ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော ကာလဝမ်းရောဂါကို ပြန်လည်ထိန်းချုပ်ထားနိုင်

 456

ပြည့်ဖြိုး (NP News) - ဒီဇင်ဘာ ၂၇

မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်အတွင်းဖြစ်ပွားခဲ့သော ကာလဝမ်းရောဂါကို ပြန်လည် ထိန်းချုပ်ထားနိုင်ပြီဟု ‌ဒေသခံများထံမှ သိရသည်။

“ဒီဇင်ဘာလ ၂၃ ရက်ကနေ သုံးလေးရက်လောက်ဘဲကြာအောင် ဖြစ်သွားတာပါ။ အဓိကပြဿနာက လမ်းဘေးအစားအစာတွေ ဝယ်စားရင်းနဲ့ဝမ်းပျက်ဝမ်းလျောတွေဖြစ်ကုန်တာပါ ။ အခုဆိုလမ်းဘေးဆိုင်တွေအကုန်ပိတ်လိုက်ပြီ။ လူနာလည်းထပ်မတွေတော့ပါဘူး”ဟု ရွှေကုက္ကိုလ်မြို့ခံ မြန်မာအလုပ်သမားတစ်ဦးကပြောသည်။

ရွှေကုက္ကိုလ်တွင် ကာလဝမ်းရောဂါများဖြစ်ပွားရာတွင် လူဦးရေတစ်ရာကျော်ဆေးရုံသို့ရောက်ရှိခဲ့ပြီး လူတစ်ဦးသေဆုံးခဲကြောင်း တရားဝင်ထုတ်ပြန်မှုများအရ သိရသည်။ ထိုင်းနိုင်ငံဘက်မှလည်း ရောဂါအခြေအနေပေါ်မူတည်ကာ စောင့်ကြည့်ကာလအဖြစ် တစ်လခန့်ထိတိုးမြှင့်ထား‌ကြောင်း ဘန်ကောက်ပို့ သတင်းစာတွင် ဖော်ပြချက်များအရ သိရသည်။

zawgyi version




Related news

© 2021. All rights reserved.