ဂါဇာမြောက်ပိုင်းဆေးရုံကိုစီးနင်းပြီးနောက် အစ္စရေးက ဆေးရုံဝန်ထမ်းများ အပါအဝင် လူပေါင်း ၂၄ဝ ကို ဖမ်းဆီး

 399

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၉

အစ္စရေးတပ်ဖွဲ့များသည် ဒီဇင်ဘာ ၂၈ ရက်တွင် ဂါဇာမြောက်ပိုင်းရှိ ဆေးရုံကိုစီးနင်းခဲ့ပြီး ဆေးရုံဒါရိုက်တာနှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် လူပေါင်း ၂၄ဝ ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ Kamal Adwan ဆေးရုံ စီးနင်းခံရချိန်အတွင်း ဖမ်းဆီးခံရသော ဆေးရုံဒါရိုက်တာနှင့်ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
Kamal Adwan ဆေးရုံသည် ဟားမက်စ်အဖွဲ့က အမိန့်ပေးစင်တာအဖြစ် အသုံးပြုနေခဲ့ကြောင်း၊ ဟားမက်စ်အဖွဲ့ နှင့်ဆက်နွယ်သူများအဖြစ် သံသယရှိသူများကိုသာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က သတင်း ထုတ်ပြန်ထားသည်။ ဟားမက်စ်အဖွဲ့ကတော့ အစ္စရေးစစ်တပ်၏ ပြောဆိုချက်များကို ငြင်းဆန်ထားကြောင်း သိရသည်။
ဂါဇာစစ်ပွဲအတွင်း ဆေးရုံများကို စစ်ရေးရည်မှန်းချက်အတွက် အသုံးပြုနေသည်ဆိုသော အစ္စရေး၏ပြောဆိုချက် များက လိမ်လည်မှုများသာဖြစ်ကြောင်း ဟားမက်စ်အဖွဲ့က ပြောသည်။
အစ္စရေးစစ်တပ်က စီးနင်းခဲ့သောဆေးရုံသည် ဂါဇာဒေသမြောက်ပိုင်းတွင်ကျန်းမာရေးနှင့်ပတ်သက်ပြီး အဓိက ကူညီပေးနေသော ဆေးရုံဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့က ပြောသည်။
စစ်ဆင်ရေးလုပ်ငန်းများမလုပ်ကိုင်ခင် လူနာ နှင့် ဆေးရုံဝန်ထမ်း ၃၅ဝ ကျော်ကို ဘေးလွှတ်ရာကို ရွှေ့ပြောင်း ပေးခဲ့ပြီးအခြား လူပေါင်း ၉၅ ဦးကို အင်ဒိုနီးရှားဆေးရုံသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောသည်။ ဂါဇာစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူပေါင်း ငါးသောင်းနီးပါး သေဆုံးထားသော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ အစ္စရေးသည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများက ဖိအားပေးခြင်းခံရသော်လည်း ဂါဇာဒေသကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဂါဇာေျမာက္ပိုင္းေဆး႐ုံကိုစီးနင္းၿပီးေနာက္ အစၥေရးက ေဆး႐ုံဝန္ထမ္းမ်ား အပါအဝင္ လူေပါင္း ၂၄ဝ ကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၉

အစၥေရးတပ္ဖြဲ႕မ်ားသည္ ဒီဇင္ဘာ ၂၈ ရက္တြင္ ဂါဇာေျမာက္ပိုင္းရွိ ေဆး႐ုံကိုစီးနင္းခဲ့ၿပီး ေဆး႐ုံဒါ႐ိုက္တာႏွင့္ ေဆး႐ုံဝန္ထမ္းမ်ား အပါအဝင္ လူေပါင္း ၂၄ဝ ကို ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း သိရသည္။ Kamal Adwan ေဆး႐ုံ စီးနင္းခံရခ်ိန္အတြင္း ဖမ္းဆီးခံရေသာ ေဆး႐ုံဒါ႐ိုက္တာႏွင့္ပတ္သက္ၿပီး စိုးရိမ္မႈျဖစ္ရေၾကာင္း ပါလက္စတိုင္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာသည္။
Kamal Adwan ေဆး႐ုံသည္ ဟားမက္စ္အဖြဲ႕က အမိန႔္ေပးစင္တာအျဖစ္ အသုံးျပဳေနခဲ့ေၾကာင္း၊ ဟားမက္စ္အဖြဲ႕ ႏွင့္ဆက္ႏြယ္သူမ်ားအျဖစ္ သံသယရွိသူမ်ားကိုသာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း အစၥေရးစစ္တပ္က သတင္း ထုတ္ျပန္ထားသည္။ ဟားမက္စ္အဖြဲ႕ကေတာ့ အစၥေရးစစ္တပ္၏ ေျပာဆိုခ်က္မ်ားကို ျငင္းဆန္ထားေၾကာင္း သိရသည္။
ဂါဇာစစ္ပြဲအတြင္း ေဆး႐ုံမ်ားကို စစ္ေရးရည္မွန္းခ်က္အတြက္ အသုံးျပဳေနသည္ဆိုေသာ အစၥေရး၏ေျပာဆိုခ်က္ မ်ားက လိမ္လည္မႈမ်ားသာျဖစ္ေၾကာင္း ဟားမက္စ္အဖြဲ႕က ေျပာသည္။
အစၥေရးစစ္တပ္က စီးနင္းခဲ့ေသာေဆး႐ုံသည္ ဂါဇာေဒသေျမာက္ပိုင္းတြင္က်န္းမာေရးႏွင့္ပတ္သက္ၿပီး အဓိက ကူညီေပးေနေသာ ေဆး႐ုံျဖစ္ေၾကာင္း ကမာၻက်န္းမာေရးအဖြဲ႕က ေျပာသည္။
စစ္ဆင္ေရးလုပ္ငန္းမ်ားမလုပ္ကိုင္ခင္ လူနာ ႏွင့္ ေဆး႐ုံဝန္ထမ္း ၃၅ဝ ေက်ာ္ကို ေဘးလႊတ္ရာကို ေ႐ႊ႕ေျပာင္း ေပးခဲ့ၿပီးအျခား လူေပါင္း ၉၅ ဦးကို အင္ဒိုနီးရွားေဆး႐ုံသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာသည္။ ဂါဇာစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အစၥေရးစစ္တပ္၏ တိုက္ခိုက္မႈမ်ားေၾကာင့္ အနည္းဆုံးလူေပါင္း ငါးေသာင္းနီးပါး ေသဆုံးထားေသာ္လည္း လက္ရွိအခ်ိန္အထိ အပစ္ခတ္ရပ္စဲေရးယူႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ အစၥေရးသည္ ကုလသမဂၢ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းမ်ားက ဖိအားေပးျခင္းခံရေသာ္လည္း ဂါဇာေဒသကို ထိုးစစ္ဆင္တိုက္ခိုက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.