွဲလုံးမှာ တစ်ပွဲသာအနိုင် ရထားတဲ့အပြင် ချဲလ်ဆီးအသင်းနဲ့တွေ့တိုင်း အိမ် ကွင်းရော အဝေးကွင်းမှာပါ နိုင်ပွဲရဖို့ခက်ခဲတာကြောင့် ဒီပွဲစဉ်မှာ အိမ်ကွင်းအားသာချက်ရှိတဲ့ ချဲလ်ဆီးအ သင်းက နိုင်ဖို့များပါတယ်။ ဒါပေမဲ့ ဖူဟမ်အသင်းက ပြီးခဲ့တဲ့လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ သရေကျအောင် ကစားထားတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ နိုင်ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။
လီဗာပူးလ် Vs လက်စတာစီးတီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
လီဗာပူးလ် ၃ - ၁ လက်စတာ(၂၈-၉-၂၀၂၄)
လက်စတာ ဝ - ၄ လီဗာပူးလ် (၃၀-၇-၂၀၂၃)
လက်စတာ ဝ - ၄ လီဗာပူးလ် (၁၆-၅-၂၀၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၃ - ဝ လက်စတာ
လီဗာပူးလ် ၂ - ဝ လက်စတာ
ဒီပွဲစဉ်ကိုတော့ လီဗာပူးလ်အသင်းအနေနဲ့ မဖြစ်မနေ နိုင်ပွဲရရှိဖို့လိုအပ်ပါတယ်။ အဲဗာတန်အ သင်းနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်တာကြောင့် ရမှတ်မရှိ ခဲ့တဲ့အပြင် ဖူဟမ်အသင်းကိုလည်း သရေကျခဲ့တာ ကြောင့် ဒီပွဲစဉ်ကိုသာနိုင်ပွဲမရခဲ့ရင် ချဲလ်ဆီးအသင်းရဲ့ ကျော်ဖြတ်မှုနဲ့ ရင်ဆိုင်သွားရနိုင်တာကြောင့် လီဗာ ပူးလ်အသင်းက ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ကန်ဖို့လို အပ်နေတာဖြစ်ပါတယ်။ ဖူဟမ်အသင်းနဲ့ပွဲစဉ်မှာ မထင်မှတ်ထားတဲ့ အနီးကပ်ပြသခံရမှုကြောင့် နိုင်ပွဲပျောက်ခဲ့ပေမယ့် သရေရအောင်စွမ်းဆောင်နိုင်တဲ့ လီဗာပူးလ်အသင်းရဲ့ခြေစွမ်းဟာ တကယ်ကို လက် ဖျားခါချင်စရာကောင်းခဲ့ပါတယ်။ တစ်ယောက်လျော့ နေတဲ့အသင်းလို့တောင် ထင်စရာမရှိအောင် ဖူဟမ်အ သင်းကိုဖိအားပေးနိုင်ပြီး နိုင်ပွဲရဖို့အခွင့်အရေးများစွာ ကို ဖန်တီးနိုင်မှုတွေက ချန်ပီယံအသင်းတစ်သင်းမှာရှိ ရမယ့်ခံယူချက်နဲ့ ခြေစွမ်းပိုင်းတွေဖြစ်ပါတယ်။ ဒါပေ မဲ့ လက်ရှိမှာတော့ လီဗာပူးလ်အသင်းနဲ့ အပြိုင်ဖိအား ပေးဖို့ရှိနေတဲ့ ချဲလ်ဆီးနဲ့အာဆင်နယ် အသင်းတွေရှိ နေတာကြောင့် လီဗာပူးလ်အသင်းအနေနဲ့ ထပ်ပြီး နိုင်ပွဲမပျောက်ဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။ လက်စတားစီးတီးအသင်းကတော့ လီဗာပူးလ်အသင်း ကို (၂၀၂၁)ခုနှစ်ကနေ လက်ရှိ (၂၀၂၄)ခုနှစ်အထိ ကစားခဲ့တဲ့ ပွဲစဉ်(၆)ပွဲမှာ နိုင်ပွဲမရထားတာကြောင့် လီဗာပူးလ်အသင်းရဲ့အိမ်ကွင်းမှာ လက်စတာအနိုင် ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လီဗာပူးလ်အ သင်းကပဲ ဂိုးပြတ်ရလဒ်နဲ့ အနိုင်(၃)မှတ်ရယူသွားနိုင်ပါတယ်။
အာဆင်နယ် Vs အစ်ပ်ဆွစ်တောင်း
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ် ၃ - ဝ အစ်ပ်ဆွစ်တောင်း(၂၆-၁-၂၀၁၁)
အာဆင်နယ် ၂ - ဝ အစ်ပ်ဆွစ်တောင်း(၁၃-၁-၂၀၁၁)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် ၂ - ဝ အစ်ပ်ဆွစ်တောင်း အာဆင်နယ် ၃ - ဝ အစ်ပ်ဆွစ်တောင်း
အာဆင်နယ်အသင်းကတော့ နိုင်ပွဲတွေ ပြန်လည်ရယူလာနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပရီးမီယားလိဂ် ပွဲစဉ်(၂)ပွဲမှာ ဖူဟမ်အသင်းကို သရေကျခဲ့သလို အဲ ဗာတန်အသင်းကိုလည်းသရေကျခဲ့တာကြောင့် သ ရေတစ်မှတ်စီနဲ့သာကျေနပ်ခဲ့ရချိန်မှာတော့ လီဗာပူးလ်အသင်းကို ရမှတ်(၆)မှတ်နဲ့ အနီးကပ်ဆုံးပြိုင် ဘက် ချဲလ်ဆီးအသင်းကို (၄)မှတ်အထိ အဖြတ်ခံထားရတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်အသင်းအ တွက် သေချာပေါက်အနိုင်ရယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အဓိကလိုအပ်ချက်ကတော့ တိုက်စစ်မှာ ဂိုးမရတော့တဲ့ပြဿနာဖြစ်ပြီး ဆာကာတစ်ယောက် ဂိုးမသွင်းနိုင်ရင် အမြဲတမ်း အာဆင်နယ်အသင်းက တိုင်ပတ်တတ်ပါတယ်။ ဒါ့ပြင် တိုက်စစ်မှာ ဟာဗက်နဲ့ မာတင်နယ်လီတို့ရဲ့စွမ်းဆောင်ရည်က သိသိသာသာ ကျဆင်းနေပြီး ဂိုးရဖို့လည်း မျှော်လင့်လို့မရတဲ့အခြေ အနေဖြစ်ပါတယ်။ နောက်တန်းနဲ့ကွင်းလယ်ပိုင်းရဲ့ စွမ်းဆောင်ရည်တွေကြောင့်သာ အာဆင်နယ်အသင်း ဟာ ဒီလိုပုံမပျက်ဘဲရှိနေနိုင်တယ်လို့ပြောလို့ရပါ တယ်။ အစ်ပ်ဆွစ်တောင်းအသင်းကလည်း အာဆင် နယ်အသင်းအတွက် ပြိုင်ဘက်အသင်းလို့တောင် ပြောလို့ရမနေတာကြောင့် ဒီပွဲစဉ်က အာဆင်နယ်အ သင်းရဲ့ရမှတ်စုဆောင်းနိုင်သွားမယ့်ပွဲစဉ်ဖြစ်ပြီးဂိုး ပြတ်ပါမယ်။ အနည်းဆုံး(၂)ဂိုးအထက်သွင်းနိုင်ပါတယ်။
ဝုဗ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဝုဗ် ၃ - ၄ မန်ယူ (၂-၂-၂၀၂၄)
မန်ယူ ၁ - ဝ ဝုဗ် (၃၀-၉-၂၀ ၂၃)
မန်ယူ ၂ - ဝ ဝုဗ် (၁၃-၅-၂၀ ၂၃)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝုဗ် ၂ - ဝ မန်ယူ
ဝုဗ် ၃ - ၂ မန်ယူ
မန်ယူအသင်းရဲ့စွမ်းဆောင်ရည်က နည်း ပြသစ်လက်ထက်မှာ အနည်းငယ်ပိုကောင်းလာတယ် ဆိုတာ သိသာနေပါတယ်။ နည်းပြ အမ်မိုရင် ကိုင် တွယ်ခဲ့တဲ့ ပြိုင်ပွဲစုံ (၇)ပွဲမှာ (၄)ပွဲအထိအနိုင်ရထားပြီး (၂)ပွဲရှုံး(၁)ပွဲသရေကျထားတာက အရမ်းကြီး အခြေ အနေမဆိုးဘူးလို့ ပြောလို့ရနေပါတယ်။ နောက်ဆုံး ကန်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ နိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့တာက မန်ယူအသင်းအတွက် ကျေ နပ်စရာဖြစ်ခဲ့ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာ လည်း အခြေအနေပြန်ကောင်းလာနိုင်တဲ့သဘော မျိုးဖြစ်နေပါတယ်။ ဒါပေမဲ့ မန်ယူလိုအသင်းအတွက် အမှတ်ပေးဇယားရဲ့ အဆင့်(၁၃)မှာရှိနေတာက လက်ခံနိုင်စရာမဟုတ်တာသေချာနေပြီး နောက်ပိုင်းပွဲ စဉ်တွေမှာ ဒီခြေစွမ်းအတိုင်းဆက်ထိန်းထားနိုင်ဖို့ လိုအပ်တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ ကစားသမား တော်တော်များများဟာ ခြေစွမ်းမတည်ငြိမ်ဘူးလို့ ပြောလို့ရနေပြီး တစ်ပွဲကောင်းနေပေမယ့် နောက်တစ် ပွဲမှာ ခြေစွမ်းတစ်မျိုးဖြစ်နေတတ်တာကိုတွေ့ရပါတယ်။ ဒီအချက်တွေကို အကောင်းဆုံးပြင်ဆင်နိုင်မယ်ဆို ရင်တော့ ရာသီကုန်မှာ မန်ယူအသင်းအတွက် ဥရော ပပြိုင်ပွဲတစ်ခုခုဝင်ခွင့်ရဖို့ မျှော်လင့်နိုင်မှာလည်းဖြစ် ပါတယ်။ ဝုဗ်အသင်းကတော့ လက်ရှိမှာ အဘက် ဘက်က စွမ်းဆောင်ရည်ကျဆင်းနေပြီး တန်းမဆင်း ရဖို့ ရုန်းကန်သွားရဖို့ရှိနေတာကြောင့် ဒီပွဲစဉ်က မန် ယူအသင်းကပဲ နိုင်ပွဲရယူသွားနိုင်ပါတယ်။ ဂိုးတော့ မပြတ်နိုင်ပါဘူး။
၂၆ -၁၂-၂၀၂၄ (ကြာသပတေး ညပိုင်း)
ည(၇ း ဝဝ) မန်စီးတီး Vs အဲဗာတန်
ည(၉ း ၃၀) ချဲလ်ဆီး Vs ဖူဟမ်
၂၇-၁၂-၂၀၂၄ (သောကြာ နံနက်ပိုင်း)
နံနက် (၁၂ း ၃၀) ဝုဗ် Vs မန်ယူ
နံနက်(၂ း ၃၀) လီဗာပူးလ် Vs လက်စတာစီးတီး
၂၈-၁၂-၂၀၂၄ (စနေ နံနက်ပိုင်း)
နံနက်(၂ း ၄၅) အာဆင်နယ် Vs အင်ဝှစ်တောင်း
zawgyi version
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ္ပြဲစဥ္(၁၈) ပြဲႀကိဳသုံးသပ္ခ်က္မ်ား (အားကစားေဆာင္းပါး)
ရဲထက္ (NP News) - ဒီဇင္ဘာ ၂၇
(၂၀၂၄-၂၀၂၅) ေဘာလုံးရာသီရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္(၁၈)မွာေတာ့ လီဗာပူးလ္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔က အမွတ္ေပးဇယားကို ဦးေဆာင္ ထားၿပီး အာဆင္နယ္အသင္းကေတာ့ အနီးကပ္ဖိအား ေပးထားတာကိုေတြ႕ရပါတယ္။ ဒီတစ္ပတ္ပြဲစဥ္ေတြ ကေတာ့ အသင္းႀကီးေတြျဖစ္သလို ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ေနတဲ့အသင္းႀကီးေတြရဲ႕ အမွားခံလို႔မရေတာ့တဲ့ ရက္သတၱပတ္ျဖစ္ၿပီး ဇယားထိပ္ပိုင္းမွာ အ ေျပာင္းအလဲေတြကို ျမင္ေတြ႕လာရႏိုင္တဲ့ပြဲစဥ္ေတြ ျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါ တယ္။ အထူးသျဖင့္ လီဗာပူးလ္အသင္းနဲ႔ ခ်ဲလ္ဆီးအ သင္းတို႔ရဲ႕ၿပိဳင္ဆိုင္မႈေတြကို ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ၿပိဳင္ဆိုင္မႈေတြကလည္း ပိုမိုျပင္းထန္လာဖို႔ရွိေနပါတယ္။ အာဆင္နယ္အသင္းနဲ႔ မန္စီးတီးအသင္းတို႔က လည္း ရမွတ္(၃)မွတ္ပဲကြာဟေနတဲ့အေနအထားမွာ ႏိုင္ပြဲရဖို႔လိုအပ္ေနသလို ေနာ္တင္ေဖာရက္စ္အသင္း ရဲ႕ အံ့မခန္းစြမ္းေဆာင္ရည္ေတြကလည္း ဥေရာပဝင္ ခြင့္အတြက္ အသင္းႀကီးေတြကို ၿခိမ္းေျခာက္လာႏိုင္ တာကိုေတြ႕ရပါတယ္။ ဒီတစ္ပတ္မွာလည္း NP News ကေန အမွတ္ေပးဇယားရဲ႕ထိပ္ ဆုံးမွာရပ္တည္ေနတဲ့အသင္းႀကီးေတြရဲ႕ ပရီးမီးယား လိဂ္ပြဲစဥ္(၁၈)အတြက္ ေျခစြမ္းနဲ႔ျဖစ္ႏိုင္ေျခ သုံးသပ္ ခ်က္ေတြကို တင္ျပသြားမွာျဖစ္ပါတယ္။
မန္စီးတီး Vs အဲဗာတန္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ၄ - ၁ အဲဗာတန္ (၁၀-၂-၂၀၂၄)
အဲဗာတန္ ၁ - ၃ မန္စီးတီး (၂၈-၁၂-၂၀၂၃)
အဲဗာတန္ ဝ - ၃ မန္စီးတီး (၄-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ အဲဗာတန္
မန္စီးတီး ၃ - ၁ အဲဗာတန္
မန္စီးတီးအသင္းအတြက္ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏိုင္ဖို႔ဆိုတာ မျဖစ္ ႏိုင္ေတာ့တဲ့အေျခအေနမ်ိဳးျဖစ္ေနပါၿပီ။ လက္ရွိေျခ စြမ္းပိုင္းအရ မန္စီးတီးအသင္းဟာ ဆိုး႐ြားတဲ့ရာသီ တစ္ခုကိုျဖတ္သန္းေနရၿပီး ကစားသမားတခ်ိဳ႕ရဲ႕ ေျခ စြမ္းပိုင္းနဲ႔အသက္အ႐ြယ္အရပါက်ဆင္းလာမႈေတြက မန္စီးတီးအသင္းကို ခက္ခဲသြားေစခဲ့တာျဖစ္ပါတယ္။ မန္စီးတီးအသင္းကို ဒီရာသီမွာ ရလဒ္ပိုင္းဆိုး႐ြားေစတဲ့ အခ်က္ေတြကေတာ့ နည္းျပဂြာဒီယိုလာနဲ႔ အမ်ားႀကီး သက္ဆိုင္တယ္လို႔ ေျပာလို႔ရေနပါတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ အသင္းမွာ အားကိုးလာရေတာ့မယ့္ကစား သမားေတြကို ေရာင္းထုတ္ခဲ့တာျဖစ္ၿပီး မႏွစ္ကရာသီ မွာ ဟာလန္းကိုအားကိုးမရရင္ အာဂ်င္တီးနားရဲ႕ လူ ငယ္တိုက္စစ္မႉး အဲဗာရက္ဇ္ကိုထည့္သုံးတဲ့အခ်ိန္ မွာ အလုပ္ျဖစ္တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ အက္သ လက္တီကိုအသင္းထံကို ေရာင္းခ်လိုက္ခ်ိန္မွာေတာ့ ဟာလန္းတစ္ေယာက္တည္းအေပၚမွာသာ မွီခိုအား ထားေနရတာကိုေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္က ေတာ့ ခ်ဲလ္ဆီးအသင္းကိုေရာင္းခ်လိုက္တဲ့ ကိုးလ္ ပါးမားျဖစ္ပါတယ္။ ဖိုဒန္ရွိေနတာပဲဆိုတဲ့အေတြးနဲ႔ ေရာင္းခ်လိုက္တဲ့ ပါးမားဟာ ခ်ဲလ္ဆီးအသင္းမွာ ဘယ္ေလာက္ေကာင္းၿပီး ေျခစြမ္းျပေနလဲဆိုတာ မန္ စီးတီးပရိသတ္ေတြအတြက္ ေဒါသထြက္ခ်င္စရာပါ။ ဒီလို နည္းျပ ဂြာဒီယိုလာရဲ႕ တစ္ယူသန္မႈကေန မန္စီး တီးအသင္း ႐ုန္းကန္ေနရတယ္လို႔ျမင္ပါတယ္။ အခုပြဲ စဥ္ကေတာ့ မန္းစီးတီးအသင္းရဲ႕အိမ္ကြင္းျဖစ္ၿပီး ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာလည္း မန္စီးတီးအသင္း ကသာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီးအႏိုင္ရခဲ့တာေၾကာင့္ ဒီပြဲစဥ္ ကေတာ့ မန္စီးတီးအသင္းက အႏိုင္(၃)မွတ္ရယူသြား ႏိုင္ပါတယ္။
ခ်ဲလ္ဆီး Vs ဖူဟမ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၁ - ဝ ဖူဟမ္ (၁၃-၁-၂၀၂၄)
ဖူဟမ္ ၂ - ၁ ခ်ဲလ္ဆီး (၃-၁၀-၂၀၂၃)
ခ်ဲလ္ဆီး ၂ - ဝ ဖူဟမ္ (၃၁-၇-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီး ၃ - ၂ ဖူဟမ္
ခ်ဲလ္ဆီး ၂ - ၁ ဖူဟမ္
ခ်ဲလ္ဆီးအသင္းရဲ႕ စြမ္းေဆာင္ရည္ ဒီရာသီမွာ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ စတင္ေနၿပီလို႔ ေျပာလို႔ရေနပါတယ္။ လီဗာပူးလ္အသင္းကို တစ္ပြဲ ေလ်ာ့ (၂)မွတ္အကြာနဲ႔ အနီးကပ္ဖိအားေပးေနၿပီျဖစ္ သလို အာဆင္နယ္အသင္းကိုလည္း (၄)မွတ္ျဖစ္ထား တာေၾကာင့္ ခ်န္ပီယံဆုလမ္းေၾကာင္းေပၚကို စတင္ ေလွ်ာက္လွမ္းေနၿပီလို႔လည္း ေျပာလို႔ရပါတယ္။ ခ်ဲလ္ ဆီးအသင္းရဲ႕ ဒီရာသီမွာ တိုးတက္လာမႈေတြနဲ႔ပတ္ သက္ရင္ နည္းျပအန္ဇိုမာရက္စကာကို မျဖစ္မေနအသိအမွတ္ျပဳဖို႔လိုအပ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မႏွစ္ကရာသီမွာ ေျခစြမ္းမျပႏိုင္ၾကဘဲ ဖိအားေတြနဲ႔ရင္ ဆိုင္ခဲ့ရတဲ့ အန္ဇိုဖာနန္ဒက္စ္နဲ႔ ကိုင္စီဒိုတို႔အတြဲအ ဖက္ကို အေကာင္းဆုံးအသုံးခ်ႏိုင္ခဲ့ၿပီး တိုက္စစ္ပိုင္း မွာဆိုရင္လည္း နက္ဂလက္ဂ်က္ဆင္က မႏွစ္ကထက္ သိသိသာသာပိုေကာင္းလာသလို ဆန္ခ်ိဳရဲ႕ေျခစြမ္းကို လည္း အေကာင္းဆုံးျပန္လည္ရရွိေအာင္ စြမ္းေဆာင္ ႏိုင္ခဲ့ၿပီး ကိုးလ္ပါးမားရဲ႕ေျခစြမ္းပိုင္ကလည္း မႏွစ္က ထက္ ပိုေကာင္းလာမႈေတြအားလုံးဟာ နည္းျပ အန္ ဇိုမာရက္စကာရဲ႕ လမ္းျပမႈေတြေၾကာင့္သာျဖစ္ပါ တယ္။ အရံလူစာရင္းမွာလည္း ထိပ္တန္းကစားသမား အမ်ားစုရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအတြက္ ဒီရာသီမွာ ေတာ့ ဥေရာပခ်န္ပီယံလိဂ္ဝင္ခြင့္အျပင္ ခ်န္ပီယံဆု ေတြကိုပါ အနီးကပ္ဖိအားေပးလာႏိုင္မွာ ေသခ်ာ သေလာက္ကိုရွိေနပါတယ္။ ဖူဟမ္အသင္းကေတာ့ ေနာက္ဆုံးကန္ခဲ့တဲ့ ပြဲစဥ္(၅)ပြဲလုံးမွာ တစ္ပြဲသာအႏိုင္ ရထားတဲ့အျပင္ ခ်ဲလ္ဆီးအသင္းနဲ႔ေတြ႕တိုင္း အိမ္ ကြင္းေရာ အေဝးကြင္းမွာပါ ႏိုင္ပြဲရဖို႔ခက္ခဲတာေၾကာင့္ ဒီပြဲစဥ္မွာ အိမ္ကြင္းအားသာခ်က္ရွိတဲ့ ခ်ဲလ္ဆီးအ သင္းက ႏိုင္ဖို႔မ်ားပါတယ္။ ဒါေပမဲ့ ဖူဟမ္အသင္းက ၿပီးခဲ့တဲ့လီဗာပူးလ္အသင္းနဲ႔ပြဲစဥ္မွာ သေရက်ေအာင္ ကစားထားတာေၾကာင့္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ႏိုင္ရင္ေတာင္ ဂိုးမျပတ္ႏိုင္ပါဘူး။
လီဗာပူးလ္ Vs လက္စတာစီးတီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
လီဗာပူးလ္ ၃ - ၁ လက္စတာ(၂၈-၉-၂၀၂၄)
လက္စတာ ဝ - ၄ လီဗာပူးလ္ (၃၀-၇-၂၀၂၃)
လက္စတာ ဝ - ၄ လီဗာပူးလ္ (၁၆-၅-၂၀၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၃ - ဝ လက္စတာ
လီဗာပူးလ္ ၂ - ဝ လက္စတာ
ဒီပြဲစဥ္ကိုေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ မျဖစ္မေန ႏိုင္ပြဲရရွိဖို႔လိုအပ္ပါတယ္။ အဲဗာတန္အ သင္းနဲ႔ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းလိုက္တာေၾကာင့္ ရမွတ္မရွိ ခဲ့တဲ့အျပင္ ဖူဟမ္အသင္းကိုလည္း သေရက်ခဲ့တာ ေၾကာင့္ ဒီပြဲစဥ္ကိုသာႏိုင္ပြဲမရခဲ့ရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ေက်ာ္ျဖတ္မႈနဲ႔ ရင္ဆိုင္သြားရႏိုင္တာေၾကာင့္ လီဗာ ပူးလ္အသင္းက ဒီပြဲစဥ္ကို မျဖစ္မေန အႏိုင္ကန္ဖို႔လို အပ္ေနတာျဖစ္ပါတယ္။ ဖူဟမ္အသင္းနဲ႔ပြဲစဥ္မွာ မထင္မွတ္ထားတဲ့ အနီးကပ္ျပသခံရမႈေၾကာင့္ ႏိုင္ပြဲေပ်ာက္ခဲ့ေပမယ့္ သေရရေအာင္စြမ္းေဆာင္ႏိုင္တဲ့ လီဗာပူးလ္အသင္းရဲ႕ေျခစြမ္းဟာ တကယ္ကို လက္ ဖ်ားခါခ်င္စရာေကာင္းခဲ့ပါတယ္။ တစ္ေယာက္ေလ်ာ့ ေနတဲ့အသင္းလို႔ေတာင္ ထင္စရာမရွိေအာင္ ဖူဟမ္အ သင္းကိုဖိအားေပးႏိုင္ၿပီး ႏိုင္ပြဲရဖို႔အခြင့္အေရးမ်ားစြာ ကို ဖန္တီးႏိုင္မႈေတြက ခ်န္ပီယံအသင္းတစ္သင္းမွာရွိ ရမယ့္ခံယူခ်က္နဲ႔ ေျခစြမ္းပိုင္းေတြျဖစ္ပါတယ္။ ဒါေပ မဲ့ လက္ရွိမွာေတာ့ လီဗာပူးလ္အသင္းနဲ႔ အၿပိဳင္ဖိအား ေပးဖို႔ရွိေနတဲ့ ခ်ဲလ္ဆီးနဲ႔အာဆင္နယ္ အသင္းေတြရွိ ေနတာေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ ထပ္ၿပီး ႏိုင္ပြဲမေပ်ာက္ဖို႔လိုအပ္ေနတာလည္း ျဖစ္ပါတယ္။ လက္စတားစီးတီးအသင္းကေတာ့ လီဗာပူးလ္အသင္း ကို (၂၀၂၁)ခုႏွစ္ကေန လက္ရွိ (၂၀၂၄)ခုႏွစ္အထိ ကစားခဲ့တဲ့ ပြဲစဥ္(၆)ပြဲမွာ ႏိုင္ပြဲမရထားတာေၾကာင့္ လီဗာပူးလ္အသင္းရဲ႕အိမ္ကြင္းမွာ လက္စတာအႏိုင္ ရဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ လီဗာပူးလ္အ သင္းကပဲ ဂိုးျပတ္ရလဒ္နဲ႔ အႏိုင္(၃)မွတ္ရယူသြားႏိုင္ပါတယ္။
အာဆင္နယ္ Vs အစ္ပ္ဆြစ္ေတာင္း
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အာဆင္နယ္ ၃ - ဝ အစ္ပ္ဆြစ္ေတာင္း(၂၆-၁-၂၀၁၁)
အာဆင္နယ္ ၂ - ဝ အစ္ပ္ဆြစ္ေတာင္း(၁၃-၁-၂၀၁၁)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ ၂ - ဝ အစ္ပ္ဆြစ္ေတာင္း အာဆင္နယ္ ၃ - ဝ အစ္ပ္ဆြစ္ေတာင္း
အာဆင္နယ္အသင္းကေတာ့ ႏိုင္ပြဲေတြ ျပန္လည္ရယူလာႏိုင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ ပရီးမီယားလိဂ္ ပြဲစဥ္(၂)ပြဲမွာ ဖူဟမ္အသင္းကို သေရက်ခဲ့သလို အဲ ဗာတန္အသင္းကိုလည္းသေရက်ခဲ့တာေၾကာင့္ သ ေရတစ္မွတ္စီနဲ႔သာေက်နပ္ခဲ့ရခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းကို ရမွတ္(၆)မွတ္နဲ႔ အနီးကပ္ဆုံးၿပိဳင္ ဘက္ ခ်ဲလ္ဆီးအသင္းကို (၄)မွတ္အထိ အျဖတ္ခံထားရတာေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အသင္းအ တြက္ ေသခ်ာေပါက္အႏိုင္ရယူဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ အဓိကလိုအပ္ခ်က္ကေတာ့ တိုက္စစ္မွာ ဂိုးမရေတာ့တဲ့ျပႆနာျဖစ္ၿပီး ဆာကာတစ္ေယာက္ ဂိုးမသြင္းႏိုင္ရင္ အၿမဲတမ္း အာဆင္နယ္အသင္းက တိုင္ပတ္တတ္ပါတယ္။ ဒါ့ျပင္ တိုက္စစ္မွာ ဟာဗက္နဲ႔ မာတင္နယ္လီတို႔ရဲ႕စြမ္းေဆာင္ရည္က သိသိသာသာ က်ဆင္းေနၿပီး ဂိုးရဖို႔လည္း ေမွ်ာ္လင့္လို႔မရတဲ့အေျခ အေနျဖစ္ပါတယ္။ ေနာက္တန္းနဲ႔ကြင္းလယ္ပိုင္းရဲ႕ စြမ္းေဆာင္ရည္ေတြေၾကာင့္သာ အာဆင္နယ္အသင္း ဟာ ဒီလိုပုံမပ်က္ဘဲရွိေနႏိုင္တယ္လို႔ေျပာလို႔ရပါ တယ္။ အစ္ပ္ဆြစ္ေတာင္းအသင္းကလည္း အာဆင္ နယ္အသင္းအတြက္ ၿပိဳင္ဘက္အသင္းလို႔ေတာင္ ေျပာလို႔ရမေနတာေၾကာင့္ ဒီပြဲစဥ္က အာဆင္နယ္အ သင္းရဲ႕ရမွတ္စုေဆာင္းႏိုင္သြားမယ့္ပြဲစဥ္ျဖစ္ၿပီးဂိုး ျပတ္ပါမယ္။ အနည္းဆုံး(၂)ဂိုးအထက္သြင္းႏိုင္ပါတယ္။
ဝုဗ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဝုဗ္ ၃ - ၄ မန္ယူ (၂-၂-၂၀၂၄)
မန္ယူ ၁ - ဝ ဝုဗ္ (၃၀-၉-၂၀ ၂၃)
မန္ယူ ၂ - ဝ ဝုဗ္ (၁၃-၅-၂၀ ၂၃)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝုဗ္ ၂ - ဝ မန္ယူ
ဝုဗ္ ၃ - ၂ မန္ယူ
မန္ယူအသင္းရဲ႕စြမ္းေဆာင္ရည္က နည္း ျပသစ္လက္ထက္မွာ အနည္းငယ္ပိုေကာင္းလာတယ္ ဆိုတာ သိသာေနပါတယ္။ နည္းျပ အမ္မိုရင္ ကိုင္ တြယ္ခဲ့တဲ့ ၿပိဳင္ပြဲစုံ (၇)ပြဲမွာ (၄)ပြဲအထိအႏိုင္ရထားၿပီး (၂)ပြဲရႈံး(၁)ပြဲသေရက်ထားတာက အရမ္းႀကီး အေျခ အေနမဆိုးဘူးလို႔ ေျပာလို႔ရေနပါတယ္။ ေနာက္ဆုံး ကန္ခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာက မန္ယူအသင္းအတြက္ ေက် နပ္စရာျဖစ္ခဲ့ၿပီး အမွတ္ေပးဇယားရပ္တည္မႈမွာ လည္း အေျခအေနျပန္ေကာင္းလာႏိုင္တဲ့သေဘာ မ်ိဳးျဖစ္ေနပါတယ္။ ဒါေပမဲ့ မန္ယူလိုအသင္းအတြက္ အမွတ္ေပးဇယားရဲ႕ အဆင့္(၁၃)မွာရွိေနတာက လက္ခံႏိုင္စရာမဟုတ္တာေသခ်ာေနၿပီး ေနာက္ပိုင္းပြဲ စဥ္ေတြမွာ ဒီေျခစြမ္းအတိုင္းဆက္ထိန္းထားႏိုင္ဖို႔ လိုအပ္တာျဖစ္ပါတယ္။ မန္ယူအသင္းရဲ႕ ကစားသမား ေတာ္ေတာ္မ်ားမ်ားဟာ ေျခစြမ္းမတည္ၿငိမ္ဘူးလို႔ ေျပာလို႔ရေနၿပီး တစ္ပြဲေကာင္းေနေပမယ့္ ေနာက္တစ္ ပြဲမွာ ေျခစြမ္းတစ္မ်ိဳးျဖစ္ေနတတ္တာကိုေတြ႕ရပါတယ္။ ဒီအခ်က္ေတြကို အေကာင္းဆုံးျပင္ဆင္ႏိုင္မယ္ဆို ရင္ေတာ့ ရာသီကုန္မွာ မန္ယူအသင္းအတြက္ ဥေရာ ပၿပိဳင္ပြဲတစ္ခုခုဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ႏိုင္မွာလည္းျဖစ္ ပါတယ္။ ဝုဗ္အသင္းကေတာ့ လက္ရွိမွာ အဘက္ ဘက္က စြမ္းေဆာင္ရည္က်ဆင္းေနၿပီး တန္းမဆင္း ရဖို႔ ႐ုန္းကန္သြားရဖို႔ရွိေနတာေၾကာင့္ ဒီပြဲစဥ္က မန္ ယူအသင္းကပဲ ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။ ဂိုးေတာ့ မျပတ္ႏိုင္ပါဘူး။
၂၆ -၁၂-၂၀၂၄ (ၾကာသပေတး ညပိုင္း)
ည(၇ း ဝဝ) မန္စီးတီး Vs အဲဗာတန္
ည(၉ း ၃၀) ခ်ဲလ္ဆီး Vs ဖူဟမ္
၂၇-၁၂-၂၀၂၄ (ေသာၾကာ နံနက္ပိုင္း)
နံနက္ (၁၂ း ၃၀) ဝုဗ္ Vs မန္ယူ
နံနက္(၂ း ၃၀) လီဗာပူးလ္ Vs လက္စတာစီးတီး
၂၈-၁၂-၂၀၂၄ (စေန နံနက္ပိုင္း)
နံနက္(၂ း ၄၅) အာဆင္နယ္ Vs အင္ဝွစ္ေတာင္း