တရုတ်နှင့်ရုရှားကြား ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်တစ်ခုကို စတင်တည်ဆောက်နေ

 637

Pika (NP News) - ဒီဇင်ဘာ ၂၉

ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ဆက်သွယ်ပေးမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အသစ်တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်ပြီး နှစ်စဉ် သဘာဝဓာတ်ငွေ့ကုဗမီတာ(၄၅)ဘီလျံထိ ပေးပို့ရန် စီစဉ်ထားကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး အဲလက်ဇန်းဒါးနိုဗက်က ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် အဆိုပါသဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာ (၃၅) ဘီလျံ ရရှိလိမ့်မည်ဖြစ်ပြီး ကျန်ရှိနေသည့် သဘာဝဓာတ်ငွေ့များကို ကာဇက်စတန်နိုင်ငံကရရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တရုတ်နှင့်ရုရှားနိုင်ငံကြား နှစ်နိုင်ငံစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများအတွင်း စီမံကိန်း၏ မဟာဗျူဟာမြောက်အရေးပါမှုကို အဲလက်ဇန်းဒါးနိုဗက်က မီးမောင်းထိုးပြခဲ့ကြောင်းလည်းသိရသည်။
အဲလက်ဇန်းဒါးနိုဗက်က ‘‘ကာဇက်စတန်နိုင်ငံ ကနေတစ်ဆင့် တရုတ်နိုင်ငံထိဆက်သွယ်ပေးမယ့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းအသစ်တစ်ခုကို စတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ပြီးတော့ အဲဒီသဘောတူညီချက်ရဲ့မူ ဘောင်ကို အပြီးသတ်ဖို့ ဆွေးနွေးမှုတွေအပြင် နည်းပညာနဲ့ စီးပွားရေးဖြစ်နိုင်ခြေလေ့လာမှုတွေလည်း ပါဝင်ပါ တယ်” ဟု ပြောဆိုခဲ့သည်။
သဘောတူညီချက်၏တစ်စိတ်တစ်ပိုင်းအဖြစ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်၏ အခြေခံအဆောက်အအုံ တစ်စိတ်တစ်ပိုင်းကို လက်ခံမည့် ကာဇက်စတန်နိုင်ငံသည် နှစ်စဉ်သဘာဝဓာတ်ငွေ့ ကုဗမီတာ(၁၀)ဘီလျံ ရရှိမည် ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါစီမံကိန်းတွင် ကာဇက်စတန်နိုင်ငံ၏စိတ်ဝင်စားမှုများကို ကာဇက်စတန်စွမ်းအင်ဝန်ကြီး Almasadam Satkaliyev က အတည်ပြုခဲ့ပြီး နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုအတွက် အကျိုးအမြတ်များကို အလေးပေးပြောကြားခဲ့ ကြောင်းလည်း သိရသည်။ Almasadam Satkaliyev က ‘ကျွန်တော်တို့နိုင်ငံရဲ့မြောက်ပိုင်းဒေသတွေကို သဘာဝဓာတ်ငွေ့ထောက်ပံ့မှုတွေလုပ်ဆောင်ပေးမယ့် ဒီစီမံကိန်းကို ကာဇက်စတန်နိုင်ငံက အပြည့်အဝ ထောက်ခံပါတယ်’ ဟု ပြောခဲ့သည်။
တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အကြီးဆုံးကုန် သွယ်ဖက်နိုင်ငံဖြစ်ပြီး ရုရှားအပေါ် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း နှစ်နိုင်ငံကြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှာ ဆက်တိုက်တိုးလာလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏွင့္႐ုရွားၾကား ဆက္သြယ္ေပးမည့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းအသစ္တစ္ခုကို စတင္တည္ေဆာက္ေန
Pika (NP News) - ဒီဇင္ဘာ ၂၉

႐ုရွားႏိုင္ငံသည္ ကာဇက္စတန္ႏိုင္ငံမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ဆက္သြယ္ေပးမည့္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္း အသစ္တစ္ခုကို စတင္တည္ေဆာက္ေနၿပီျဖစ္ၿပီး ႏွစ္စဥ္ သဘာဝဓာတ္ေငြ႕ကုဗမီတာ(၄၅)ဘီလ်ံထိ ေပးပို႔ရန္ စီစဥ္ထားေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဒုဝန္ႀကီး အဲလက္ဇန္းဒါးႏိုဗက္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ အဆိုပါသဘာဝဓာတ္ေငြ႕ပိုက္လိုင္းမွတစ္ဆင့္ တစ္ႏွစ္လွ်င္ သဘာဝဓာတ္ေငြ႕ကုဗမီတာ (၃၅) ဘီလ်ံ ရရွိလိမ့္မည္ျဖစ္ၿပီး က်န္ရွိေနသည့္ သဘာဝဓာတ္ေငြ႕မ်ားကို ကာဇက္စတန္ႏိုင္ငံကရရွိမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ တ႐ုတ္ႏွင့္႐ုရွားႏိုင္ငံၾကား ႏွစ္ႏိုင္ငံစြမ္းအင္ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ ေဆြးေႏြးမႈမ်ားအတြင္း စီမံကိန္း၏ မဟာဗ်ဴဟာေျမာက္အေရးပါမႈကို အဲလက္ဇန္းဒါးႏိုဗက္က မီးေမာင္းထိုးျပခဲ့ေၾကာင္းလည္းသိရသည္။
အဲလက္ဇန္းဒါးႏိုဗက္က ‘‘ကာဇက္စတန္ႏိုင္ငံ ကေနတစ္ဆင့္ တ႐ုတ္ႏိုင္ငံထိဆက္သြယ္ေပးမယ့္ သဘာဝ ဓာတ္ေငြ႕ပိုက္လိုင္းအသစ္တစ္ခုကို စတင္တည္ေဆာက္ေနၿပီျဖစ္ပါတယ္။ ၿပီးေတာ့ အဲဒီသေဘာတူညီခ်က္ရဲ႕မူ ေဘာင္ကို အၿပီးသတ္ဖို႔ ေဆြးေႏြးမႈေတြအျပင္ နည္းပညာနဲ႔ စီးပြားေရးျဖစ္ႏိုင္ေျခေလ့လာမႈေတြလည္း ပါဝင္ပါ တယ္” ဟု ေျပာဆိုခဲ့သည္။
သေဘာတူညီခ်က္၏တစ္စိတ္တစ္ပိုင္းအျဖစ္ သဘာဝဓာတ္ေငြ႕ပိုက္လိုင္းအသစ္၏ အေျခခံအေဆာက္အအုံ တစ္စိတ္တစ္ပိုင္းကို လက္ခံမည့္ ကာဇက္စတန္ႏိုင္ငံသည္ ႏွစ္စဥ္သဘာဝဓာတ္ေငြ႕ ကုဗမီတာ(၁၀)ဘီလ်ံ ရရွိမည္ ျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါစီမံကိန္းတြင္ ကာဇက္စတန္ႏိုင္ငံ၏စိတ္ဝင္စားမႈမ်ားကို ကာဇက္စတန္စြမ္းအင္ဝန္ႀကီး Almasadam Satkaliyev က အတည္ျပဳခဲ့ၿပီး ႏိုင္ငံ၏ စြမ္းအင္ေထာက္ပံ့မႈအတြက္ အက်ိဳးအျမတ္မ်ားကို အေလးေပးေျပာၾကားခဲ့ ေၾကာင္းလည္း သိရသည္။ Almasadam Satkaliyev က ‘ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ေျမာက္ပိုင္းေဒသေတြကို သဘာဝဓာတ္ေငြ႕ေထာက္ပံ့မႈေတြလုပ္ေဆာင္ေပးမယ့္ ဒီစီမံကိန္းကို ကာဇက္စတန္ႏိုင္ငံက အျပည့္အဝ ေထာက္ခံပါတယ္’ ဟု ေျပာခဲ့သည္။
တ႐ုတ္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံ၏ အႀကီးဆုံးကုန္ သြယ္ဖက္ႏိုင္ငံျဖစ္ၿပီး ႐ုရွားအေပၚ အေနာက္အုပ္စုႏိုင္ငံမ်ား၏ ပိတ္ဆို႔အေရးယူမႈမ်ား ရွိေနေသာ္လည္း ႏွစ္ႏိုင္ငံၾကားစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈမ်ားမွာ ဆက္တိုက္တိုးလာလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.