ဖြူဖြူထွေးရဲ့ မယ်တော်ဟောင်စု ပြဿနာနဲ့ ဒီမိုကရေစီ

 234

မြူနစ် (NP News) - ဒီဇင်ဘာ ၃ဝ

“ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘဝ” ခေါင်းစဉ်စာသားဖြင့် အွန်လိုင်းဆယ်လီတစ်ဦးဖြစ်သူ ဖြူဖြူထွေးသည် ရုပ်သံဖိုင်တစ်ခုကို ယခုရက်ပိုင်း ဒီဇင်ဘာ(၂၃)ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ထုတ်လွှင့်ပြသခဲ့ သည်။ ယင်းကဲ့သို့ ထုတ်လွှင့် ပြသခဲ့သောရုပ်သံဖိုင်သည် ‘‘ဟောင်စု” အမည်ရှိ ဆေးပရုတ်ဆီကြော်ငြာပင် ဖြစ်သည်။
အဆိုပါရုပ်သံကြော်ငြာသည် နာရီပိုင်းအတွင်း၌ပင် ကြည့်ရှုသူအများအပြားရှိလာမှုနှင့်အတူ စွပ်စွဲဝေဖန်မှုများ သည်လည်း တစ်ပြိုင်နက်တည်းဆို သကဲ့သို့ များပြားလာခဲ့၏။ စွပ်စွဲဝေဖန်မှုများပြားလာ ရခြင်းအကြောင်းသည် ဤသို့ဖြစ်၏။ ရုပ်သံကြော်ငြာ ထဲ၌ပါဝင်သော ‘မယ်တော်ဟောင်စု’ဆိုသည့် စကားလုံး အသုံးအနှုန်း၊ ‘၇၉’အသုံးအနှုန်း နှင့် မယ်တော်ဟောင်စုခေါ် ဖြူဖြူထွေး၏ ဝတ်စားဆင်ယင်မှုနှင့် ပန်းပန်သည့် ပုံစံများသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုတ်ခတ်သည်ဟုဆိုကာ စွပ်စွဲဝေဖန်နေကြ ခြင်းပင်ဖြစ်သည်။
ထိုသို့ စွပ်စွဲဝေဖန်မှုများလာခြင်းနှင့်တစ် ပြိုင်နက် နောက်တစ်ဖက်တွင်လည်း ဆယ်လီ ဖြူဖြူထွေးအပေါ် ခြိမ်းခြောက်ကာ ရေးသားဖြန့်ချိလာမှု များကိုလည်း ထပ်မံတွေ့ရှိရပြန်သည်။ အုပ်စုလိုက်အနိုင်ကျင့်လေ သလားဟု ပင် ရုတ်တရက် ထင်မှတ်ရသည်။
ရန်ကုန်မြို့တွင် လုပ်ကြံသတ်ဖြတ်မှုနှင့် ဖောက်ခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်လေ့ရှိသော Dark Shadow အဖွဲ့ဝင်ဟုယူဆရသည့် Chan Nyein Thu အမည်ရှိအကောင့်ပိုင်ရှင်သည် အွန်လိုင်းဆယ်လီ ဖြူဖြူထွေးကို ခြိမ်းခြောက် စာပေးပို့ ရေးသားခဲ့သည်ကိုတွေ့ရသည်။
အဆိုပါ Chan Nyein Thu ပေးပို့သည့် ခြိမ်းခြောက်စာထဲတွင် ဖြူဖြူထွေး၏ နေအိမ်၊ ကား၊ သူ့အစ်ကို၏ ဝပ်ရှော့တို့ကို သိရှိကြောင်း၊ နေထိုင်သွား လာမှုဂရုစိုက်ရန်အပါအဝင် “နောက်မှ အပြစ်မပြောရန်” တို့ဖြင့် ရေးသား သည် ကိုတွေ့ရသည်။
ပြီးခဲ့သောကာလများတွင် ရန်ကုန်မြို့၌ အဆိုတော်လီလီနိုင်ကျော်သည် PDF အဖွဲ့၏ စွပ်စွဲလုပ် ကြံသတ်ဖြတ်မှု ကိုခံခဲ့ရသကဲ့သို့ နာမည်ကြီး အနုပညာရှင် အကယ်ဒမီရန်အောင်သည် မိုင်းခွဲခြိမ်းခြောက် ခံခဲ့ရသည့်ဖြစ်စဉ်မျိုးဖြင့် ကြုံတွေ့ခဲ့ရဖူးသည်။ အလားတူ ‘ရွှေတင်’အမည်ရှိ လူမှုကွန်ရက်စာမျက် နှာတစ်ခုကလည်း ‘ဖြူဖြူထွေးကို နှုတ်ခမ်း နီဆိုးပေးမယ့် ဘယ်အဖွဲ့မဆို သိန်း(၃၀) ဂုဏ်ပြုမယ်’ဟု ရေးသားခြိမ်းခြောက်ထားသည်ကို ထပ်မံတွေ့ရပြန်သကဲ့သို့ BLACK HERO UG PDF အမည်နှင့် ဖြူဖြူထွေး၏အသက်အန္တရာယ်ကို ခြိမ်းခြောက်ထား သည်ကိုလည်း တွေ့ရပြန်သည်။
ယင်းကဲ့သို့အခြေအနေများဖြင့် ကြုံတွေ့နေရသော ဖြူဖြူထွေးသည် အဆိုပါရုပ်သံကြော်ငြာကို ဇာတ်òန်းရေး သားပေးသူနှင့်အတူ ဒီဇင်ဘာ (၂၅) ရက်တွင် ရုပ်သံဖိုင်နှင့်တကွ ပြန်လည်ဖြေရှင်းကာ တောင်းပန်လာသည်ကို တွေ့ရသည်။ ‘ဟောင်စုဆေး ပရုတ်ဆီ’ရုပ်သံကြော်ငြာတွင် ဇာတ်òန်းရေးသားသူက ‘ဘာရည်ရွယ်ချက်မှ ဘယ်လိုမျိုး ရည်ရွယ်ချက်မှ မရှိပါဘူး။ ဒါ မှန်သောသစ္စာစကားပါ။ ကျွန်တော့်ကြောင့်၊ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကြောင့် တစ်စုံတစ်ဦး ထိခိုက်နစ်နာသွားခဲ့သည့်ရှိသော် ဒီနေရာကနေ အများကြီးတောင်းပန်ပါတယ်။ လုံးဝ၊ လုံးဝ ထိခိုက်စေ လိုတဲ့ဆန္ဒမရှိပါဘူးလို့ သစ္စာဆိုရဲပါတယ်။ ကျွန်တော်တို့ ရိုးရိုးသားသားလေးဖန်တီးခဲ့တာပါ။ ဘာရည်ရွယ်ချက်မှ မရှိပါဘူး’ဟု ပြန်လည်ဖြေရှင်း ကာ တောင်းပန်ထားသည်။
အလားတူ အွန်လိုင်းဆယ်လီ ဖြူဖြူထွေးကလည်း ‘ဒီကြော်ငြာလေးကိုလည်း ဆိုရှယ်မီဒီယာ ပေါ်မှာ အကုန်လုံး ကိုဖျက်လိုက်ပါပြီ။ ဒီဗီဒီယိုဖိုင်လေးကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့လူတွေအားလုံးကို သမီးအနေနဲ့ အနူး အညွတ် ကန်တော့ပြီးတော့ တောင်းပန်အပ်ပါတယ်ရှင်’ဟု ဖြေရှင်းထားသည်။
ဤရုပ်သံကြော်ငြာနှင့်ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုဝေဖန်နေမှုများအပေါ် မပြောဆိုလိုသော် လည်း လူတစ်ဦး၏ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်အပေါ် ခြိမ်းခြောက်ပြောဆိုရေးသားနေမှုများကို မလုပ်သင့်ကြောင်း နိုင်ငံရေးအသိုင်း အဝိုင်းက ထောက်ပြနေကြသည်။
‘ဒီဟာလေးနဲ့ ဒီလိုမျိုး ဆတ်ဆတ်ထိမခံ တာမျိုးက မလုပ်အပ်ဘူးပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရရင်။ လူသတ် တာလည်းမဟုတ်ဘူး။ ပြန်ပေးဆွဲ တာလည်းမဟုတ်ဘူး။ တစ်ဖက်သားအပေါ်မှာ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ခြိမ်းခြောက်တာ မျိုးကတော့ မလုပ်အပ်ဘူး။ ဒါလေးတွေကတော့ မမြင်ရတဲ့အဖွဲ့အစည်းပေါ့ဗျာ။ တစ်ဖက်က အနုပညာ ရှင်တွေဘက်ကလည်း စိုးရိမ်ကြမှာပေါ့’ဟု ရခိုင့်ဦး ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က NP News ကို ပြောသည်။
ဆက်လက်ပြီး ဒေါက်တာအေးမောင်က “အဲဒါကြောင့်လည်း ဒီဖြစ်စဉ်အပေါ်မှာ သံသယဝင် တဲ့ဘက်ရော၊ အခုနက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သရုပ်ဆောင်ပေးရတဲ့ဘက်ရော အားလုံးကပြေငြိမ်းပေး ကြဖို့လိုတာပေါ့။ ဟိုဘက်က အဓိပ္ပာယ်တစ်မျိုးဖွင့်ရင်လည်းပဲ သရုပ်ဆောင်ခဲ့ကြတဲ့ဘက်ကလည်းပဲ ဒါမျိုးမဟုတ်ဘူးလို့ တောင်းပန်တာဟာ နှစ်ဖက်လုံးကျေ အေးခြင်းအတွက် ကောင်းမွန်တယ်လို့ သုံးသပ်ပါတယ်”ဟု ထပ်မံပြောသည်။
ထို့ပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၏ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းကလည်း ခြိမ်းခြောက်စာများ ရေးသားပေးပို့ ခြင်းသည် ကြီးနိုင်ငယ်ညှဉ်းနည်းဖြင့် အာဏာအလွဲသုံးစားလုပ်ခြင်းဖြစ်သည့်အတွက် ခြိမ်းခြောက်ခြင်းမျိုးမလုပ်သင့် ကြောင်း ဝေဖန်ထောက်ပြထားသည်။
‘ဒီမိုကရေစီလို့အော်နေတဲ့ လူတစ်ယောက်က ခြိမ်းခြောက်စာတွေရေးတယ်ဆိုတာက ဒါကတော့ဗျာ ကြီးနိုင် ငယ်ညှဉ်းလုပ်တာ၊ အာဏာ အလွဲသုံးစားလုပ်တာ။ ခြိမ်းခြောက်စာတွေ လုပ်စရာ မလိုဘူးလေဗျာ။ မကျေနပ်ရင် တရားစွဲ လိုက်ပေါ့။ ဒါပဲရှိတယ်လေ။ မကျေနပ်လို့ ပုတ်ခတ်တယ်ထင်ရင် တရားစွဲလိုက်ပေါ့။ တရားရုံးကရှင်းလိမ့်မယ်။ ခြိမ်း ခြောက်စရာမလိုပါဘူး။ ခြိမ်းခြောက်တာလုပ်တာက မှားတာပေါ့’ဟု ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက ပြောသည်။
ထို့ပြင် အနုပညာရှင်များအပါအဝင် ဆယ်လီများအနေဖြင့် နိုင်ငံရေးကြားထဲတွင် ဝင်ရောက်မ ပါဝင်သင့်ဘဲ အနုပညာအလုပ်ကိုသာ အာရုံစိုက်လုပ် ဆောင်သင့်ကြောင်း ဦးရန်နိုင်ဝင်းက ထပ်မံအကြံ ပြုထားသည်။
“ကျွန်တော်တို့ ပြောရရင်တော့ဗျာ ဘာကို စပြောရမလဲဆိုတော့ ဖြူဖြူထွေးက သူလည်းအနု ပညာလုပ်ငန်းတွေ လုပ်လာတာကြာပြီဗျ။ သူသည် လူမှုရေး၊ ဘာညာလုပ်တာလည်း နားလည်တယ်။ အနုပညာသမားက အနုပညာအလုပ်ပဲ လုပ်တာ ကောင်းတယ်ဗျ။ ဒါမှ စစ်မှန်တဲ့အနုပညာဖြစ်မှာပေါ့ဗျာ။ နိုင်ငံရေးကြားထဲမှာ ဘယ်ဆယ်လီမှ ဝင်မပါသင့် ဘူးဗျ။ သူ့အနုပညာအလုပ်ကိုသာ သူလုပ်ရမယ်။ ဟိုဘက်၊ ဒီဘက်ကိစ္စတွေမှာ ဝင်မပါသင့်ဘူးလို့ ကျွန် တော်မြင် တာပေါ့ဗျာ။ ပြီးခဲ့တဲ့အချိန်တွေမှာလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီဆယ်လီတွေဝင်ပါလို့ အခုနိုင်ငံကြီးက ဒီလိုဖြစ် သွားတာလေဗျာ။ သူတို့တွေ ဝိုင်းမြှောက်ပေးလို့ပေါ့။ ဥပမာ အိန္ဒြာကျော်ဇင်တို့ဆိုရင် ထထအော်တယ်ဗျာ။ ရုံးမတက်နဲ့ ရုန်းထွက်တို့၊ လူမင်းတို့လိုမျိုးပေါ့။ သူတို့အနုပညာပဲ သူတို့လုပ်ရမှာ လေ။ ဒါပေမဲ့ နိုင်ငံရေးကိစ္စတွေမှာ သူ့အမြင်နဲ့ ပြည် သူကိုလုပ်နေတဲ့ဟာတွေက မကောင်းဘူးပေါ့ဗျာ။ အနုပညာသမားဆိုရင် အနုပညာကိုပဲ သေသေချာချာ လုပ်သင့်တယ် လို့ အကြံပေးချင်တယ်။ အနုပညာအ လုပ်ကိုသာ တန်ဖိုးထားသင့်တယ်။ အဲဒီလိုတော့ မြင်ပါတယ်”ဟု ၎င်းက အကြံပြုထားသည်။
မယ်တော်ဟောင်စုခေါ် ဖြူဖြူထွေးအပေါ် ခြိမ်းခြောက်ပြောဆိုရေးသားနေမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် NP News က အနုပညာရှင်အချို့ကို ဆက်သွယ်မေးမြန်း ခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆန်သူ များရှိခဲ့သည်ကိုတွေ့ရသည်။
လူမှုကွန်ရက်စာမျက်နှာများတွင် ရုပ်သံဇာတ်လမ်း၊ ရုပ်သံကြော်ငြာများကို ရိုက်ကူးပြသနေ သူများအနေဖြင့် ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းထားသော ရုပ်ရှင်ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက ယခုလိုအကြံပြုထားသည်။
‘ဥပဒေမှာ ရိုက်ကူးရေးပိုင်းတင်ရမှာတို့၊ လိုင်စင်တွေတို့ အများကြီးလုပ်ရမှာ။ အဲဒီတော့ ရုပ်ရှင်ဥပဒေကို ဂရုစိုက်ကြဖို့၊ စည်းကမ်းကို ထိန်းသိမ်းကြဖို့။ ကျွန်တော်တော့ အဲဒီလိုအကြံပေးချင်တယ်။ အခုသူက ရိုက်ကူးခွင့်လည်း မတင်ဘူး။ ဆင်ဆာ လည်းမတင်ဘူး။ အဲဒါမျိုးလေးတွေလိုတယ်။ ရုပ်ရှင် ဥပဒေက ပြင်လိုက်ပြီလေ။ အဲဒီအထဲမှာ အွန်လိုင်း တွေလည်းပါတယ်။ ဥပဒေအတိုင်း ရိုက်ကူးခွင့်တင်ရ မယ်။ ဆင်ဆာတင်ရမယ်။ အဲဒါမှ ကျွန်တော်တို့က ကာကွယ်ပေးလို့ရမှာ။ အခုတော့ သူတို့ဘာသာသူတို့ ထင်ရာတွေလုပ်နေကြတာ။ အဲဒီလိုဖြစ်နေကြတာ”ဟု ဦးကြည် စိုးထွန်းကပြောသည်။
မြန်မာနိုင်ငံတွင် (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီ လမှစ၍ နိုင်ငံရေးအပြောင်းအလဲ စတင်ဖြစ်ပွားလာမှုနှင့်အတူ ရုပ်ရှင်အနုပညာလုပ်ငန်းများကို ရပ်တန့်ခဲ့ သည့် အနုပညာရှင်များရှိခဲ့သကဲ့သို့ ရာဇသတ်ကြီးပုဒ် မဖြင့်ဖမ်းဆီးခံခဲ့ရသော အနုပညာရှင်များလည်းရှိခဲ့ဖူးသည်။ လက်ရှိတွင် ဖမ်းဆီးခံခဲ့ရသည့် အနုပညာရှင် အားလုံးနီးပါး ပြန်လည်လွတ်မြောက် လာပြီးနောက် အနုပညာလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လုပ် ကိုင်နေကြသည်ကိုလည်း တွေ့ရသည်။
အဆိုပါအနုပညာလုပ်ငန်းများသည် ပုံမှန်အတိုင်းလည်ပတ်နေပြီးဖြစ်သော်လည်း (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းတွင်ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်နေသော အနုပညာရှင်များ သည်လည်း ယခု ထက်တိုင် ရှိနေဆဲပင်ဖြစ်သည်။
‘ကျီစားသလား’သီချင်းအမည်ဖြင့် နာမည်ကြီးဖူးသော အဆိုတော်လီလီနိုင်ကျော်သည် (၂၀၂၃) ခုနှစ် မေလကုန် ပိုင်းတွင် PDF အဖွဲ့၏ စွပ်စွဲလုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုသို့ လုပ်ကြံသတ်ဖြတ်ခဲ့မှုအပေါ် မြန်မာနိုင်ငံဂီတ အစည်း အရုံး(ဗဟို)အပါအဝင် အဖွဲ့အစည်းအသီးသီးက ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်မှုများ ရှိခဲ့ဖူး သည်။
လက်ရှိမြန်မာနိုင်ငံတွင် လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက အကြောင်းအမျိုးမျိုးဖြင့် စွပ်စွဲသတ်ဖြတ် နေမှုများကြောင့် အရပ်သားပြည်သူ တစ်သောင်းနီးပါး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့် စွပ်စွဲသတ်ဖြတ်ခံခဲ့ရသော ဖြစ်စဉ်အများအပြားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ် အားလုံးနီးပါးတွင်ဖြစ်ပွားခဲ့သည်ကို ဖြစ်စဉ်များ အရတွေ့ရသည်။
ထို့ကြောင့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် လူတစ်ဦး၏မွေးရာပါအသက်ရှင် သန်ခွင့်ကို အထူးအလေးအနက်ထားရန် လိုအပ်ပေ မည်ဖြစ်သည်။ အထူးသဖြင့် ‘ဒီမိုကရေစီ’ဆိုသည့် စကားလုံးကို အကြောင်းပြ အသုံးချကာ အနုပညာရှင်၊ ဆယ်လီအပါအဝင် အရပ်သားပြည်သူများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ခြိမ်းခြောက်၊ အကြမ်း ဖက်သတ်ဖြတ်နေသောလုပ်ရပ်များသည် ဒီမိုကရေ စီနှင့် လားလားမျှမသက်ဆိုင်ပေ။ ဒီမိုကရေစီအမည်ခံ ကာ အုပ်စုလိုက်၊ အဖွဲ့လိုက် အကြမ်းဖက်နေခြင်းပင်။

Zawgyi Version;
ျဖဴျဖဴေထြးရဲ႕ မယ္ေတာ္ေဟာင္စု ျပႆနာနဲ႔ ဒီမိုကေရစီ
ျမဴနစ္ (NP News) - ဒီဇင္ဘာ ၃ဝ

“ၿခံစည္း႐ိုးႀကီး မယ္ေတာ္ေဟာင္စုဘဝ” ေခါင္းစဥ္စာသားျဖင့္ အြန္လိုင္းဆယ္လီတစ္ဦးျဖစ္သူ ျဖဴျဖဴေထြးသည္ ႐ုပ္သံဖိုင္တစ္ခုကို ယခုရက္ပိုင္း ဒီဇင္ဘာ(၂၃)ရက္တြင္ ၎၏ လူမႈကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္ ထုတ္လႊင့္ျပသခဲ့ သည္။ ယင္းကဲ့သို႔ ထုတ္လႊင့္ ျပသခဲ့ေသာ႐ုပ္သံဖိုင္သည္ ‘‘ေဟာင္စု” အမည္ရွိ ေဆးပ႐ုတ္ဆီေၾကာ္ျငာပင္ ျဖစ္သည္။
အဆိုပါ႐ုပ္သံေၾကာ္ျငာသည္ နာရီပိုင္းအတြင္း၌ပင္ ၾကည့္ရႈသူအမ်ားအျပားရွိလာမႈႏွင့္အတူ စြပ္စြဲေဝဖန္မႈမ်ား သည္လည္း တစ္ၿပိဳင္နက္တည္းဆို သကဲ့သို႔ မ်ားျပားလာခဲ့၏။ စြပ္စြဲေဝဖန္မႈမ်ားျပားလာ ရျခင္းအေၾကာင္းသည္ ဤသို႔ျဖစ္၏။ ႐ုပ္သံေၾကာ္ျငာ ထဲ၌ပါဝင္ေသာ ‘မယ္ေတာ္ေဟာင္စု’ဆိုသည့္ စကားလုံး အသုံးအႏႈန္း၊ ‘၇၉’အသုံးအႏႈန္း ႏွင့္ မယ္ေတာ္ေဟာင္စုေခၚ ျဖဴျဖဴေထြး၏ ဝတ္စားဆင္ယင္မႈႏွင့္ ပန္းပန္သည့္ ပုံစံမ်ားသည္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ပုတ္ခတ္သည္ဟုဆိုကာ စြပ္စြဲေဝဖန္ေနၾက ျခင္းပင္ျဖစ္သည္။
ထိုသို႔ စြပ္စြဲေဝဖန္မႈမ်ားလာျခင္းႏွင့္တစ္ ၿပိဳင္နက္ ေနာက္တစ္ဖက္တြင္လည္း ဆယ္လီ ျဖဴျဖဴေထြးအေပၚ ၿခိမ္းေျခာက္ကာ ေရးသားျဖန႔္ခ်ိလာမႈ မ်ားကိုလည္း ထပ္မံေတြ႕ရွိရျပန္သည္။ အုပ္စုလိုက္အႏိုင္က်င့္ေလ သလားဟု ပင္ ႐ုတ္တရက္ ထင္မွတ္ရသည္။
ရန္ကုန္ၿမိဳ႕တြင္ လုပ္ႀကံသတ္ျဖတ္မႈႏွင့္ ေဖာက္ခြဲတိုက္ခိုက္မႈမ်ားကို လုပ္ေဆာင္ေလ့ရွိေသာ Dark Shadow အဖြဲ႕ဝင္ဟုယူဆရသည့္ Chan Nyein Thu အမည္ရွိအေကာင့္ပိုင္ရွင္သည္ အြန္လိုင္းဆယ္လီ ျဖဴျဖဴေထြးကို ၿခိမ္းေျခာက္ စာေပးပို႔ ေရးသားခဲ့သည္ကိုေတြ႕ရသည္။
အဆိုပါ Chan Nyein Thu ေပးပို႔သည့္ ၿခိမ္းေျခာက္စာထဲတြင္ ျဖဴျဖဴေထြး၏ ေနအိမ္၊ ကား၊ သူ႔အစ္ကို၏ ဝပ္ေရွာ့တို႔ကို သိရွိေၾကာင္း၊ ေနထိုင္သြား လာမႈဂ႐ုစိုက္ရန္အပါအဝင္ “ေနာက္မွ အျပစ္မေျပာရန္” တို႔ျဖင့္ ေရးသား သည္ ကိုေတြ႕ရသည္။
ၿပီးခဲ့ေသာကာလမ်ားတြင္ ရန္ကုန္ၿမိဳ႕၌ အဆိုေတာ္လီလီႏိုင္ေက်ာ္သည္ PDF အဖြဲ႕၏ စြပ္စြဲလုပ္ ႀကံသတ္ျဖတ္မႈ ကိုခံခဲ့ရသကဲ့သို႔ နာမည္ႀကီး အႏုပညာရွင္ အကယ္ဒမီရန္ေအာင္သည္ မိုင္းခြဲၿခိမ္းေျခာက္ ခံခဲ့ရသည့္ျဖစ္စဥ္မ်ိဳးျဖင့္ ႀကဳံေတြ႕ခဲ့ရဖူးသည္။ အလားတူ ‘ေ႐ႊတင္’အမည္ရွိ လူမႈကြန္ရက္စာမ်က္ ႏွာတစ္ခုကလည္း ‘ျဖဴျဖဴေထြးကို ႏႈတ္ခမ္း နီဆိုးေပးမယ့္ ဘယ္အဖြဲ႕မဆို သိန္း(၃၀) ဂုဏ္ျပဳမယ္’ဟု ေရးသားၿခိမ္းေျခာက္ထားသည္ကို ထပ္မံေတြ႕ရျပန္သကဲ့သို႔ BLACK HERO UG PDF အမည္ႏွင့္ ျဖဴျဖဴေထြး၏အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ထား သည္ကိုလည္း ေတြ႕ရျပန္သည္။
ယင္းကဲ့သို႔အေျခအေနမ်ားျဖင့္ ႀကဳံေတြ႕ေနရေသာ ျဖဴျဖဴေထြးသည္ အဆိုပါ႐ုပ္သံေၾကာ္ျငာကို ဇာတ္òန္းေရး သားေပးသူႏွင့္အတူ ဒီဇင္ဘာ (၂၅) ရက္တြင္ ႐ုပ္သံဖိုင္ႏွင့္တကြ ျပန္လည္ေျဖရွင္းကာ ေတာင္းပန္လာသည္ကို ေတြ႕ရသည္။ ‘ေဟာင္စုေဆး ပ႐ုတ္ဆီ’႐ုပ္သံေၾကာ္ျငာတြင္ ဇာတ္òန္းေရးသားသူက ‘ဘာရည္႐ြယ္ခ်က္မွ ဘယ္လိုမ်ိဳး ရည္႐ြယ္ခ်က္မွ မရွိပါဘူး။ ဒါ မွန္ေသာသစၥာစကားပါ။ ကြၽန္ေတာ့္ေၾကာင့္၊ ကြၽန္ေတာ္တို႔ ေမာင္ႏွမႏွစ္ေယာက္ေၾကာင့္ တစ္စုံတစ္ဦး ထိခိုက္နစ္နာသြားခဲ့သည့္ရွိေသာ္ ဒီေနရာကေန အမ်ားႀကီးေတာင္းပန္ပါတယ္။ လုံးဝ၊ လုံးဝ ထိခိုက္ေစ လိုတဲ့ဆႏၵမရွိပါဘူးလို႔ သစၥာဆိုရဲပါတယ္။ ကြၽန္ေတာ္တို႔ ႐ိုး႐ိုးသားသားေလးဖန္တီးခဲ့တာပါ။ ဘာရည္႐ြယ္ခ်က္မွ မရွိပါဘူး’ဟု ျပန္လည္ေျဖရွင္း ကာ ေတာင္းပန္ထားသည္။
အလားတူ အြန္လိုင္းဆယ္လီ ျဖဴျဖဴေထြးကလည္း ‘ဒီေၾကာ္ျငာေလးကိုလည္း ဆိုရွယ္မီဒီယာ ေပၚမွာ အကုန္လုံး ကိုဖ်က္လိုက္ပါၿပီ။ ဒီဗီဒီယိုဖိုင္ေလးေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္သြားတဲ့လူေတြအားလုံးကို သမီးအေနနဲ႔ အႏူး အၫြတ္ ကန္ေတာ့ၿပီးေတာ့ ေတာင္းပန္အပ္ပါတယ္ရွင္’ဟု ေျဖရွင္းထားသည္။
ဤ႐ုပ္သံေၾကာ္ျငာႏွင့္ပတ္သက္၍ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုေဝဖန္ေနမႈမ်ားအေပၚ မေျပာဆိုလိုေသာ္ လည္း လူတစ္ဦး၏ လြတ္လပ္စြာ အသက္ရွင္သန္ခြင့္အေပၚ ၿခိမ္းေျခာက္ေျပာဆိုေရးသားေနမႈမ်ားကို မလုပ္သင့္ေၾကာင္း ႏိုင္ငံေရးအသိုင္း အဝိုင္းက ေထာက္ျပေနၾကသည္။
‘ဒီဟာေလးနဲ႔ ဒီလိုမ်ိဳး ဆတ္ဆတ္ထိမခံ တာမ်ိဳးက မလုပ္အပ္ဘူးေပါ့ဗ်ာ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္။ လူသတ္ တာလည္းမဟုတ္ဘူး။ ျပန္ေပးဆြဲ တာလည္းမဟုတ္ဘူး။ တစ္ဖက္သားအေပၚမွာ အသက္အႏၲရာယ္ေပးႏိုင္တဲ့အထိ ၿခိမ္းေျခာက္တာ မ်ိဳးကေတာ့ မလုပ္အပ္ဘူး။ ဒါေလးေတြကေတာ့ မျမင္ရတဲ့အဖြဲ႕အစည္းေပါ့ဗ်ာ။ တစ္ဖက္က အႏုပညာ ရွင္ေတြဘက္ကလည္း စိုးရိမ္ၾကမွာေပါ့’ဟု ရခိုင့္ဦး ေဆာင္ပါတီဥကၠ႒ ေဒါက္တာေအးေမာင္က NP News ကို ေျပာသည္။
ဆက္လက္ၿပီး ေဒါက္တာေအးေမာင္က “အဲဒါေၾကာင့္လည္း ဒီျဖစ္စဥ္အေပၚမွာ သံသယဝင္ တဲ့ဘက္ေရာ၊ အခုနက ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ သ႐ုပ္ေဆာင္ေပးရတဲ့ဘက္ေရာ အားလုံးကေျပၿငိမ္းေပး ၾကဖို႔လိုတာေပါ့။ ဟိုဘက္က အဓိပၸာယ္တစ္မ်ိဳးဖြင့္ရင္လည္းပဲ သ႐ုပ္ေဆာင္ခဲ့ၾကတဲ့ဘက္ကလည္းပဲ ဒါမ်ိဳးမဟုတ္ဘူးလို႔ ေတာင္းပန္တာဟာ ႏွစ္ဖက္လုံးေက် ေအးျခင္းအတြက္ ေကာင္းမြန္တယ္လို႔ သုံးသပ္ပါတယ္”ဟု ထပ္မံေျပာသည္။
ထို႔ျပင္ ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီ၏ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းကလည္း ၿခိမ္းေျခာက္စာမ်ား ေရးသားေပးပို႔ ျခင္းသည္ ႀကီးႏိုင္ငယ္ညႇဥ္းနည္းျဖင့္ အာဏာအလြဲသုံးစားလုပ္ျခင္းျဖစ္သည့္အတြက္ ၿခိမ္းေျခာက္ျခင္းမ်ိဳးမလုပ္သင့္ ေၾကာင္း ေဝဖန္ေထာက္ျပထားသည္။
‘ဒီမိုကေရစီလို႔ေအာ္ေနတဲ့ လူတစ္ေယာက္က ၿခိမ္းေျခာက္စာေတြေရးတယ္ဆိုတာက ဒါကေတာ့ဗ်ာ ႀကီးႏိုင္ ငယ္ညႇဥ္းလုပ္တာ၊ အာဏာ အလြဲသုံးစားလုပ္တာ။ ၿခိမ္းေျခာက္စာေတြ လုပ္စရာ မလိုဘူးေလဗ်ာ။ မေက်နပ္ရင္ တရားစြဲ လိုက္ေပါ့။ ဒါပဲရွိတယ္ေလ။ မေက်နပ္လို႔ ပုတ္ခတ္တယ္ထင္ရင္ တရားစြဲလိုက္ေပါ့။ တရား႐ုံးကရွင္းလိမ့္မယ္။ ၿခိမ္း ေျခာက္စရာမလိုပါဘူး။ ၿခိမ္းေျခာက္တာလုပ္တာက မွားတာေပါ့’ဟု ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းက ေျပာသည္။
ထို႔ျပင္ အႏုပညာရွင္မ်ားအပါအဝင္ ဆယ္လီမ်ားအေနျဖင့္ ႏိုင္ငံေရးၾကားထဲတြင္ ဝင္ေရာက္မ ပါဝင္သင့္ဘဲ အႏုပညာအလုပ္ကိုသာ အာ႐ုံစိုက္လုပ္ ေဆာင္သင့္ေၾကာင္း ဦးရန္ႏိုင္ဝင္းက ထပ္မံအႀကံ ျပဳထားသည္။
“ကြၽန္ေတာ္တို႔ ေျပာရရင္ေတာ့ဗ်ာ ဘာကို စေျပာရမလဲဆိုေတာ့ ျဖဴျဖဴေထြးက သူလည္းအႏု ပညာလုပ္ငန္းေတြ လုပ္လာတာၾကာၿပီဗ်။ သူသည္ လူမႈေရး၊ ဘာညာလုပ္တာလည္း နားလည္တယ္။ အႏုပညာသမားက အႏုပညာအလုပ္ပဲ လုပ္တာ ေကာင္းတယ္ဗ်။ ဒါမွ စစ္မွန္တဲ့အႏုပညာျဖစ္မွာေပါ့ဗ်ာ။ ႏိုင္ငံေရးၾကားထဲမွာ ဘယ္ဆယ္လီမွ ဝင္မပါသင့္ ဘူးဗ်။ သူ႔အႏုပညာအလုပ္ကိုသာ သူလုပ္ရမယ္။ ဟိုဘက္၊ ဒီဘက္ကိစၥေတြမွာ ဝင္မပါသင့္ဘူးလို႔ ကြၽန္ ေတာ္ျမင္ တာေပါ့ဗ်ာ။ ၿပီးခဲ့တဲ့အခ်ိန္ေတြမွာလည္း ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ဒီဆယ္လီေတြဝင္ပါလို႔ အခုႏိုင္ငံႀကီးက ဒီလိုျဖစ္ သြားတာေလဗ်ာ။ သူတို႔ေတြ ဝိုင္းေျမႇာက္ေပးလို႔ေပါ့။ ဥပမာ အိျႏၵာေက်ာ္ဇင္တို႔ဆိုရင္ ထထေအာ္တယ္ဗ်ာ။ ႐ုံးမတက္နဲ႔ ႐ုန္းထြက္တို႔၊ လူမင္းတို႔လိုမ်ိဳးေပါ့။ သူတို႔အႏုပညာပဲ သူတို႔လုပ္ရမွာ ေလ။ ဒါေပမဲ့ ႏိုင္ငံေရးကိစၥေတြမွာ သူ႔အျမင္နဲ႔ ျပည္ သူကိုလုပ္ေနတဲ့ဟာေတြက မေကာင္းဘူးေပါ့ဗ်ာ။ အႏုပညာသမားဆိုရင္ အႏုပညာကိုပဲ ေသေသခ်ာခ်ာ လုပ္သင့္တယ္ လို႔ အႀကံေပးခ်င္တယ္။ အႏုပညာအ လုပ္ကိုသာ တန္ဖိုးထားသင့္တယ္။ အဲဒီလိုေတာ့ ျမင္ပါတယ္”ဟု ၎က အႀကံျပဳထားသည္။
မယ္ေတာ္ေဟာင္စုေခၚ ျဖဴျဖဴေထြးအေပၚ ၿခိမ္းေျခာက္ေျပာဆိုေရးသားေနမႈမ်ားႏွင့္ပတ္သက္၍ တစ္စုံတစ္ရာ မွတ္ခ်က္ေပးရန္ NP News က အႏုပညာရွင္အခ်ိဳ႕ကို ဆက္သြယ္ေမးျမန္း ခဲ့ေသာ္လည္း မွတ္ခ်က္ေပးရန္ ျငင္းဆန္သူ မ်ားရွိခဲ့သည္ကိုေတြ႕ရသည္။
လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ႐ုပ္သံဇာတ္လမ္း၊ ႐ုပ္သံေၾကာ္ျငာမ်ားကို ႐ိုက္ကူးျပသေန သူမ်ားအေနျဖင့္ ျပန္လည္ျပင္ဆင္ျပ႒ာန္းထားေသာ ႐ုပ္ရွင္ဥပေဒႏွင့္အညီ လုပ္ကိုင္ေဆာင္႐ြက္ၾကရန္ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးၾကည္စိုးထြန္းက ယခုလိုအႀကံျပဳထားသည္။
‘ဥပေဒမွာ ႐ိုက္ကူးေရးပိုင္းတင္ရမွာတို႔၊ လိုင္စင္ေတြတို႔ အမ်ားႀကီးလုပ္ရမွာ။ အဲဒီေတာ့ ႐ုပ္ရွင္ဥပေဒကို ဂ႐ုစိုက္ၾကဖို႔၊ စည္းကမ္းကို ထိန္းသိမ္းၾကဖို႔။ ကြၽန္ေတာ္ေတာ့ အဲဒီလိုအႀကံေပးခ်င္တယ္။ အခုသူက ႐ိုက္ကူးခြင့္လည္း မတင္ဘူး။ ဆင္ဆာ လည္းမတင္ဘူး။ အဲဒါမ်ိဳးေလးေတြလိုတယ္။ ႐ုပ္ရွင္ ဥပေဒက ျပင္လိုက္ၿပီေလ။ အဲဒီအထဲမွာ အြန္လိုင္း ေတြလည္းပါတယ္။ ဥပေဒအတိုင္း ႐ိုက္ကူးခြင့္တင္ရ မယ္။ ဆင္ဆာတင္ရမယ္။ အဲဒါမွ ကြၽန္ေတာ္တို႔က ကာကြယ္ေပးလို႔ရမွာ။ အခုေတာ့ သူတို႔ဘာသာသူတို႔ ထင္ရာေတြလုပ္ေနၾကတာ။ အဲဒီလိုျဖစ္ေနၾကတာ”ဟု ဦးၾကည္ စိုးထြန္းကေျပာသည္။
ျမန္မာႏိုင္ငံတြင္ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီ လမွစ၍ ႏိုင္ငံေရးအေျပာင္းအလဲ စတင္ျဖစ္ပြားလာမႈႏွင့္အတူ ႐ုပ္ရွင္အႏုပညာလုပ္ငန္းမ်ားကို ရပ္တန႔္ခဲ့ သည့္ အႏုပညာရွင္မ်ားရွိခဲ့သကဲ့သို႔ ရာဇသတ္ႀကီးပုဒ္ မျဖင့္ဖမ္းဆီးခံခဲ့ရေသာ အႏုပညာရွင္မ်ားလည္းရွိခဲ့ဖူးသည္။ လက္ရွိတြင္ ဖမ္းဆီးခံခဲ့ရသည့္ အႏုပညာရွင္ အားလုံးနီးပါး ျပန္လည္လြတ္ေျမာက္ လာၿပီးေနာက္ အႏုပညာလုပ္ငန္းမ်ားကို ပုံမွန္အတိုင္း ျပန္လည္လုပ္ ကိုင္ေနၾကသည္ကိုလည္း ေတြ႕ရသည္။
အဆိုပါအႏုပညာလုပ္ငန္းမ်ားသည္ ပုံမွန္အတိုင္းလည္ပတ္ေနၿပီးျဖစ္ေသာ္လည္း (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းတြင္ေပၚေပါက္လာသည့္ လက္နက္ကိုင္အဖြဲ႕မ်ား၏ ၿခိမ္းေျခာက္မႈမ်ားႏွင့္ရင္ဆိုင္ေနေသာ အႏုပညာရွင္မ်ား သည္လည္း ယခု ထက္တိုင္ ရွိေနဆဲပင္ျဖစ္သည္။
‘က်ီစားသလား’သီခ်င္းအမည္ျဖင့္ နာမည္ႀကီးဖူးေသာ အဆိုေတာ္လီလီႏိုင္ေက်ာ္သည္ (၂၀၂၃) ခုႏွစ္ ေမလကုန္ ပိုင္းတြင္ PDF အဖြဲ႕၏ စြပ္စြဲလုပ္ႀကံသတ္ျဖတ္ျခင္းကို ခံခဲ့ရသည္။ ထိုသို႔ လုပ္ႀကံသတ္ျဖတ္ခဲ့မႈအေပၚ ျမန္မာႏိုင္ငံဂီတ အစည္း အ႐ုံး(ဗဟို)အပါအဝင္ အဖြဲ႕အစည္းအသီးသီးက ကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္မႈမ်ား ရွိခဲ့ဖူး သည္။
လက္ရွိျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္ အဖြဲ႕အစည္းအသီးသီးက အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲသတ္ျဖတ္ ေနမႈမ်ားေၾကာင့္ အရပ္သားျပည္သူ တစ္ေသာင္းနီးပါး အသက္ဆုံးရႈံးခဲ့ရၿပီးျဖစ္သည္။ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ စြပ္စြဲသတ္ျဖတ္ခံခဲ့ရေသာ ျဖစ္စဥ္အမ်ားအျပားသည္ စစ္ကိုင္းတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ မႏၲေလးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးအပါအဝင္ တိုင္းႏွင့္ျပည္နယ္ အားလုံးနီးပါးတြင္ျဖစ္ပြားခဲ့သည္ကို ျဖစ္စဥ္မ်ား အရေတြ႕ရသည္။
ထို႔ေၾကာင့္ လက္နက္ကိုင္အဖြဲ႕အစည္းအသီးသီးအေနျဖင့္ လူတစ္ဦး၏ေမြးရာပါအသက္ရွင္ သန္ခြင့္ကို အထူးအေလးအနက္ထားရန္ လိုအပ္ေပ မည္ျဖစ္သည္။ အထူးသျဖင့္ ‘ဒီမိုကေရစီ’ဆိုသည့္ စကားလုံးကို အေၾကာင္းျပ အသုံးခ်ကာ အႏုပညာရွင္၊ ဆယ္လီအပါအဝင္ အရပ္သားျပည္သူမ်ားအေပၚ ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ကာ ၿခိမ္းေျခာက္၊ အၾကမ္း ဖက္သတ္ျဖတ္ေနေသာလုပ္ရပ္မ်ားသည္ ဒီမိုကေရ စီႏွင့္ လားလားမွ်မသက္ဆိုင္ေပ။ ဒီမိုကေရစီအမည္ခံ ကာ အုပ္စုလိုက္၊ အဖြဲ႕လိုက္ အၾကမ္းဖက္ေနျခင္းပင္။

Related news

© 2021. All rights reserved.