မလေးရှားနိုင်ငံသား အပါအဝင် ရန်ကုန်မြို့ပေါ်၌ မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချနေသူ (၃) ဦးကို ဖမ်းဆီးရမိ

 1037

နာမူ (NP News) - ဒီဇင်ဘာ ၂၉

မလေးရှားနိုင်ငံသားတစ်ဦး အပါအဝင် ရန်ကုန်မြို့ပေါ်၌ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေသူ (၃)ဦးကို စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်၊ ည ၁၀ နာရီအချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ (စ) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ် တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိထားသူ လှဦး(ခ)လှမျိုးကို TOYOTA MARK X မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာမှ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း (၂၇) ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ည ၁၁ နာရီတွင် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမပေါ်တွင် မြတ်သူအား စိတ်ပြောင်း ဆေးဝါး HAPPY WATER ၁၂၉ ဂရမ်နှင့်လည်းကောင်း၊ ၎င်းနေထိုင်သည့် ပုဇွန်တောင်မြို့နယ် (၁၀) ရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် HAPPY WATER ၆ ဒသမ ၁၂၅ ကီလို၊ ကက်တမင်း (၉၅၀) ဂရမ်နှင့် အက်တက်စီ ဆေးပြား (၂၄၀) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဒီဇင်ဘာလ ၂၃ ရက်၊ ည ၈ နာရီခွဲအချိန်ခန့်တွင် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်တွင် ငှားရမ်းနေထိုင်နေသည့် မလေးရှားနိုင်ငံသား Mr. Lee Kok Sun ကို စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း (၇၅) ဂရမ်၊ အက်တက်စီဆေးပြား (၄၅၀) ၊ Happy – 5 ဆေးပြား (၆၀၀)၊ အမှုန့် ကြိတ်စက်တစ်လုံး၊ အိတ်ပိတ်စက် တစ်လုံး၊ ထုတ်ပိုးခွံအလုံး (၅၀၀)နှင့် Happy Water ရောစပ်ရာတွင် အသုံးပြုသည့် စတော်ဘယ်ရီအရသာမှုန့် (၈၀၀) ဂရမ်၊ လိမ္မော်အရသာ (၇၀၀) ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိမှုမှ ကာလတန်ဖိုးငွေကျပ် စုစုပေါင်း သိန်း (၂၇၈၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့သည် စိတ်ပြောင်းဆေးဝါးများအား ရောစပ်၍ ရန်ကုန်မြို့ပေါ်ရှိ KTV,BAR,CLUB နှင့် စားသောက်ဆိုင်များတွင် လူငယ်များအားဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျုးလွန်သူများအားလည်း ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မေလးရွားႏိုင္ငံသား အပါအဝင္ ရန္ကုန္ၿမိဳ႕ေပၚ၌ မူးယစ္ေဆးဝါးမ်ားျဖန႔္ျဖဴးေရာင္းခ်ေနသူ (၃) ဦးကို ဖမ္းဆီးရမိ
နာမူ (NP News) - ဒီဇင္ဘာ ၂၉

မေလးရွားႏိုင္ငံသားတစ္ဦး အပါအဝင္ ရန္ကုန္ၿမိဳ႕ေပၚ၌ မူးယစ္ေဆးဝါးမ်ား ျဖန႔္ျဖဴးေရာင္းခ်ေနသူ (၃)ဦးကို စိတ္ေျပာင္းေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၂ ရက္၊ ည ၁၀ နာရီအခ်ိန္ခန႔္က မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းအဖြဲ႕သည္ ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊ (စ) ရပ္ကြက္၊ ဗိုလ္ေအာင္ေက်ာ္လမ္းမေပၚ တြင္ စိတ္ေျပာင္းေဆးဝါးမ်ား ျဖန႔္ျဖဴးေရာင္းခ်ေၾကာင္း သတင္းရရွိထားသူ လွဦး(ခ)လွမ်ိဳးကို TOYOTA MARK X ေမာ္ေတာ္ယာဥ္တစ္စီးႏွင့္အတူ ေတြ႕ရွိရသျဖင့္ ရွာေဖြမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ရွာေဖြရာမွ ယာဥ္ေပၚမွ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ HAPPY WATER ၂၃၈ ဒသမ ၅ ဂရမ္၊ ကက္တမင္း (၂၇) ဂရမ္ႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄၀၀) တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ည ၁၁ နာရီတြင္ တာေမြၿမိဳ႕နယ္၊ ဖိုးစိန္လမ္းမေပၚတြင္ ျမတ္သူအား စိတ္ေျပာင္း ေဆးဝါး HAPPY WATER ၁၂၉ ဂရမ္ႏွင့္လည္းေကာင္း၊ ၎ေနထိုင္သည့္ ပုဇြန္ေတာင္ၿမိဳ႕နယ္ (၁၀) ရပ္ကြက္ရွိ ေနအိမ္မွ စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ HAPPY WATER ၆ ဒသမ ၁၂၅ ကီလို၊ ကက္တမင္း (၉၅၀) ဂရမ္ႏွင့္ အက္တက္စီ ေဆးျပား (၂၄၀) တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဒီဇင္ဘာလ ၂၃ ရက္၊ ည ၈ နာရီခြဲအခ်ိန္ခန႔္တြင္ ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္၊ (၆၁)ရပ္ကြက္တြင္ ငွားရမ္းေနထိုင္ေနသည့္ မေလးရွားႏိုင္ငံသား Mr. Lee Kok Sun ကို စိတ္ေျပာင္းေဆးဝါးမ်ားျဖစ္သည့္ ကက္တမင္း (၇၅) ဂရမ္၊ အက္တက္စီေဆးျပား (၄၅၀) ၊ Happy – 5 ေဆးျပား (၆၀၀)၊ အမႈန႔္ ႀကိတ္စက္တစ္လုံး၊ အိတ္ပိတ္စက္ တစ္လုံး၊ ထုတ္ပိုးခြံအလုံး (၅၀၀)ႏွင့္ Happy Water ေရာစပ္ရာတြင္ အသုံးျပဳသည့္ စေတာ္ဘယ္ရီအရသာမႈန႔္ (၈၀၀) ဂရမ္၊ လိေမၼာ္အရသာ (၇၀၀) ဂရမ္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဖမ္းဆီးရမိမႈမွ ကာလတန္ဖိုးေငြက်ပ္ စုစုေပါင္း သိန္း (၂၇၈၀) ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
စစ္ေဆးေဖာ္ထုတ္ခ်က္အရ ၎တို႔သည္ စိတ္ေျပာင္းေဆးဝါးမ်ားအား ေရာစပ္၍ ရန္ကုန္ၿမိဳ႕ေပၚရွိ KTV,BAR,CLUB ႏွင့္ စားေသာက္ဆိုင္မ်ားတြင္ လူငယ္မ်ားအားျဖန႔္ျဖဴးေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရွိရၿပီး ၎တို႔အား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဳးလြန္သူမ်ားအားလည္း ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.