ရုရှားဘက်တွင် ဘုရားသခင်ရှိနေသည့်အတွက်ယူကရိန်းစစ်ပွဲကို အနိုင်ရမည်ဟု ရုရှားသမ္မတပြော
258
ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၉
ဘုရားသခင်သည် ရုရှားနိုင်ငံနှင့်အတူရှိနေသည့်အတွက် ယူကရိန်းနှင့် ဖြစ်ပွားနေသောစစ်ပွဲတွင် အောင်ပွဲရယူနိုင် မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်သည်။ ရုရှားသမ္မတပူတင်သည် ပြီးခဲ့သော ရက်ပိုင်းက စိန့်ပီတာဘရက် မြို့တွင်ကျင်းပခဲ့သော စီးပွားရေးကောင်စီအစည်းအဝေးအပြီး သတင်းထောက်များ နှင့် တွေ့ဆုံချိန်တွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
သတင်းထောက်များက ယူကရိန်းနှင့် ဖြစ်ပွားသောစစ်ပွဲသည် (၂၀၂၅) ခုနှစ်တွင် ရုရှားနိုင်ငံနိုင်ပွဲနှင့်အတူ ပြီးဆုံး မည်လား ဆိုသောမေးခွန်းကို မေးမြန်းခဲ့ရာ ရုရှားသမ္မတက “ကျွန်တော်ဟာ ဘုရားသခင်ကို ယုံကြည်တယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ ရုရှားနိုင်ငံနဲ့အတူရှိနေတယ်” ဟုပြောသည်။ ရုရှားသမ္မတသည် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခွင့်ပေးရေး ဆိုင်းငံ့နိုင်ရန် အမေရိကန်နိုင်ငံက ရုရှားပိုင်ဆိုင်မှုများကို သိမ်းယူရန် စီစဉ်နေသည်ဆိုသောသတင်းများကိုလည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ ရုရှားသမ္မတက “ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်။ (၂၀၂၅) ခုနှစ်အတွင်း ရုရှားနိုင်ငံရဲ့အဓိကရည်မှန်းချက်တွေ ထဲမှာ ယူကရိန်းနဲ့ဖြစ်ပွား နေတဲ့စစ်ပွဲအတွင်း နိုင်ပွဲတွေကို ရယူနိုင်ပြီး အဆုံးသတ်နိုင်ရေးဖြစ်တယ်။ ကျွန်တော်တို့ ဟာ စစ်ပွဲရဲ့ရှေ့တန်းစစ်မြေပြင်မှာ နိုင်ပွဲရယူနိုင်မယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော်တို့ဟာ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း ရှေ့ဆက်လုပ်ဆောင်သွားမယ်” ဟုပြောသည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေ သောစစ်ပွဲသည် (၃)နှစ်နီးပါးရှိလာခဲ့ပြီး အပစ်အခတ် ရပ်စဲရေးရယူနိုင်ခြင်း မရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်တွင် ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရန် ကြားဝင်စေ့စပ်ပေးခြင်းမရှိခဲ့ သော်လည်း သမ္မတအဖြစ်တရားဝင်တာဝန်ယူချိန်တွင် ရုရှားနှင့် ယူကရိန်းကြားအပစ်ခတ်ရပ်စဲနိုင်ရန် စေ့စပ် ဆွေးနွေးမည်ဖြစ်ကြောင်း ကတိပြုထားသည်။ အမေရိကန်ရွေးကောက်ခံသမ္မတသည် ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး စေ့စပ်ဆွေးနွေးမှုများကို မည့်သို့လုပ်ဆောင်မည်ဆိုသောအချက်ကို အသေးစိတ်ထုတ်ဖော်ပြောဆို ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင် သော အနောက်အုပ်စုနိုင်ငံများ၏ ပစ်မှတ်ထားပိတ်ဆို့ခြင်းကိုခံခဲ့ရသလို ရုရှားပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၃၀ဝ)ဘီလျံကိုလည်း သိမ်းဆည်းခံထားရကြောင်း သိရသည်။
Zawgyi Version;
႐ုရွားဘက္တြင္ ဘုရားသခင္ရွိေနသည့္အတြက္ယူကရိန္းစစ္ပြဲကို အႏိုင္ရမည္ဟု ႐ုရွားသမၼတေျပာ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၉
ဘုရားသခင္သည္ ႐ုရွားႏိုင္ငံႏွင့္အတူရွိေနသည့္အတြက္ ယူကရိန္းႏွင့္ ျဖစ္ပြားေနေသာစစ္ပြဲတြင္ ေအာင္ပြဲရယူႏိုင္ မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ႐ုရွားသမၼတပူတင္သည္ ၿပီးခဲ့ေသာ ရက္ပိုင္းက စိန႔္ပီတာဘရက္ ၿမိဳ႕တြင္က်င္းပခဲ့ေသာ စီးပြားေရးေကာင္စီအစည္းအေဝးအၿပီး သတင္းေထာက္မ်ား ႏွင့္ ေတြ႕ဆုံခ်ိန္တြင္ ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္သည္။
သတင္းေထာက္မ်ားက ယူကရိန္းႏွင့္ ျဖစ္ပြားေသာစစ္ပြဲသည္ (၂၀၂၅) ခုႏွစ္တြင္ ႐ုရွားႏိုင္ငံႏိုင္ပြဲႏွင့္အတူ ၿပီးဆုံး မည္လား ဆိုေသာေမးခြန္းကို ေမးျမန္းခဲ့ရာ ႐ုရွားသမၼတက “ကြၽန္ေတာ္ဟာ ဘုရားသခင္ကို ယုံၾကည္တယ္။ ဘုရားသခင္ဟာ ကြၽန္ေတာ္တို႔ ႐ုရွားႏိုင္ငံနဲ႔အတူရွိေနတယ္” ဟုေျပာသည္။ ႐ုရွားသမၼတသည္ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ ပါဝင္ခြင့္ေပးေရး ဆိုင္းငံ့ႏိုင္ရန္ အေမရိကန္ႏိုင္ငံက ႐ုရွားပိုင္ဆိုင္မႈမ်ားကို သိမ္းယူရန္ စီစဥ္ေနသည္ဆိုေသာသတင္းမ်ားကိုလည္း ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ ႐ုရွားသမၼတက “ယူကရိန္းနဲ႔ ျဖစ္ပြားေနတဲ့စစ္ပြဲကိုအဆုံးသတ္ဖို႔ ႀကိဳးပမ္းေနတယ္။ (၂၀၂၅) ခုႏွစ္အတြင္း ႐ုရွားႏိုင္ငံရဲ႕အဓိကရည္မွန္းခ်က္ေတြ ထဲမွာ ယူကရိန္းနဲ႔ျဖစ္ပြား ေနတဲ့စစ္ပြဲအတြင္း ႏိုင္ပြဲေတြကို ရယူႏိုင္ၿပီး အဆုံးသတ္ႏိုင္ေရးျဖစ္တယ္။ ကြၽန္ေတာ္တို႔ ဟာ စစ္ပြဲရဲ႕ေရွ႕တန္းစစ္ေျမျပင္မွာ ႏိုင္ပြဲရယူႏိုင္မယ္လို႔ ယုံၾကည္ထားတယ္။ ကြၽန္ေတာ္တို႔ဟာ စီစဥ္ထားတဲ့ အစီအစဥ္အတိုင္း ေရွ႕ဆက္လုပ္ေဆာင္သြားမယ္” ဟုေျပာသည္။
႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေန ေသာစစ္ပြဲသည္ (၃)ႏွစ္နီးပါးရွိလာခဲ့ၿပီး အပစ္အခတ္ ရပ္စဲေရးရယူႏိုင္ျခင္း မရွိဘဲ တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနဆဲျဖစ္သည္။ အေမရိကန္ ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က လက္ရွိ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္လက္ထက္တြင္ ယူကရိန္းစစ္ပြဲ အဆုံးသတ္ႏိုင္ရန္ ၾကားဝင္ေစ့စပ္ေပးျခင္းမရွိခဲ့ ေသာ္လည္း သမၼတအျဖစ္တရားဝင္တာဝန္ယူခ်ိန္တြင္ ႐ုရွားႏွင့္ ယူကရိန္းၾကားအပစ္ခတ္ရပ္စဲႏိုင္ရန္ ေစ့စပ္ ေဆြးေႏြးမည္ျဖစ္ေၾကာင္း ကတိျပဳထားသည္။ အေမရိကန္ေ႐ြးေကာက္ခံသမၼတသည္ ယူကရိန္းစစ္ပြဲႏွင့္ ပတ္သက္ၿပီး ေစ့စပ္ေဆြးေႏြးမႈမ်ားကို မည့္သို႔လုပ္ေဆာင္မည္ဆိုေသာအခ်က္ကို အေသးစိတ္ထုတ္ေဖာ္ေျပာဆို ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ ႐ုရွားသည္ ယူကရိန္းႏွင့္စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အေမရိကန္ဦးေဆာင္ ေသာ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပစ္မွတ္ထားပိတ္ဆို႔ျခင္းကိုခံခဲ့ရသလို ႐ုရွားပိုင္ဆိုင္မႈ အေမရိကန္ေဒၚလာ (၃၀ဝ)ဘီလ်ံကိုလည္း သိမ္းဆည္းခံထားရေၾကာင္း သိရသည္။