TikTok အပေါ် အရေးယူမည့်ကိစ္စ ဒေါ်နယ်ထရမ့် ဆန့်ကျင်

1434

Htay Oung (NP News) - ဒီဇင်ဘာ ၂၈
TikTok ကို ပိတ်သိမ်းမယ့်အမှုကိစ္စ ဆိုင်းငံထားရန် သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရမ့်က အမေရိကန်တရားလွှတ်တော်ချုပ်ထံ လျှောက်ထားလိုက်တယ်လို့ “နယူးယောက်တိုင်းမ်” က ဒီဇင်ဘာလ ၂၈ ရက်မှာ ရေးသားပါတယ်။
အသုံးပြုသူ အမေရိကန်နိုင်ငံသား သန်း ၁၇၀ တို့ရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်ရတဲ့ အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအခြေစိုက် “ဘိုက်ဒန့်စ်ကုမ္ပဏီ” ပိုင် “TikTok” လူမှုကွန်ရက်ပလက်ဖောင်းကို အမေရိကန်ကုမ္ပဏီတစ်ခုခုသို့ ရောင်းချရန် (သို့မဟုတ်) အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းဆောင်ရွက်ခွင့် ပိတ်သိမ်း ရန် လက်ရှိသမ္မတဂျိုးဘိုင်ဒင်က အဆိုပြုခဲ့ပါတယ်။ ကွန်ဂရက်လွှတ်တော် ပါတီနှစ်ရပ်လုံးက ထောက်ခံတဲ့ အဲဒီအဆိုကို အမေရိကန်တရားလွှတ်တော်ချုပ်က အတည်ပြုကြောင်း အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။
ဒါပေမယ့် အမေရိကန်အာဏာပိုင်များရဲံ တောင်းဆိုချက်ကို TikTok အနေနဲ့ လက်ခံခြင်း ရှိ-မရှိ ဆုံးဖြတ်ရမယ့် နေ့ဟာ လာမယ့် ဇန်နဝါရီလ ၁၉-ရက်နေ့ဖြစ်နေပြီး သမ္မတအဖြစ်ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်က ကျမ်းသစ္စာမကျိန်ဆိုမီ ၁ ရက်အလိုမှာ ဖြစ်နေပါတယ်။
(ထိုင်ဝမ်ရေလက်ကြားအပြင် ဖိလစ်ပိုင်နဲ့ပတ်သက်လို့ တောင်တရုတ်ပင်လယ်တင်းမာမှုများ မြင့်တက်နေခိုက်) TikTok အပေါ် အရေးယူခြင်းကို ဆန့်ကျင်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အချိန်ပေးစေလိုကြောင်း၊ တရား လွှတ်တော်ချုပ်အနေနဲ့အမှုကို ဆိုင်းငံထားပါရန် ဒေါ်နယ်ထရမ့်တို့ဘက်က တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။
ဒီကိစ္စဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်ခြင်း ရှိ-မရှိဆိုတဲ့ ဥပဒေဆိုင်ရာအငြင်းပွားမှုအပေါ် အလေးအနက် ထားခြင်း မဟုတ်ကြောင်း၊ (သူ့လက်ထက်မှာ ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းစေရမယ်လို့ မဲဆွယ်ခဲ့တဲ့ ဒေါ်နယ်ထရမ့် သမ္မတရာထူး လက်မခံမီ ကိယက်ဗ်ကို အဆင့်မြင့်လက်နက်နဲ့ ငွေကြေးပုံအော ထောက်ပံ့ခြင်းမျိုးလို) နောင်ဆက်ခံမယ့်အစိုးရတစ်ရပ်အပေါ် နိုင်ငံရေးအကျပ်အတည်းဖြစ်အောင် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ TikTok အသုံးပြုလျက်ရှိသူ အမေရိကန်နိုင်သား ၁၄.၇ သန်းတို့ရဲ့အရောင်းအဝယ်ပြုလုပ်ခြင်းနဲ့ အသုံးများတဲ့ လူမှု ကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်နေပုံကို လျှောက်ထားချက်မှာ မီးမောင်းထိုးပြထားပါတယ်။
TikTok ကို ပိတ်သိမ်းလိုခြင်းဟာ အမျိုးသားလုံခြုံရေးဆိုင်ရာစိုးရိမ်ရတယ်ဆိုပေမယ့် သက်သေပြနိုင်ခြင်းမရှိ ကြောင်း၊ အမေရိကန်နိုင်ငံသား သန်း ၁၇၀ တို့ရဲ့ ဆန္ဒနဲ့ ဆက်သွယ်မှုများကို ထုတ်ဖော်ခွင့်မရအောင် ပိတ်ပင်ခြင်း ဟာ အမေရိကန်ဖွဲ့စည်းပုံဥပဒေ ပထမပြင်ဆင်ချက်ကို ချိုးဖောက်ရာရောက်ရရှိတယ်လို့ နိုင်ငံရေး လေ့လာသူ အချို့က ယူဆကြပါတယ်။
TikTok ကလည်း သူ့ပလက်ဖောင်းမှ အချက်အလက်များကို တရုတ်အစိုးရထံ မျှဝေမည် မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံသားများနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို Taxas Project ရဲ့နည်းပညာအရ အကာအကွယ် ပေးရန် လက်ခံကြောင်း၊ Oracle Corporation နဲ့ ပူးပေါင်းပြီး အချက်အလက်များကို သိမ်းဆည်းထားရန် ကွန်ဂရက်လွှတ်တော်မှာ ကတိပြုထားပါတယ်။
ဒါပေမယ့် ပေကျင်းရဲ့ဥပဒေအရ တရုတ်ပြည်တွင်း အခြေစိုက် ပုဂ္ဂလိက ကုမ္ပဏီများဟာ နိုင်ငံတော်လုံခြုံရေး အတွက် လိုအပ်ခဲ့လျှင် အချက်အလက် တောင်းခံခြင်းကို လိုက်နာရမယ်လို့ ပါရှိနေပါတယ်။ ByteDance ဘိုက်ဒန့် ဟာ တရုတ်နိုင်ငံမှာ TikTok ကို မှတ်ပုံတင်ထားတဲ့အတွက် အဲဒီဥပဒေကို လိုက်နာရပါလိမ့်မယ်။ TikTok က အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ကတိပြုသည့်တိုင် တရုတ်အစိုးရကို လွန်ဆန်နိုင်ခြင်း ရှိ-မရှိ မသေချာပါဘူး။
လူမှုကွန်ရက် ပလက်ဖောင်းများအနက် Facebook ဟာ လစဉ် ကမ္ဘာတစ်ဝှမ်း အသုံးပြုသူ ၂.၉၆ ဘီလီယံရှိပြီး YouTube က ၂.၅ ဘီလီယံရှိပါတယ်။ TikTok က ၁.၁ ဘီလီယံကျော် ရှိပါတယ်။ ဒါပေမယ့် TikTok အသုံး ပြုသူ အများစုဟာ ၁၃နှစ်မှ ၂၄ နှစ်ကြားဖြစ်ပြီ၊ Facebook က ၂၅ နှစ်အထက် လူကြီးများ၊ YouTube ကို အသက်အရွယ် အပိုင်းအခြားမျိုးစုံတို့က အသုံးပြုနေပါတယ်။
အခြားပလက်ဖောင်းများထက်စာရင် TikTok က ခွင်ပြုတဲ့ အချိန်ကန့်သတ်ချက်ဟာ ၁၅ စက္ကန့်မှ ၁၀ မိနစ်အ ထိသာ ရှိပေမယ့် လူငယ်များအကြား အလွန်ရေပန်းစားရာမှာ သာလွန်ပါတယ်။ တရုတ်ပြည်လို လူဦးရေ သန်း ထောင်ချီရှိတဲ့တိုင်းပြည်က TikTok ကို အသုံးပြူနေခြင်းကြောင့် လူငယ်အများစု ၁.၁ ဘီလီယံဆိုတာ တရုတ် နိုင်ငံပြင်ပမှာ သြဇာမညောင်းနိုင်ဘူးလို့တော့ သတ်မှတ်လို့ မရပါဘူး၊ WeChat နဲ့ Douyin ဆိုရင် တရုတ် ပြည်တွင်း မှာ ပထမဆုံးအောင်မြင်ပြီးမှ နိုင်ငံတကာကို ကျယ်ပြန့်လာခြင်းဖြစ်ပါတယ်။ လူငယ်များ စိတ်ဝင်စားမှုကို ရယူပြီး Facebook, YouTube တို့လို အမေရိကန်ကုမ္ပဏီကြီးများကို ခြေရာချင်းတိုင်းလာတာ အမှန်ပဲဖြစ်ပါတယ်။
TikTok ရဲ့ကံကြမ္မာကို နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ ဆုံးဖြတ်ရန် ဇန်နဝါရီ ၁၀ ရက်မှာ တရားရုံးချုပ်က နှစ်ဖက်အချေအဆင် လျှောက်လဲချက်များကို ကြားနာဖို့ စီစဉ်ထားပါတယ်။ ဒီကိစ္စဟာ အမေရိကန်နိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးတို့အတွက် အဓိကပလက်ဖောင်းတစ်ခုဖြစ်လာနေတဲ့ TikTok ဟာ နိုင်ငံတော် လုံခြုံရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်တို့ အားပြိုင်မှုဖြစ်လာပါတယ်။ အတော်များများကတော့ TikTok အတွက် စိုးရိမ်နေကြပါတယ်။
#HtayOung, #OungMarine

Zawgyi Version;
TikTok အေပၚ အေရးယူမည့္ကိစၥ ေဒၚနယ္ထရမ့္ ဆန႔္က်င္
Htay Oung (NP News) - ဒီဇင္ဘာ ၂၈
TikTok ကို ပိတ္သိမ္းမယ့္အမႈကိစၥ ဆိုင္းငံထားရန္ သမၼတအျဖစ္ ေ႐ြးေကာက္ခံထားရသူ ေဒၚနယ္ထရမ့္က အေမရိကန္တရားလႊတ္ေတာ္ခ်ဳပ္ထံ ေလွ်ာက္ထားလိုက္တယ္လို႔ “နယူးေယာက္တိုင္းမ္” က ဒီဇင္ဘာလ ၂၈ ရက္မွာ ေရးသားပါတယ္။
အသုံးျပဳသူ အေမရိကန္ႏိုင္ငံသား သန္း ၁၇၀ တို႔ရဲ႕ပုဂၢိဳလ္ေရးအခ်က္အလက္မ်ား ေပါက္ၾကားမည္ကို စိုးရိမ္ရတဲ့ အတြက္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံအေျခစိုက္ “ဘိုက္ဒန႔္စ္ကုမၸဏီ” ပိုင္ “TikTok” လူမႈကြန္ရက္ပလက္ေဖာင္းကို အေမရိကန္ကုမၸဏီတစ္ခုခုသို႔ ေရာင္းခ်ရန္ (သို႔မဟုတ္) အေမရိကန္ႏိုင္ငံအတြင္း လုပ္ငန္းေဆာင္႐ြက္ခြင့္ ပိတ္သိမ္း ရန္ လက္ရွိသမၼတဂ်ိဳးဘိုင္ဒင္က အဆိုျပဳခဲ့ပါတယ္။ ကြန္ဂရက္လႊတ္ေတာ္ ပါတီႏွစ္ရပ္လုံးက ေထာက္ခံတဲ့ အဲဒီအဆိုကို အေမရိကန္တရားလႊတ္ေတာ္ခ်ဳပ္က အတည္ျပဳေၾကာင္း အမိန႔္ခ်မွတ္ဖို႔ ရွိေနပါတယ္။
ဒါေပမယ့္ အေမရိကန္အာဏာပိုင္မ်ားရဲံ ေတာင္းဆိုခ်က္ကို TikTok အေနနဲ႔ လက္ခံျခင္း ရွိ-မရွိ ဆုံးျဖတ္ရမယ့္ ေန႔ဟာ လာမယ့္ ဇန္နဝါရီလ ၁၉-ရက္ေန႔ျဖစ္ေနၿပီး သမၼတအျဖစ္ေ႐ြးေကာက္ခံထားရတဲ့ ေဒၚနယ္ထရမ့္က က်မ္းသစၥာမက်ိန္ဆိုမီ ၁ ရက္အလိုမွာ ျဖစ္ေနပါတယ္။
(ထိုင္ဝမ္ေရလက္ၾကားအျပင္ ဖိလစ္ပိုင္နဲ႔ပတ္သက္လို႔ ေတာင္တ႐ုတ္ပင္လယ္တင္းမာမႈမ်ား ျမင့္တက္ေနခိုက္) TikTok အေပၚ အေရးယူျခင္းကို ဆန႔္က်င္ၿပီး ႏိုင္ငံေရးနည္းလမ္းအရ ေျဖရွင္းရန္ အခ်ိန္ေပးေစလိုေၾကာင္း၊ တရား လႊတ္ေတာ္ခ်ဳပ္အေနနဲ႔အမႈကို ဆိုင္းငံထားပါရန္ ေဒၚနယ္ထရမ့္တို႔ဘက္က ေတာင္းဆိုလိုက္ျခင္းျဖစ္ပါတယ္။
ဒီကိစၥဟာ လြတ္လပ္စြာေျပာဆိုခြင့္ကို ခ်ိဳးေဖာက္ျခင္း ရွိ-မရွိဆိုတဲ့ ဥပေဒဆိုင္ရာအျငင္းပြားမႈအေပၚ အေလးအနက္ ထားျခင္း မဟုတ္ေၾကာင္း၊ (သူ႔လက္ထက္မွာ ယူကရိန္းစစ္ပြဲ ၿငိမ္းခ်မ္းေစရမယ္လို႔ မဲဆြယ္ခဲ့တဲ့ ေဒၚနယ္ထရမ့္ သမၼတရာထူး လက္မခံမီ ကိယက္ဗ္ကို အဆင့္ျမင့္လက္နက္နဲ႔ ေငြေၾကးပုံေအာ ေထာက္ပံ့ျခင္းမ်ိဳးလို) ေနာင္ဆက္ခံမယ့္အစိုးရတစ္ရပ္အေပၚ ႏိုင္ငံေရးအက်ပ္အတည္းျဖစ္ေအာင္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း၊ TikTok အသုံးျပဳလ်က္ရွိသူ အေမရိကန္ႏိုင္သား ၁၄.၇ သန္းတို႔ရဲ႕အေရာင္းအဝယ္ျပဳလုပ္ျခင္းနဲ႔ အသုံးမ်ားတဲ့ လူမႈ ကြန္ရက္ ပလက္ေဖာင္းတစ္ခုျဖစ္ေနပုံကို ေလွ်ာက္ထားခ်က္မွာ မီးေမာင္းထိုးျပထားပါတယ္။
TikTok ကို ပိတ္သိမ္းလိုျခင္းဟာ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာစိုးရိမ္ရတယ္ဆိုေပမယ့္ သက္ေသျပႏိုင္ျခင္းမရွိ ေၾကာင္း၊ အေမရိကန္ႏိုင္ငံသား သန္း ၁၇၀ တို႔ရဲ႕ ဆႏၵနဲ႔ ဆက္သြယ္မႈမ်ားကို ထုတ္ေဖာ္ခြင့္မရေအာင္ ပိတ္ပင္ျခင္း ဟာ အေမရိကန္ဖြဲ႕စည္းပုံဥပေဒ ပထမျပင္ဆင္ခ်က္ကို ခ်ိဳးေဖာက္ရာေရာက္ရရွိတယ္လို႔ ႏိုင္ငံေရး ေလ့လာသူ အခ်ိဳ႕က ယူဆၾကပါတယ္။
TikTok ကလည္း သူ႔ပလက္ေဖာင္းမွ အခ်က္အလက္မ်ားကို တ႐ုတ္အစိုးရထံ မွ်ေဝမည္ မဟုတ္ေၾကာင္း၊ အေမရိကန္ႏိုင္ငံသားမ်ားနဲ႔ သက္ဆိုင္တဲ့ အခ်က္အလက္မ်ားကို Taxas Project ရဲ႕နည္းပညာအရ အကာအကြယ္ ေပးရန္ လက္ခံေၾကာင္း၊ Oracle Corporation နဲ႔ ပူးေပါင္းၿပီး အခ်က္အလက္မ်ားကို သိမ္းဆည္းထားရန္ ကြန္ဂရက္လႊတ္ေတာ္မွာ ကတိျပဳထားပါတယ္။
ဒါေပမယ့္ ေပက်င္းရဲ႕ဥပေဒအရ တ႐ုတ္ျပည္တြင္း အေျခစိုက္ ပုဂၢလိက ကုမၸဏီမ်ားဟာ ႏိုင္ငံေတာ္လုံၿခဳံေရး အတြက္ လိုအပ္ခဲ့လွ်င္ အခ်က္အလက္ ေတာင္းခံျခင္းကို လိုက္နာရမယ္လို႔ ပါရွိေနပါတယ္။ ByteDance ဘိုက္ဒန႔္ ဟာ တ႐ုတ္ႏိုင္ငံမွာ TikTok ကို မွတ္ပုံတင္ထားတဲ့အတြက္ အဲဒီဥပေဒကို လိုက္နာရပါလိမ့္မယ္။ TikTok က အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ကို ကတိျပဳသည့္တိုင္ တ႐ုတ္အစိုးရကို လြန္ဆန္ႏိုင္ျခင္း ရွိ-မရွိ မေသခ်ာပါဘူး။
လူမႈကြန္ရက္ ပလက္ေဖာင္းမ်ားအနက္ Facebook ဟာ လစဥ္ ကမာၻတစ္ဝွမ္း အသုံးျပဳသူ ၂.၉၆ ဘီလီယံရွိၿပီး YouTube က ၂.၅ ဘီလီယံရွိပါတယ္။ TikTok က ၁.၁ ဘီလီယံေက်ာ္ ရွိပါတယ္။ ဒါေပမယ့္ TikTok အသုံး ျပဳသူ အမ်ားစုဟာ ၁၃ႏွစ္မွ ၂၄ ႏွစ္ၾကားျဖစ္ၿပီ၊ Facebook က ၂၅ ႏွစ္အထက္ လူႀကီးမ်ား၊ YouTube ကို အသက္အ႐ြယ္ အပိုင္းအျခားမ်ိဳးစုံတို႔က အသုံးျပဳေနပါတယ္။
အျခားပလက္ေဖာင္းမ်ားထက္စာရင္ TikTok က ခြင္ျပဳတဲ့ အခ်ိန္ကန႔္သတ္ခ်က္ဟာ ၁၅ စကၠန႔္မွ ၁၀ မိနစ္အ ထိသာ ရွိေပမယ့္ လူငယ္မ်ားအၾကား အလြန္ေရပန္းစားရာမွာ သာလြန္ပါတယ္။ တ႐ုတ္ျပည္လို လူဦးေရ သန္း ေထာင္ခ်ီရွိတဲ့တိုင္းျပည္က TikTok ကို အသုံးျပဴေနျခင္းေၾကာင့္ လူငယ္အမ်ားစု ၁.၁ ဘီလီယံဆိုတာ တ႐ုတ္ ႏိုင္ငံျပင္ပမွာ ၾသဇာမေညာင္းႏိုင္ဘူးလို႔ေတာ့ သတ္မွတ္လို႔ မရပါဘူး၊ WeChat နဲ႔ Douyin ဆိုရင္ တ႐ုတ္ ျပည္တြင္း မွာ ပထမဆုံးေအာင္ျမင္ၿပီးမွ ႏိုင္ငံတကာကို က်ယ္ျပန႔္လာျခင္းျဖစ္ပါတယ္။ လူငယ္မ်ား စိတ္ဝင္စားမႈကို ရယူၿပီး Facebook, YouTube တို႔လို အေမရိကန္ကုမၸဏီႀကီးမ်ားကို ေျခရာခ်င္းတိုင္းလာတာ အမွန္ပဲျဖစ္ပါတယ္။
TikTok ရဲ႕ကံၾကမၼာကို ေနာက္ဆုံးသတ္မွတ္ရက္မတိုင္မီ ဆုံးျဖတ္ရန္ ဇန္နဝါရီ ၁၀ ရက္မွာ တရား႐ုံးခ်ဳပ္က ႏွစ္ဖက္အေခ်အဆင္ ေလွ်ာက္လဲခ်က္မ်ားကို ၾကားနာဖို႔ စီစဥ္ထားပါတယ္။ ဒီကိစၥဟာ အေမရိကန္ႏိုင္ငံရဲ႕ ဆက္သြယ္ေရးနဲ႔ ေဖ်ာ္ေျဖေရးတို႔အတြက္ အဓိကပလက္ေဖာင္းတစ္ခုျဖစ္လာေနတဲ့ TikTok ဟာ ႏိုင္ငံေတာ္ လုံၿခဳံေရးနဲ႔ လြတ္လပ္စြာေျပာဆိုခြင့္တို႔ အားၿပိဳင္မႈျဖစ္လာပါတယ္။ အေတာ္မ်ားမ်ားကေတာ့ TikTok အတြက္ စိုးရိမ္ေနၾကပါတယ္။
#HtayOung, #OungMarine