ရခိုင်အရေးနှင့်ပတ်သက်၍ ဘင်္ဂါလီအဖွဲ့အစည်းပေါင်း(၂၈) ခု၏ တောင်းဆိုချက်ထွက်ပေါ်
10939
ယွန်း (NP News) - ဒီဇင်ဘာ ၂၉
ကမ္ဘာတစ်ဝန်းရှိ ဘင်္ဂါလီအဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်တွင် အားလုံးပါဝင်သောအုပ်ချုပ် ရေးအဖွဲ့အစည်း ဖွဲ့စည်းရန်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခွင့်ရရန်၊ တရားမျှတမှုနှင့် တန်းတူညီ မျှရရှိရန် တိုက်တွန်းတောင်းဆို လိုက်ကြောင်းသိရသည်။
ကမ္ဘာတစ်ဝန်းရှိ ဘင်္ဂါလီအဖွဲ့အစည်းပေါင်း (၂၈)ဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့နယ်များကို ထိန်းချုပ်ခွင့်ရရှိထားသော ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကို တိုက်ရိုက်တောင်းဆိုခဲ့ ခြင်းဖြစ်သည်။ ဘင်္ဂါလီအဖွဲ့အစည်းများက AA အဖွဲ့အနေဖြင့် ဘင်္ဂါလီများအပြင် အခြားလူနည်းစုဘာသာဝင်များ ၏ အခွင့်အရေးကို လေးစားလိုက်နာရန်အချက်ကိုလည်း ထည့်သွင်း တောင်းဆိုထားကြောင်း သိရသည်။
ဘင်္ဂါလီ လူဦးရေ (၅)သိန်းခန့်သည် AA အဖွဲ့ထိန်းချုပ်ထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် ဘူသီးတောင်၊ မောင်တောမြို့များတွင် နေထိုင်နေဆဲဖြစ်ကြောင်းသိရသည်။
ကမ္ဘာတစ်ဝန်းရှိ ဘင်္ဂါလီအဖွဲ့အစည်းပေါင်း (၂၈) ဖွဲ့က “စစ်အစိုးရအုပ်ချုပ်ချိန်ကာလအတွင်းမှာ ဘင်္ဂါလီတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ လူတွေဟာ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရတယ်။ လက်ရှိအချိန် မှာ AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းရှိ ပိုင်နက်နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပါတယ်။ AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း ရှိ လူတွေရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ်။ လက်ရှိအချိန်ဟာ ရခိုင်ပြည်နယ်ရဲ့အနာဂတ်ကို ပြောင်းလဲမယ့်အခွင့်အရေးတွေ ရရှိနေတယ်။ AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သူအားလုံးအတွက် တန်းတူညီမျှအခွင့်အရေး၊ တရားမျှတမှုနဲ့လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ လုပ်ဆောင်ရမယ်။ သဘောထားကွဲလွဲမှုများကို ကျော်လွန်ပြီး သာယာဝပြောသော ရခိုင် (ရခိုင်)ကို ပြန်လည်တည်ဆောက်နိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုတွေကိုအခြေခံပြီး အုပ်ချုပ်ရေး ဖောင်ဒေးရှင်းတွေ ကို လုပ်ဆောင်ရမယ်” ဟုပြောသည်။
မြန်မာစစ်တပ်သည် ဘင်္ဂါလီလူ့အဖွဲ့အစည်းနှင့် ရခိုင်လူ့အဖွဲ့အစည်းများကို အမြဲတမ်း ဖျက်ဆီးရန် ရည်ရွယ်လုပ်ဆောင်နေသော ဘုံရန်သူဖြစ်ကြောင်း အဆိုပါ (၂၈)ဖွဲ့က စွပ်စွဲထားသည်။ ရခိုင်ပြည်နယ်မှ မြေရာနှင့် အရင်းအမြစ်များ ထုတ်ယူသုံးစွဲပြီး ဆင်းရဲမှုများနှင့်သဘောထားအမြင် ကွဲလွဲမှုများသော ပြည်နယ်ဖြစ်လာစေရန် လုပ်ဆောင်ခဲ့ကြောင်း ကမ္ဘာတစ်ဝန်းရှိဘင်္ဂါလီအဖွဲ့အစည်းများက ပြောသည်။
Zawgyi Version;
ရခိုင္အေရးႏွင့္ပတ္သက္၍ ဘဂၤါလီအဖြဲ႕အစည္းေပါင္း(၂၈) ခု၏ ေတာင္းဆိုခ်က္ထြက္ေပၚ
ယြန္း (NP News) - ဒီဇင္ဘာ ၂၉
ကမာၻတစ္ဝန္းရွိ ဘဂၤါလီအဖြဲ႕အစည္းမ်ားသည္ ရခိုင္ျပည္နယ္တြင္ အားလုံးပါဝင္ေသာအုပ္ခ်ဳပ္ ေရးအဖြဲ႕အစည္း ဖြဲ႕စည္းရန္၊ ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထိုင္ခြင့္ရရန္၊ တရားမွ်တမႈႏွင့္ တန္းတူညီ မွ်ရရွိရန္ တိုက္တြန္းေတာင္းဆို လိုက္ေၾကာင္းသိရသည္။
ကမာၻတစ္ဝန္းရွိ ဘဂၤါလီအဖြဲ႕အစည္းေပါင္း (၂၈)ဖြဲ႕သည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွ ေမာင္ေတာၿမိဳ႕ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္မ်ားကို ထိန္းခ်ဳပ္ခြင့္ရရွိထားေသာ ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကို တိုက္႐ိုက္ေတာင္းဆိုခဲ့ ျခင္းျဖစ္သည္။ ဘဂၤါလီအဖြဲ႕အစည္းမ်ားက AA အဖြဲ႕အေနျဖင့္ ဘဂၤါလီမ်ားအျပင္ အျခားလူနည္းစုဘာသာဝင္မ်ား ၏ အခြင့္အေရးကို ေလးစားလိုက္နာရန္အခ်က္ကိုလည္း ထည့္သြင္း ေတာင္းဆိုထားေၾကာင္း သိရသည္။
ဘဂၤါလီ လူဦးေရ (၅)သိန္းခန႔္သည္ AA အဖြဲ႕ထိန္းခ်ဳပ္ထားသည့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ နယ္စပ္ခ်င္းထိစပ္ေနသည့္ ဘူသီးေတာင္၊ ေမာင္ေတာၿမိဳ႕မ်ားတြင္ ေနထိုင္ေနဆဲျဖစ္ေၾကာင္းသိရသည္။
ကမာၻတစ္ဝန္းရွိ ဘဂၤါလီအဖြဲ႕အစည္းေပါင္း (၂၈) ဖြဲ႕က “စစ္အစိုးရအုပ္ခ်ဳပ္ခ်ိန္ကာလအတြင္းမွာ ဘဂၤါလီေတြ အပါအဝင္ ရခိုင္ျပည္နယ္အတြင္းရွိ လူေတြဟာ လြတ္လပ္ခြင့္ ဆုံးရႈံးခဲ့ရတယ္။ လက္ရွိအခ်ိန္ မွာ AA အဖြဲ႕ဟာ ရခိုင္ျပည္နယ္အတြင္းရွိ ပိုင္နက္နယ္ေျမအမ်ားစုကို ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ AA အဖြဲ႕ဟာ ရခိုင္ျပည္နယ္အတြင္း ရွိ လူေတြရဲ႕ဆႏၵေတြကို ျဖည့္ဆည္းေပးဖို႔ တာဝန္ရွိတယ္။ လက္ရွိအခ်ိန္ဟာ ရခိုင္ျပည္နယ္ရဲ႕အနာဂတ္ကို ေျပာင္းလဲမယ့္အခြင့္အေရးေတြ ရရွိေနတယ္။ AA အဖြဲ႕ဟာ ရခိုင္ျပည္နယ္အတြင္း ေနထိုင္သူအားလုံးအတြက္ တန္းတူညီမွ်အခြင့္အေရး၊ တရားမွ်တမႈနဲ႔လူ႔အခြင့္အေရးေတြကို ေလးစားလိုက္နာဖို႔ လုပ္ေဆာင္ရမယ္။ သေဘာထားကြဲလြဲမႈမ်ားကို ေက်ာ္လြန္ၿပီး သာယာဝေျပာေသာ ရခိုင္ (ရခိုင္)ကို ျပန္လည္တည္ေဆာက္ႏိုင္ေအာင္ အခြင့္အလမ္းေတြ ဖန္တီးဖို႔၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္မႈေတြကိုအေျခခံၿပီး အုပ္ခ်ဳပ္ေရး ေဖာင္ေဒးရွင္းေတြ ကို လုပ္ေဆာင္ရမယ္” ဟုေျပာသည္။
ျမန္မာစစ္တပ္သည္ ဘဂၤါလီလူ႔အဖြဲ႕အစည္းႏွင့္ ရခိုင္လူ႔အဖြဲ႕အစည္းမ်ားကို အၿမဲတမ္း ဖ်က္ဆီးရန္ ရည္႐ြယ္လုပ္ေဆာင္ေနေသာ ဘုံရန္သူျဖစ္ေၾကာင္း အဆိုပါ (၂၈)ဖြဲ႕က စြပ္စြဲထားသည္။ ရခိုင္ျပည္နယ္မွ ေျမရာႏွင့္ အရင္းအျမစ္မ်ား ထုတ္ယူသုံးစြဲၿပီး ဆင္းရဲမႈမ်ားႏွင့္သေဘာထားအျမင္ ကြဲလြဲမႈမ်ားေသာ ျပည္နယ္ျဖစ္လာေစရန္ လုပ္ေဆာင္ခဲ့ေၾကာင္း ကမာၻတစ္ဝန္းရွိဘဂၤါလီအဖြဲ႕အစည္းမ်ားက ေျပာသည္။