နှစ်(၂၀)စောပြီးသေရတဲ့ မြန်မာတို့ရဲ့ ကျန်းမာရေး

 2781

ဖြိုးဝေလင်း(ပုသိမ်) (NP News) - ဒီဇင်ဘာ ၂၇

အထက်တွင်ဖော်ပြထားသကဲ့သို့ ကျန်းမာရေး ဝန်ထမ်းလောက်ငမှုမရှိသော မိမိတို့နိုင်ငံအနေဖြင့် ပြည်သူလူထုအား ကျန်းမာရေးဆိုင်ရာအသိပညာရပ် များဝေငှရင်း ကျန်းမာရေးဝန်ထမ်းများအပေါ်ကျ ရောက်လာမည့် ဝန်အချို့ကိုလျှော့ပေါ့နိုင်သည်။ ရှေး ဦးသူနာပြုစုနည်း၊ ထိခိုက်ခြင်းနှင့် အသေးအဖွဲကျန်း မာရေးပြဿနာများကို စီမံခန့်ခွဲနည်းစေစများပြုလုပ်၍ ပြည်သူအကြားဖြန့်ဝေခြင်း၊ ရပ်ကွက်၊ ကျေးရွာ တာဝန်ရှိသူများကို ကပ်ရောဂါစီမံခန့်ခွဲမှုဆိုင်ရာသင် တန်းများပို့ချခြင်း၊ လူမှုကူညီရေးအသင်းမှ ပရဟိတ လူငယ်များကို ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာသင် တန်းများပို့ချခြင်း၊ လူနာတင်ယာဉ်များကို အဆင့်မြှင့် တင်ခြင်း၊ Telemedicine နှင့် virtual care အသုံးပြုကုသခြင်းသကဲ့သို့သောလုပ်ငန်းများ ဆောင်ရွက်နိုင်သည်။
မိမိတို့နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်အောက်ကလေး သေဆုံးနှုန်းအနေဖြင့် က လေးအရှင်(၁၀ဝဝ)မွေးတိုင်း (၁၂)ဦး၊ ငါးနှစ်အောက် ကလေးသေဆုံးနှုန်းအနေဖြင့် ကလေးအရှင် (၁၀ဝဝ)မွေးတိုင်း (၁၅)ဦး၊ မိခင်သေဆုံးနှုန်းအနေ ဖြင့် ကလေးအရှင်တစ်သိန်းမွေးတိုင်း (၁၀၂ ဒသမ ၇)ဦးအထိရှိနေသည်ကို စိတ်မကောင်းဖွယ်ရာသိရ သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးနှစ်အောက် ကလေးငယ်များအာဟာရချို့တဲ့မှုသည် ကလေး (၁၀ဝ)လျှင် (၂၆ ဒသမ ၇)ရာခိုင်နှုန်းရှိနေသည်ကိုတွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် ကိုယ် ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များ ငွေကြေး အထောက်အပံ့ပေးရေးအစီအစဉ် (Maternal and Child Cash Transfer - MCCT) ချမှတ်ကာ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် များ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များ ပြည့်မီရန် တစ်လလျှင် ငွေကျပ် (၁၅ယဝဝဝ)နှုန်းဖြင့် ထောက်ပံ့လျက်ရှိကြောင်းသိရသည်။

ကိုယ်ဝန်ဆောင်များနှင့်ကလေးငယ်များကို ထောက်ပံ့ရာတွင် ပြည်ထောင်စုအစိုးရ၏ထောက်ပံ့ မှုသာမက တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ် တာဝန်ရှိသူများပါ တတ်စွမ်းသရွေ့ ဝင်ရောက်ထောက် ပံ့ပေးပါက မိခင်နှင့်ကလေးများအတွက် ပိုမိုလုံလောက် သည့်အနေအထားဖြစ်ပေါ်လာမည်ဖြစ်သည်။ ကိုယ် ဝန်ဆောင်မိခင်များအတွက် မိခင်နှင့်ကလေးကျန်း မာရေးအတွက် အထောက်အကူပြု လေ့ကျင့်ခန်းများ၊ ကလေးပြုစုပျိုးထောင်ခြင်းသင်ခန်းစာများ၊ ဆောင် ရန်၊ ရှောင်ရန်အချက်အလက်များ ပါဝင်သော စေစ ရေးဆွဲဖြန့်ဝေသင့်သည်။ ကိုယ်ဝန်ဆောင်များအတွက် ရွေ့လျားကျန်းမာရေးဆေးခန်းများထားရှိ၍ ကိုယ်ဝန် ကိုစစ်ဆေးခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ မိခင်နို့ ရည်အတွင်း အာဟာရဓာတ်ပါဝင်မှုစစ်ဆေးခြင်း၊ မိ ခင်နှင့်ကလေး ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ် နိုင်ရန် ဆောင်ရွက်သင့်သည်။ ထို့ပြင် အစိုးရနှင့် ပုဂ္ဂ လိကပူးပေါင်းကာ မိခင်များအတွက်လိုအပ်သည့် diaper များ၊ ဖြည့်စွက်အားဆေးများကို ကိုယ်ဝန် ဆောင်များအတွက် သက်သာစွာရောင်းချပေးနိုင်ရန် စီစဉ်ပေးသင့်သည်။
ကျောင်းနေအရွယ်ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ရာတွင် ကျောင်းမုန့်ဈေး တန်းများအတွင်း FDA ထောက်ခံချက်နှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲမှု အာမခံချက်မရှိသည့် ပြည်ပကဝင်ရောက်လာသောမုန့်များမရောင်းချစေ ရေး အဓိကထားတားမြစ်ရမည်ဖြစ်သည်။ ကလေး ငယ်များကိုရောင်းချသည့် ကျောင်းတွင်းနှင့်ကျောင်း ဝန်းကျင် ဈေးဆိုင်ပိုင်ရှင်အားလုံးကိုလည်း ကျန်းမာ ရေးပညာပေး ဝေငှပေးရန်လိုအပ်သည်။ ကျောင်းနေ အရွယ်ကလေးတို့သည် ဖွံ့ဖြိုးကြီးထွားရန် အားယူ သောအချိန်ကာလဖြစ်သဖြင့် အနာဂတ်တွင် ကျန်းမာ သန်စွမ်းသော လူတော်၊ လူကောင်းများဖြစ်လာရန် ကျောင်းသား၊ ကျောင်းသူများ၏ တစ်နေ့တာလိုအပ် သည့် အာဟာရ၏သုံးပုံတစ်ပုံကို ကျောင်းကကျွေးမွေး နိုင်ရန် ဦးတည်ဆောင်ရွက်သင့်သည်။ ဤတွင် က လေးများ၏ နေ့လယ်စာကုန်ကျစရိတ်ကို မည်ကဲ့သို့ ဖြည့်တင်းပြီး မည်ကဲ့သို့ဖြေရှင်းရမည်ဆိုသည်ကို အ ကြံပြုချင်သည်။ အထက်တန်းအဆင့် ကိုယ်ပိုင် ကျောင်းများ၊ ဘော်ဒါဆောင်များ၊ ပြင်ပကျူရှင်များ၏အခွန်များ၊ အဆိုပါနေရာများတွင်သင်ကြားနေသည့် အစိုးရဝန်ထမ်းမဟုတ်သည့် ကျောင်းဆရာ၊ ဆ ရာမများ၏အခွန်၊ လိုင်စင်ကြေးများကိုကောက်ခံပြီး အစိုးရကျောင်းတက်ရောက်သူ ကလေးငယ်များအ တွက် နေ့လယ်စာအသုံးစရိတ်အဖြစ် အသုံးချနိုင် သည်။ အဆိုပါနည်းလမ်းဖြင့် မလောက်သေးပါက တိုင်း၊ ပြည်နယ်၊ မြို့နယ်များတွင် စည်ပင်မှကောက်ခံ ရရှိသည့် အခွန်တစ်ခုခု သို့မဟုတ် အခွန်အားလုံး ပေါင်း၏ ရာခိုင်နှုန်းတစ်ခုခုကိုအသုံးပြုလိုက်ပါက နေ့လယ်စာကုန်ကျစရိတ်သည် ပြည်ထောင်စုအစိုးရ ကစိုက်ထုတ်စရာမလိုသည့်ကိစ္စ ဖြစ်သွားမည်။ အ ခြားနိုင်ငံများတွင် ူသခေူ ျခ့သသူ အထေ ရှိပြီး အဆိုပါ ဒေသတွင် နေထိုင်သူများက မိမိဒေသရှိကျောင်း များကို မိမိ၌ သား၊ သမီးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ အခွန်ပေးဆောင်ရသည်။ ဆောင်လိုက်သည့်အ ခွန်အတွက်လည်း မည်ကဲ့သို့သုံးစွဲလိုက်သည်ကို ပွင့် လင်းမြင်သာစွာဖော်ပြထားသည်။
ကလေးငယ်များသည် တိုင်းပြည်အနာဂတ်များ ဖြစ်သည်။ ကျွန်တော်တို့ကို ပြန်လည်ကြည့်ရှုစောင့် ရှောက်မည့်လူသားများဖြစ်သည်။ အဆိုပါအနာဂတ် လူငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှ မြင့်မားသည့်အလုပ်အကိုင်၊ များပြားသည့်ငွေကြေး ပမာဏရရှိပြီး ယင်းတို့ကတစ်ဆင့်တိုးပွားလာမည့် အခွန်များကို ကျွန်တော်တို့လူကြီးများအတွက် ပြန် လည်အသုံးချရမည်ဖြစ်သည်ကို နိုင်ငံသားတိုင်းနား လည်သဘောပေါက်ရန်လိုသည်။
မြန်မာနိုင်ငံတွင် (၂၀၂၀-၂၀၂၃)ခုနှစ် လုပ် သားအင်အားခန့်မှန်းစာရင်းအင်းများအစီရင်ခံစာ အရ (၂၀၂၃)ခုနှစ်တွင် လုပ်သားအင်အား (၂၃ ဒသ မ ၉၇) သန်းရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ လုပ်သား(၂၃ ဒသမ ၉၇)သန်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၉ ဒသမ ၁၃) ရာခိုင်နှုန်း၊ အခြေခံအ လုပ်အကိုင်လုပ်သူ(၂၀ ဒသမ ၉၉) ရာခိုင်နှုန်း၊ ဝန် ဆောင်မှုနှင့်အရောင်းအဝယ်လုပ်ကိုင်သူ (၁၈ ဒသမ ၇၄) ရာခိုင်နှုန်း၊ လက်မှုပညာနှင့်ဆက်စပ်လုပ်သား (၁၃ ဒသမ ၉၃)ရာခိုင်နှုန်းရှိသည့်အတွက် ကိုယ်ကာ ယကို အားပြုလုပ်ကိုင်သူ လုပ်သား သန်း(၂၀)နီးပါး ရှိသည်ကိုတွေ့ရသည်။
သို့သော်လည်း (၂၀၂၄)ခုနှစ် အောက်တိုဘာလ အထိ လူမှုဖူလုံရေးအဖွဲ့ဝင်ရောက်ထားသူ လုပ်သား (၁)သန်းကျော် (၁ယ၂၈၃ယ၂၃၃)သာရှိသေးသဖြင့် ဆက်လက်တိုးပွားလာရန်လိုအပ်နေသည်။ လုပ်သား များအနေဖြင့်လည်း လူမှုဖူလုံရေးအဖွဲ့သို့ ဝင်ရောက် ခြင်းဖြင့် ရရှိလာနိုင်သည့်အခွင့်အရေးများနှင့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများကို သိရှိနိုင်ရန်လေ့လာ သင့်သည်။ စက်ရုံ၊ အလုပ်ရုံ၊ အစိုးရရုံးများသို့ လှည့် လည်၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခြားသောနိုင်ငံများမှကုမ္ပဏီများကဲ့သို့ လုပ်သားများကို လုပ်ငန်း ခွင်အတွင်း သွေးပူလေ့ကျင့်ခန်းလုပ်ဆောင်စေခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာဖေးမကူညီခြင်းမျိုးလည်း များမကြာမီ နိုင် ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက လုပ်ဆောင် သွားလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိသည်။
(၂၀၁၆)ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်တွင် ပြည် ထောင်စုလွှတ်တော်မှပြဋ္ဌာန်းသည့် သက်ကြီးရွယ်အို များဆိုင်ရာဥပဒေတွင် သက်ကြီးရွယ်အိုဆိုသည်မှာ အသက် (၆၀)နှင့်အထက် မြန်မာနိုင်ငံသားများဟု ဆိုသည်။ ပြည်သူ့အင်အားဦးစီးဌာန၏ (၁-၁၀- ၂၀၂၃)ရက်တွင်ထုတ်ပြန်သည့် ခန့်မှန်းလူဦးရေစာ ရင်းအရ မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုဦးရေ (၆ ဒသမ ၃) သန်းကျော်ရှိကြောင်း သိရသည်။
အဆိုပါ (၆ ဒသမ ၃)သန်းထဲတွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို(၂၄၈၉၁၁)ဦး အား နိုင်ငံတော်မှ တစ်လလျှင်ငွေတစ်သောင်းကျပ် နှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိသည်။ သက်ကြီးရွယ်အို များသည် ၎င်းတို့ငယ်ရွယ်စဉ်က နိုင်ငံတော်နှင့်နိုင်ငံ သားများအပေါ် ကျေးဇူးပြုခဲ့ဖူးသူများဖြစ်ရာ ၎င်းတို့ အိုမင်းလာချိန်တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့မှ ပြန် လည်ပြုစုစောင့်ရှောက်ရမည်ဖြစ်သော်လည်း တစ်ခါ တစ်ရံတွင် သက်ကြီးရွယ်အိုများအား မိသားစုဝင်များ ကိုယ်တိုင် စွန့်ပစ်ခြင်း၊ တောင်းရမ်းခိုင်းခြင်း၊ နိုင်ထက် စီးနင်းပြုကျင့်ခြင်းများကို စိတ်မကောင်းဖွယ်တွေ့မြင် ရသည်။ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေပုဒ်မ (၅၈)အရ သက်ကြီးရွယ်အိုကို ခွဲခြားဆက်ဆံခြင်း သို့ မဟုတ် မလျော်မကန်ပြုလုပ်ခြင်းပြုကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရပါက (၂)နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် အနည်းဆုံး ငွေကျပ်တစ်သိန်းမှ အ များဆုံး ငွေကျပ်ဆယ်သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ပြီး ရဲမှ ဝရမ်းမလိုအပ်ဘဲ ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှု ဖြစ်သည်။
ထို့ကြောင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဆိုင်ရာဥပဒေများကို ပြည်သူများပိုမိုသိရှိအောင် ဆောင်ရွက်သင့်သည်။ ယခုအခါ သက်ကြီးရွယ်အို များ၏ဘဝမြှင့်တင်ရန်၊ ကျန်းမာရေးနှင့်လူမှုရေးစောင့် ရှောက်မှုများပေးနိုင်ရန်နှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကိုကာကွယ်နိုင်ရန်အတွက် တိုင်းနှင့် ပြည်နယ်အသီးသီးတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီများဖွဲ့စည်းထားရှိသည်။ ကော်မတီများအ နေဖြင့် တစ်ခုနှင့်တစ်ခုချိတ်ဆက်၍ ဒေသအသီးသီးရှိ သက်ကြီးရွယ်အိုများအကြား အသိအကျွမ်းအသစ် များဖန်တီးပေးကာ အသိပညာမျှဝေခြင်း၊ ခရီးသွား လာခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း၊ ဘာသာ ရပ်များလေ့လာခြင်းများ၊ အားကစားပြုလုပ်ခြင်း၊ အနုပညာနှင့် ဂီတပြုလုပ်ခြင်း၊ အပန်းဖြေခြင်းများ စသကဲ့သို့ ဝါသနာပါရာကို စုစည်းလုပ်ဆောင်နိုင်ရန် အခြေအနေမျိုး စီစဉ်ပေးသင့်သည်။ သက်ကြီးရွယ်အို များသည် ပြည်သူ့ဆေးရုံများကိုအသုံးပြုရာတွင် အခက်အခဲအချို့ရှိသည့်အတွက် သက်ကြီးရွယ်အို များအတွက် သီးသန့်ဆေးရုံအချို့ကို စီစဉ်ထားရှိသင့် သည်။ ထို့ပြင် သက်ကြီးအပန်းဖြေနှင့် ကျန်းမာရေး စောင့်ရှောက်မှုစခန်း (Health Resort) များကို ကျန်းမာရေးအတွက်သင့်လျော်သော အပန်းဖြေနိုင်သည့် နေရာဒေသများတွင် ဖွင့်လှစ်ထားသင့်သည်။
ရောဂါအမျိုးအစားပေါ်အခြေခံသော ပြည်သူ့ ကျန်းမာရေးတွင်
(က) မကူးစက်နိုင်သောရောဂါအုပ်စု
(ခ) ကူးစက်နိုင်သောရောဂါအုပ်စုဟူ၍ (၂)မျိုးခွဲခြား နိုင်ပြီး မြန်မာနိုင်ငံ၏ပြည်သူ့ကျန်းမာရေးဦးစီးဌာန တွင် တီဘီ၊ ခုခံအားကျ/ကာလသား၊ မျက်မမြင်/ မျက်ခမ်းစပ်နှင့် အနာကြီးရောဂါကဲ့သို့ရောဂါများကိုသီးခြားအုပ်စုခွဲကာ စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရောဂါကြောင့်သေဆုံး သည့် မြန်မာနိုင်ငံသားများသေဆုံးမှု၏ (၆၈)ရာခိုင် နှုန်းသည် မကူးစက်နိုင်သောရောဂါများဖြစ်သည့် သွေးတိုးရောဂါ၊ လေဖြတ်လေငန်းရောဂါ၊ ဆီးချိုရော ဂါ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ရင်ကျပ်ရောဂါ များကြောင့်ဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။ ယခုအချက်များကိုလေ့လာခြင်းဖြင့် မြန်မာနိုင်ငံ အနေဖြင့် မည်သည့်ရောဂါမျိုးကို ထိန်းချုပ်ဆောင် ရွက်ရန်လိုသည်မှာ သိသာသည်။ မကူးစက်နိုင်သော ရောဂါများသည် အများအားဖြင့် အစားအသောက်များ ကြောင့်ဖြစ်ရာ အစားအစာများတွင် ထည့်သွင်းအသုံး ပြုသောပစ္စည်းများ အရည်အသွေးပြည့်မီရေးနှင့် တားမြစ်ပစ္စည်းများအသုံးပြုမှုကို ထိရောက်စွာတား ဆီးရမည်။ နိုင်ငံတော်အနေဖြင့်လည်း ပြည်သူများ၏ကျန်းမာရေးအတွက် ဆီစားသုံးမှုကိုလျှော့ချရန် ဘက် ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ပြည်သူများ အနေဖြင့်လည်း မိမိကျန်းမာရေးကိုဂရုပြုသည့်အနေ ဖြင့် စနစ်တကျလိုက်နာသင့်သည်။ ထို့ပြင် ပြည်သူ များအနေဖြင့်လည်း ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး ဝါးစသည့် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင် သည့်အရာများကို ကျန်းမာရေးအသိရှိရှိဖြင့် ရှောင် ကြဉ်ရမည်။
အချိန်ကာလများအပေါ်အခြေခံသော ပြည်သူ့ ကျန်းမာရေးတွင်
(က) သာမန်အချိန်
(ခ) သဘာဝဘေးကျရောက်ချိန်
(ဂ) ကပ်ရောဂါကျရောက်ချိန် ဟူ၍ ခွဲခြားနိုင်သည်။
(၂၀၂၄)ခုနှစ်တွင် မြန်မာနိုင်ငံသည် ဘေးအန္တ ရာယ်ဆိုင်ရာအòန်းကိန်းအစီရင်ခံစာ (INFORM Risk Index) အရ သဘာဝဘေးအန္တရာယ်ကျရောက် မှုတွင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံတွင် အဆင့် (၁၁)နေ ရာတွင်ရပ်တည်နေသည်။ သဘာဝဘေးအန္တရာယ် များကြောင့်လည်း ပြည်သူများအသက်ဆုံးရှုံးရခြင်း၊ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ရခြင်း၊ မျှော်မှန်းသက်တမ်းလျော့ကြခြင်းများဖြစ်ပေါ်သည်။ ထို့ပြင် လွတ်လပ်ရေး ရချိန်မှစတင်ခဲ့သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ နွံထဲကိုနစ်နေခြင်းကြောင့် လူငယ်လူရွယ်များ အချိန် မတိုင်မီသေဆုံးမှုများ၊ စစ်ပွဲများကြောင့် မသန်စွမ်း ဖြစ်မှုများ၊ နယ်မြေဒေသမတည်ငြိမ် မအေးချမ်းမှုများ ကြောင့်လည်း နိုင်ငံသားတို့၏ ကျန်းမာရေးအဆင့်အ တန်းသည် ပိုမိုနိမ့်ကျနေသည်။
အချုပ်အားဖြင့်ဆိုသော် ပြည်သူ့ကျန်းမာရေးကို မြှင့်တင်ခြင်းသည် နိုင်ငံတော်အတွက် မဖြစ်မနေလို အပ်သောအရာဖြစ်သည်။ မြန်မာနိုင်ငံတွင် သုံးစွဲနေ သော ဆေးဝါး(၈၅)ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှ တင်သွင်းနေရခြင်းဖြစ်ပြီး ကျန်(၁၅)ရာခိုင်နှုန်းခန့်ကို သာ ပြည်တွင်း၌ထုတ်လုပ်နေခြင်းဖြစ်ရာ နိုင်ငံတော် အနေဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ သန်း(၄၀ဝ)ခန့်ကုန်ကျနေရကြောင်းသိရသည်။ နိုင်ငံသားများ၏ကျန်းမာရေးသည် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာအခြေခံအဆောက်အအုံများနှင့် များ စွာဆက်စပ်နေသည်။

" ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း၏" ဟူသော စကားအတိုင်း ကုသခြင်းနှင့် ထိန်းချုပ်လျှော့ချခြင်းနယ်ပယ်တွင် လိုအပ်ချက်များ ရှိနေသေးသော မိမိတို့နိုင်ငံအနေဖြင့် ပြည်သူ့ကျန်း မာရေးလုပ်ငန်းစဉ်ကို အရှိန်မြင့်မြင့်မြှင့်တင်မှသာလျှင် နိုင်ငံတော်အတွက် သားရွှေအိုးထမ်းကိန်းဖြစ်သည်။ ထို့ကြောင့် ကျန်းမာသန်စွမ်းသောနိုင်ငံသားများ နှင့် တိုးတက်သောနိုင်ငံတော်အား တည်ဆောက်နိုင် ရေး၊ ပြည်သူ့ကျန်းမာရေးအား လျင်မြန်စွာမြှင့်တင်နိုင်ရန် အကြံပြုရေးသားလိုက်ရသည်။

zawgyi version
ႏွစ္ (၂၀) ေစာၿပီးေသရတဲ့ ျမန္မာတို႔ရဲ႕ က်န္းမာေရး
ၿဖိဳးေဝလင္း(ပုသိမ္) (NP News) - ဒီဇင္ဘာ ၂၇

အထက္တြင္ေဖာ္ျပထားသကဲ့သို႔ က်န္းမာေရး ဝန္ထမ္းေလာက္ငမႈမရွိေသာ မိမိတို႔ႏိုင္ငံအေနျဖင့္ ျပည္သူလူထုအား က်န္းမာေရးဆိုင္ရာအသိပညာရပ္ မ်ားေဝငွရင္း က်န္းမာေရးဝန္ထမ္းမ်ားအေပၚက် ေရာက္လာမည့္ ဝန္အခ်ိဳ႕ကိုေလွ်ာ့ေပါ့ႏိုင္သည္။ ေရွး ဦးသူနာျပဳစုနည္း၊ ထိခိုက္ျခင္းႏွင့္ အေသးအဖြဲက်န္း မာေရးျပႆနာမ်ားကို စီမံခန႔္ခြဲနည္းေစစမ်ားျပဳလုပ္၍ ျပည္သူအၾကားျဖန႔္ေဝျခင္း၊ ရပ္ကြက္၊ ေက်း႐ြာ တာဝန္ရွိသူမ်ားကို ကပ္ေရာဂါစီမံခန႔္ခြဲမႈဆိုင္ရာသင္ တန္းမ်ားပို႔ခ်ျခင္း၊ လူမႈကူညီေရးအသင္းမွ ပရဟိတ လူငယ္မ်ားကို က်န္းမာေရးေစာင့္ေရွာက္မႈဆိုင္ရာသင္ တန္းမ်ားပို႔ခ်ျခင္း၊ လူနာတင္ယာဥ္မ်ားကို အဆင့္ျမႇင့္ တင္ျခင္း၊ Telemedicine ႏွင့္ virtual care အသုံးျပဳကုသျခင္းသကဲ့သို႔ေသာလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္သည္။
မိမိတို႔ႏိုင္ငံတြင္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ တစ္ႏွစ္ေအာက္ကေလး ေသဆုံးႏႈန္းအေနျဖင့္ က ေလးအရွင္(၁၀ဝဝ)ေမြးတိုင္း (၁၂)ဦး၊ ငါးႏွစ္ေအာက္ ကေလးေသဆုံးႏႈန္းအေနျဖင့္ ကေလးအရွင္ (၁၀ဝဝ)ေမြးတိုင္း (၁၅)ဦး၊ မိခင္ေသဆုံးႏႈန္းအေန ျဖင့္ ကေလးအရွင္တစ္သိန္းေမြးတိုင္း (၁၀၂ ဒသမ ၇)ဦးအထိရွိေနသည္ကို စိတ္မေကာင္းဖြယ္ရာသိရ သည္။ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ငါးႏွစ္ေအာက္ ကေလးငယ္မ်ားအာဟာရခ်ိဳ႕တဲ့မႈသည္ ကေလး (၁၀ဝ)လွ်င္ (၂၆ ဒသမ ၇)ရာခိုင္ႏႈန္းရွိေနသည္ကိုေတြ႕ရသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္အေနျဖင့္ ကိုယ္ ဝန္ေဆာင္မိခင္မ်ားႏွင့္ ၎တို႔မွေမြးဖြားလာေသာ အသက္(၂)ႏွစ္ေအာက္ကေလးသူငယ္မ်ား ေငြေၾကး အေထာက္အပံ့ေပးေရးအစီအစဥ္ (Maternal and Child Cash Transfer - MCCT) ခ်မွတ္ကာ (၂) ႏွစ္ေအာက္ကေလးငယ္မ်ားႏွင့္ ကိုယ္ဝန္ေဆာင္မိခင္ မ်ား အာဟာရႏွင့္က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္မ်ား ျပည့္မီရန္ တစ္လလွ်င္ ေငြက်ပ္ (၁၅ယဝဝဝ)ႏႈန္းျဖင့္ ေထာက္ပံ့လ်က္ရွိေၾကာင္းသိရသည္။

ကိုယ္ဝန္ေဆာင္မ်ားႏွင့္ကေလးငယ္မ်ားကို ေထာက္ပံ့ရာတြင္ ျပည္ေထာင္စုအစိုးရ၏ေထာက္ပံ့ မႈသာမက တိုင္းႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ား၊ ၿမိဳ႕နယ္ တာဝန္ရွိသူမ်ားပါ တတ္စြမ္းသေ႐ြ႕ ဝင္ေရာက္ေထာက္ ပံ့ေပးပါက မိခင္ႏွင့္ကေလးမ်ားအတြက္ ပိုမိုလုံေလာက္ သည့္အေနအထားျဖစ္ေပၚလာမည္ျဖစ္သည္။ ကိုယ္ ဝန္ေဆာင္မိခင္မ်ားအတြက္ မိခင္ႏွင့္ကေလးက်န္း မာေရးအတြက္ အေထာက္အကူျပဳ ေလ့က်င့္ခန္းမ်ား၊ ကေလးျပဳစုပ်ိဳးေထာင္ျခင္းသင္ခန္းစာမ်ား၊ ေဆာင္ ရန္၊ ေရွာင္ရန္အခ်က္အလက္မ်ား ပါဝင္ေသာ ေစစ ေရးဆြဲျဖန႔္ေဝသင့္သည္။ ကိုယ္ဝန္ေဆာင္မ်ားအတြက္ ေ႐ြ႕လ်ားက်န္းမာေရးေဆးခန္းမ်ားထားရွိ၍ ကိုယ္ဝန္ ကိုစစ္ေဆးျခင္း၊ အာထရာေဆာင္း႐ိုက္ျခင္း၊ မိခင္ႏို႔ ရည္အတြင္း အာဟာရဓာတ္ပါဝင္မႈစစ္ေဆးျခင္း၊ မိ ခင္ႏွင့္ကေလး က်န္းမာေရးစစ္ေဆးျခင္းမ်ားျပဳလုပ္ ႏိုင္ရန္ ေဆာင္႐ြက္သင့္သည္။ ထို႔ျပင္ အစိုးရႏွင့္ ပုဂၢ လိကပူးေပါင္းကာ မိခင္မ်ားအတြက္လိုအပ္သည့္ diaper မ်ား၊ ျဖည့္စြက္အားေဆးမ်ားကို ကိုယ္ဝန္ ေဆာင္မ်ားအတြက္ သက္သာစြာေရာင္းခ်ေပးႏိုင္ရန္ စီစဥ္ေပးသင့္သည္။
ေက်ာင္းေနအ႐ြယ္ကေလးမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈျပဳလုပ္ရာတြင္ ေက်ာင္းမုန႔္ေဈး တန္းမ်ားအတြင္း FDA ေထာက္ခံခ်က္ႏွင့္ အစား အေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈ အာမခံခ်က္မရွိသည့္ ျပည္ပကဝင္ေရာက္လာေသာမုန႔္မ်ားမေရာင္းခ်ေစ ေရး အဓိကထားတားျမစ္ရမည္ျဖစ္သည္။ ကေလး ငယ္မ်ားကိုေရာင္းခ်သည့္ ေက်ာင္းတြင္းႏွင့္ေက်ာင္း ဝန္းက်င္ ေဈးဆိုင္ပိုင္ရွင္အားလုံးကိုလည္း က်န္းမာ ေရးပညာေပး ေဝငွေပးရန္လိုအပ္သည္။ ေက်ာင္းေန အ႐ြယ္ကေလးတို႔သည္ ဖြံ႕ၿဖိဳးႀကီးထြားရန္ အားယူ ေသာအခ်ိန္ကာလျဖစ္သျဖင့္ အနာဂတ္တြင္ က်န္းမာ သန္စြမ္းေသာ လူေတာ္၊ လူေကာင္းမ်ားျဖစ္လာရန္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ တစ္ေန႔တာလိုအပ္ သည့္ အာဟာရ၏သုံးပုံတစ္ပုံကို ေက်ာင္းကေကြၽးေမြး ႏိုင္ရန္ ဦးတည္ေဆာင္႐ြက္သင့္သည္။ ဤတြင္ က ေလးမ်ား၏ ေန႔လယ္စာကုန္က်စရိတ္ကို မည္ကဲ့သို႔ ျဖည့္တင္းၿပီး မည္ကဲ့သို႔ေျဖရွင္းရမည္ဆိုသည္ကို အ ႀကံျပဳခ်င္သည္။ အထက္တန္းအဆင့္ ကိုယ္ပိုင္ ေက်ာင္းမ်ား၊ ေဘာ္ဒါေဆာင္မ်ား၊ ျပင္ပက်ဴရွင္မ်ား၏အခြန္မ်ား၊ အဆိုပါေနရာမ်ားတြင္သင္ၾကားေနသည့္ အစိုးရဝန္ထမ္းမဟုတ္သည့္ ေက်ာင္းဆရာ၊ ဆ ရာမမ်ား၏အခြန္၊ လိုင္စင္ေၾကးမ်ားကိုေကာက္ခံၿပီး အစိုးရေက်ာင္းတက္ေရာက္သူ ကေလးငယ္မ်ားအ တြက္ ေန႔လယ္စာအသုံးစရိတ္အျဖစ္ အသုံးခ်ႏိုင္ သည္။ အဆိုပါနည္းလမ္းျဖင့္ မေလာက္ေသးပါက တိုင္း၊ ျပည္နယ္၊ ၿမိဳ႕နယ္မ်ားတြင္ စည္ပင္မွေကာက္ခံ ရရွိသည့္ အခြန္တစ္ခုခု သို႔မဟုတ္ အခြန္အားလုံး ေပါင္း၏ ရာခိုင္ႏႈန္းတစ္ခုခုကိုအသုံးျပဳလိုက္ပါက ေန႔လယ္စာကုန္က်စရိတ္သည္ ျပည္ေထာင္စုအစိုးရ ကစိုက္ထုတ္စရာမလိုသည့္ကိစၥ ျဖစ္သြားမည္။ အ ျခားႏိုင္ငံမ်ားတြင္ ူသေခူ ်ခ့သသူ အေထ ရွိၿပီး အဆိုပါ ေဒသတြင္ ေနထိုင္သူမ်ားက မိမိေဒသရွိေက်ာင္း မ်ားကို မိမိ၌ သား၊ သမီးရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ ေစ အခြန္ေပးေဆာင္ရသည္။ ေဆာင္လိုက္သည့္အ ခြန္အတြက္လည္း မည္ကဲ့သို႔သုံးစြဲလိုက္သည္ကို ပြင့္ လင္းျမင္သာစြာေဖာ္ျပထားသည္။
ကေလးငယ္မ်ားသည္ တိုင္းျပည္အနာဂတ္မ်ား ျဖစ္သည္။ ကြၽန္ေတာ္တို႔ကို ျပန္လည္ၾကည့္ရႈေစာင့္ ေရွာက္မည့္လူသားမ်ားျဖစ္သည္။ အဆိုပါအနာဂတ္ လူငယ္မ်ား က်န္းမာသန္စြမ္းၿပီး ဉာဏ္ရည္ဖြံ႕ၿဖိဳးမွ ျမင့္မားသည့္အလုပ္အကိုင္၊ မ်ားျပားသည့္ေငြေၾကး ပမာဏရရွိၿပီး ယင္းတို႔ကတစ္ဆင့္တိုးပြားလာမည့္ အခြန္မ်ားကို ကြၽန္ေတာ္တို႔လူႀကီးမ်ားအတြက္ ျပန္ လည္အသုံးခ်ရမည္ျဖစ္သည္ကို ႏိုင္ငံသားတိုင္းနား လည္သေဘာေပါက္ရန္လိုသည္။
ျမန္မာႏိုင္ငံတြင္ (၂၀၂၀-၂၀၂၃)ခုႏွစ္ လုပ္ သားအင္အားခန႔္မွန္းစာရင္းအင္းမ်ားအစီရင္ခံစာ အရ (၂၀၂၃)ခုႏွစ္တြင္ လုပ္သားအင္အား (၂၃ ဒသ မ ၉၇) သန္းရွိေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။ လုပ္သား(၂၃ ဒသမ ၉၇)သန္းတြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူ(၂၉ ဒသမ ၁၃) ရာခိုင္ႏႈန္း၊ အေျခခံအ လုပ္အကိုင္လုပ္သူ(၂၀ ဒသမ ၉၉) ရာခိုင္ႏႈန္း၊ ဝန္ ေဆာင္မႈႏွင့္အေရာင္းအဝယ္လုပ္ကိုင္သူ (၁၈ ဒသမ ၇၄) ရာခိုင္ႏႈန္း၊ လက္မႈပညာႏွင့္ဆက္စပ္လုပ္သား (၁၃ ဒသမ ၉၃)ရာခိုင္ႏႈန္းရွိသည့္အတြက္ ကိုယ္ကာ ယကို အားျပဳလုပ္ကိုင္သူ လုပ္သား သန္း(၂၀)နီးပါး ရွိသည္ကိုေတြ႕ရသည္။
သို႔ေသာ္လည္း (၂၀၂၄)ခုႏွစ္ ေအာက္တိုဘာလ အထိ လူမႈဖူလုံေရးအဖြဲ႕ဝင္ေရာက္ထားသူ လုပ္သား (၁)သန္းေက်ာ္ (၁ယ၂၈၃ယ၂၃၃)သာရွိေသးသျဖင့္ ဆက္လက္တိုးပြားလာရန္လိုအပ္ေနသည္။ လုပ္သား မ်ားအေနျဖင့္လည္း လူမႈဖူလုံေရးအဖြဲ႕သို႔ ဝင္ေရာက္ ျခင္းျဖင့္ ရရွိလာႏိုင္သည့္အခြင့္အေရးမ်ားႏွင့္ က်န္းမာေရးဆိုင္ရာဝန္ေဆာင္မႈမ်ားကို သိရွိႏိုင္ရန္ေလ့လာ သင့္သည္။ စက္႐ုံ၊ အလုပ္႐ုံ၊ အစိုးရ႐ုံးမ်ားသို႔ လွည့္ လည္၍ က်န္းမာေရးစစ္ေဆးေပးျခင္း၊ အျခားေသာႏိုင္ငံမ်ားမွကုမၸဏီမ်ားကဲ့သို႔ လုပ္သားမ်ားကို လုပ္ငန္း ခြင္အတြင္း ေသြးပူေလ့က်င့္ခန္းလုပ္ေဆာင္ေစျခင္း၊ က်န္းမာေရးေလ့က်င့္ခန္းမ်ားေဆာင္႐ြက္ျခင္း၊ စိတ္ပိုင္းဆိုင္ရာေဖးမကူညီျခင္းမ်ိဳးလည္း မ်ားမၾကာမီ ႏိုင္ ငံေတာ္ႏွင့္ ပုဂၢလိကလုပ္ငန္းရွင္မ်ားက လုပ္ေဆာင္ သြားလိမ့္မည္ဟု ယုံၾကည္ေမွ်ာ္လင့္မိသည္။
(၂၀၁၆)ခုႏွစ္ ဒီဇင္ဘာလ(၃၀)ရက္တြင္ ျပည္ ေထာင္စုလႊတ္ေတာ္မွျပ႒ာန္းသည့္ သက္ႀကီး႐ြယ္အို မ်ားဆိုင္ရာဥပေဒတြင္ သက္ႀကီး႐ြယ္အိုဆိုသည္မွာ အသက္ (၆၀)ႏွင့္အထက္ ျမန္မာႏိုင္ငံသားမ်ားဟု ဆိုသည္။ ျပည္သူ႔အင္အားဦးစီးဌာန၏ (၁-၁၀- ၂၀၂၃)ရက္တြင္ထုတ္ျပန္သည့္ ခန႔္မွန္းလူဦးေရစာ ရင္းအရ ျမန္မာႏိုင္ငံတြင္ သက္ႀကီး႐ြယ္အိုဦးေရ (၆ ဒသမ ၃) သန္းေက်ာ္ရွိေၾကာင္း သိရသည္။
အဆိုပါ (၆ ဒသမ ၃)သန္းထဲတြင္ အသက္ (၈၅)ႏွစ္ႏွင့္အထက္ သက္ႀကီး႐ြယ္အို(၂၄၈၉၁၁)ဦး အား ႏိုင္ငံေတာ္မွ တစ္လလွ်င္ေငြတစ္ေသာင္းက်ပ္ ႏႈန္းျဖင့္ သုံးလလွ်င္တစ္ႀကိမ္ လူမႈေရးပင္စင္မ်ား ေထာက္ပံ့ေပးအပ္လ်က္ရွိသည္။ သက္ႀကီး႐ြယ္အို မ်ားသည္ ၎တို႔ငယ္႐ြယ္စဥ္က ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံ သားမ်ားအေပၚ ေက်းဇူးျပဳခဲ့ဖူးသူမ်ားျဖစ္ရာ ၎တို႔ အိုမင္းလာခ်ိန္တြင္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔မွ ျပန္ လည္ျပဳစုေစာင့္ေရွာက္ရမည္ျဖစ္ေသာ္လည္း တစ္ခါ တစ္ရံတြင္ သက္ႀကီး႐ြယ္အိုမ်ားအား မိသားစုဝင္မ်ား ကိုယ္တိုင္ စြန႔္ပစ္ျခင္း၊ ေတာင္းရမ္းခိုင္းျခင္း၊ ႏိုင္ထက္ စီးနင္းျပဳက်င့္ျခင္းမ်ားကို စိတ္မေကာင္းဖြယ္ေတြ႕ျမင္ ရသည္။ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာဥပေဒပုဒ္မ (၅၈)အရ သက္ႀကီး႐ြယ္အိုကို ခြဲျခားဆက္ဆံျခင္း သို႔ မဟုတ္ မေလ်ာ္မကန္ျပဳလုပ္ျခင္းျပဳေၾကာင္း ျပစ္မႈ ထင္ရွားစီရင္ျခင္းခံရပါက (၂)ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ႏွင့္ အနည္းဆုံး ေငြက်ပ္တစ္သိန္းမွ အ မ်ားဆုံး ေငြက်ပ္ဆယ္သိန္းအထိ ေငြဒဏ္ခ်မွတ္ႏိုင္ၿပီး ရဲမွ ဝရမ္းမလိုအပ္ဘဲ ရဲအေရးယူပိုင္ခြင့္ရွိေသာျပစ္မႈ ျဖစ္သည္။
ထို႔ေၾကာင့္ သက္ႀကီး႐ြယ္အိုေစာင့္ေရွာက္ေရးဆိုင္ရာဥပေဒမ်ားကို ျပည္သူမ်ားပိုမိုသိရွိေအာင္ ေဆာင္႐ြက္သင့္သည္။ ယခုအခါ သက္ႀကီး႐ြယ္အို မ်ား၏ဘဝျမႇင့္တင္ရန္၊ က်န္းမာေရးႏွင့္လူမႈေရးေစာင့္ ေရွာက္မႈမ်ားေပးႏိုင္ရန္ႏွင့္ သက္ႀကီး႐ြယ္အိုမ်ား၏ အခြင့္အေရးမ်ားကိုကာကြယ္ႏိုင္ရန္အတြက္ တိုင္းႏွင့္ ျပည္နယ္အသီးသီးတြင္ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာ ေကာ္မတီမ်ားဖြဲ႕စည္းထားရွိသည္။ ေကာ္မတီမ်ားအ ေနျဖင့္ တစ္ခုႏွင့္တစ္ခုခ်ိတ္ဆက္၍ ေဒသအသီးသီးရွိ သက္ႀကီး႐ြယ္အိုမ်ားအၾကား အသိအကြၽမ္းအသစ္ မ်ားဖန္တီးေပးကာ အသိပညာမွ်ေဝျခင္း၊ ခရီးသြား လာျခင္း၊ စိတ္ပိုင္းဆိုင္ရာအားေပးကူညီျခင္း၊ ဘာသာ ရပ္မ်ားေလ့လာျခင္းမ်ား၊ အားကစားျပဳလုပ္ျခင္း၊ အႏုပညာႏွင့္ ဂီတျပဳလုပ္ျခင္း၊ အပန္းေျဖျခင္းမ်ား စသကဲ့သို႔ ဝါသနာပါရာကို စုစည္းလုပ္ေဆာင္ႏိုင္ရန္ အေျခအေနမ်ိဳး စီစဥ္ေပးသင့္သည္။ သက္ႀကီး႐ြယ္အို မ်ားသည္ ျပည္သူ႔ေဆး႐ုံမ်ားကိုအသုံးျပဳရာတြင္ အခက္အခဲအခ်ိဳ႕ရွိသည့္အတြက္ သက္ႀကီး႐ြယ္အို မ်ားအတြက္ သီးသန႔္ေဆး႐ုံအခ်ိဳ႕ကို စီစဥ္ထားရွိသင့္ သည္။ ထို႔ျပင္ သက္ႀကီးအပန္းေျဖႏွင့္ က်န္းမာေရး ေစာင့္ေရွာက္မႈစခန္း (Health Resort) မ်ားကို က်န္းမာေရးအတြက္သင့္ေလ်ာ္ေသာ အပန္းေျဖႏိုင္သည့္ ေနရာေဒသမ်ားတြင္ ဖြင့္လွစ္ထားသင့္သည္။
ေရာဂါအမ်ိဳးအစားေပၚအေျခခံေသာ ျပည္သူ႔ က်န္းမာေရးတြင္
(က) မကူးစက္ႏိုင္ေသာေရာဂါအုပ္စု
(ခ) ကူးစက္ႏိုင္ေသာေရာဂါအုပ္စုဟူ၍ (၂)မ်ိဳးခြဲျခား ႏိုင္ၿပီး ျမန္မာႏိုင္ငံ၏ျပည္သူ႔က်န္းမာေရးဦးစီးဌာန တြင္ တီဘီ၊ ခုခံအားက်/ကာလသား၊ မ်က္မျမင္/ မ်က္ခမ္းစပ္ႏွင့္ အနာႀကီးေရာဂါကဲ့သို႔ေရာဂါမ်ားကိုသီးျခားအုပ္စုခြဲကာ ေစာင့္ေရွာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။ ေရာဂါေၾကာင့္ေသဆုံး သည့္ ျမန္မာႏိုင္ငံသားမ်ားေသဆုံးမႈ၏ (၆၈)ရာခိုင္ ႏႈန္းသည္ မကူးစက္ႏိုင္ေသာေရာဂါမ်ားျဖစ္သည့္ ေသြးတိုးေရာဂါ၊ ေလျဖတ္ေလငန္းေရာဂါ၊ ဆီးခ်ိဳေရာ ဂါ၊ ႏွလုံးေသြးေၾကာပိတ္ေရာဂါႏွင့္ ရင္က်ပ္ေရာဂါ မ်ားေၾကာင့္ျဖစ္သည္ကို ေလ့လာေတြ႕ရွိရသည္။ ယခုအခ်က္မ်ားကိုေလ့လာျခင္းျဖင့္ ျမန္မာႏိုင္ငံ အေနျဖင့္ မည္သည့္ေရာဂါမ်ိဳးကို ထိန္းခ်ဳပ္ေဆာင္ ႐ြက္ရန္လိုသည္မွာ သိသာသည္။ မကူးစက္ႏိုင္ေသာ ေရာဂါမ်ားသည္ အမ်ားအားျဖင့္ အစားအေသာက္မ်ား ေၾကာင့္ျဖစ္ရာ အစားအစာမ်ားတြင္ ထည့္သြင္းအသုံး ျပဳေသာပစၥည္းမ်ား အရည္အေသြးျပည့္မီေရးႏွင့္ တားျမစ္ပစၥည္းမ်ားအသုံးျပဳမႈကို ထိေရာက္စြာတား ဆီးရမည္။ ႏိုင္ငံေတာ္အေနျဖင့္လည္း ျပည္သူမ်ား၏က်န္းမာေရးအတြက္ ဆီစားသုံးမႈကိုေလွ်ာ့ခ်ရန္ ဘက္ ေပါင္းစုံမွႀကိဳးပမ္းေဆာင္႐ြက္ေနသကဲ့သို႔ ျပည္သူမ်ား အေနျဖင့္လည္း မိမိက်န္းမာေရးကိုဂ႐ုျပဳသည့္အေန ျဖင့္ စနစ္တက်လိုက္နာသင့္သည္။ ထို႔ျပင္ ျပည္သူ မ်ားအေနျဖင့္လည္း ေဆးလိပ္၊ အရက္၊ မူးယစ္ေဆး ဝါးစသည့္ က်န္းမာေရးကို ဆိုး႐ြားစြာထိခိုက္ေစႏိုင္ သည့္အရာမ်ားကို က်န္းမာေရးအသိရွိရွိျဖင့္ ေရွာင္ ၾကဥ္ရမည္။
အခ်ိန္ကာလမ်ားအေပၚအေျခခံေသာ ျပည္သူ႔ က်န္းမာေရးတြင္
(က) သာမန္အခ်ိန္
(ခ) သဘာဝေဘးက်ေရာက္ခ်ိန္
(ဂ) ကပ္ေရာဂါက်ေရာက္ခ်ိန္ ဟူ၍ ခြဲျခားႏိုင္သည္။
(၂၀၂၄)ခုႏွစ္တြင္ ျမန္မာႏိုင္ငံသည္ ေဘးအႏၲ ရာယ္ဆိုင္ရာအòန္းကိန္းအစီရင္ခံစာ (INFORM Risk Index) အရ သဘာဝေဘးအႏၲရာယ္က်ေရာက္ မႈတြင္ ႏိုင္ငံေပါင္း (၁၉၃)ႏိုင္ငံတြင္ အဆင့္ (၁၁)ေန ရာတြင္ရပ္တည္ေနသည္။ သဘာဝေဘးအႏၲရာယ္ မ်ားေၾကာင့္လည္း ျပည္သူမ်ားအသက္ဆုံးရႈံးရျခင္း၊ ကိုယ္အဂၤါမသန္စြမ္းျဖစ္ရျခင္း၊ ေမွ်ာ္မွန္းသက္တမ္းေလ်ာ့ၾကျခင္းမ်ားျဖစ္ေပၚသည္။ ထို႔ျပင္ လြတ္လပ္ေရး ရခ်ိန္မွစတင္ခဲ့ေသာ ျပည္တြင္းလက္နက္ကိုင္ပဋိပကၡ ႏြံထဲကိုနစ္ေနျခင္းေၾကာင့္ လူငယ္လူ႐ြယ္မ်ား အခ်ိန္ မတိုင္မီေသဆုံးမႈမ်ား၊ စစ္ပြဲမ်ားေၾကာင့္ မသန္စြမ္း ျဖစ္မႈမ်ား၊ နယ္ေျမေဒသမတည္ၿငိမ္ မေအးခ်မ္းမႈမ်ား ေၾကာင့္လည္း ႏိုင္ငံသားတို႔၏ က်န္းမာေရးအဆင့္အ တန္းသည္ ပိုမိုနိမ့္က်ေနသည္။
အခ်ဳပ္အားျဖင့္ဆိုေသာ္ ျပည္သူ႔က်န္းမာေရးကို ျမႇင့္တင္ျခင္းသည္ ႏိုင္ငံေတာ္အတြက္ မျဖစ္မေနလို အပ္ေသာအရာျဖစ္သည္။ ျမန္မာႏိုင္ငံတြင္ သုံးစြဲေန ေသာ ေဆးဝါး(၈၅)ရာခိုင္ႏႈန္းသည္ ျပည္ပႏိုင္ငံမ်ားမွ တင္သြင္းေနရျခင္းျဖစ္ၿပီး က်န္(၁၅)ရာခိုင္ႏႈန္းခန႔္ကို သာ ျပည္တြင္း၌ထုတ္လုပ္ေနျခင္းျဖစ္ရာ ႏိုင္ငံေတာ္ အေနျဖင့္ ႏွစ္စဥ္အေမရိကန္ေဒၚလာ သန္း(၄၀ဝ)ခန႔္ကုန္က်ေနရေၾကာင္းသိရသည္။ ႏိုင္ငံသားမ်ား၏က်န္းမာေရးသည္ ႏိုင္ငံေတာ္၏ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးဆိုင္ရာအေျခခံအေဆာက္အအုံမ်ားႏွင့္ မ်ား စြာဆက္စပ္ေနသည္။

" ႀကိဳတင္ကာကြယ္ျခင္းသည္ ကုသျခင္းထက္ ပို၍ေကာင္း၏" ဟူေသာ စကားအတိုင္း ကုသျခင္းႏွင့္ ထိန္းခ်ဳပ္ေလွ်ာ့ခ်ျခင္းနယ္ပယ္တြင္ လိုအပ္ခ်က္မ်ား ရွိေနေသးေသာ မိမိတို႔ႏိုင္ငံအေနျဖင့္ ျပည္သူ႔က်န္း မာေရးလုပ္ငန္းစဥ္ကို အရွိန္ျမင့္ျမင့္ျမႇင့္တင္မွသာလွ်င္ ႏိုင္ငံေတာ္အတြက္ သားေ႐ႊအိုးထမ္းကိန္းျဖစ္သည္။ ထို႔ေၾကာင့္ က်န္းမာသန္စြမ္းေသာႏိုင္ငံသားမ်ား ႏွင့္ တိုးတက္ေသာႏိုင္ငံေတာ္အား တည္ေဆာက္ႏိုင္ ေရး၊ ျပည္သူ႔က်န္းမာေရးအား လ်င္ျမန္စြာျမႇင့္တင္ႏိုင္ရန္ အႀကံျပဳေရးသားလိုက္ရသည္။

Related news

© 2021. All rights reserved.