ယခုနှစ် ရန်ကုန်ဆောင်းမှာ ပြီးခဲ့သည့်နှစ်ထက် ပိုမိုအေးမြဖွယ်ရှိကြောင်း မိုးလေဝသပညာရှင် ခန့်မှန်း

 761

ဓာတ်ပုံ - NP News

ချယ်ရီ (NP News) - ဒီဇင်ဘာ ၂၈

ယခုနှစ်ရန်ကုန်တိုင်းဒေသကြီး၏ ဆောင်ရာသီမှာ ပြီးခဲ့သည့်နှစ်ထက် အအေးပိုဖွယ်ရှိကြောင်း မိုးလေဝသပညာရှင် တစ်ဦးဖြစ်သူ ဦးဝင်းနိုင်က NP News ကို ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၏ မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတွင် ယခုအချိန်၌ အပူချိန် (၂ဝ ဒီဂရီ ဆဲလ်စီးယက်) ပတ်ဝန်းအထိ ကျဆင်းနေပြီး ရန်ကုန်မြိုအလယ်ပိုင်း နှင့် တောင်ပိုင်းဒေသတွင် အပူချိန် (၂ဝ ဒီဂရီဆဲလ်စီးယက်) ဝန်းကျင်နှင့်အောက်အထိ ကျဆင်း၍ အေးလာနိုင်ကြောင်း သိရသည်။
“ရန်ကုန်မှာ အေးတာက ပုံမှန်ဆိုရင် (၁)လပိုင်း၊ (၂)လပိုင်းလောက်မှ အအေးဓာတ်စပြီးတော့ ရတာ များတယ်။ ပဲခူးတိုင်းနဲ့ ဧရာဝတီမြောက်ပိုင်းကတော့ အခုဆိုလိုချင်ရင် အေးနေပြီ။ ဒါပေမယ့် ရန်ကုန်မြို့အလယ်နဲ့ ပင်လယ်နဲ့ နီးတဲ့ ရန်ကုန်တောင်ပိုင်းတွေကတော့ အရမ်းမအေးသေးဘူးပေါ့နော်။ မြောက်ပိုင်းခရိုင်ကတော့ အေးနေပြီ။ ဇန်နဝါရီ ပထမအပတ်၊ ဒုတိယအပတ် ဝန်းကျင်လောက်တော့မှ ၂၀ ဒီဂရီ ဆဲလ်စီးယက်စ်အောက်ကို ရောက်ပြီး တော့ အအေးစမယ့် သဘောရှိတယ်။ အဲဒီဟာက ဖေဖော်ဝါရီအကုန် မတ်လ အဆန်းလောက်အထိတော့ သွားတယ်” ဟု ၎င်းက ဆိုသည်။
၂၀၂၄ ခုနှစ်သည် အယ်လ်နီညိုနှစ် ဖြစ်သည့်အတွက် နှစ်လည်ပိုင်းတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီတော့ နှစ်အဆုံးပိုင်းမှာက (၂၀၂၅) မှာက ဇန်နဝါရီ၊ ဖေဖော်ဝါရီကျလောက်တော့မှ လာနီညာဖြစ်မယ့် အနေ အထား ရှိတယ်။ ဒီလာနီညာ ဖြစ်မယ်ဆိုတော့ အအေးနည်းနည်းလေးပိုလာနိုင်တယ်။ ဒါပေမယ့် လာနီညာ ကတော့ ဖြစ်နိုင်ချေက ၅၇ ရာခိုင်နှုန်း ပဲ ရှိတယ်။ အဲဒီဟာက ဇန်နဝါရီ၊ ဖေဖော်ဝါရီ အထိလောက်တော့ သွားနိုင်တယ် ဆိုတော့ မတ်လဆန်းလောက်အထိတော့ အအေးက ဆက်နေနိုင်တယ်။ မြူတွေဆိုင်းတာတို့၊ ဘာတို့ဆိုတာသည် ဖေဖော်ဝါရီလလယ်လောက်ကနေ မတ်လဆန်းလောက်အထိတော့ ဖြစ်တတ်တယ်ခင်ဗျ” ဟု ဦးဝင်းနိုင်က ဆိုသည်။
ထိုသို့ အေးမြသည် ဆိုခြင်းမှာ အအေးလှိုင်းဖြတ်သည့် အနေအထားကြောင့် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ နှစ်က ကျွန်တော်တို့က အယ်လ်နီညို ဖြစ်နေတဲ့ အချိန်တွေ ဖြစ်နေတယ်။ ပြီးခဲ့တဲ့ နှစ်က ထက်တော့ ဒါ ပုံမှန် ရာသီဥတု အနေအထားအရ အပူချိန်က လျော့မယ်။ အပူချိန် လျော့မယ် ဆိုပေမယ့် တအားကြီး အေးသွားတဲ့ အနေအထားမျိုး၊ အအေးလှိုင်းဖြတ်တာတို့ ဘာတို့ အဲဒီလိုအနေအထားတော့ မဟုတ်ပါဘူး” ဟု ဦးဝင်းနိုင်က ရှင်းပြသည်။

Zawgyi Version;
ယခုႏွစ္ ရန္ကုန္ေဆာင္းမွာ ၿပီးခဲ့သည့္ႏွစ္ထက္ ပိုမိုေအးျမဖြယ္ရွိေၾကာင္း မိုးေလဝသပညာရွင္ ခန႔္မွန္း
ခ်ယ္ရီ (NP News) - ဒီဇင္ဘာ ၂၈

ယခုႏွစ္ရန္ကုန္တိုင္းေဒသႀကီး၏ ေဆာင္ရာသီမွာ ၿပီးခဲ့သည့္ႏွစ္ထက္ အေအးပိုဖြယ္ရွိေၾကာင္း မိုးေလဝသပညာရွင္ တစ္ဦးျဖစ္သူ ဦးဝင္းႏိုင္က NP News ကို ေျပာသည္။
ရန္ကုန္တိုင္းေဒသႀကီး၏ ေျမာက္ပိုင္း၊ အေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္းတြင္ ယခုအခ်ိန္၌ အပူခ်ိန္ (၂ဝ ဒီဂရီ ဆဲလ္စီးယက္) ပတ္ဝန္းအထိ က်ဆင္းေနၿပီး ရန္ကုန္ၿမိဳအလယ္ပိုင္း ႏွင့္ ေတာင္ပိုင္းေဒသတြင္ အပူခ်ိန္ (၂ဝ ဒီဂရီဆဲလ္စီးယက္) ဝန္းက်င္ႏွင့္ေအာက္အထိ က်ဆင္း၍ ေအးလာႏိုင္ေၾကာင္း သိရသည္။
“ရန္ကုန္မွာ ေအးတာက ပုံမွန္ဆိုရင္ (၁)လပိုင္း၊ (၂)လပိုင္းေလာက္မွ အေအးဓာတ္စၿပီးေတာ့ ရတာ မ်ားတယ္။ ပဲခူးတိုင္းနဲ႔ ဧရာဝတီေျမာက္ပိုင္းကေတာ့ အခုဆိုလိုခ်င္ရင္ ေအးေနၿပီ။ ဒါေပမယ့္ ရန္ကုန္ၿမိဳ႕အလယ္နဲ႔ ပင္လယ္နဲ႔ နီးတဲ့ ရန္ကုန္ေတာင္ပိုင္းေတြကေတာ့ အရမ္းမေအးေသးဘူးေပါ့ေနာ္။ ေျမာက္ပိုင္းခ႐ိုင္ကေတာ့ ေအးေနၿပီ။ ဇန္နဝါရီ ပထမအပတ္၊ ဒုတိယအပတ္ ဝန္းက်င္ေလာက္ေတာ့မွ ၂၀ ဒီဂရီ ဆဲလ္စီးယက္စ္ေအာက္ကို ေရာက္ၿပီး ေတာ့ အေအးစမယ့္ သေဘာရွိတယ္။ အဲဒီဟာက ေဖေဖာ္ဝါရီအကုန္ မတ္လ အဆန္းေလာက္အထိေတာ့ သြားတယ္” ဟု ၎က ဆိုသည္။
၂၀၂၄ ခုႏွစ္သည္ အယ္လ္နီညိဳႏွစ္ ျဖစ္သည့္အတြက္ ႏွစ္လည္ပိုင္းတြင္ ေရႀကီးမႈမ်ား ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အဲဒီေတာ့ ႏွစ္အဆုံးပိုင္းမွာက (၂၀၂၅) မွာက ဇန္နဝါရီ၊ ေဖေဖာ္ဝါရီက်ေလာက္ေတာ့မွ လာနီညာျဖစ္မယ့္ အေန အထား ရွိတယ္။ ဒီလာနီညာ ျဖစ္မယ္ဆိုေတာ့ အေအးနည္းနည္းေလးပိုလာႏိုင္တယ္။ ဒါေပမယ့္ လာနီညာ ကေတာ့ ျဖစ္ႏိုင္ေခ်က ၅၇ ရာခိုင္ႏႈန္း ပဲ ရွိတယ္။ အဲဒီဟာက ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ အထိေလာက္ေတာ့ သြားႏိုင္တယ္ ဆိုေတာ့ မတ္လဆန္းေလာက္အထိေတာ့ အေအးက ဆက္ေနႏိုင္တယ္။ ျမဴေတြဆိုင္းတာတို႔၊ ဘာတို႔ဆိုတာသည္ ေဖေဖာ္ဝါရီလလယ္ေလာက္ကေန မတ္လဆန္းေလာက္အထိေတာ့ ျဖစ္တတ္တယ္ခင္ဗ်” ဟု ဦးဝင္းႏိုင္က ဆိုသည္။
ထိုသို႔ ေအးျမသည္ ဆိုျခင္းမွာ အေအးလႈိင္းျဖတ္သည့္ အေနအထားေၾကာင့္ မဟုတ္ေၾကာင္း ၎က ဆိုသည္။
“ၿပီးခဲ့တဲ့ ႏွစ္က ကြၽန္ေတာ္တို႔က အယ္လ္နီညိဳ ျဖစ္ေနတဲ့ အခ်ိန္ေတြ ျဖစ္ေနတယ္။ ၿပီးခဲ့တဲ့ ႏွစ္က ထက္ေတာ့ ဒါ ပုံမွန္ ရာသီဥတု အေနအထားအရ အပူခ်ိန္က ေလ်ာ့မယ္။ အပူခ်ိန္ ေလ်ာ့မယ္ ဆိုေပမယ့္ တအားႀကီး ေအးသြားတဲ့ အေနအထားမ်ိဳး၊ အေအးလႈိင္းျဖတ္တာတို႔ ဘာတို႔ အဲဒီလိုအေနအထားေတာ့ မဟုတ္ပါဘူး” ဟု ဦးဝင္းႏိုင္က ရွင္းျပသည္။

Related news

© 2021. All rights reserved.