လူပေါင်း ၃ဝ ကျော်သေဆုံးစေခဲ့သည့် ခရီးသည်တင်လေယာဉ်ပျက်ကျမှုအတွက် ရုရှားသမ္မတ ပြန်လည်တောင်းပန်

 2097

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၂၉

ရုရှားသမ္မတပူတင်သည် ပြီးခဲ့သောရက်ပိုင်းက ပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်သမ္မတ ကို ပြန်လည်တောင်းပန်လိုက်ကြောင်း သိရသည်။
အဇာဘိုင်ဂျန်လေကြောင်းလိုင်းမှ J2-8243 အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ ရုရှားနိုင်ငံကို ဦးတည် ပျံသန်းချိန်အတွင်း ဒီဇင်ဘာ ၂၅ ရက်က ကာဇက်စတန်နိုင်ငံတွင် ပျက်ကျသွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်ကို စုံစမ်းစစ်ဆေးခဲ့သော စုံစမ်းရေးအရာရှိများက လေယာဉ်သည် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်၏ ပစ်ချခံခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားသည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။
အဆိုပါခရီးသည်လေယာဉ်သည် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ ချေချင်းညာဒေသရှိ ဂရိုနီဒေသသို့ ပျံသန်းချိန်အတွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားလေကြောင်း စောင့်ကြည့်ရေးအဖွဲ့ကတော့ ခရီးသည်လေယာဉ်သည် ငှက်ဖြင့် တိုက်မိခဲ့ခြင်းကြောင့်ပျက်ကျခဲ့ခြင်းဖြစ်ဖွယ်ရှိနေသည်ဟု အစောပိုင်းက ပြောခဲ့ သည်။
အဇာဘိုင်ဂျပန်စုံစမ်းစစ်ရေးအဖွဲ့နှင့်နီးစပ်သူများက ခရီးသည်လေယာဉ်သည် ရုရှားနိုင်ငံထုတ် Pantsir-S အမည်ရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ခတ်ခံရခြင်းမျိုးဖြစ်နိုင်ကြောင်း ပြောသည်။ ရုရှားအစိုးရအဖွဲ့က " သမ္မတပူတင်ဟာ ရုရှားလေကြောင်းပိုင်နက်အတွင်းနားမှာ အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်လိုက်ပါတယ်။ သေဆုံးသွားသူတွေရဲ့မိသားစုတွေအတွက်လည်း အလွန်မင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်။ ဒဏ်ရာရသူတွေကိုလည်း အမြန်ဆုံးပြန်လည်ကောင်းမွန်စေလိုတယ်" ဟု ပြောသည်။
ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် အဇာဘိုင်ဂျန် ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့သည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပြီးနောက် တောင်းပန်လိုက်ခြင်းလည်းဖြစ်သည်။

Zawgyi Version;
လူေပါင္း ၃ဝ ေက်ာ္ေသဆုံးေစခဲ့သည့္ ခရီးသည္တင္ေလယာဥ္ပ်က္က်မႈအတြက္ ႐ုရွားသမၼတ ျပန္လည္ေတာင္းပန္
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၂၉

႐ုရွားသမၼတပူတင္သည္ ၿပီးခဲ့ေသာရက္ပိုင္းက ပ်က္က်ခဲ့ေသာ ခရီးသည္တင္ေလယာဥ္ပ်က္က်မႈႏွင့္ပတ္သက္ၿပီး အဇာဘိုင္ဂ်န္သမၼတ ကို ျပန္လည္ေတာင္းပန္လိုက္ေၾကာင္း သိရသည္။
အဇာဘိုင္ဂ်န္ေလေၾကာင္းလိုင္းမွ J2-8243 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္ဟာ ႐ုရွားႏိုင္ငံကို ဦးတည္ ပ်ံသန္းခ်ိန္အတြင္း ဒီဇင္ဘာ ၂၅ ရက္က ကာဇက္စတန္ႏိုင္ငံတြင္ ပ်က္က်သြားခဲ့ရာ အနည္းဆုံးလူေပါင္း ၃၈ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
အဆိုပါပ်က္က်ခဲ့ေသာ ခရီးသည္တင္ေလယာဥ္ကို စုံစမ္းစစ္ေဆးခဲ့ေသာ စုံစမ္းေရးအရာရွိမ်ားက ေလယာဥ္သည္ ႐ုရွားေလေၾကာင္းရန္ကာကြယ္ေရးစနစ္၏ ပစ္ခ်ခံျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုထားသည္ဟု ႐ိုက္တာ သတင္းဌာနက ေဖာ္ျပထားသည္။
အဆိုပါခရီးသည္ေလယာဥ္သည္ အဇာဘိုင္ဂ်န္ၿမိဳ႕ေတာ္ ဘာကူၿမိဳ႕မွ ႐ုရွားႏိုင္ငံ ေခ်ခ်င္းညာေဒသရွိ ဂ႐ိုနီေဒသသို႔ ပ်ံသန္းခ်ိန္အတြင္း ပ်က္က်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ႐ုရွားေလေၾကာင္း ေစာင့္ၾကည့္ေရးအဖြဲ႕ကေတာ့ ခရီးသည္ေလယာဥ္သည္ ငွက္ျဖင့္ တိုက္မိခဲ့ျခင္းေၾကာင့္ပ်က္က်ခဲ့ျခင္းျဖစ္ဖြယ္ရွိေနသည္ဟု အေစာပိုင္းက ေျပာခဲ့ သည္။
အဇာဘိုင္ဂ်ပန္စုံစမ္းစစ္ေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားက ခရီးသည္ေလယာဥ္သည္ ႐ုရွားႏိုင္ငံထုတ္ Pantsir-S အမည္ရွိ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ျဖင့္ ပစ္ခတ္ခံရျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္း ေျပာသည္။ ႐ုရွားအစိုးရအဖြဲ႕က " သမၼတပူတင္ဟာ ႐ုရွားေလေၾကာင္းပိုင္နက္အတြင္းနားမွာ အဇာဘိုင္ဂ်န္ခရီးသည္တင္ေလယာဥ္ပ်က္က်ခဲ့တာနဲ႔ ပတ္သက္ၿပီး ျပန္လည္ေတာင္းပန္လိုက္ပါတယ္။ ေသဆုံးသြားသူေတြရဲ႕မိသားစုေတြအတြက္လည္း အလြန္မင္း ဝမ္းနည္းစိတ္မေကာင္းျဖစ္ရတယ္။ ဒဏ္ရာရသူေတြကိုလည္း အျမန္ဆုံးျပန္လည္ေကာင္းမြန္ေစလိုတယ္" ဟု ေျပာသည္။
႐ုရွားေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေၾကာင့္ အဇာဘိုင္ဂ်န္ ခရီးသည္တင္ေလယာဥ္ပ်က္က်ခဲ့သည္ဆိုေသာ သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ထြက္ေပၚလာခဲ့ၿပီးေနာက္ ေတာင္းပန္လိုက္ျခင္းလည္းျဖစ္သည္။

Related news

© 2021. All rights reserved.