အမေရိကန်၏ စံချိန်တင်သုံးစွဲမည့် ကာကွယ်ရေးအသုံးစရိတ်မူကြမ်းတွင် ယူကရိန်းအတွက် မပါဝင်တော့
2755
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၉
အမေရိကန်နိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင် တိုးမြှင့်သုံးစွဲမည်ဖြစ်သော်လည်း (၂၀၂၅) ခုနှစ် အတွက်အသုံးပြုမည့် ကာကွယ်ရေးအသုံးစရိတ်ထဲတွင် ယူကရိန်းကို စစ်ရေးကူညီထောက်ပံ့ပေးမည့်အစီအစဉ် များ မပါဝင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသည် (၂၀၂၅)ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ (၈၉၅)ဘီလျံကျော် အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အမေရိကန်ကာကွယ်ရေးအသုံးစရိတ်နှင့်ပတ်သက်သော ဥပဒေမူကြမ်းကို ဥပဒေအဖြစ်ပြောင်းလဲရန် လက်မှတ်ရေးထိုးထားကြောင်း အမေရိကန်အခြေစိုက် မီဒီယာများတွင်ဖော်ပြထား သည်။ အမေရိကန်နိုင်ငံက (၂၀၂၅)ခုနှစ်တွင် အသုံးပြုမည့် ကာကွယ်ရေးအသုံးစရိတ်သည် (၂၀၂၄)ခုနှစ် ကာကွယ်ရေးအသုံးစရိတ်နှင့်နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ (၉) ဘီလျံကျော် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ အမေရိကန်လွှတ်တော်တွင် ကာကွယ်ရေးအသုံးစရိတ်မူကြမ်းနှင့်ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ဘလီကန်ပါတီဝင်များ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် အတည်ပြုထားပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ်ရေးအသုံးစရိတ်ဥပဒေမူကြမ်းထဲတွင် ယူကရိန်းကို စစ်ရေးကူညီထောက်ပံ့ပေးမည့်အစီအစဉ်များ မပါဝင်ခဲ့ဘဲ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးနှင့်လုံခြုံရေးစွမ်းရည်ပိုင်း ပိုမိုကောင်းမွန်စေရန်လုပ်ဆောင်မည့် အချက်များသာ ပါဝင်ခဲ့ကြောင်းသိရသည်။
အမေရိကန်အစိုးရသည် (၂၀၂၅) ခုနှစ်တွင် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့်ထိပ် တိုက်တွေ့ဆုံနိုင်ရန် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလာခြင်းဖြစ်သည်။ တရုတ်အစိုးရကမူ အမေရိကန်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်မူကြမ်းကို ဝေဖန်ပြစ်တင်ထားပြီး တရုတ်နိုင်ငံကိုခြိမ်းခြောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟုပြော သည်။ အမေရိကန်လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်သည် ရာထူးမှ အနားမယူခင် ယူကရိန်းကို ကူညီထောက်ပံ့ပေးမည့် အစီအစဉ်များ ရှိခဲ့သော်လည်း (၂၀၂၅) ခုနှစ်အတွက် အသုံးပြုမည့်ကာကွယ်ရေးအသုံးစရိတ်တွင် ယူကရိန်းကို အကူအညီပေးမည့်အစီအစဉ်များထည့် သွင်းထားခြင်းမရှိကြောင်း သိရသည်။ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီး နောက်ပိုင်း အမေရိကန်အစိုးရသည် ယူကရိန်းကို စစ်ရေးနှင့်ဘဏ္ဍာရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ (၁၀ဝ)ဘီလျံကျော်ကူညီ ထားပြီးဖြစ်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးဌာနက ပြော သည်။
Zawgyi Version;
အေမရိကန္၏ စံခ်ိန္တင္သုံးစြဲမည့္ ကာကြယ္ေရးအသုံးစရိတ္မူၾကမ္းတြင္ ယူကရိန္းအတြက္ မပါဝင္ေတာ့
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၉
အေမရိကန္ႏိုင္ငံသည္ ကာကြယ္ေရးအသုံးစရိတ္ကို စံခ်ိန္တင္ တိုးျမႇင့္သုံးစြဲမည္ျဖစ္ေသာ္လည္း (၂၀၂၅) ခုႏွစ္ အတြက္အသုံးျပဳမည့္ ကာကြယ္ေရးအသုံးစရိတ္ထဲတြင္ ယူကရိန္းကို စစ္ေရးကူညီေထာက္ပံ့ေပးမည့္အစီအစဥ္ မ်ား မပါဝင္ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသည္ (၂၀၂၅)ခုႏွစ္တြင္ ကာကြယ္ေရးအသုံးစရိတ္အျဖစ္ အေမရိကန္ေဒၚလာ (၈၉၅)ဘီလ်ံေက်ာ္ အသုံးျပဳရန္ စီစဥ္ထားေၾကာင္း သိရသည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ အေမရိကန္ကာကြယ္ေရးအသုံးစရိတ္ႏွင့္ပတ္သက္ေသာ ဥပေဒမူၾကမ္းကို ဥပေဒအျဖစ္ေျပာင္းလဲရန္ လက္မွတ္ေရးထိုးထားေၾကာင္း အေမရိကန္အေျခစိုက္ မီဒီယာမ်ားတြင္ေဖာ္ျပထား သည္။ အေမရိကန္ႏိုင္ငံက (၂၀၂၅)ခုႏွစ္တြင္ အသုံးျပဳမည့္ ကာကြယ္ေရးအသုံးစရိတ္သည္ (၂၀၂၄)ခုႏွစ္ ကာကြယ္ေရးအသုံးစရိတ္ႏွင့္ႏႈိင္းယွဥ္လွ်င္ အေမရိကန္ေဒၚလာ (၉) ဘီလ်ံေက်ာ္ ပိုမိုမ်ားျပားလာခဲ့ေၾကာင္း သိရသည္။ အေမရိကန္လႊတ္ေတာ္တြင္ ကာကြယ္ေရးအသုံးစရိတ္မူၾကမ္းႏွင့္ပတ္သက္ၿပီး ဒီမိုကရက္တစ္ပါတီႏွင့္ ရီပတ္ဘလီကန္ပါတီဝင္မ်ား အႀကိတ္အနယ္ေဆြးေႏြးခဲ့ၿပီးေနာက္ အတည္ျပဳထားၿပီးျဖစ္ေၾကာင္းသိရသည္။
အဆိုပါကာကြယ္ေရးအသုံးစရိတ္ဥပေဒမူၾကမ္းထဲတြင္ ယူကရိန္းကို စစ္ေရးကူညီေထာက္ပံ့ေပးမည့္အစီအစဥ္မ်ား မပါဝင္ခဲ့ဘဲ အေမရိကန္ႏိုင္ငံ၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရးစြမ္းရည္ပိုင္း ပိုမိုေကာင္းမြန္ေစရန္လုပ္ေဆာင္မည့္ အခ်က္မ်ားသာ ပါဝင္ခဲ့ေၾကာင္းသိရသည္။
အေမရိကန္အစိုးရသည္ (၂၀၂၅) ခုႏွစ္တြင္ အင္ဒို-ပစိဖိတ္ေဒသတြင္ တ႐ုတ္ႏိုင္ငံႏွင့္ထိပ္ တိုက္ေတြ႕ဆုံႏိုင္ရန္ ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္သုံးစြဲလာျခင္းျဖစ္သည္။ တ႐ုတ္အစိုးရကမူ အေမရိကန္ႏိုင္ငံ၏ ကာကြယ္ေရး အသုံးစရိတ္မူၾကမ္းကို ေဝဖန္ျပစ္တင္ထားၿပီး တ႐ုတ္ႏိုင္ငံကိုၿခိမ္းေျခာက္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္သည္ဟုေျပာ သည္။ အေမရိကန္လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒန္သည္ ရာထူးမွ အနားမယူခင္ ယူကရိန္းကို ကူညီေထာက္ပံ့ေပးမည့္ အစီအစဥ္မ်ား ရွိခဲ့ေသာ္လည္း (၂၀၂၅) ခုႏွစ္အတြက္ အသုံးျပဳမည့္ကာကြယ္ေရးအသုံးစရိတ္တြင္ ယူကရိန္းကို အကူအညီေပးမည့္အစီအစဥ္မ်ားထည့္ သြင္းထားျခင္းမရွိေၾကာင္း သိရသည္။ ယူကရိန္းႏွင့္ ႐ုရွားႏိုင္ငံၾကား စစ္ပြဲျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း အေမရိကန္အစိုးရသည္ ယူကရိန္းကို စစ္ေရးႏွင့္ဘ႑ာေရးအကူအညီအျဖစ္ အေမရိကန္ေဒၚလာ (၁၀ဝ)ဘီလ်ံေက်ာ္ကူညီ ထားၿပီးျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံ ျခားေရးဝန္ႀကီးဌာနက ေျပာ သည္။