ထိုင်းတွင် တစ်ရက်အနည်းဆုံးလုပ်ခလစာတိုးမြှင့်မှုများကို ဇန်နဝါရီ(၁)ရက်မှ စတင်ခံစားရမည်

 1746

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၇

ထိုင်းအစိုးရ၏ လုပ်ခလစာပိုင်းဆိုင်ရာ သုံးသပ်ရေးကော်မတီသည် နိုင်ငံအတွင်း တစ်ရက်အနည်းဆုံးလုပ်ခလစာကို ၇ ဘတ် မှ ၅၅ ဘတ်အထိတိုးမြှင့်ပေးရန်သဘောတူခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင်တစ်ရက်အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးမည့် အစီအစဉ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

ထိုင်းနိုင်ငံဖူးခက်ပြည်နယ်၊ ချွန်ဘူရီပြည်နယ် ၊ ဆူရက်တာနီပြည်နယ်မှ ကိုဆာမွိုင်းမြို့နှင့် ချာချိုအန်ဆို ပြည်နယ်မှ အလုပ်သမားများသည် တစ်ရက်ကိုအနည်းဆုံးလုပ်ခလစာအဖြစ် ဘတ် ၄၀၀ အထိတိုးမြှင့်ရရှိမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ချင်းမိုင်ပြည်နယ်မှ မောင့်ဒေသ၊ ဆောင်ခလာပြည်နယ်မှ ဟတ်ရိုင်မြို့တို့ရှိအလုပ်သမားများသည်တစ်ရက်အနည်းဆုံးလုပ်ခလစာအဖြစ် ဘတ် ၃၈၀ ရရှိမည်ဖြစ်ကြောင်း
သိရသည်။

ထိုင်းအစိုးရသည် တစ်ရက်အနည်းဆုံးလုပ်ခလစာတိုးမြှင့်ပေးရန် တွက်ချက်ရာတွင် ရှင်သန်နေထိုင်မှုကုန်ကုန်ကျစရိတ်၊ အလုပ်သမားများ၏အလုပ်လုပ်နိုင်စွမ်း၊ လူမှုရေးအခြေအနေများကို အခြေခံကာ သုံးသပ်တွက်ချက်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင်ဘန်ကောက်မြို့ နှင့် အခြားပတ်ဝန်းကျင်ရှိ ပြည်နယ်များတွင်လည်းတစ်ရက်အနည်းဆုံးလုပ်ခလစာ ၃၇၂ ဘတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းအစိုးရသည် တစ်ရက်အနည်းဆုံးလုပ်ခလစာကို ယခင်ထက် (၂ ဒသမ ၄)ရာခိုင်နှုန်းတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်နယ်၊ ဒေသများလုပ်ခလစာရရှိမှုအနည်းငယ်ကွာခြားမည်ဖြစ်သော်လည်း ထိုင်းနိုင်ငံတွင်တစ်ရက်အနည်းဆုံးပျှမ်းမျှလုပ်ခလစာနှုန်းက ထိုင်းဘတ် ၃၃၀ နှင့် ဘတ် ၄၀၀ ကြားအထိရရှိမည်ဖြစ်ကြောင်းသိရသည်။

ဖြူထိုင်းပါတီသည် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးချိန်ကာလအတွင်း ထိုင်းနိုင်ငံအတွင်း အလုပ်သမားများ လုပ်ခလစာတိုးမြှင့်ပေးရေးကို လုပ်ဆောင်မည်ဟုကတိပြုထားသည့်အတိုင်း လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်းရှိအလုပ်သမားများနှင့်ပတ်သက်ပြီး အနည်းဆုံးလုပ်ခလစာများကိုတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

zawgyi version
ထိုင္းတြင္ တစ္ရက္အနည္းဆုံးလုပ္ခလစာတိုးျမႇင့္မႈမ်ားကို ဇန္နဝါရီ(၁)ရက္မွ စတင္ခံစားရမည္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၇

ထိုင္းအစိုးရ၏ လုပ္ခလစာပိုင္းဆိုင္ရာ သုံးသပ္ေရးေကာ္မတီသည္ ႏိုင္ငံအတြင္း တစ္ရက္အနည္းဆုံးလုပ္ခလစာကို ၇ ဘတ္ မွ ၅၅ ဘတ္အထိတိုးျမႇင့္ေပးရန္သေဘာတူခဲ့ေၾကာင္းသိရသည္။ ထိုင္းႏိုင္ငံတြင္တစ္ရက္အနည္းဆုံးလုပ္ခလစာ တိုးျမႇင့္ေပးမည့္ အစီအစဥ္သည္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ ၁ ရက္တြင္ စတင္သက္ေရာက္မည္ျဖစ္ေၾကာင္း ထိုင္းသတင္းမ်ားတြင္ေဖာ္ျပထားသည္။

ထိုင္းႏိုင္ငံဖူးခက္ျပည္နယ္၊ ခြၽန္ဘူရီျပည္နယ္ ၊ ဆူရက္တာနီျပည္နယ္မွ ကိုဆာမြိဳင္းၿမိဳ႕ႏွင့္ ခ်ာခ်ိဳအန္ဆို ျပည္နယ္မွ အလုပ္သမားမ်ားသည္ တစ္ရက္ကိုအနည္းဆုံးလုပ္ခလစာအျဖစ္ ဘတ္ ၄၀၀ အထိတိုးျမႇင့္ရရွိမည္ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ခ်င္းမိုင္ျပည္နယ္မွ ေမာင့္ေဒသ၊ ေဆာင္ခလာျပည္နယ္မွ ဟတ္႐ိုင္ၿမိဳ႕တို႔ရွိအလုပ္သမားမ်ားသည္တစ္ရက္အနည္းဆုံးလုပ္ခလစာအျဖစ္ ဘတ္ ၃၈၀ ရရွိမည္ျဖစ္ေၾကာင္း
သိရသည္။

ထိုင္းအစိုးရသည္ တစ္ရက္အနည္းဆုံးလုပ္ခလစာတိုးျမႇင့္ေပးရန္ တြက္ခ်က္ရာတြင္ ရွင္သန္ေနထိုင္မႈကုန္ကုန္က်စရိတ္၊ အလုပ္သမားမ်ား၏အလုပ္လုပ္ႏိုင္စြမ္း၊ လူမႈေရးအေျခအေနမ်ားကို အေျခခံကာ သုံးသပ္တြက္ခ်က္တိုးျမႇင့္ေပးခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ဘန္ေကာက္ၿမိဳ႕ ႏွင့္ အျခားပတ္ဝန္းက်င္ရွိ ျပည္နယ္မ်ားတြင္လည္းတစ္ရက္အနည္းဆုံးလုပ္ခလစာ ၃၇၂ ဘတ္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။ ထိုင္းအစိုးရသည္ တစ္ရက္အနည္းဆုံးလုပ္ခလစာကို ယခင္ထက္ (၂ ဒသမ ၄)ရာခိုင္ႏႈန္းတိုးျမႇင့္ေပးခဲ့ျခင္းျဖစ္ၿပီး ျပည္နယ္၊ ေဒသမ်ားလုပ္ခလစာရရွိမႈအနည္းငယ္ကြာျခားမည္ျဖစ္ေသာ္လည္း ထိုင္းႏိုင္ငံတြင္တစ္ရက္အနည္းဆုံးပွ်မ္းမွ်လုပ္ခလစာႏႈန္းက ထိုင္းဘတ္ ၃၃၀ ႏွင့္ ဘတ္ ၄၀၀ ၾကားအထိရရွိမည္ျဖစ္ေၾကာင္းသိရသည္။

ျဖဴထိုင္းပါတီသည္ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးခ်ိန္ကာလအတြင္း ထိုင္းႏိုင္ငံအတြင္း အလုပ္သမားမ်ား လုပ္ခလစာတိုးျမႇင့္ေပးေရးကို လုပ္ေဆာင္မည္ဟုကတိျပဳထားသည့္အတိုင္း လက္ရွိအခ်ိန္တြင္ ထိုင္းႏိုင္ငံအတြင္းရွိအလုပ္သမားမ်ားႏွင့္ပတ္သက္ၿပီး အနည္းဆုံးလုပ္ခလစာမ်ားကိုတိုးျမႇင့္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.