BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် ရုရှား ကမ်းလှမ်းချက်ကို ထိုင်းအစိုးရ လက်ခံ

 863

Pika (NP News) - ဒီဇင်ဘာ ၂၉

BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန် ရုရှားနိုင်ငံ၏ကမ်းလှမ်းချက်ကို ထိုင်းနိုင်ငံက တရားဝင် လက်ခံလိုက်ပြီ ဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။ နိုင်ငံပေါင်း(၃၀)ကျော်က BRICS အဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်ရရန် လျှောက်ထားမှုများနှင့်အတူ ပြီးခဲ့သည့်အောက်တိုဘာလတွင် ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးတွင် မိတ်ဖက်နိုင်ငံအဆင့်အတန်းအသစ်များကို အတည်ပြုခဲ့ကြကြောင်း သိရသည်။

အစောပိုင်းတွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကတို့ဖြင့် ဖွဲ့စည်းထားသော BRICS အဖွဲ့သည် နောက်ထပ်အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် အီဂျစ်၊ အီရန်၊ အီသီယိုးပီးယား၊ ယူအေအီး နိုင်ငံတို့နှင့်အတူ ယခုနှစ်အတွင်း အဖွဲ့ချဲ့ထွင်မှုများ ကိုလုပ်ဆောင်ခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၄)ရက်တွင် ထိုင်းအစိုးရအဖွဲ့သည် BRICS အဖွဲ့ ၏ မိတ်ဖက်နိုင်ငံဖြစ်လာရန်အတွက် ရုရှားနိုင်ငံ၏ ကမ်းလှမ်းချက်ကို လက်ခံရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံသည် BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံ ဖြစ်လာရန်သဘောတူကြောင်း စာတစ်စောင်ကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Maris Sangiampongsa က ရုရှားနိုင်ငံခြားရေးဝန်ကြီးထံပေးပို့ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Niko- ndet Phalangkun က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံဖြစ်လာရန်အတွက် ရုရှားနိုင်ငံ၏ တရားဝင်ကမ်းလှမ်းချက်ကို ပြီးခဲ့သည့်အောက်တိုဘာလ(၃၁)ရက်တွင် လက်ခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Nikondet Phalangkun က BRICS အဖွဲ့ရဲ့မိတ်ဖက်နိုင်ငံဖြစ်လာစေရေးဟာ အနာဂတ်မှာ BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် အပြည့်အဝ ပါဝင်နိုင် ရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါက ဒီလမ်းကြောင်းအတွက် ပထမဆုံး ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံများသည် BR- ICS ထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများအပြင် အခြားသောအဆင့် မြင့်အစည်းအဝေးများတွင်လည်း အမြဲတမ်းပါဝင်ခွင့်ရ ရှိထားကြောင်းသိရ သည်။

Zawgyi Version;
BRICS အဖြဲ႕၏ မိတ္ဖက္ႏိုင္ငံျဖစ္လာရန္ ႐ုရွား ကမ္းလွမ္းခ်က္ကို ထိုင္းအစိုးရ လက္ခံ
Pika (NP News) - ဒီဇင္ဘာ ၂၉

BRICS အဖြဲ႕၏ မိတ္ဖက္ႏိုင္ငံျဖစ္လာရန္ ႐ုရွားႏိုင္ငံ၏ကမ္းလွမ္းခ်က္ကို ထိုင္းႏိုင္ငံက တရားဝင္ လက္ခံလိုက္ၿပီ ျဖစ္ေၾကာင္း ေဒသတြင္းမီဒီယာမ်ားက ေရးသားေဖာ္ျပခဲ့သည္။ ႏိုင္ငံေပါင္း(၃၀)ေက်ာ္က BRICS အဖြဲ႕ဝင္ႏိုင္ငံ ျဖစ္ခြင့္ရရန္ ေလွ်ာက္ထားမႈမ်ားႏွင့္အတူ ၿပီးခဲ့သည့္ေအာက္တိုဘာလတြင္ ႐ုရွားႏိုင္ငံ ကာဇန္ၿမိဳ႕မွာ က်င္းပခဲ့ေသာ BRICS ထိပ္သီးအစည္းအေဝးတြင္ မိတ္ဖက္ႏိုင္ငံအဆင့္အတန္းအသစ္မ်ားကို အတည္ျပဳခဲ့ၾကေၾကာင္း သိရသည္။

အေစာပိုင္းတြင္ ဘရာဇီး၊ ႐ုရွား၊ အိႏၵိယ၊ တ႐ုတ္ ႏွင့္ ေတာင္အာဖရိကတို႔ျဖင့္ ဖြဲ႕စည္းထားေသာ BRICS အဖြဲ႕သည္ ေနာက္ထပ္အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္ သည့္ အီဂ်စ္၊ အီရန္၊ အီသီယိုးပီးယား၊ ယူေအအီး ႏိုင္ငံတို႔ႏွင့္အတူ ယခုႏွစ္အတြင္း အဖြဲ႕ခ်ဲ႕ထြင္မႈမ်ား ကိုလုပ္ေဆာင္ခဲ့သည္။ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၂၄)ရက္တြင္ ထိုင္းအစိုးရအဖြဲ႕သည္ BRICS အဖြဲ႕ ၏ မိတ္ဖက္ႏိုင္ငံျဖစ္လာရန္အတြက္ ႐ုရွားႏိုင္ငံ၏ ကမ္းလွမ္းခ်က္ကို လက္ခံရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသတြင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ထိုင္းႏိုင္ငံသည္ BRICS အဖြဲ႕၏ မိတ္ဖက္ႏိုင္ငံ ျဖစ္လာရန္သေဘာတူေၾကာင္း စာတစ္ေစာင္ကို ထိုင္းႏိုင္ငံျခားေရး ဝန္ႀကီး Maris Sangiampongsa က ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးထံေပးပို႔ခဲ့ေၾကာင္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Niko- ndet Phalangkun က ေျပာၾကားခဲ့သည္။
ထိုင္းႏိုင္ငံသည္ BRICS အဖြဲ႕၏ မိတ္ဖက္ႏိုင္ငံျဖစ္လာရန္အတြက္ ႐ုရွားႏိုင္ငံ၏ တရားဝင္ကမ္းလွမ္းခ်က္ကို ၿပီးခဲ့သည့္ေအာက္တိုဘာလ(၃၁)ရက္တြင္ လက္ခံရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Nikondet Phalangkun က BRICS အဖြဲ႕ရဲ႕မိတ္ဖက္ႏိုင္ငံျဖစ္လာေစေရးဟာ အနာဂတ္မွာ BRICS အဖြဲ႕ဝင္ႏိုင္ငံအျဖစ္ အျပည့္အဝ ပါဝင္ႏိုင္ ေရးနဲ႔ပတ္သက္ၿပီး ထိုင္းႏိုင္ငံအတြက္ အေရးႀကီးတဲ့ေျခလွမ္းတစ္ခုပဲျဖစ္ပါတယ္။ ဒါက ဒီလမ္းေၾကာင္းအတြက္ ပထမဆုံး ေျခလွမ္းတစ္ခုပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။

BRICS အဖြဲ႕၏ မိတ္ဖက္ႏိုင္ငံမ်ားသည္ BR- ICS ထိပ္သီးအစည္းအေဝးမ်ားႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝးမ်ားအျပင္ အျခားေသာအဆင့္ ျမင့္အစည္းအေဝးမ်ားတြင္လည္း အၿမဲတမ္းပါဝင္ခြင့္ရ ရွိထားေၾကာင္းသိရ သည္။

Related news

© 2021. All rights reserved.