Rose ရဲ့ "APT" သီချင်းက (၂)လဝန်းကျင်နဲ့ကြည့်ရှုသူ သန်း ၇ဝဝ ထိ ရောက်ရှိ

 427

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၉

BLACKPINK အဖွဲ့ဝင် Rose ရဲ့အမိုက်စားသီချင်း "APT" ဟာ YouTube သမိုင်းမှာ နောက်ထပ်စံချိန်ကို ချိုးဖျက်ခဲ့ ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၈ ရက်၊ နံနက် ၂ နာရီဝန်းကျင်အချိန်မှာ Rosé နဲ့ အမေရိကန်အဆိုတော် ဘရူနိုမားစ် ပူးတွဲ သီဆိုထား တဲ့ “APT” သီချင်းဗီဒီယိုဟာ YouTube မှာ ကြည့်ရှုသူ သန်း ၇၀၀ ကျော်ထိ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ APT သီချင်း ဟာ အောက်တိုဘာ ၁၈ ရက် နေ့လည် ၁ နာရီက ထွက်ရှိခဲ့တာ ဖြစ်ပြီး ရက်ပေါင်း ၇ဝ နဲ့ ၁၃ နာရီခန့်လောက်နဲ့ ကြည့်ရူသူ သန်း ၇၀၀ ကျော်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် APT ဟာ တောင်ကိုရီးယားမှာ နောက်ထပ် Record ဖြစ်တဲ့ PSY ရဲ့အထင်ကရ သီချင်း၊ ၂၀၁၂ က ထွက်ရှိတဲ့ "Gangnam Style" ရဲ့ Record 5.4B ကို ကျော်ဖြတ်ဖို့ပဲ ကျန်ပါတော့တယ်။
ဒါအပြင် "APT” ဟာ Adele ရဲ့ "Hello” Nicky Jam နဲ့ J. Balvin ရဲ့ "EQUIS"၊ DJ Snake "Taki Taki” တို့ သီချင်း တွေလို ကြည့်ရှုမှုစံချိန်တွေ အမြန်ဆုံးချိုးဖျက်နိုင်တဲ့ သီချင်းလည်း ဖြစ်ပါတယ်။

Zawgyi Version;
Rose ရဲ႕ "APT" သီခ်င္းဟာ (၂)လဝန္းက်င္နဲ႔ၾကည့္ရႈသူ သန္း ၇ဝဝ ထိ ေရာက္ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၉

BLACKPINK အဖြဲ႕ဝင္ Rose ရဲ႕အမိုက္စားသီခ်င္း "APT" ဟာ YouTube သမိုင္းမွာ ေနာက္ထပ္စံခ်ိန္ကို ခ်ိဳးဖ်က္ခဲ့ ျပန္ပါတယ္။
ဒီဇင္ဘာလ ၂၈ ရက္၊ နံနက္ ၂ နာရီဝန္းက်င္အခ်ိန္မွာ Rosé နဲ႔ အေမရိကန္အဆိုေတာ္ ဘ႐ူႏိုမားစ္ ပူးတြဲ သီဆိုထား တဲ့ “APT” သီခ်င္းဗီဒီယိုဟာ YouTube မွာ ၾကည့္ရႈသူ သန္း ၇၀၀ ေက်ာ္ထိ ေရာက္ရွိခဲ့ၿပီ ျဖစ္ပါတယ္။ APT သီခ်င္း ဟာ ေအာက္တိုဘာ ၁၈ ရက္ ေန႔လည္ ၁ နာရီက ထြက္ရွိခဲ့တာ ျဖစ္ၿပီး ရက္ေပါင္း ၇ဝ နဲ႔ ၁၃ နာရီခန႔္ေလာက္နဲ႔ ၾကည့္႐ူသူ သန္း ၇၀၀ ေက်ာ္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ APT ဟာ ေတာင္ကိုရီးယားမွာ ေနာက္ထပ္ Record ျဖစ္တဲ့ PSY ရဲ႕အထင္ကရ သီခ်င္း၊ ၂၀၁၂ က ထြက္ရွိတဲ့ "Gangnam Style" ရဲ႕ Record 5.4B ကို ေက်ာ္ျဖတ္ဖို႔ပဲ က်န္ပါေတာ့တယ္။
ဒါအျပင္ "APT” ဟာ Adele ရဲ႕ "Hello” Nicky Jam နဲ႔ J. Balvin ရဲ႕ "EQUIS"၊ DJ Snake "Taki Taki” တို႔ သီခ်င္း ေတြလို ၾကည့္ရႈမႈစံခ်ိန္ေတြ အျမန္ဆုံးခ်ိဳးဖ်က္ႏိုင္တဲ့ သီခ်င္းလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.