လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ဇန်နဝါရီလ(၂)ရက်နှင့် (၄)ရက်တို့တွင် ပြည်လမ်းကို ခေတ္တပိတ်ထားမည်
2436
စော (NP News) - ဒီဇင်ဘာ ၂၉
လွတ်လပ်ရေးနေ့အခမ်းအနားအတွက် ဇန်နဝါရီလ(၂)ရက်နှင့် (၄)ရက်တို့တွင် ပြည်လမ်းကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) တွင် အသိပေးထားခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအတွက် လာမည့်(ဇန်နဝါရီလ ၂ ရက်) တွင် အစမ်းလေ့ကျင်ခြင်းနှင့် ဇန်နဝါရီလ ၄ ရက်တွင် အခမ်းအနားကျင်းပခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါရက်များ၌ နံနက် (၄)နာရီ မိနစ် (၂၀)အချိန်တွင် အလံတင်အခမ်းအနား နှင့် နံနက် (၇)နာရီအချိန်တွင် နိုင်ငံတော်အလံ အလေးပြုပွဲနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း ပြုလုပ်မည်ဖြစ်ရာ အခမ်းအနား ကျင်းပစဉ်အချိန်မှ ပြီးစီးသည့်အချိန်အထိ ပြည်လမ်းမအား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ လမ်းပိတ်ထားမည်ဖြစ်သည့်အတွက် ပြည်လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော ယာဉ်များ သည် မြေနီကုန်းမီးပွိုင့်တွင် ညာဘက်သို့ ချိုးကွေ့၍ အောက်ကြည့်မြင်တိုင်လမ်းသို့ ပြောင်းလဲမောင်းနှင်ရမည် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ အသိပေးထားသည်။
ထို့ပြင် ပြည်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ယာဉ်များသည် ပြည်ထောင်စုရိပ်သာလမ်းသို့ ချိုးကွေ့၍ ခရေပင်လမ်း၊ အလုံလမ်းမှတစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်းသို့ ဆက်လက်မောင်းနှင်ရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
Zawgyi Version;
လြတ္လပ္ေရးေန႔အခမ္းအနားအတြက္ ဇန္နဝါရီလ(၂)ရက္ႏွင့္ (၄)ရက္တို႔တြင္ ျပည္လမ္းကို ေခတၱပိတ္ထားမည္
ေစာ (NP News) - ဒီဇင္ဘာ ၂၉
လြတ္လပ္ေရးေန႔အခမ္းအနားအတြက္ ဇန္နဝါရီလ(၂)ရက္ႏွင့္ (၄)ရက္တို႔တြင္ ျပည္လမ္းကို ေခတၱပိတ္ထားမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ယေန႔ (ဒီဇင္ဘာ ၂၉ ရက္) တြင္ အသိေပးထားျခင္းျဖစ္သည္။
ရန္ကုန္ၿမိဳ႕ရွိ ျပည္သူ႔ရင္ျပင္၌ (၇၇)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနားအတြက္ လာမည့္(ဇန္နဝါရီလ ၂ ရက္) တြင္ အစမ္းေလ့က်င္ျခင္းႏွင့္ ဇန္နဝါရီလ ၄ ရက္တြင္ အခမ္းအနားက်င္းပျခင္းတို႔ကို ျပဳလုပ္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါရက္မ်ား၌ နံနက္ (၄)နာရီ မိနစ္ (၂၀)အခ်ိန္တြင္ အလံတင္အခမ္းအနား ႏွင့္ နံနက္ (၇)နာရီအခ်ိန္တြင္ ႏိုင္ငံေတာ္အလံ အေလးျပဳပြဲႏွင့္ လြတ္လပ္ေရးေန႔ သဝဏ္လႊာဖတ္ၾကားျခင္း ျပဳလုပ္မည္ျဖစ္ရာ အခမ္းအနား က်င္းပစဥ္အခ်ိန္မွ ၿပီးစီးသည့္အခ်ိန္အထိ ျပည္လမ္းမအား ေခတၱပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ လမ္းပိတ္ထားမည္ျဖစ္သည့္အတြက္ ျပည္လမ္းအတိုင္း ေျမာက္မွေတာင္သို႔ ေမာင္းႏွင္လာေသာ ယာဥ္မ်ား သည္ ေျမနီကုန္းမီးပြိဳင့္တြင္ ညာဘက္သို႔ ခ်ိဳးေကြ႕၍ ေအာက္ၾကည့္ျမင္တိုင္လမ္းသို႔ ေျပာင္းလဲေမာင္းႏွင္ရမည္ ျဖစ္ေၾကာင္း အစိုးရအဖြဲ႕မွ အသိေပးထားသည္။
ထို႔ျပင္ ျပည္လမ္းအတိုင္း ေတာင္မွေျမာက္သို႔ ေမာင္းႏွင္လာေသာ ယာဥ္မ်ားသည္ ျပည္ေထာင္စုရိပ္သာလမ္းသို႔ ခ်ိဳးေကြ႕၍ ခေရပင္လမ္း၊ အလုံလမ္းမွတစ္ဆင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းသို႔ ဆက္လက္ေမာင္းႏွင္ရမည္ျဖစ္ ေၾကာင္း ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။