“နိုင်ငံရေးဖြစ်စဉ်အရှုပ်အထွေးကြား အသတ်အန္တရာယ်အထိ ခြိမ်းခြောက်ခံနေရတဲ့ ဖြူဖြူထွေး”

 217

အိဖြူ(NP News) - ဒီဇင်ဘာ ၃ဝ

“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြနေတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေ ကို ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် “အစွန်းရောက်အကြမ်းဖက်အုပ်စုရဲ့ခြိမ်းခြောက်တိုက်ခိုက်မှုခံနေရတဲ့ ဖြူဖြူထွေး၊ ထူးအံ့လွင် တာဝန်ယူမယ့် MISS WORLD MYANMAR ၊ ဖွေးဖွေးရဲ့ComeBack” အစရှိတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးပါမယ်။

အစွန်းရောက်အကြမ်းဖက်အုပ်စုရဲ့ခြိမ်းခြောက်မှုခံနေရတဲ့ ဖြူဖြူထွေး

NLD ၊ NUG ထောက်ခံအစွန်းရောက်အကြမ်းဖက်အုပ်စုက အွန်လိုင်းဆယ်လီဖြူဖြူထွေး အပေါ် ဝေဖန်စွပ်စွဲပြောဆို ရုံမက လက်ရှိမှာ BLACK HERO UG PDFနဲ့ Dark Shadow PDF အဖွဲ့တို့က ခြိမ်းခြောက်စာတွေ ထုတ်ပြန်ထားပြီး လုပ်ကြံသတ်ဖြတ်ဖို့အထိပါ လှုံ့ဆော်ရေးသားမှုတွေရှိနေတာကို တွေ့ရပါတယ်။
ဖြူဖြူထွေး လက်ခံရိုက်ကူးခဲ့တဲ့ “ဟောင်စု ပရုတ်ဆီ” ကြော်ငြာမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စော်ကားတဲ့ အပြုအမူ၊ အပြောအဆိုတွေကြောင့်ဆိုကာဒီမိုကရေစီလိုလားသူများဆိုသူ အစွန်းရောက်အကြမ်းဖက်အုပ်စုက အုပ်စုဖွဲ့ပြီး အင်တာနက်စာမျက်နှာများမှတစ်ဆင့် အပြင်းအထန် ဝေဖန် တိုက်ခိုက်နေကြတာမျိုးဖြစ်ပါတယ်။
သူ့အနေနဲ့ ပစ္စည်းတံဆိပ်ပေါင်းစုံကို ကြော်ငြာလက်ခံရိုက်ကူးနေရပေမယ့် ဒီတစ်ခေါက်ကြော်ငြာပေးရတဲ့ပစ္စည်း က တရုတ်တိုင်းရင်းဆေးပစ္စည်းဖြစ်တဲ့ “ဟောင်စု” အမှတ်တံဆိပ်ဆေးပစ္စည်းဖြစ်ပြီး၊ အဲဒီပစ္စည်းအတွက် ကြော်ငြာ ရိုက်ကူးမှုမှာ “မယ်တော် ဟောင်စု” ကာရိုက်တာ၊ မြန်မာအမျိုးသမီးဝတ်စုံ အဖြူရောင်ဝတ်ဆင်ခြင်း၊ ပန်းပန်ဆင် ခြင်း၊ ပဝါခြုံခြင်း၊မယ်တော်ဟောင်စုက အမြှောက်ကြိုက်၊ အချော့ ကြိုက်၊ ပရုတ်ဆီနဲ့ ဆေးလိမ်ကုသသူ၊ အခြွေအရံ တွေနဲ့သွားလာသူအဖြစ် ပုံဖော်ရိုက်ကူးထားခြင်း၊ (၇၉)ကိန်းဂဏန်း(ဒေါ်အောင်ဆန်းစုကြည်၏ အသက်) ကို ထည့်သွင်းပြောဆိုတာတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ရည်ညွှန်းစော်ကားနေခြင်းမျိုးဖြစ်ကြောင်း ဗီဒီယိုဖိုင် တင်တဲ့ ဒီဇင်ဘာလ (၂၃)ရက် မှာပဲ လိုရာဆွဲတွေးကြကာ မှတ်ချက်ဆိုးတွေ ရေးသားခဲ့ကြတာပါ။ “အွန်လိုင်းပေါ်မှာ ရော ဆိုရှယ် မီဒီယာပေါ်မှာပါ ဝေဖန်မှုမြင့်တက်နေတဲ့ ဆေးပရုတ်ဆီကြော်ငြာနဲ့ပတ်သက်ပြီး သမီးပြန်လည် ဖြေရှင်းချင်လို့ပါ။ ပထမဆုံးအနေနဲ့ ဒီဇာတ်ညွှန်‌လေးကို သမီးကိုယ်တိုင်ရေးသားခဲ့တာမဟုတ်ပါဘူး။ ဇာတ်ညွှန်း ဆရာဆီမှာ အပ်ခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ညွှန်းမှာပါဝင်တဲ့အတိုင်း သမီး အရိုးသားဆုံး သရုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်၊ နစ်နာလိုစိတ်နဲ့ ရိုက်ကူးခဲ့ခြင်းမဟုတ်ပါဘူးရှင်။ ဆေးပရုတ်ဆီမိသားစုကလည်း သာမန်မိသားစုပဲဖြစ်ပါတယ်။ ကိုယ့်ကြောင့်မို့လို့ သာမန်မိသားစုတစ်စု ထိခိုက် နစ်နာသွားတဲ့အတွက်ရော၊ ကြော်ငြာထဲမှာပါဝင်ထားတဲ့ သရုပ်ဆောင်ညီအစ်ကိုမောင်နှမတွေ ဒီဗီဒီယိုဖန်တီးမှု ကြောင့် စိတ်ညစ်စရာစိတ်ရှုပ်စရာဖြစ်သွားခဲ့ရင်လည်း တောင်းပန်ပါတယ်။ ဒီဗီဒီယို ကို ရိုက်တဲ့အချိန်မှာရော ရိုက်ကူးမှုပြီးသွားတဲ့အချိန်မှာပါ သမီးစိတ်ထဲ ဘယ်သူ့အပေါ်ကိုမှ ဘာကိုမှ စော်ကားလိုစိတ် ဆံချည်မျှင်တစ်မျှင် တောင် မရှိခဲ့ပါဘူး။ ဆေးကြော်ငြာပေါက်သွားပါစေဆိုတဲ့စိတ်နဲ့ပဲ အလုပ်အပေါ်မှာ ကြိုးစားပြီး လုပ်ကိုင်ပေးတယ် ဆိုတဲ့စိတ်တစ်ခုနဲ့ပဲ လုပ်ကိုင်ပေးခဲ့တာပါ။ ဘယ်သူ့ အပေါ်ကိုမှ စော်ကားလိုစိတ်၊ နစ်နာလိုစိတ် ရင်ထဲကလည်း မရှိသလို အသွေးအသားထဲမှာလည်း မရှိခဲ့ပါဘူး။ အားလုံးကိုကန်တော့ပြီးတောင်းပန်ပါတယ်ရှင်”လို့ ဖြူဖြူထွေး ကိုယ်တိုင်က ဒီဇင်ဘာလ (၂၅)ရက် နေ့လယ်ပိုင်းမှာ ဇာတ်ညွှန်းရေးဆရာနဲ့အတူ သူရဲ့တရားဝင်ပေ့ချ်ကနေ တောင်းပန်စကား ဆိုထားပါတယ်။
“ဟောင်စုပရုတ်ဆီ”က တရုတ်တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး တရုတ်ဘာသာစကားအရ “ဟောင်”က “ကောင်းမွန် ခြင်း”၊ “စု”က “စုစည်းခြင်း” လို့ အဓိပ္ပာယ်သက်ရောက်တယ်လို့ သိရပါတယ်။ “မိသားစုတိုင်းအတွက် ကောင်းခြင်းတွေပေါင်းစု - ဟောင်စု” ဆောင်ပုဒ်နဲ့လုပ်ကိုင်ခဲ့ကြခြင်းမျိုးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဇာတ်ညွန်းရေးသူက “ကျွန်တော့်ဆီ ဖြူဖြူထွေးကအပ်လာတဲ့အချိန်မှာ ဖန်တီးတဲ့အခါ ဇာတ်လမ်းကို သူများနဲ့ မတူဘဲ ဖြူဖြူထွေးမလုပ်ဖူးတဲ့ကာရိုက်တာပုံစံအတိုင်း ဖန်တီးဖြစ် ခဲ့တာပါ။ ဖြူဖြူထွေးက မိန်းကလေးဖြစ်တော့ မယ်တော်ဖြစ်သွားခဲ့တာပါ။ ယောကျာ်းလေးဆိုရင်တော့ ဘိုးတော်ပေါ့။ ဘာရည်ရွယ်ချက်မှမရှိပါဘူး။ ဒါက မှန်သောသစ္စာစကားပါဗျာ။ ကျွန်တော်တို့ကြောင့်၊ ကျွန်တော်တို့မောင်နှမကြောင့် ထိခိုက်နစ်နာသွားခဲ့သည်ရှိသော် တောင်းပန်အပ်ပါတယ်။ လုံးဝ လုံးဝ လုံးဝ ထိခိုက် နစ်နာလို စိတ်မရှိပါဘူး။ ကျွန်တော်တို့ သစ္စာဆိုရဲပါတယ်။ ဒီဗီဒီယိုဖိုင်ကြောင့် ထိခိုက် နစ်နာသွားခဲ့ရသူအားလုံးကို ကျွန်တော်တို့မောင်နှမနှစ်ယောက်လုံးက တောင်းပန်ပါတယ်ခင်ဗျာ။ ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်လိုတဲ့ဆန္ဒ လုံးဝမရှိခဲ့ပါဘူး” လို့ပြောပါတယ်။ ဖြူဖြူထွေးဘက်က ဆိုရှယ် ပလက်ဖောင်းတွေအပေါ် ‌ “ဟောင်စု ပရုတ်ဆီ” ကြော်ငြာဇာတ်လမ်းတင်ပေးထားမှုကို အကုန်ဖြုတ်ချပေးခဲ့ရပြီး၊ ဗီဒီယိုဖိုင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သူများအားလုံးကို လက်အုပ်ချီကန်တော့ ကာ တောင်းပန်ကြောင်း ဖြေရှင်းခဲ့ရပါတယ်။ တခြားတဖက်မှာတော့ အဆိုပါဆေးပစ္စည်းကြော်ငြာရင်း ပြည်တွင်းမှာ “နတ်ဆေး” အမည်တပ်၊ ခုနစ်ရက်သားသမီး တွေအတွက်လို့ပြောရင်း အလှူခံဆေးကု လုပ်စားနေတဲ့ တိုင်းရင်းဆေးသမား ဟန်ဆောင်ထားသူတွေကိုလည်း ပညာသားပါပါ သရုပ်ပြထားခြင်း ဖြစ်ကြောင်း ထောက်ပြသူတွေလည်း ရှိလို့နေပြန်ပါတယ်။ ဖြူဖြူထွေးက နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းမှု မျိုးစုံ လုပ်ဆောင်နေပါစေ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသူလူတစ်စုရဲ့ ခြိမ်းခြောက်မှုတွေ၊ ဝိုင်း ဝန်းတိုက်ခိုက်ပြောဆိုမှုတွေကို ဆက်တိုက်ကြိတ်မှိတ်ခံနေရပြီး၊ လက်ရှိမှာတော့ ဇာတ်လမ်းရေးသားသူ အမျိုးသားဘက်ကို အဆိုပါလူအုပ်စုရဲ့ဒေါသက မြားဦးလှည့်သွားပြန်ကာ အသက်အန္တရာယ် ခြိမ်း ခြောက်ခံရသူနောက်တစ်ဦး ထပ်မံတိုးသွားခဲ့ရပြန်ပါတယ်။

ထူးအံ့လွင် တာဝန်ယူမယ့် MISS WORLD MYANMAR

Miss Grand Myanmar နေရှင်နယ်ဒါရိုက်တာဟောင်းဖြစ်သူ ထူးအံ့လွင်က (၂၀၂၅)ခုနှစ်ကစတင်ပြီး MISS WORLD MYANMAR National Director အဖြစ် တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ပါ တယ်။
Miss Grand International Organization ရဲ့ဆုံးဖြတ်ချက် Voting စနစ်နဲ့ဆုကြေညာချက်ရလဒ်တွေ အပေါ် မကျေမလည်ဖြစ်ပြီးနောက် Miss Grand Myanmar National Director အဖြစ်တာဝန်ယူမှုကို ရုပ်သိမ်းခဲ့ပြီး အပြီးတိုင်နုတ်ထွက်ခဲ့တာပါ။ Miss Grand International 2024 Final ညကဖြစ်ပျက်ခဲ့တဲ့ မြန်မာကိုယ်စားပြုယှဉ်ပြိုင်သူ အလှမယ် သဲစုငြိမ်းရဲ့ ငိုယိုနေတဲ့အပြုအမူ၊ နေရှင်နယ်ဒါရိုက်တာရဲ့ သရဖူ ဆွဲဖြုတ်တဲ့လုပ်ရပ်တွေက နိုင်ငံတကာ မီဒီယာတွေကြား ဝေဖန်ကဲ့ရဲ့စရာအပြုအမူတစ်ခုအဖြစ် ပြောစ မှတ်တွင် အရှက်ရစေခဲ့တာပါ။ ဒါကြောင့်လည်း MGI ပြိုင်ပွဲထက် ပိုမိုကြီးကျယ်ပြီး ပြိုင်ဆိုင်မှု ပြင်း ထန်လှတဲ့ MISS WORLD INTERNATIONAL ပြိုင်ပွဲကို ထူးအံ့လွင်က မြန်မာနိုင်ငံ ကိုယ်စားပြု နေရှင်နယ်ဒါရိုက်တာအဖြစ် တာဝန် ယူဆောင်ရွက်မယ်ဆိုတာကြောင့် နိုင်ငံအတွက် ဒုတိယအကြိမ် အရှက်ရမှုမဖြစ်စေဖို့ ကြိုတင်သတိပေးစကားပြော ကြားမှုတွေ ရှိလို့နေပါတယ်။ ထူးအံ့လွင် အနေနဲ့ လက်ရှိမှာ MISS WORLD INTERNATIONAL 2025 ပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်မှု လုပ်ငန်း စဉ်တွေ၊ အကဲဖြတ်အဖွဲ့တစ်ဦးချင်းစီကို မိတ်ဆက်ပေးမှုတွေ၊ ပြိုင်ပွဲအတွက် လိုအပ်တဲ့ အချက်အလက် တွေကို ထုတ်ဖော်ပြောကြားမှုတွေ စတင်ကြေညာနေပြီဖြစ်ပါတယ်။ MISS WORLD INTERNA- TIONAL 2025 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှ Winner ဆုရှင်က မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် နိုင်ငံတကာစင်မြင့်ထက်မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျန်ရှိတဲ့ First, Second, Third ဆုရှင်တွေကို ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းကာ မင်းသမီးအဖြစ် မြေတောင် မြှောက်ပေး သွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာထားပါတယ်။

အကယ်ဒမီဖွေးဖွေး ရဲ့ Come back “အကြီးကြီး”
ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ (၄)နှစ်ကြာမှပြန်လည်ထွက်ရှိလာမှုဖြစ်တဲ့ “တိမ်ပန်းချီ” ရုပ်ရှင်ရုံတင်မှု အပြီးမှာပဲ အစ်မဝမ်းကွဲဖြစ်သူ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကလည်း ရုပ်ရှင်ရိုက်ကူးမှုကို ပြန်လည်စတင်တော့မှာ ဖြစ်ကြောင်း သူရဲ့ပရိသတ်တွေကို အသိပေးလာပါတယ်။ “ကိုယ်ကြည့်ချင်နေတဲ့ ကား မျိုးပဲ။ ကိုယ်အရင် ပြန်စရိုက် မှာ။ Comedy 1st ငါးနှစ်နီးပါး ရုပ်ရှင်ရိုက်ကူးရေးနားထားတာ ဒီဇာတ် ကို Idea ဝင်ထည့်ထားပါတယ်” လို့ ဖွေးဖွေးက ရုပ်ရှင်ဇာတ်ကား ပြန်လည်ရိုက်ကူးရေး ပြုလုပ်တော့မယ့် အကြောင်း အသိပေးထားတာပါ။ အရိပ် အမြွက်ပေးထားချက်အရ ဇာတ်ကားနာမည်က “အကြီးကြီး” ဖြစ်ပြီး၊ အကယ်ဒမီ နေဝင်း၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်မှာဖြစ်ကာ အရုဏ်ဦးပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီဖွေးဖွေးကို ရုပ်ရှင်ပြန်လည်ရိုက်ကူးဖို့ စိတ်ပါစေခဲ့တဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်က ဘယ်လိုပုံစံ ဖြစ်မလဲဆိုတာကို သူ့ပရိသတ်တွေက ကြိုတင်မျှော်လင့်နေကြတဲ့အပြင် ဖွေးဖွေးကိုယ်တိုင်က အိုင်ဒီယာထည့်ဝင် ထားတယ်ဆိုတော့ ဘယ်လိုအခန်းကဏ္ဍကနေ လက်စွမ်းတွေပြထားဦးမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။ ဖွေးဖွေးက (၂၀၂၀) ပြည့်နှစ်လောက်တည်းက ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုရပ်နားခဲ့ခြင်းဖြစ်ပြီး (၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်းနောက်ပိုင်း တပ်မတော်ဆန့်ကျင်ပုန်ကန်ဆန္ဒပြမှုတွေလုပ်ဆောင်မှုကြောင့် ၅၀၅(က)နဲ့ အမှုဖွင့်ခံခဲ့ရပြီး တိမ်းရှောင်နေထိုင်ခဲ့ရသူပါ။ အဲဒီနောက် ခံဝန်လက်မှတ်ရေးထိုးကာ ပြန်လည် နေထိုင်ခဲ့ပြီး အနုပညာပွဲအခမ်းအနားတွေ ကြော်ငြာရိုက်ကူးမှုတွေကိုလုပ်ကိုင်ခဲ့ရင်း လာမယ့် (၂၀၂၅) ခုနှစ်မှာ တော့ ပထမဆုံး Comeback အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်လည်ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာသတင်းများကို ရပ်နားခွင့်ပြုပါ။

Zawgyi Version;
“ႏိုင္ငံေရးျဖစ္စဥ္အရႈပ္အေထြးၾကား အသတ္အႏၲရာယ္အထိ ၿခိမ္းေျခာက္ခံေနရတဲ့ ျဖဴျဖဴေထြး”
အိျဖဴ(NP News) - ဒီဇင္ဘာ ၃ဝ

“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပေနတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြ ကို ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ “အစြန္းေရာက္အၾကမ္းဖက္အုပ္စုရဲ႕ၿခိမ္းေျခာက္တိုက္ခိုက္မႈခံေနရတဲ့ ျဖဴျဖဴေထြး၊ ထူးအံ့လြင္ တာဝန္ယူမယ့္ MISS WORLD MYANMAR ၊ ေဖြးေဖြးရဲ႕ComeBack” အစရွိတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးပါမယ္။

အစြန္းေရာက္အၾကမ္းဖက္အုပ္စုရဲ႕ၿခိမ္းေျခာက္မႈခံေနရတဲ့ ျဖဴျဖဴေထြး
NLD ၊ NUG ေထာက္ခံအစြန္းေရာက္အၾကမ္းဖက္အုပ္စုက အြန္လိုင္းဆယ္လီျဖဴျဖဴေထြး အေပၚ ေဝဖန္စြပ္စြဲေျပာဆို ႐ုံမက လက္ရွိမွာ BLACK HERO UG PDFနဲ႔ Dark Shadow PDF အဖြဲ႕တို႔က ၿခိမ္းေျခာက္စာေတြ ထုတ္ျပန္ထားၿပီး လုပ္ႀကံသတ္ျဖတ္ဖို႔အထိပါ လႈံ႕ေဆာ္ေရးသားမႈေတြရွိေနတာကို ေတြ႕ရပါတယ္။
ျဖဴျဖဴေထြး လက္ခံ႐ိုက္ကူးခဲ့တဲ့ “ေဟာင္စု ပ႐ုတ္ဆီ” ေၾကာ္ျငာမွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ေစာ္ကားတဲ့ အျပဳအမူ၊ အေျပာအဆိုေတြေၾကာင့္ဆိုကာဒီမိုကေရစီလိုလားသူမ်ားဆိုသူ အစြန္းေရာက္အၾကမ္းဖက္အုပ္စုက အုပ္စုဖြဲ႕ၿပီး အင္တာနက္စာမ်က္ႏွာမ်ားမွတစ္ဆင့္ အျပင္းအထန္ ေဝဖန္ တိုက္ခိုက္ေနၾကတာမ်ိဳးျဖစ္ပါတယ္။
သူ႔အေနနဲ႔ ပစၥည္းတံဆိပ္ေပါင္းစုံကို ေၾကာ္ျငာလက္ခံ႐ိုက္ကူးေနရေပမယ့္ ဒီတစ္ေခါက္ေၾကာ္ျငာေပးရတဲ့ပစၥည္း က တ႐ုတ္တိုင္းရင္းေဆးပစၥည္းျဖစ္တဲ့ “ေဟာင္စု” အမွတ္တံဆိပ္ေဆးပစၥည္းျဖစ္ၿပီး၊ အဲဒီပစၥည္းအတြက္ ေၾကာ္ျငာ ႐ိုက္ကူးမႈမွာ “မယ္ေတာ္ ေဟာင္စု” ကာ႐ိုက္တာ၊ ျမန္မာအမ်ိဳးသမီးဝတ္စုံ အျဖဴေရာင္ဝတ္ဆင္ျခင္း၊ ပန္းပန္ဆင္ ျခင္း၊ ပဝါၿခဳံျခင္း၊မယ္ေတာ္ေဟာင္စုက အေျမႇာက္ႀကိဳက္၊ အေခ်ာ့ ႀကိဳက္၊ ပ႐ုတ္ဆီနဲ႔ ေဆးလိမ္ကုသသူ၊ အေႁခြအရံ ေတြနဲ႔သြားလာသူအျဖစ္ ပုံေဖာ္႐ိုက္ကူးထားျခင္း၊ (၇၉)ကိန္းဂဏန္း(ေဒၚေအာင္ဆန္းစုၾကည္၏ အသက္) ကို ထည့္သြင္းေျပာဆိုတာေတြက ေဒၚေအာင္ဆန္းစုၾကည္အေပၚ ရည္ၫႊန္းေစာ္ကားေနျခင္းမ်ိဳးျဖစ္ေၾကာင္း ဗီဒီယိုဖိုင္ တင္တဲ့ ဒီဇင္ဘာလ (၂၃)ရက္ မွာပဲ လိုရာဆြဲေတြးၾကကာ မွတ္ခ်က္ဆိုးေတြ ေရးသားခဲ့ၾကတာပါ။ “အြန္လိုင္းေပၚမွာ ေရာ ဆိုရွယ္ မီဒီယာေပၚမွာပါ ေဝဖန္မႈျမင့္တက္ေနတဲ့ ေဆးပ႐ုတ္ဆီေၾကာ္ျငာနဲ႔ပတ္သက္ၿပီး သမီးျပန္လည္ ေျဖရွင္းခ်င္လို႔ပါ။ ပထမဆုံးအေနနဲ႔ ဒီဇာတ္ၫႊန္‌ေလးကို သမီးကိုယ္တိုင္ေရးသားခဲ့တာမဟုတ္ပါဘူး။ ဇာတ္ၫႊန္း ဆရာဆီမွာ အပ္ခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ၫႊန္းမွာပါဝင္တဲ့အတိုင္း သမီး အ႐ိုးသားဆုံး သ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါ တယ္။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္လိုစိတ္၊ နစ္နာလိုစိတ္နဲ႔ ႐ိုက္ကူးခဲ့ျခင္းမဟုတ္ပါဘူးရွင္။ ေဆးပ႐ုတ္ဆီမိသားစုကလည္း သာမန္မိသားစုပဲျဖစ္ပါတယ္။ ကိုယ့္ေၾကာင့္မို႔လို႔ သာမန္မိသားစုတစ္စု ထိခိုက္ နစ္နာသြားတဲ့အတြက္ေရာ၊ ေၾကာ္ျငာထဲမွာပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ညီအစ္ကိုေမာင္ႏွမေတြ ဒီဗီဒီယိုဖန္တီးမႈ ေၾကာင့္ စိတ္ညစ္စရာစိတ္ရႈပ္စရာျဖစ္သြားခဲ့ရင္လည္း ေတာင္းပန္ပါတယ္။ ဒီဗီဒီယို ကို ႐ိုက္တဲ့အခ်ိန္မွာေရာ ႐ိုက္ကူးမႈၿပီးသြားတဲ့အခ်ိန္မွာပါ သမီးစိတ္ထဲ ဘယ္သူ႔အေပၚကိုမွ ဘာကိုမွ ေစာ္ကားလိုစိတ္ ဆံခ်ည္မွ်င္တစ္မွ်င္ ေတာင္ မရွိခဲ့ပါဘူး။ ေဆးေၾကာ္ျငာေပါက္သြားပါေစဆိုတဲ့စိတ္နဲ႔ပဲ အလုပ္အေပၚမွာ ႀကိဳးစားၿပီး လုပ္ကိုင္ေပးတယ္ ဆိုတဲ့စိတ္တစ္ခုနဲ႔ပဲ လုပ္ကိုင္ေပးခဲ့တာပါ။ ဘယ္သူ႔ အေပၚကိုမွ ေစာ္ကားလိုစိတ္၊ နစ္နာလိုစိတ္ ရင္ထဲကလည္း မရွိသလို အေသြးအသားထဲမွာလည္း မရွိခဲ့ပါဘူး။ အားလုံးကိုကန္ေတာ့ၿပီးေတာင္းပန္ပါတယ္ရွင္”လို႔ ျဖဴျဖဴေထြး ကိုယ္တိုင္က ဒီဇင္ဘာလ (၂၅)ရက္ ေန႔လယ္ပိုင္းမွာ ဇာတ္ၫႊန္းေရးဆရာနဲ႔အတူ သူရဲ႕တရားဝင္ေပ့ခ်္ကေန ေတာင္းပန္စကား ဆိုထားပါတယ္။
“ေဟာင္စုပ႐ုတ္ဆီ”က တ႐ုတ္တိုင္းရင္းေဆးတစ္မ်ိဳးျဖစ္ၿပီး တ႐ုတ္ဘာသာစကားအရ “ေဟာင္”က “ေကာင္းမြန္ ျခင္း”၊ “စု”က “စုစည္းျခင္း” လို႔ အဓိပၸာယ္သက္ေရာက္တယ္လို႔ သိရပါတယ္။ “မိသားစုတိုင္းအတြက္ ေကာင္းျခင္းေတြေပါင္းစု - ေဟာင္စု” ေဆာင္ပုဒ္နဲ႔လုပ္ကိုင္ခဲ့ၾကျခင္းမ်ိဳးျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ဇာတ္ၫြန္းေရးသူက “ကြၽန္ေတာ့္ဆီ ျဖဴျဖဴေထြးကအပ္လာတဲ့အခ်ိန္မွာ ဖန္တီးတဲ့အခါ ဇာတ္လမ္းကို သူမ်ားနဲ႔ မတူဘဲ ျဖဴျဖဴေထြးမလုပ္ဖူးတဲ့ကာ႐ိုက္တာပုံစံအတိုင္း ဖန္တီးျဖစ္ ခဲ့တာပါ။ ျဖဴျဖဴေထြးက မိန္းကေလးျဖစ္ေတာ့ မယ္ေတာ္ျဖစ္သြားခဲ့တာပါ။ ေယာက်ာ္းေလးဆိုရင္ေတာ့ ဘိုးေတာ္ေပါ့။ ဘာရည္႐ြယ္ခ်က္မွမရွိပါဘူး။ ဒါက မွန္ေသာသစၥာစကားပါဗ်ာ။ ကြၽန္ေတာ္တို႔ေၾကာင့္၊ ကြၽန္ေတာ္တို႔ေမာင္ႏွမေၾကာင့္ ထိခိုက္နစ္နာသြားခဲ့သည္ရွိေသာ္ ေတာင္းပန္အပ္ပါတယ္။ လုံးဝ လုံးဝ လုံးဝ ထိခိုက္ နစ္နာလို စိတ္မရွိပါဘူး။ ကြၽန္ေတာ္တို႔ သစၥာဆိုရဲပါတယ္။ ဒီဗီဒီယိုဖိုင္ေၾကာင့္ ထိခိုက္ နစ္နာသြားခဲ့ရသူအားလုံးကို ကြၽန္ေတာ္တို႔ေမာင္ႏွမႏွစ္ေယာက္လုံးက ေတာင္းပန္ပါတယ္ခင္ဗ်ာ။ ဘယ္သူ႔ဘယ္သူကိုမွ ထိခိုက္လိုတဲ့ဆႏၵ လုံးဝမရွိခဲ့ပါဘူး” လို႔ေျပာပါတယ္။ ျဖဴျဖဴေထြးဘက္က ဆိုရွယ္ ပလက္ေဖာင္းေတြအေပၚ ‌ “ေဟာင္စု ပ႐ုတ္ဆီ” ေၾကာ္ျငာဇာတ္လမ္းတင္ေပးထားမႈကို အကုန္ျဖဳတ္ခ်ေပးခဲ့ရၿပီး၊ ဗီဒီယိုဖိုင္ေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္သူမ်ားအားလုံးကို လက္အုပ္ခ်ီကန္ေတာ့ ကာ ေတာင္းပန္ေၾကာင္း ေျဖရွင္းခဲ့ရပါတယ္။ တျခားတဖက္မွာေတာ့ အဆိုပါေဆးပစၥည္းေၾကာ္ျငာရင္း ျပည္တြင္းမွာ “နတ္ေဆး” အမည္တပ္၊ ခုနစ္ရက္သားသမီး ေတြအတြက္လို႔ေျပာရင္း အလႉခံေဆးကု လုပ္စားေနတဲ့ တိုင္းရင္းေဆးသမား ဟန္ေဆာင္ထားသူေတြကိုလည္း ပညာသားပါပါ သ႐ုပ္ျပထားျခင္း ျဖစ္ေၾကာင္း ေထာက္ျပသူေတြလည္း ရွိလို႔ေနျပန္ပါတယ္။ ျဖဴျဖဴေထြးက နည္းလမ္းေပါင္းစုံနဲ႔ ေျဖရွင္းမႈ မ်ိဳးစုံ လုပ္ေဆာင္ေနပါေစ ေဒၚေအာင္ဆန္းစုၾကည္ကိုေထာက္ခံသူလူတစ္စုရဲ႕ ၿခိမ္းေျခာက္မႈေတြ၊ ဝိုင္း ဝန္းတိုက္ခိုက္ေျပာဆိုမႈေတြကို ဆက္တိုက္ႀကိတ္မွိတ္ခံေနရၿပီး၊ လက္ရွိမွာေတာ့ ဇာတ္လမ္းေရးသားသူ အမ်ိဳးသားဘက္ကို အဆိုပါလူအုပ္စုရဲ႕ေဒါသက ျမားဦးလွည့္သြားျပန္ကာ အသက္အႏၲရာယ္ ၿခိမ္း ေျခာက္ခံရသူေနာက္တစ္ဦး ထပ္မံတိုးသြားခဲ့ရျပန္ပါတယ္။

ထူးအံ့လြင္ တာဝန္ယူမယ့္ MISS WORLD MYANMAR
Miss Grand Myanmar ေနရွင္နယ္ဒါ႐ိုက္တာေဟာင္းျဖစ္သူ ထူးအံ့လြင္က (၂၀၂၅)ခုႏွစ္ကစတင္ၿပီး MISS WORLD MYANMAR National Director အျဖစ္ တာဝန္ယူေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ ေၾကညာခဲ့ပါ တယ္။
Miss Grand International Organization ရဲ႕ဆုံးျဖတ္ခ်က္ Voting စနစ္နဲ႔ဆုေၾကညာခ်က္ရလဒ္ေတြ အေပၚ မေက်မလည္ျဖစ္ၿပီးေနာက္ Miss Grand Myanmar National Director အျဖစ္တာဝန္ယူမႈကို ႐ုပ္သိမ္းခဲ့ၿပီး အၿပီးတိုင္ႏုတ္ထြက္ခဲ့တာပါ။ Miss Grand International 2024 Final ညကျဖစ္ပ်က္ခဲ့တဲ့ ျမန္မာကိုယ္စားျပဳယွဥ္ၿပိဳင္သူ အလွမယ္ သဲစုၿငိမ္းရဲ႕ ငိုယိုေနတဲ့အျပဳအမူ၊ ေနရွင္နယ္ဒါ႐ိုက္တာရဲ႕ သရဖူ ဆြဲျဖဳတ္တဲ့လုပ္ရပ္ေတြက ႏိုင္ငံတကာ မီဒီယာေတြၾကား ေဝဖန္ကဲ့ရဲ႕စရာအျပဳအမူတစ္ခုအျဖစ္ ေျပာစ မွတ္တြင္ အရွက္ရေစခဲ့တာပါ။ ဒါေၾကာင့္လည္း MGI ၿပိဳင္ပြဲထက္ ပိုမိုႀကီးက်ယ္ၿပီး ၿပိဳင္ဆိုင္မႈ ျပင္း ထန္လွတဲ့ MISS WORLD INTERNATIONAL ၿပိဳင္ပြဲကို ထူးအံ့လြင္က ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ေနရွင္နယ္ဒါ႐ိုက္တာအျဖစ္ တာဝန္ ယူေဆာင္႐ြက္မယ္ဆိုတာေၾကာင့္ ႏိုင္ငံအတြက္ ဒုတိယအႀကိမ္ အရွက္ရမႈမျဖစ္ေစဖို႔ ႀကိဳတင္သတိေပးစကားေျပာ ၾကားမႈေတြ ရွိလို႔ေနပါတယ္။ ထူးအံ့လြင္ အေနနဲ႔ လက္ရွိမွာ MISS WORLD INTERNATIONAL 2025 ၿပိဳင္ပြဲအတြက္ အလွမယ္ေ႐ြးခ်ယ္မႈ လုပ္ငန္း စဥ္ေတြ၊ အကဲျဖတ္အဖြဲ႕တစ္ဦးခ်င္းစီကို မိတ္ဆက္ေပးမႈေတြ၊ ၿပိဳင္ပြဲအတြက္ လိုအပ္တဲ့ အခ်က္အလက္ ေတြကို ထုတ္ေဖာ္ေျပာၾကားမႈေတြ စတင္ေၾကညာေနၿပီျဖစ္ပါတယ္။ MISS WORLD INTERNA- TIONAL 2025 ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သူေတြထဲမွ Winner ဆုရွင္က ျမန္မာႏိုင္ငံ ကိုယ္စားျပဳ အျဖစ္ ႏိုင္ငံတကာစင္ျမင့္ထက္မွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး က်န္ရွိတဲ့ First, Second, Third ဆုရွင္ေတြကို ႐ုပ္ရွင္ထုတ္လုပ္ေရးကုမၸဏီတစ္ခုနဲ႔ပူးေပါင္းကာ မင္းသမီးအျဖစ္ ေျမေတာင္ ေျမႇာက္ေပး သြားမွာျဖစ္ေၾကာင္း ႀကိဳတင္အသိေပးေၾကညာထားပါတယ္။

အကယ္ဒမီေဖြးေဖြး ရဲ႕ Come back “အႀကီးႀကီး”
ထပ္ဆင့္အကယ္ဒမီ ဝတ္မႈံေ႐ႊရည္ရဲ႕ (၄)ႏွစ္ၾကာမွျပန္လည္ထြက္ရွိလာမႈျဖစ္တဲ့ “တိမ္ပန္းခ်ီ” ႐ုပ္ရွင္႐ုံတင္မႈ အၿပီးမွာပဲ အစ္မဝမ္းကြဲျဖစ္သူ ထပ္ဆင့္အကယ္ဒမီေဖြးေဖြးကလည္း ႐ုပ္ရွင္႐ိုက္ကူးမႈကို ျပန္လည္စတင္ေတာ့မွာ ျဖစ္ေၾကာင္း သူရဲ႕ပရိသတ္ေတြကို အသိေပးလာပါတယ္။ “ကိုယ္ၾကည့္ခ်င္ေနတဲ့ ကား မ်ိဳးပဲ။ ကိုယ္အရင္ ျပန္စ႐ိုက္ မွာ။ Comedy 1st ငါးႏွစ္နီးပါး ႐ုပ္ရွင္႐ိုက္ကူးေရးနားထားတာ ဒီဇာတ္ ကို Idea ဝင္ထည့္ထားပါတယ္” လို႔ ေဖြးေဖြးက ႐ုပ္ရွင္ဇာတ္ကား ျပန္လည္႐ိုက္ကူးေရး ျပဳလုပ္ေတာ့မယ့္ အေၾကာင္း အသိေပးထားတာပါ။ အရိပ္ အႁမြက္ေပးထားခ်က္အရ ဇာတ္ကားနာမည္က “အႀကီးႀကီး” ျဖစ္ၿပီး၊ အကယ္ဒမီ ေနဝင္း၊ ထပ္ဆင့္အကယ္ဒမီ စိုးျမတ္သူဇာတို႔နဲ႔အတူ တြဲဖက္သ႐ုပ္ေဆာင္မွာျဖစ္ကာ အ႐ုဏ္ဦးပြင့္သိဂႌေဇာ္က ႐ိုက္ကူးပုံေဖာ္မွာျဖစ္ပါတယ္။ ထပ္ဆင့္အကယ္ဒမီေဖြးေဖြးကို ႐ုပ္ရွင္ျပန္လည္႐ိုက္ကူးဖို႔ စိတ္ပါေစခဲ့တဲ့ ဇာတ္လမ္း၊ ဇာတ္အိမ္က ဘယ္လိုပုံစံ ျဖစ္မလဲဆိုတာကို သူ႔ပရိသတ္ေတြက ႀကိဳတင္ေမွ်ာ္လင့္ေနၾကတဲ့အျပင္ ေဖြးေဖြးကိုယ္တိုင္က အိုင္ဒီယာထည့္ဝင္ ထားတယ္ဆိုေတာ့ ဘယ္လိုအခန္းက႑ကေန လက္စြမ္းေတြျပထားဦးမလဲဆိုတာ စိတ္ဝင္တစားေစာင့္ၾကည့္ ရဦးမွာျဖစ္ပါတယ္။ ေဖြးေဖြးက (၂၀၂၀) ျပည့္ႏွစ္ေလာက္တည္းက ႐ုပ္ရွင္ဇာတ္ကား႐ိုက္ကူးမႈရပ္နားခဲ့ျခင္းျဖစ္ၿပီး (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းေနာက္ပိုင္း တပ္မေတာ္ဆန႔္က်င္ပုန္ကန္ဆႏၵျပမႈေတြလုပ္ေဆာင္မႈေၾကာင့္ ၅၀၅(က)နဲ႔ အမႈဖြင့္ခံခဲ့ရၿပီး တိမ္းေရွာင္ေနထိုင္ခဲ့ရသူပါ။ အဲဒီေနာက္ ခံဝန္လက္မွတ္ေရးထိုးကာ ျပန္လည္ ေနထိုင္ခဲ့ၿပီး အႏုပညာပြဲအခမ္းအနားေတြ ေၾကာ္ျငာ႐ိုက္ကူးမႈေတြကိုလုပ္ကိုင္ခဲ့ရင္း လာမယ့္ (၂၀၂၅) ခုႏွစ္မွာ ေတာ့ ပထမဆုံး Comeback အေနနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ျပန္လည္႐ိုက္ကူးဖို႔ ဆုံးျဖတ္ခဲ့တာပဲျဖစ္ပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာသတင္းမ်ားကို ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.