ဩစတြီးယားက အီတလီထုတ်တိုက်လေယာဉ်တွေ ဝယ်ယူမယ်
514
Pika (NP News) - ဒီဇင်ဘာ ၂၉
ဩစတြီးယားနိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းမှာ ရပ်နားပစ်လိုက်တဲ့ Saab 105 လေယာဉ်တွေရဲ့နေရာမှာ အစားထိုးဖို့အတွက် အီတလီထုတ် M-346 FA တိုက်လေယာဉ်(၁၂)စင်းကို ဝယ်ယူဖို့စီစဉ်နေတယ်လို့ ဩစတြီးယား အစိုးရက ဒီဇင်ဘာလ(၂၈)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဩစတြီးယားအစိုးရဟာ အီတလီနိုင်ငံမှာ အခြေစိုက်တဲ့ Leonardo ကုမ္ပဏီက ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေအတွက် အီတလီကာကွယ်ရေးဝန်ကြီးဌာန နဲ့ လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီသဘောတူစာချုပ်ကို အီတလီအစိုးရနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဩစတြီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အီတလီထုတ် တိုက်လေယာဉ်တွေကို ဝယ်ယူဖို့အတွက် စီစဉ်ထားတယ်ဆိုတာကို ဩစတြီးယားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီသဘောတူညီချက်ဟာ ဩစတြီးယားနဲ့ အီတလီကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းလာတာကို ပြသနေတာဖြစ်တယ်လို့ ဩစတြီးယား အဓိပတိကားလ်နီဟမ်းမား က ပြောကြားခဲ့ပါတယ်။ ၎င်းက "ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်" လို့ ပြောခဲ့ပါတယ်။
ဩစတြီးယားအစိုးရဟာ အီတလီထုတ်တိုက်လေယာဉ်တွေဝယ်ယူမှုအတွက် စုစုပေါင်း ကုန်ကျစရိတ်ကို မသတ်မှတ်ရသေးပေမယ့်လည်း အဲဒီဝယ်ယူမှုအတွက် ယူရို(၁)ဘီလျံခန့် ဘတ်ဂျက်လျာထားတယ်လို့ သိရပါတယ်။ ဒါ့ပြင် အီတလီထုတ်တိုက်လေယာဉ်တွေကို လေယာဉ်မှူးလေ့ကျင့်ရေး၊ မြေပြင်တပ်ဖွဲ့တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် အထောက်အပံ့အဖြစ် အသုံးပြုသွားမယ်လို့ ဩစတြီးယားအစိုးရက ပြောကြားခဲ့ပါတယ်။
Zawgyi Version;
ဩစႀတီးယားက အီတလီထုတ္တိုက္ေလယာဥ္ေတြ ဝယ္ယူမယ္
Pika (NP News) - ဒီဇင္ဘာ ၂၉
ဩစႀတီးယားႏိုင္ငံဟာ ၂၀၂၀ ျပည့္ႏွစ္ကုန္ပိုင္းမွာ ရပ္နားပစ္လိုက္တဲ့ Saab 105 ေလယာဥ္ေတြရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အီတလီထုတ္ M-346 FA တိုက္ေလယာဥ္(၁၂)စင္းကို ဝယ္ယူဖို႔စီစဥ္ေနတယ္လို႔ ဩစႀတီးယား အစိုးရက ဒီဇင္ဘာလ(၂၈)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဩစႀတီးယားအစိုးရဟာ အီတလီႏိုင္ငံမွာ အေျခစိုက္တဲ့ Leonardo ကုမၸဏီက ထုတ္လုပ္တဲ့ တိုက္ေလယာဥ္ေတြအတြက္ အီတလီကာကြယ္ေရးဝန္ႀကီးဌာန နဲ႔ လက္မွတ္ေရးထိုးႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ အဲဒီသေဘာတူစာခ်ဳပ္ကို အီတလီအစိုးရနဲ႔ ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ ဩစႀတီးယားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အီတလီထုတ္ တိုက္ေလယာဥ္ေတြကို ဝယ္ယူဖို႔အတြက္ စီစဥ္ထားတယ္ဆိုတာကို ဩစႀတီးယားကာကြယ္ေရးဝန္ႀကီးဌာနက အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။
အဲဒီသေဘာတူညီခ်က္ဟာ ဩစႀတီးယားနဲ႔ အီတလီၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြ အားေကာင္းလာတာကို ျပသေနတာျဖစ္တယ္လို႔ ဩစႀတီးယား အဓိပတိကားလ္နီဟမ္းမား က ေျပာၾကားခဲ့ပါတယ္။ ၎က "ဒီသေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး သိသာထင္ရွားတဲ့ပံ့ပိုးကူညီမႈေတြ လုပ္ေဆာင္ေပးခဲ့တဲ့ အီတလီဝန္ႀကီးခ်ဳပ္ ေဂ်ာ္ဂ်ီယာမယ္လိုနီကို ကြၽန္ေတာ္ အထူးေက်းဇူးတင္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ဩစႀတီးယားအစိုးရဟာ အီတလီထုတ္တိုက္ေလယာဥ္ေတြဝယ္ယူမႈအတြက္ စုစုေပါင္း ကုန္က်စရိတ္ကို မသတ္မွတ္ရေသးေပမယ့္လည္း အဲဒီဝယ္ယူမႈအတြက္ ယူ႐ို(၁)ဘီလ်ံခန႔္ ဘတ္ဂ်က္လ်ာထားတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အီတလီထုတ္တိုက္ေလယာဥ္ေတြကို ေလယာဥ္မႉးေလ့က်င့္ေရး၊ ေျမျပင္တပ္ဖြဲ႕ေတြနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးအတြက္ အေထာက္အပံ့အျဖစ္ အသုံးျပဳသြားမယ္လို႔ ဩစႀတီးယားအစိုးရက ေျပာၾကားခဲ့ပါတယ္။